Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 16, 2015

ပေရာ္ဖက္ရွင္နယ္မ်ားအတြက္ ရည္ရြယ္ေသာ ေဖ့စ္ဘြတ္ခ္ဝန္ေဆာင္မႈ လာမည့္လမ်ားအတြင္း စတင္မည္

တစ္ႏွစ္ၾကာ စမ္းသပ္မႈမ်ားျပဳလုပ္ၿပီးေနာက္ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္၏ပေရာ္ဖက္ရွင္နယ္မ်ားအတြက္ ရည္ရြယ္ေသာ ဝန္ေဆာင္မႈျဖစ္သည့္ Facebook at Work ကို လာမည့္လမ်ားအတြင္း စတင္အသံုးျပဳႏုိင္မည္ဟု ေမွ်ာ္လင့္
ထားေၾကာင္း ေဖ့စ္ဘြတ္ခ္ကုမၸဏီအမႈ ေဆာင္အရာရွိတစ္ဦးက ေျပာသည္။

အလုပ္ေနရာမ်ားပူးေပါင္းေဆာင္ရြက္မႈဆီသို႔ ဦးတည္ထားေသာ ယင္းဝန္ေဆာင္မႈအသစ္တြင္ News Feed, Likes ႏွင့္ Chat Service တို႔ပါဝင္ၿပီး ေဖ့စ္ဘြတ္ခ္၏ျမင္ေတြ႕ေနက် လူမႈကြန္ရက္ႏွင့္ တစ္ထပ္တည္းနီးပါး တူညီေၾကာင္း သိရသည္။

သို႔ေသာ္ Facebook at Work ကို အသံုးျပဳသူမ်ားအေနျဖင့္ နဂိုေဖ့စ္ဘြတ္ခ္စာမ်က္ႏွာႏွင့္ျခားနားေသာ အထူးစာမ်က္ႏွာမ်ားကို ထိန္းသိမ္းထားႏိုင္မည္ျဖစ္သည္။

ေဖ့စ္ဘြတ္ခ္ကုမၸဏီက လံုၿခံဳေရးေဆာ့ဖ္ဝဲမ်ားအပါအဝင္ Face-book at Work အတြက္ အထူးအက္ပလီေကးရွင္းမ်ားလည္း ထုတ္လုပ္ထားေၾကာင္း သိရသည္။

ေဖ့စ္ဘြတ္ခ္က ယင္းဝန္ေဆာင္မႈကို ဇန္နဝါရီက စတင္စမ္းသပ္ခဲ့ၿပီး ၎တို႔ဖိတ္ေခၚထားေသာ ကုမၸဏီမ်ားကိုသာ အသံုးျပဳခြင့္ႏွင့္ အခမဲ့သံုးစြဲခြင့္ ေပးထားခဲ့သည္။

ယင္းဝန္ေဆာင္မႈကို စတင္လိုက္သည္ႏွင့္ ကုမၸဏီအားလံုးအသံုးျပဳခြင့္ရမည္ျဖစ္ၿပီး ေလ့လာဆန္းစစ္မႈမ်ားႏွင့္ စားသံုးသူ အေထာက္အပံ့ေပးျခင္းတို႔ကဲ့သို႔ အခေပးဝန္ေဆာင္မႈအတြက္ ေဖ့စ္ဘြတ္ခ္က လူတစ္ဦးလွ်င္ တစ္လကိုေဒၚလာ
အနည္းငယ္ေကာက္ခံသြားရန္ စီစဥ္ထားေၾကာင္း ေဖ့စ္ဘြတ္ခ္ကုမၸဏီေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီးတစ္ဦးက
ေျပာၾကားသည္။

LinkedIn ကုမၸဏီႏွင့္ Monster Worldwide ကုမၸဏီတို႔ လုပ္ကိုင္ေနေသာ ယင္းအြန္လိုင္းအလုပ္အကိုင္ေစ်းကြက္သည္ တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၆ ဘီလီယံခန္႔ တန္ဖိုးရွိေၾကာင္း ေစ်းကြက္ေလ့လာေရးလုပ္ငန္း IDC က ၾသ ဂုတ္လအတြင္းက ေဖာ္ျပခဲ့သည္။

Heineken, Royal Bank of Scotland ႏွင့္ ေက်ာက္မ်က္ကုမၸဏီ Stella and Dot တို႔အပါအဝင္ ကုမၸဏီေပါင္း ၃၀၀ ေက်ာ္သည္ Facebook at Work ကို အသံုးျပဳေနၾကေၾကာင္း သိရသည္။

သို႔ေသာ္ Facebook at Workတြင္ Candy Crush ဂိမ္းကစား၍ ရႏိုင္မည္မဟုတ္ေပ။
7day daily
.......................
ပရော်ဖက်ရှင်နယ်များအတွက် ရည်ရွယ်သော ဖေ့စ်ဘွတ်ခ်ဝန်ဆောင်မှု လာမည့်လများအတွင်း စတင်မည်

တစ်နှစ်ကြာ စမ်းသပ်မှုများပြုလုပ်ပြီးနောက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်၏ပရော်ဖက်ရှင်နယ်များအတွက် ရည်ရွယ်သော ဝန်ဆောင်မှုဖြစ်သည့် Facebook at Work ကို လာမည့်လများအတွင်း စတင်အသုံးပြုနိုင်မည်ဟု မျှော်လင့်
ထားကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီအမှု ဆောင်အရာရှိတစ်ဦးက ပြောသည်။

အလုပ်နေရာများပူးပေါင်းဆောင်ရွက်မှုဆီသို့ ဦးတည်ထားသော ယင်းဝန်ဆောင်မှုအသစ်တွင် News Feed, Likes နှင့် Chat Service တို့ပါဝင်ပြီး ဖေ့စ်ဘွတ်ခ်၏မြင်တွေ့နေကျ လူမှုကွန်ရက်နှင့် တစ်ထပ်တည်းနီးပါး တူညီကြောင်း သိရသည်။

သို့သော် Facebook at Work ကို အသုံးပြုသူများအနေဖြင့် နဂိုဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့်ခြားနားသော အထူးစာမျက်နှာများကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက လုံခြုံရေးဆော့ဖ်ဝဲများအပါအဝင် Face-book at Work အတွက် အထူးအက်ပလီကေးရှင်းများလည်း ထုတ်လုပ်ထားကြောင်း သိရသည်။

ဖေ့စ်ဘွတ်ခ်က ယင်းဝန်ဆောင်မှုကို ဇန်နဝါရီက စတင်စမ်းသပ်ခဲ့ပြီး ၎င်းတို့ဖိတ်ခေါ်ထားသော ကုမ္ပဏီများကိုသာ အသုံးပြုခွင့်နှင့် အခမဲ့သုံးစွဲခွင့် ပေးထားခဲ့သည်။

ယင်းဝန်ဆောင်မှုကို စတင်လိုက်သည်နှင့် ကုမ္ပဏီအားလုံးအသုံးပြုခွင့်ရမည်ဖြစ်ပြီး လေ့လာဆန်းစစ်မှုများနှင့် စားသုံးသူ အထောက်အပံ့ပေးခြင်းတို့ကဲ့သို့ အခပေးဝန်ဆောင်မှုအတွက် ဖေ့စ်ဘွတ်ခ်က လူတစ်ဦးလျှင် တစ်လကိုဒေါ်လာ
အနည်းငယ်ကောက်ခံသွားရန် စီစဉ်ထားကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက
ပြောကြားသည်။

LinkedIn ကုမ္ပဏီနှင့် Monster Worldwide ကုမ္ပဏီတို့ လုပ်ကိုင်နေသော ယင်းအွန်လိုင်းအလုပ်အကိုင်စျေးကွက်သည် တစ်နှစ်လျှင် ကန်ဒေါ်လာ ၆ ဘီလီယံခန့် တန်ဖိုးရှိကြောင်း စျေးကွက်လေ့လာရေးလုပ်ငန်း IDC က သြ ဂုတ်လအတွင်းက ဖော်ပြခဲ့သည်။

Heineken, Royal Bank of Scotland နှင့် ကျောက်မျက်ကုမ္ပဏီ Stella and Dot တို့အပါအဝင် ကုမ္ပဏီပေါင်း ၃၀၀ ကျော်သည် Facebook at Work ကို အသုံးပြုနေကြကြောင်း သိရသည်။

သို့သော် Facebook at Workတွင် Candy Crush ဂိမ်းကစား၍ ရနိုင်မည်မဟုတ်ပေ။
7day daily

No comments:

Post a Comment