ဒီမိုကေရစီစနစ္ထြန္းကားၿပီး စည္းကမ္းျပည့္ဝတဲ႔ သူမ်ားႏိုင္ငံမွာ အဲဒီလိုေျပာဆိုရင္၊ အဲဒီလိုေနထိုင္ရင္ ေထာင္က်ႏိုင္တယ္။
ကၽြန္မတို႔နဲ႔သိတဲ႔အထဲက ျပန္ၾကားရတာေလး ေျပာျပမယ္။ ခ်င္းျပည္နယ္ကေန အေမရိကားကို ေျပာင္းသြားတဲ႔မိသားစုတစ္ခုက ဦးေလးတစ္ေယာက္ဟာ သူ႔တူကေလးကိုခ်စ္ေတာ့ ဗမာျပည္မွာလုပ္ေနက်အတိုင္း ကေလးရဲ႕အဂၤါကို လိုက္ႏွိုက္တာမ်ဳိးေတြ လုပ္လုပ္ၿပီး ရင္းရင္းႏွီးႏွီး စေနာက္ေလ့ရွိတယ္။ ကေလးကလဲ အမွတ္တမဲ႔ သူကလဲ အမွတ္တမဲ႔ပဲေနာ္။ ကၽြန္မတို႔ေတြ "လုပ္ေနက်" ဆိုတဲ႔အရာတခုက ဘယ္ေလာက္ေတာင္ဆိုးဝါးသလဲဆိုရင္ တကယ့္စည္းကမ္းျပည့္ဝတဲ႔ society က လက္မခံဘူး။
တစ္ရက္ အဲဒီကေလးေလးရဲ႕ေက်ာင္းမွာ sexual abuse လုပ္တဲ႔ပံုေလးေတြျပၿပီး သားတို႔ သမီးတို႔ကို ဒီလိုမ်ဳိးလုပ္တဲ႔သူရွိလား ရွိရင္ လက္ေထာင္ဆိုေတာ့ တူကေလးျဖစ္သူ ကေလးေလးက လက္ေထာင္လိုက္တယ္။ ကေလးကိုး။ သူက sexual abuse လား ဘာလားဆိုတာထက္ ဒီပံုထဲကလို လုပ္ခံရဖူးသလားေမးေတာ့ ခံရဖူးတယ္လို႔ ေျဖတယ္၊ ဘယ္ႏွစ္ခါလဲလို႔ေမးေတာ့ ခဏခဏဆိုၿပီး ေျဖတာေပါ့။ အဲဒီမွာ ကေလးေလးကို သားကို အဲဒီလိုလုပ္တာ ဘယ္သူလဲ .. ဘယ္ကလဲ ေမးျမန္းၿပီးေတာ့ သူ႕ဦးေလးအလုပ္လုပ္တဲ႔ဆီ စံုစမ္း၊ လိုက္ဖမ္းလိုက္တာ ေထာင္ ၇ ႏွစ္က်သြားပါတယ္။ ဦးေလးျဖစ္သူလဲ သနားစရာပါ။ အဲဒါ တကယ့္အျဖစ္အပ်က္ပါ။ ကိုယ္က ရည္ရြယ္ခ်က္ရွိရွိနဲ႔လုပ္တာမဟုတ္ေပမယ့္ လုပ္ရပ္က မမွန္ဘူးေလ။ ဒီလိုလုပ္ရင္ အျပစ္ရွိတယ္ဆိုေတာ့ ဆႏၵရွိလို႔လုပ္သည္ျဖစ္ေစ ဆႏၵမရွိပဲ/မရည္ရြယ္ပဲ လုပ္သည္ျဖစ္ေစ အျပစ္ကရွိေနတာေလ။
ေထာင္ကထြက္လာရင္ restraining order နဲ႔ေနရႏိုင္ေသးတယ္ေနာ္။ ကေလးကို sexual abuse လုပ္ပါတယ္ဆိုၿပီး ေထာင္က်သြားတာျဖစ္တဲ႔အတြက္ ကာလဘယ္ေလာက္ကေန ဘယ္ေလာက္အထိ ကေလးငယ္ေတြနားမသြားရ၊ ကေလးကစားကြင္းေတြနားမသြားရ၊ အနည္းဆံုး ဘယ္ႏွစ္ေပအကြာမွာေနရမယ္ဆိုတာမ်ဳိး သတ္မွတ္ခ်က္နဲ႔ေနရတာကို ေျပာတာ။ (မေနရင္ ရဲတိုင္လို႔ရတယ္။ ရဲကခ်က္ခ်င္းလာဖမ္းတယ္။)
ကၽြန္မတို႔ဆီမွာက အဲဒီလိုသတ္သတ္မွတ္မွတ္မရွိေသးလို႔ ကိုယ့္ကေလးကို ကိုယ္ကာကြယ္တဲ႔ေနရာမွာ ပိုအားစိုက္ရတယ္။ မၾကာခင္ေျပာင္းလဲတိုးတက္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ လူေတြရဲ႕အေတြးအေခၚ၊ အေနအထိုင္နဲ႔ လူေနမႈအဆင့္အတန္းက အစေပါ့။
(ဒီပိုစ့္ေအာက္မွာ ဒါျမန္မာႏိုင္ငံ၊ ဟိုႏိုင္ငံအားက်ရင္ အဲဒီႏိုင္ငံသြားေန ဘာညာေျပာတဲ႔လူမွန္သမွ် ban ပါမယ္။ ဘယ္ႏိုင္ငံသာေၾကာင္း ေဆြးေႏြးေနတာမဟုတ္ပါ။ ဘယ္အျပဳအမူက မွားေၾကာင္း ေျပာေနတာပါ။)
A Cool Mom
https://www.facebook.com/jessicathecoolmom/photos/a.387824218065164.1073741829.377785802402339/523640931150158/?type=3&theater
...............
ကျွန်မတို့ဆီမှာသာလေ ကိုယ်နဲ့အသက်မတိမ်းမယိမ်းတွေက ကိုယ့်ကို အဖေ/အမေ၊ ယောက္ခမကြီးစသဖြင့်ခေါ်ပြီး မင့်သားကို ငါယူမယ် .. မင့်သမီးကို ငါယူမယ်စသဖြင့် နောက်ပြောင်တာကို ကျင့်သားဘယ်လောက်တောင်ရနေသလဲဆိုရင် အခေါ်ခံရလို့စိတ်ဆိုးတဲ့သူကို ပြန်စိတ်ဆိုးခံကြရတဲ့အဖြစ်နော်။
ဒီမိုကရေစီစနစ်ထွန်းကားပြီး စည်းကမ်းပြည့်ဝတဲ့ သူများနိုင်ငံမှာ အဲဒီလိုပြောဆိုရင်၊ အဲဒီလိုနေထိုင်ရင် ထောင်ကျနိုင်တယ်။
ကျွန်မတို့နဲ့သိတဲ့အထဲက ပြန်ကြားရတာလေး ပြောပြမယ်။ ချင်းပြည်နယ်ကနေ အမေရိကားကို ပြောင်းသွားတဲ့မိသားစုတစ်ခုက ဦးလေးတစ်ယောက်ဟာ သူ့တူကလေးကိုချစ်တော့ ဗမာပြည်မှာလုပ်နေကျအတိုင်း ကလေးရဲ့အင်္ဂါကို လိုက်နှိုက်တာမျိုးတွေ လုပ်လုပ်ပြီး ရင်းရင်းနှီးနှီး စနောက်လေ့ရှိတယ်။ ကလေးကလဲ အမှတ်တမဲ့ သူကလဲ အမှတ်တမဲ့ပဲနော်။ ကျွန်မတို့တွေ "လုပ်နေကျ" ဆိုတဲ့အရာတခုက ဘယ်လောက်တောင်ဆိုးဝါးသလဲဆိုရင် တကယ့်စည်းကမ်းပြည့်ဝတဲ့ society က လက်မခံဘူး။
တစ်ရက် အဲဒီကလေးလေးရဲ့ကျောင်းမှာ sexual abuse လုပ်တဲ့ပုံလေးတွေပြပြီး သားတို့ သမီးတို့ကို ဒီလိုမျိုးလုပ်တဲ့သူရှိလား ရှိရင် လက်ထောင်ဆိုတော့ တူကလေးဖြစ်သူ ကလေးလေးက လက်ထောင်လိုက်တယ်။ ကလေးကိုး။ သူက sexual abuse လား ဘာလားဆိုတာထက် ဒီပုံထဲကလို လုပ်ခံရဖူးသလားမေးတော့ ခံရဖူးတယ်လို့ ဖြေတယ်၊ ဘယ်နှစ်ခါလဲလို့မေးတော့ ခဏခဏဆိုပြီး ဖြေတာပေါ့။ အဲဒီမှာ ကလေးလေးကို သားကို အဲဒီလိုလုပ်တာ ဘယ်သူလဲ .. ဘယ်ကလဲ မေးမြန်းပြီးတော့ သူ့ဦးလေးအလုပ်လုပ်တဲ့ဆီ စုံစမ်း၊ လိုက်ဖမ်းလိုက်တာ ထောင် ရ နှစ်ကျသွားပါတယ်။ ဦးလေးဖြစ်သူလဲ သနားစရာပါ။ အဲဒါ တကယ့်အဖြစ်အပျက်ပါ။ ကိုယ်က ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာမဟုတ်ပေမယ့် လုပ်ရပ်က မမှန်ဘူးလေ။ ဒီလိုလုပ်ရင် အပြစ်ရှိတယ်ဆိုတော့ ဆန္ဒရှိလို့လုပ်သည်ဖြစ်စေ ဆန္ဒမရှိပဲ/မရည်ရွယ်ပဲ လုပ်သည်ဖြစ်စေ အပြစ်ကရှိနေတာလေ။
ထောင်ကထွက်လာရင် restraining order နဲ့နေရနိုင်သေးတယ်နော်။ ကလေးကို sexual abuse လုပ်ပါတယ်ဆိုပြီး ထောင်ကျသွားတာဖြစ်တဲ့အတွက် ကာလဘယ်လောက်ကနေ ဘယ်လောက်အထိ ကလေးငယ်တွေနားမသွားရ၊ ကလေးကစားကွင်းတွေနားမသွားရ၊ အနည်းဆုံး ဘယ်နှစ်ပေအကွာမှာနေရမယ်ဆိုတာမျိုး သတ်မှတ်ချက်နဲ့နေရတာကို ပြောတာ။ (မနေရင် ရဲတိုင်လို့ရတယ်။ ရဲကချက်ချင်းလာဖမ်းတယ်။)
ကျွန်မတို့ဆီမှာက အဲဒီလိုသတ်သတ်မှတ်မှတ်မရှိသေးလို့ ကိုယ့်ကလေးကို ကိုယ်ကာကွယ်တဲ့နေရာမှာ ပိုအားစိုက်ရတယ်။ မကြာခင်ပြောင်းလဲတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ လူတွေရဲ့အတွေးအခေါ်၊ အနေအထိုင်နဲ့ လူနေမှုအဆင့်အတန်းက အစပေါ့။
(ဒီပိုစ့်အောက်မှာ ဒါမြန်မာနိုင်ငံ၊ ဟိုနိုင်ငံအားကျရင် အဲဒီနိုင်ငံသွားနေ ဘာညာပြောတဲ့လူမှန်သမျှ ban ပါမယ်။ ဘယ်နိုင်ငံသာကြောင်း ဆွေးနွေးနေတာမဟုတ်ပါ။ ဘယ်အပြုအမူက မှားကြောင်း ပြောနေတာပါ။)
A Cool Mom
No comments:
Post a Comment