Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 23, 2015

သက္တမ္း ၂၅ ႏွစ္ျပည့္ခဲ့တဲ့ ကမာၻ႔ပထမဆံုး ၀က္ဘ္ဆိုက္

ဒီကေန႔ လူေတြသံုးစြဲေနၾကတဲ့ အင္တာနက္ဆိုတဲ့ အရာဟာ ေပၚေပါက္ခဲ့တာ ၂၅ ႏွစ္တိတိ ရွိခဲ့ပါၿပီ။ ဒီ ၂၅ ႏွစ္အတြင္းမွာေတာ့ အင္တာနက္ဟာ ေကာင္းမြန္စြာ နဲ႔ အသက္ႀကီးလာခဲ့တာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စေန ၊ တနဂၤေႏြတုန္းကေတာ့ ႏ်ဴကလီးယား သုေတသန အတြက္ ဥေရာပအဖြဲ႔အစည္း(CERN) ဟာ ၁၉၉၀ ခုႏွစ္ ဒီဇင္ဘာလ ၂၀ ရက္ေန႔မွာ စတင္ၿပီး အြန္လိုင္းေပၚ ေရာက္ခဲ့တဲ့ ကမာၻ႔ပထမဆံုး ၀က္ဘ္ဆိုက္ အတြက္ ဂုဏ္ျပဳခဲ့ၾကပါတယ္။

ၿဗိတိန္ သိပၸံပညာရွင္ နဲ႔ နည္းပညာ ကၽြမ္းက်င္သူ Sir Tim Berners-Lee ဟာ သူ႔ရဲ႔ NeXT ကြန္ပ်ဴတာ မွာပဲ ထို ၀က္ဘ္ဆိုက္ကို ေရးဆြဲ လႊင့္တင္ခဲ့တာ ျဖစ္ၿပီး ၂၁ ရာစု လူ႔အဖြဲ႔အစည္း နဲ႔ ေအာက္ေျခအဆင့္ ခ်ိတ္ဆက္မႈ ေတြ ျပဳလုပ္ခဲ့ပါတယ္။ ထို ၀က္ဘ္ဆိုက္ စာမ်က္ႏွာဟာ ၀က္ဘ္ဆိုက္ ကို ေမာင္းႏွင္ေနတဲ့ ေဆာ့ဖ္၀ဲ နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို လိုအပ္တာထက္ ပိုမို ေဖာ္ျပထားခဲ့ၿပီး ထို၀က္ဘ္ဆိုက္ရဲ ႔ အစီအစဥ္ခ်ထားမႈ ပံုစံေတြကေတာ့ လူအမ်ားစုအတြက္ ရင္းႏွီးကၽြမ္း၀င္မႈ ရွိခဲ့တယ္လို႔ သိရပါတယ္။

Sir Tim Berners-Lee ဟာ ထို အႀကံဥာဏ္ကို ၁၉၈၉ ခုႏွစ္မွာ စတင္ ရရွိခဲ့တာျဖစ္ၿပီး တစ္ႏွစ္အၾကာမွသာ အေကာင္အထည္ေဖာ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ World Wide Web ေဆာ့ဖ္၀ဲ ကို Public Domain အေနနဲ႔ လ်င္ျမန္စြာ သတ္မွတ္ခဲ့ျပန္ပါတယ္။ ဆိုလိုခ်င္တာကေတာ့ ထို ၀က္ဘ္ဆိုင္ဟာ ကုမၼဏီ တစ္ခုက ပိုင္ဆိုင္ထားတယ္ဆိုတဲ့ သေဘာပါ။

ဒီလို အေကာင္းျမင္မႈေတြနဲ႔ စတင္ခ့ဲတဲ့ အင္တာနက္ဟာ နယ္ပယ္အသီးသီး ကဖ်က္ဆီးခဲ့မႈ ေၾကာင္းပ်က္ဆီးသြားခဲ့ရၿပီး အၾကမ္းဖက္သမား ေတြအတြက္ေတာ့ တစ္ကမာၻလံုးကို သူတို႔ရဲ ႔၀ါဒ ျဖန္႔ခ်ီမႈ မွာ အင္တာနက္ကို အသံုးခ်လာခဲ့ၾကပါတယ္။ ဆိုက္ဘာ မႈခင္းသမားေတြကိုလည္း အသက္မျပည့္ေသးတဲ့ ညစ္ညမ္းရုပ္ရွင္ ၊ ဓါတ္ပံု တို႔လို လုပ္ရပ္ေတြကို ဖန္တီးၿပီး ပိုက္ဆံ ရွာခြင့္ေပးခဲ့ရပါတယ္။

ဒါေပမယ့္လည္း Sir Tim Berners-Lee ကေတာ့ သူ႔ရဲ ႔တီထြင္ ဖန္တီးမႈ ဟာ လူသားမ်ိဳးႏြယ္ေတြအတြက္ ေကာင္းက်ိဳးတစ္ခုျဖစ္တယ္ဆိုတာကို ယံုၾကည္ေနဆဲ ျဖစ္ၿပီး အင္တာနက္ရဲ ႔ ကနဦးအစကို ကာကြယ္ဖို႔လည္း သူ႔ကိုယ္သူ တာ၀န္ေပးခဲ့ကာ အစိုးရ ရဲ ႔ ဆင္ဆာပိတ္ပင္မႈ ေတြကို တိုက္ခိုက္ခဲ့ၿပီး အနီးကပ္ေစာင့္ၾကည့္ ေထာက္လွမ္းျခင္းေတြကိုလည္း ဆန္႔က်င္ လႈပ္ရွားခဲ့ပါတယ္။

( Mario )

#သစ္ထူးလြင္(နည္းပညာ)
#technology.thithtoolwin.com

Ref : Mirror
.........................
 သက်တမ်း ၂၅ နှစ်ပြည့်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ၀က်ဘ်ဆိုက်
ဒီကနေ့ လူတွေသုံးစွဲနေကြတဲ့ အင်တာနက်ဆိုတဲ့ အရာဟာ ပေါ်ပေါက်ခဲ့တာ ၂၅ နှစ်တိတိ ရှိခဲ့ပါပြီ။ ဒီ ၂၅ နှစ်အတွင်းမှာတော့ အင်တာနက်ဟာ ကောင်းမွန်စွာ နဲ့ အသက်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေတုန်းကတော့ နျူကလီးယား သုတေသန အတွက် ဥရောပအဖွဲ့အစည်း(CERN) ဟာ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စတင်ပြီး အွန်လိုင်းပေါ် ရောက်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ၀က်ဘ်ဆိုက် အတွက် ဂုဏ်ပြုခဲ့ကြပါတယ်။

ဗြိတိန် သိပ္ပံပညာရှင် နဲ့ နည်းပညာ ကျွမ်းကျင်သူ Sir Tim Berners-Lee ဟာ သူ့ရဲ့ NeXT ကွန်ပျူတာ မှာပဲ ထို ၀က်ဘ်ဆိုက်ကို ရေးဆွဲ လွှင့်တင်ခဲ့တာ ဖြစ်ပြီး ၂၁ ရာစု လူ့အဖွဲ့အစည်း နဲ့ အောက်ခြေအဆင့် ချိတ်ဆက်မှု တွေ ပြုလုပ်ခဲ့ပါတယ်။ ထို ၀က်ဘ်ဆိုက် စာမျက်နှာဟာ ၀က်ဘ်ဆိုက် ကို မောင်းနှင်နေတဲ့ ဆော့ဖ်ဝဲ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုအပ်တာထက် ပိုမို ဖော်ပြထားခဲ့ပြီး ထိုဝက်ဘ်ဆိုက်ရဲ ့ အစီအစဉ်ချထားမှု ပုံစံတွေကတော့ လူအများစုအတွက် ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

Sir Tim Berners-Lee ဟာ ထို အကြံဉာဏ်ကို ၁၉၈၉ ခုနှစ်မှာ စတင် ရရှိခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှသာ အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ World Wide Web ဆော့ဖ်ဝဲ ကို Public Domain အနေနဲ့ လျင်မြန်စွာ သတ်မှတ်ခဲ့ပြန်ပါတယ်။ ဆိုလိုချင်တာကတော့ ထို ၀က်ဘ်ဆိုင်ဟာ ကုမ္မဏီ တစ်ခုက ပိုင်ဆိုင်ထားတယ်ဆိုတဲ့ သဘောပါ။

ဒီလို အကောင်းမြင်မှုတွေနဲ့ စတင်ခဲ့တဲ့ အင်တာနက်ဟာ နယ်ပယ်အသီးသီး ကဖျက်ဆီးခဲ့မှု ကြောင်းပျက်ဆီးသွားခဲ့ရပြီး အကြမ်းဖက်သမား တွေအတွက်တော့ တစ်ကမ္ဘာလုံးကို သူတို့ရဲ ့ဝါဒ ဖြန့်ချီမှု မှာ အင်တာနက်ကို အသုံးချလာခဲ့ကြပါတယ်။ ဆိုက်ဘာ မှုခင်းသမားတွေကိုလည်း အသက်မပြည့်သေးတဲ့ ညစ်ညမ်းရုပ်ရှင် ၊ ဓါတ်ပုံ တို့လို လုပ်ရပ်တွေကို ဖန်တီးပြီး ပိုက်ဆံ ရှာခွင့်ပေးခဲ့ရပါတယ်။

ဒါပေမယ့်လည်း Sir Tim Berners-Lee ကတော့ သူ့ရဲ ့တီထွင် ဖန်တီးမှု ဟာ လူသားမျိုးနွယ်တွေအတွက် ကောင်းကျိုးတစ်ခုဖြစ်တယ်ဆိုတာကို ယုံကြည်နေဆဲ ဖြစ်ပြီး အင်တာနက်ရဲ ့ ကနဦးအစကို ကာကွယ်ဖို့လည်း သူ့ကိုယ်သူ တာဝန်ပေးခဲ့ကာ အစိုးရ ရဲ ့ ဆင်ဆာပိတ်ပင်မှု တွေကို တိုက်ခိုက်ခဲ့ပြီး အနီးကပ်စောင့်ကြည့် ထောက်လှမ်းခြင်းတွေကိုလည်း ဆန့်ကျင် လှုပ်ရှားခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

No comments:

Post a Comment