Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 24, 2015

ေဘဂ်င္းမွာ ေလထုညစ္ညမ္းမႈ ဆက္လက္ဆုိးရြား

ေဘဂ်င္းၿမိဳ႕ေတာ္မွာ ေလထုညစ္ညမ္းေနတဲ့ အေျခအေန
   
တ႐ုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္မွာ ေလထုညစ္ညမ္းတဲ့ အေျခအေန စိုးရိမ္ရတဲ့ အနီေရာင္ သတိေပးခ်က္ကို ျပန္႐ုပ္သိမ္းလိုက္ၿပီးတဲ့ ေနာက္မွာလည္း မီးခိုးျမဴ ေတြ ဆက္ၿပီး ထူထပ္ေနတုန္း ျဖစ္သလို ရွန္ဟိုင္းၿမိဳ႕မွာလည္း ဒီကေန႔ မီးခိုးျမဴ ေတြ အႀကီးအက်ယ္ ပိုမ်ားလာတာနဲ႔ ႀကံဳေနရပါတယ္။

ေဘဂ်င္းၿမိဳ႕မွာ ေလထုညစ္ညမ္းတဲ့ အေျခအေန ဆိုးရြားေနဆဲ ျဖစ္တာေၾကာင့္ အာဏာပိုင္ေတြက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အနီေရာင္အဆင့္ သတိေပးခ်က္ ျပန္ထုတ္ၿပီးေတာ့ အဂၤါေန႔ည သန္းေခါင္အခ်ိန္အထိ အဲဒီသတိေပးခ်က္ ထုတ္ျပန္ထားတာပါ။ မီးခိုးျမဴ  အႏၱရာယ္ေတြ ေနာက္ထပ္ရွိလာႏုိင္တဲ့ အေပၚမွာ ျပင္ဆင္ထားၾကဖို႔ ေဒသခံေတြကိုလည္း သတိေပးထားပါတယ္။

ေလထုညစ္ညမ္းမႈ အႏၱရာယ္ကို တိုင္းတာတဲ့ အညႊန္းကိန္း ၂၀၀ ထက္ေက်ာ္ၿပီး သံုးရက္ထက္မနည္း ေလထုညစ္ညမ္းတဲ့အခါမွာ အနီေရာင္ သတိေပးခ်က္ကို ထုတ္ျပန္တာပါ။ ေလထုညစ္ညမ္းမႈ အညြန္းကိန္း ၃၀၀ ထက္ေက်ာ္တဲ့အဆင့္ ဆိုရင္ေတာ့ လူေတြရဲ႕ က်န္းမာေရးအေပၚ ေရရွည္ထိခိုက္ႏုိင္တဲ့ အႏၱရာယ္ရွိတာေၾကာင့္ လူေတြကို အိမ္ထဲကေန အျပင္မထြက္ဖို႔ အစိုးရက ညႊန္ၾကား ထားပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ေလထုညစ္ညမ္းမႈ တိုင္းတာခ်က္ ၃၀၀ ကို ဆုိးဆိုးရြားရြား အႏၱရာယ္ရွိတဲ့အဆင့္ သတ္မွတ္ ထားတာပါ။ ေဘဂ်င္းၿမိဳ႕မွာ သတ္မွတ္ထားတဲ့ အနီေရာင္ သတိေပးခ်က္အရ ဆိုရင္ေတာ့ လမ္းေပၚမွာ ယာဥ္အသြားအလာ ထက္၀က္ ေလွ်ာ့ခ်ရပါတယ္။ စံု နဲ႔ မ လိုင္စင္နံပါတ္ ရွိတဲ့ကားေတြ တလွည့္စီ ေမာင္းႏွင္ရပါတယ္။ ေက်ာင္းေတြနဲ႔ ေဆာက္လုပ္ ေရး လုပ္ငန္းေတြကိုလည္း ပိတ္ထားရပါတယ္။


VOA Burmese
http://burmese.voanews.com
...............
 ဘေဂျင်းမြို့တော်မှာ လေထုညစ်ညမ်းနေတဲ့ အခြေအနေ
 
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ လေထုညစ်ညမ်းတဲ့ အခြေအနေ စိုးရိမ်ရတဲ့ အနီရောင် သတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးတဲ့ နောက်မှာလည်း မီးခိုးမြူ တွေ ဆက်ပြီး ထူထပ်နေတုန်း ဖြစ်သလို ရှန်ဟိုင်းမြို့မှာလည်း ဒီကနေ့ မီးခိုးမြူ တွေ အကြီးအကျယ် ပိုများလာတာနဲ့ ကြုံနေရပါတယ်။

ဘေဂျင်းမြို့မှာ လေထုညစ်ညမ်းတဲ့ အခြေအနေ ဆိုးရွားနေဆဲ ဖြစ်တာကြောင့် အာဏာပိုင်တွေက ပြီးခဲ့တဲ့ သောကြာနေ့မှာ အနီရောင်အဆင့် သတိပေးချက် ပြန်ထုတ်ပြီးတော့ အင်္ဂါနေ့ည သန်းခေါင်အချိန်အထိ အဲဒီသတိပေးချက် ထုတ်ပြန်ထားတာပါ။ မီးခိုးမြူ  အန္တရာယ်တွေ နောက်ထပ်ရှိလာနိုင်တဲ့ အပေါ်မှာ ပြင်ဆင်ထားကြဖို့ ဒေသခံတွေကိုလည်း သတိပေးထားပါတယ်။

လေထုညစ်ညမ်းမှု အန္တရာယ်ကို တိုင်းတာတဲ့ အညွှန်းကိန်း ၂၀၀ ထက်ကျော်ပြီး သုံးရက်ထက်မနည်း လေထုညစ်ညမ်းတဲ့အခါမှာ အနီရောင် သတိပေးချက်ကို ထုတ်ပြန်တာပါ။ လေထုညစ်ညမ်းမှု အညွန်းကိန်း ၃၀၀ ထက်ကျော်တဲ့အဆင့် ဆိုရင်တော့ လူတွေရဲ့ ကျန်းမာရေးအပေါ် ရေရှည်ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် လူတွေကို အိမ်ထဲကနေ အပြင်မထွက်ဖို့ အစိုးရက ညွှန်ကြား ထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ လေထုညစ်ညမ်းမှု တိုင်းတာချက် ၃၀၀ ကို ဆိုးဆိုးရွားရွား အန္တရာယ်ရှိတဲ့အဆင့် သတ်မှတ် ထားတာပါ။ ဘေဂျင်းမြို့မှာ သတ်မှတ်ထားတဲ့ အနီရောင် သတိပေးချက်အရ ဆိုရင်တော့ လမ်းပေါ်မှာ ယာဉ်အသွားအလာ ထက်ဝက် လျှော့ချရပါတယ်။ စုံ နဲ့ မ လိုင်စင်နံပါတ် ရှိတဲ့ကားတွေ တလှည့်စီ မောင်းနှင်ရပါတယ်။ ကျောင်းတွေနဲ့ ဆောက်လုပ် ရေး လုပ်ငန်းတွေကိုလည်း ပိတ်ထားရပါတယ်။


VOA Burmese
http://burmese.voanews.com

No comments:

Post a Comment