အိပ္၊ထ၊မ၊တင္ ေလ့က်င့္ခန္းျပဳလုပ္တာဟာ ေက်ာရိုးကို ထိခုိက္မွဳရွိႏိုင္တာေၾကာင့္ ဒီ ေလ့က်င့္ခန္းကို စြန္ ့လႊတ္သင့္ျပီျဖစ္ေၾကာင္း ကာယေလ့က်င့္ေရးဆရာေတြက ေျပာၾကားလုိက္ပါတယ္။
အေမရိကန္ျပည္ေထာင္စုက ကာယေလ့က်င့္ေရးဆရာေတြနဲ ့စစ္ဘက္ဆုိင္ရာအၾကံေပးေတြက ဒီ အိပ္၊ထ၊ မ၊တင္ ေလ့က်င့္ခန္းဟာ ေက်ာရိုးကို ဖိအားသက္ေရာက္မွဳအလြန္မ်ားတာေၾကာင့္ အႏၱရာယ္မ်ားတဲ့ ေလ့က်င့္ခန္းျဖစ္တယ္လုိ ့အခုအခါ ယုံၾကည္ေနၾကပါတယ္။
အမ်ဳိးသား၊အမ်ိဳးသမီးေတြအေနနဲ ့ ဒီ အိပ္၊ထ၊မ၊တင္ အစား plank pose ေခၚ လက္ေထာက္ေမွာက္ အေနအထားအတုိင္း ျပဳလုပ္တဲ့ ေယာဂေလ့က်င့္ခန္းကို အစားထုိးလုပ္သင့္ တယ္လုိ ့ဆုိပါတယ္။
အေမရိကန္စစ္တပ္ဟာလည္း စစ္သားေပါင္း တစ္ေသာင္းကို ျပန္လည္ျပင္ဆင္မွဳေတြလုပ္ထားတဲ့ ကာယၾကံ့ခုိင္ေရး ေရွ ့ေျပးစစ္ေဆးမွဳကို လုပ္ေဆာင္ေစခဲ့ရာမွာ အိပ္၊ထ၊မ၊တင္ ေလ့က်င့္ခန္းကို ခ်န္လွပ္ထားခဲ့ပါတယ္။
ေလ့လာမွဳတစ္ခုအရလည္း၊ ကာယၾကံ့ခုိင္ေရးစစ္ေဆးမွဳမွာ စစ္သားေတြရၾကတဲ့ ထိခုိက္ဒဏ္ရာေတြရဲ့ ၅၆ ရာခိုင္ႏွဳန္းဟာ အိပ္၊ထ၊မ၊တင္ ေလ့က်င့္ခန္းေၾကာင့္ ျဖစ္ေၾကာင္း အေျဖရွာေတြ ့ထားပါတယ္။ အေမရိကန္ ေရတပ္မေတာ္ထုတ္ေ၀တဲ့ Nay Times ရဲ့ အယ္ဒီတာ့ အာေဘာ္ ေဆာင္းပါးမွာလည္း အိပ္၊ထ၊မ၊တင္ ေလ့က်င့္ခန္းေတြကို လုံး၀ပိတ္ပင္တားျမစ္ေပးဖုိ ့ေတာင္းဆုိထားတာကို ေတြ ့ရပါတယ္။
ကေနဒါစစ္တပ္မွာဆုိရင္လည္း ဒီေလ့က်င့္ခန္းကို ရပ္ဆုိင္းပစ္လုိ္က္ျပီး အိပ္၊ထ၊မ၊တင္ အစား စစ္သားေတြဟာ ယခုအခါ ၄၄ ေပါင္ ေလးတဲ့ သဲအိတ္ေတြကိုမတဲ့ ေလ့က်င့္ခန္းျပဳလုပ္လ်က္ရွိပါတယ္။
ကေနဒါႏိုင္ငံ၊ ၀ါတာလူးတကၠသိုလ္က ေက်ာရိုးဇီ၀ျဖစ္ပ်က္မွဳပညာရပ္ ပါေမာကၡ Stuart McGill က ေလ့လာမွဳ ဒါဇင္ေပါင္းမ်ားစြာအရ အိပ္၊ထ၊မ၊တင္ဟာ ေက်ာရိုးဆစ္ေတြၾကားအရိုးႏုလႊာေလးေတြကို ဖ်စ္ညွစ္သလုိ ျဖစ္ကာ ထိခုိက္မွဳရွိႏိုင္ေၾကာင္း ေတြ ့ရွိထားတယ္လုိ ့ေျပာျပခဲ့ပါတယ္။
( Ye Wint )
#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com
Ref: DailyMail
...................................
ကျောရိုးထိခိုက်မှုရှိနိုင်တာကြောင့် အန္တရာယ်များတဲ့ အိပ်၊ထ၊မ၊တင် လေ့ကျင့်ခန်းကို မပြုလုပ်သင့်
အိပ်၊ထ၊မ၊တင် လေ့ကျင့်ခန်းပြုလုပ်တာဟာ ကျောရိုးကို ထိခိုက်မှုရှိနိုင်တာကြောင့် ဒီ လေ့ကျင့်ခန်းကို စွန် ့လွှတ်သင့်ပြီဖြစ်ကြောင်း ကာယလေ့ကျင့်ရေးဆရာတွေက ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ကာယလေ့ကျင့်ရေးဆရာတွေနဲ ့စစ်ဘက်ဆိုင်ရာအကြံပေးတွေက ဒီ အိပ်၊ထ၊ မ၊တင် လေ့ကျင့်ခန်းဟာ ကျောရိုးကို ဖိအားသက်ရောက်မှုအလွန်များတာကြောင့် အန္တရာယ်များတဲ့ လေ့ကျင့်ခန်းဖြစ်တယ်လို ့အခုအခါ ယုံကြည်နေကြပါတယ်။
အမျိုးသား၊အမျိုးသမီးတွေအနေနဲ ့ ဒီ အိပ်၊ထ၊မ၊တင် အစား plank pose ခေါ် လက်ထောက်မှောက် အနေအထားအတိုင်း ပြုလုပ်တဲ့ ယောဂလေ့ကျင့်ခန်းကို အစားထိုးလုပ်သင့် တယ်လို ့ဆိုပါတယ်။
အမေရိကန်စစ်တပ်ဟာလည်း စစ်သားပေါင်း တစ်သောင်းကို ပြန်လည်ပြင်ဆင်မှုတွေလုပ်ထားတဲ့ ကာယကြံ့ခိုင်ရေး ရှေ ့ပြေးစစ်ဆေးမှုကို လုပ်ဆောင်စေခဲ့ရာမှာ အိပ်၊ထ၊မ၊တင် လေ့ကျင့်ခန်းကို ချန်လှပ်ထားခဲ့ပါတယ်။
လေ့လာမှုတစ်ခုအရလည်း၊ ကာယကြံ့ခိုင်ရေးစစ်ဆေးမှုမှာ စစ်သားတွေရကြတဲ့ ထိခိုက်ဒဏ်ရာတွေရဲ့ ၅၆ ရာခိုင်နှုန်းဟာ အိပ်၊ထ၊မ၊တင် လေ့ကျင့်ခန်းကြောင့် ဖြစ်ကြောင်း အဖြေရှာတွေ ့ထားပါတယ်။ အမေရိကန် ရေတပ်မတော်ထုတ်ဝေတဲ့ Nay Times ရဲ့ အယ်ဒီတာ့ အာဘော် ဆောင်းပါးမှာလည်း အိပ်၊ထ၊မ၊တင် လေ့ကျင့်ခန်းတွေကို လုံးဝပိတ်ပင်တားမြစ်ပေးဖို ့တောင်းဆိုထားတာကို တွေ ့ရပါတယ်။
ကနေဒါစစ်တပ်မှာဆိုရင်လည်း ဒီလေ့ကျင့်ခန်းကို ရပ်ဆိုင်းပစ်လို်က်ပြီး အိပ်၊ထ၊မ၊တင် အစား စစ်သားတွေဟာ ယခုအခါ ၄၄ ပေါင် လေးတဲ့ သဲအိတ်တွေကိုမတဲ့ လေ့ကျင့်ခန်းပြုလုပ်လျက်ရှိပါတယ်။
ကနေဒါနိုင်ငံ၊ ၀ါတာလူးတက္ကသိုလ်က ကျောရိုးဇီဝဖြစ်ပျက်မှုပညာရပ် ပါမောက္ခ Stuart McGill က လေ့လာမှု ဒါဇင်ပေါင်းများစွာအရ အိပ်၊ထ၊မ၊တင်ဟာ ကျောရိုးဆစ်တွေကြားအရိုးနုလွှာလေးတွေကို ဖျစ်ညှစ်သလို ဖြစ်ကာ ထိခိုက်မှုရှိနိုင်ကြောင်း တွေ ့ရှိထားတယ်လို ့ပြောပြခဲ့ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref: DailyMail
No comments:
Post a Comment