ေတာင္တ႐ုတ္ ပင္လယ္ျပင္အတြင္း တ႐ုတ္ တည္ေဆာက္ေနတဲ့ လူလုပ္ကြ်န္းအနီးကေန B-52 ဗုံုးက်ဲေလယာဥ္ ႏွစ္စင္း ပ်ံသန္းခဲ႔။ |
ေတာင္တ႐ုတ္ ပင္လယ္ျပင္အတြင္း တ႐ုတ္ဘက္က တည္ေဆာက္ေနတဲ့ လူလုပ္ကြ်န္းအနီးကေန B-52 ဗုံုးက်ဲေလယာဥ္ ႏွစ္စင္း ပ်ံသန္းခဲ႔တာဟာ တမင္ရည္ရြယ္ၿပီး လုပ္ခဲ့တာ မဟုတ္ဘူးလို႔ အေမရိကန္ ပန္တဂြန္ စစ္ဌာနခ်ဳပ္ ေျပာခြင့္ရတဦးက စေနေန႔မွာ ေျပာပါတယ္။
တ႐ုတ္ဘက္က တည္ေဆာက္ေနတဲ့ လူလုပ္ကြ်န္းတုေတြအေပၚကေန ဒီဇင္ဘာလ ၁၀ ရက္ေန႔က အေမရိကန္ ေလယာဥ္ေတြ ပ်ံသန္းခဲ့တာဟာ စစ္ေရးအရ ရန္စတာျဖစ္တယ္လို႔ တ႐ုတ္က စြပ္စြဲခဲ့ၿပီး အေမရိကန္ရဲ႕ လုပ္ရပ္ က ႏွစ္ႏုိင္ငံၾကား စစ္ေရးပဋိပကၡ ျဖစ္ႏုိင္တဲ့အေျခအေနဆီ ဦးတည္သြားေစႏုိင္တယ္လို႔ ေျပာထားတာပါ။
တ႐ုတ္တို႔ တည္ေဆာက္ေနတဲ့ လူလုပ္ကၽြန္းတုေတြနဲ႔ ေရမိုင္ ၁၂ မိုင္အတြင္း ရည္ရြယ္ခ်က္နဲ႔ ပ်ံသန္းခဲ့တာ မရွိ ဘူးလို႔ ပန္တဂြန္ေျပာခြင့္ရ Mark Wright က AP သတင္းဌာနကို e-mail ကေနတဆင့္ ေျပာခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္စုဘက္က ေတာင္တ႐ုတ္ပင္လယ္ျပင္အပါအ၀င္ ေဒသတြင္းမွာ B-52 ဗံုးက်ဲေလယာဥ္ ေတြ ပံုမွန္ ေလ႔က်င့္ပ်ံသန္းမႈ လုပ္ေဆာင္ခဲ႔ပါတယ္လို႔လည္း ေျပာခြင့္ရ Wright ရဲ႕ e-mail မွာ ပါရွိပါတယ္။ ႏုိင္ငံတကာဥပေဒအရ ခြင့္ျပဳထားတဲ့ ေဒသေတြမွာ ပ်ံသန္းဖို႔၊ ရြက္လႊင့္ဖို႔၊ လႈပ္ရွားဖို႔ အေမရိကန္တို႔ ပိုင္းျဖတ္ ထားခ်က္ကိုျပသဖို႔နဲ႔ အဆင္သင့္ရွိေနေအာင္ရည္ရြယ္ လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔လည္း ပန္တဂြန္ စစ္ဌာနခ်ဳပ္ ေျပာခြင့္ရက ေျပာပါတယ္။
ေရတပ္ ဒုတိယဗိုလ္မွဴးႀကီး Bill Urban ကလည္း ၿပီးခဲ႔တဲ႔ ေသာၾကာေန႔က ေၾကညာခ်က္တေစာင္ ထုတ္တာမွာ အလားတူ ေျပာဆိုထားတာပါ။ ေရတပ္အေနနဲ႔ ေလ့က်င့္ တာေတြကို အဲဒီေဒသတြင္းမွာ ပံုမွန္လုပ္ေနတာျဖစ္ေပမဲ့ အခုပံ်သန္းမႈဟာ လြတ္လပ္စြာ ေရေၾကာင္းသြားလာမႈ ဆိုင္ရာ လုပ္ေဆာင္မႈမဟုတ္ဘဲ ေလယာဥ္ေတြ လမ္းလြဲၿပီး ေရာက္သြားတာျဖစ္ႏုိင္တယ္ဆိုတဲ့ သေဘာမ်ဳိး တပ္မွဴး Urban ကေျပာထားပါတယ္။
VOA Burmese
http://burmese.voanews.com
................
တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ် တည်ဆောက်နေတဲ့ လူလုပ်ကျွန်းအနီးကနေ B-52 ဗုုံးကျဲလေယာဉ် နှစ်စင်း ပျံသန်းခဲ့။
တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ်ဘက်က တည်ဆောက်နေတဲ့ လူလုပ်ကျွန်းအနီးကနေ B-52 ဗုံုးကျဲလေယာဉ် နှစ်စင်း ပျံသန်းခဲ့တာဟာ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ဘူးလို့ အမေရိကန် ပန်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရတဦးက စနေနေ့မှာ ပြောပါတယ်။
တရုတ်ဘက်က တည်ဆောက်နေတဲ့ လူလုပ်ကျွန်းတုတွေအပေါ်ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့က အမေရိကန် လေယာဉ်တွေ ပျံသန်းခဲ့တာဟာ စစ်ရေးအရ ရန်စတာဖြစ်တယ်လို့ တရုတ်က စွပ်စွဲခဲ့ပြီး အမေရိကန်ရဲ့ လုပ်ရပ် က နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခ ဖြစ်နိုင်တဲ့အခြေအနေဆီ ဦးတည်သွားစေနိုင်တယ်လို့ ပြောထားတာပါ။
တရုတ်တို့ တည်ဆောက်နေတဲ့ လူလုပ်ကျွန်းတုတွေနဲ့ ရေမိုင် ၁၂ မိုင်အတွင်း ရည်ရွယ်ချက်နဲ့ ပျံသန်းခဲ့တာ မရှိ ဘူးလို့ ပန်တဂွန်ပြောခွင့်ရ Mark Wright က AP သတင်းဌာနကို e-mail ကနေတဆင့် ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဘက်က တောင်တရုတ်ပင်လယ်ပြင်အပါအဝင် ဒေသတွင်းမှာ B-52 ဗုံးကျဲလေယာဉ် တွေ ပုံမှန် လေ့ကျင့်ပျံသန်းမှု လုပ်ဆောင်ခဲ့ပါတယ်လို့လည်း ပြောခွင့်ရ Wright ရဲ့ e-mail မှာ ပါရှိပါတယ်။ နိုင်ငံတကာဥပဒေအရ ခွင့်ပြုထားတဲ့ ဒေသတွေမှာ ပျံသန်းဖို့၊ ရွက်လွှင့်ဖို့၊ လှုပ်ရှားဖို့ အမေရိကန်တို့ ပိုင်းဖြတ် ထားချက်ကိုပြသဖို့နဲ့ အဆင်သင့်ရှိနေအောင်ရည်ရွယ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း ပန်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရက ပြောပါတယ်။
ရေတပ် ဒုတိယဗိုလ်မှူးကြီး Bill Urban ကလည်း ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာချက်တစောင် ထုတ်တာမှာ အလားတူ ပြောဆိုထားတာပါ။ ရေတပ်အနေနဲ့ လေ့ကျင့် တာတွေကို အဲဒီဒေသတွင်းမှာ ပုံမှန်လုပ်နေတာဖြစ်ပေမဲ့ အခုပျံသန်းမှုဟာ လွတ်လပ်စွာ ရေကြောင်းသွားလာမှု ဆိုင်ရာ လုပ်ဆောင်မှုမဟုတ်ဘဲ လေယာဉ်တွေ လမ်းလွဲပြီး ရောက်သွားတာဖြစ်နိုင်တယ်ဆိုတဲ့ သဘောမျိုး တပ်မှူး Urban ကပြောထားပါတယ်။
VOA Burmese
http://burmese.voanews.com
No comments:
Post a Comment