Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

သမၼတတာ၀န္ယူဖူးသူေတြအတြက္ လုံၿခံဳေရး ဥပေဒၾကမ္း

ႏိုင္ငံေတာ္သမၼတ တာ၀န္ထမ္းေဆာင္ခဲ့သူ၏ လံုၿခံဳေရးဆိုင္ရာ ဥပေဒၾကမ္း။

ျမန္မာႏုိင္ငံမွာ အစုိးရအေျပာင္းအလဲေတြ လုပ္ေဆာင္ေတာ့မယ့္ အခ်ိန္မွာပဲ သမၼတ တဦးရဲ႕ သက္တမ္းအတြင္း ေဆာင္ရြက္ခဲ့တာေတြနဲ႔ ပတ္သက္လုိ႔ အေရးယူတာမ်ဳိး မလုပ္ဖုိ႔ လံုၿခံဳေရးဆိုင္ရာ ဥပေဒတရပ္ ေရးဆဲြဖုိ႔ စီစဥ္ေနပါတယ္။ အမ်ားျပည္သူ ေလ့လာ အႀကံျပဳႏုိင္ဖုိ႔ဆုိၿပီး ဒီကေန႔ထုတ္ ႏိုင္ငံပိုင္ သတင္းစာေတြမွာ ေဖာ္ျပလုိက္တဲ့ ဥပေဒၾကမ္းအေပၚ ဥပေဒပညာရွင္တခ်ဳိ႕ ကေတာ့ ေထာက္ျပေ၀ဖန္ခဲ့ၾကတာပါ။ အျပည့္အစုံကုိေတာ့ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။

အစုိးရသစ္ကုိ အာဏာလဲႊေျပာင္းေပးၿပီးေနာက္ သမၼတေဟာင္း တဦးျဖစ္လာတဲ့အခါ တာ၀န္ယူခဲ့စဥ္ သက္တမ္းအတြင္း လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္လုိ႔ အေရးယူတာ တရားစဲြဆုိတာ မရွိေစဖို႔ ႏိုင္ငံေတာ္သမၼတ တာ၀န္ထမ္းေဆာင္ခဲ့သူ၏ လံုၿခံဳေရးဆိုင္ရာ ဥပေဒၾကမ္းဆိုၿပီး ႏိုင္ငံပုိုင္းသတင္းစာေတြမွာေဖာ္ျပခဲ့တာပါ။ ဒီဥပေဒၾကမ္းနဲ႔ပတ္သက္လုိ႔ရန္ကုန္ၿမိဳ ႔က တရားလႊတ္ေတာ္ေရွ ႔ေန ဦးေအာင္သိန္းကေတာ့ အခုလိုေျပာဆိုပါတယ္။

“ဒီဟာက ဥပေဒတရပ္ျဖစ္သြားၿပီဆိုရင္ ဘယ္သူပဲျဖစ္ျဖစ္ ေရြးေကာက္ပြဲနဲ႔ တင္ေျမႇာက္ ထားတဲ့ ေပၚေပါက္လာတဲ့ သမၼတ မွန္သေရြ႕ကေတာ့ အကုန္ အဲဒီဥပေဒရဲ႕ အခြင့္အေရး ရဲ႕ အကာအကြယ္ ရသြားမွာပဲ ။ ဒီသမၼတအျဖစ္ ထမ္းေဆာင္ခဲ့တဲ့ ကာလအတြင္းမွာ တာ၀န္အရေဆာင္ရြက္ခ်က္မ်ား ကို အေၾကာင္းျပဳၿပီးေတာ့ တရားစြဲဆိုျခင္းနဲ႔ အေရးယူျခင္းမျပဳရ ဆိုၿပီးေတာ့ ေျပာ ထားတယ္ ။ အဲဒီမွာ သူ တာ၀န္ထမ္းေဆာင္ခဲ့တဲ့အခ်ိန္မွာ အမ်ားျပည္သူကို ထိခိုက္ေစတဲ့ျပႆနာမ်ိဳးေပၚေပါက္လာရင္ ထိခိုက္ခံရတဲ့သူေတြရဲ႕ နစ္နာမႈကို ေျဖရွင္းေပးတဲ့ ဥပေဒက မရွိေတာ့ဘူးလား။ အဲဒီမွာ ႏိုင္ငံသား နဲ႔ ႏိုင္ငံသားအခြင့္အေရးဆိုတာ ရွိတာပဲ။ က်ဴးလြန္မႈဆိုတာက သေဘာရိုးနဲ႔ေဆာင္ရြက္မႈလဲျဖစ္ရမယ္။

အမ်ားျပည္သူကို မထိခိုက္ဘူးဆိုရင္ေတာ့ ဒီဥပေဒရဲ႕အကာအကြယ္ကိုေတာ့ သူ ရေကာင္းရႏိုင္တယ္ေပါ့ေနာ္။ သို႔ေသာ္လည္း အမ်ားျပည္သူကို ထိခိုက္ႏိုင္တဲ့ ေဆာင္ရြက္မႈမ်ိဳး ရွိခဲ့ရင္ေတာ့ ႏိုင္ငံသားနဲ႔ ႏိုင္ငံသား အခြင့္အေရး တရပ္အေနနဲ႔ဟာက ဖြဲ႔စည္းပံုမွာပါတဲ့ ဥပေဒအရ ဒီဟာကို ေက်ာ္လႊားတယ္ လို႔ေျပာလို႔ရသြားၿပီ္။”

၂၀၀၈ ဖဲြ႔စည္းပုံနဲ႔ အရင္စစ္ေခါင္းေဆာင္ေဟာင္းကုိ အေရးမယူဖုိ႔ အတြက္ အကာအကြယ္ ယူထားဘူးတယ္လုိ႔ တရားလြတ္ေတာ္ေရွ႕ေန ဦးေအာင္သိန္းက ေျပာပါတယ္။

ႏိုင္ငံေတာ္၀န္ထမ္းအျဖစ္ တာ၀န္ထမ္းေဆာင္ေနတဲ့၀န္ထမ္းေတြဟာ တာ၀န္ ထမ္းေဆာင္စဥ္ က်ဴးလြန္ခဲ့တဲ့ျပစ္မူေတြကို တစံုတရာအေရးယူျခင္းမလုပ္ရ ဆုိတာမ်ိုးကိုေတာ့့ ျမန္မာႏိုင္ငံရဲ ့ျပစ္မူဆုိင္ရာ က်င့္ထံုး ဥပေဒမွာ ပါ၀င္ထားၿပီျဖစ္တဲ့ အတြက္ ဒီဥပေဒကုိ သီးသန္႕ ထပ္ထုတ္စရာမလုိဘူးလို႔ ယူဆေၾကာင္း အာရွလူ႔အခြင့္အေရးေကာ္မရွင္က ေရွ႕ေနဦးမင္းလြင္ဦးကဆိုပါတယ္။ ဒါေပမဲ့ ဥပေဒၾကမ္းမွာ မရွင္းလင္းခ်က္ေတြလည္း ရွိေနတယ္လို႔ေျပာျပပါတယ္။

“လံုၿခံဳေရးနဲ႔ပတ္သက္လို႔ေပါ့ ။ အဲဒါလည္း က်ေနာ္တို႔က ေျပာစရာရွိတယ္။ ကိုယ္ရံေတာ္တဦးကို သမၼတက အမည္စာရင္း တင္သြင္းရင္ ခန္႔ရမယ္လို႔ေျပာတယ္။ ေနာက္ပုဒ္မတခုမွာက်ေတာ့ ကိုယ္ရံေတာ္အဖြဲ႔လို႔ ဆိုျပန္တယ္။အဲေတာ့ ကိုယ္ရံေတာ္တဦးကေနၿပီးေတာ့ က်န္တဲ့ လံုၿခံဳေရး အစိုးရအဖြဲ႕ကို စီမံကြပ္ကဲသြားမွာလား၊ စစ္တပ္က အဖြဲ႔ကို စီမံကြပ္ကဲသြားမွာလား အဲဒါကို ရွင္းရွင္းလင္းလင္းေရးထားတာ က်ေနာ္တို႔မေတြ႔ရဘူး။ အဲေတာ့ စစ္တပ္ကိုလည္း အကူအညီေတာင္းရင္ေတာင္းႏိုင္တယ္။ ရဲတပ္ဖြဲ႕လည္း အကူအညီေတာင္းရင္ ေတာင္းႏိုင္တယ္လို႔ ေရးထားတာကိုေတြ႔ရတယ္။

အဲေတာ့ ဒီႏိုင္ငံေတာ္သမၼတေတြ၊ သမၼတေဟာင္းေတြ ျပည္ပခရီးသြားတယ္ဆိုရင္ လံုၿခံဳေရး အရထည့္ေပးလိုက္တဲ့ ကိစၥရပ္ေတြရွိတယ္။ အခုအခ်ိန္အထိလည္း တခ်ိဳ႕ႏိုင္ငံေတြမွာ ဒီလိုပဲ လုပ္ေနၾကတာပါ။ ေထြေထြထူးထူးႀကီးေတာ့ ခံစားခြင့္ရယ္လို႔ သီးသန္႔ေပးၿပီးေတာ့ အဲဒီလိုမ်ိဳးေတာ့မရွိပါဘူး။ အသက္အႏၱရာယ္ ဆံံုးရံူးမွာစိုးတယ္ ဆိုရင္ အသက္အာမခံထားလိုက္ေပါ့။”

ဒီဥပေဒၾကမ္းကို လက္ရွိအစိုးရ လက္ထက္မွာ ျပဌာန္းခဲ့ရင္ေတာင္ မွ ေနာက္ တက္လာမယ့္ အစုိးရေတြလက္ထက္မွာ ဒီဥပေဒကုိ ပယ္ဖ်က္ႏိုင္တာမ်ိဳး လုပ္ႏိုင္တာေတြရွိသလို သမၼတေဟာင္းေတြအေနနဲ႔ သူတို႔တာ၀န္ယူတဲ့ သက္တမ္း အတြင္းမွာ အမွားအယြင္းေတြ ရွိႏိုင္တဲ့အတြက္ အကာကြယ္ယူ တာမ်ိဳးေတြ လည္းျဖစ္ႏိုင္တယ္လုိ႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္သိန္းကဆိုပါတယ္။

ဒီဥပေဒမူၾကမ္းကိုေတာ့ မၾကာခင္ကုန္ဆံုးေတာ့မယ့္ အစိုးရ သက္တမ္း ကာလအတြင္းမွာ အတည္ျပဳႏိုင္ဖို႔အတြက္ ႀကိဳးစားလိမ့္မယ္လို႔ေတာ့ ဥပေဒပညာရွင္ေတြက ခန္႔မွန္းေနၾကပါတယ္။

မၾကာခင္မွာ အတိုက္အခံပါတီက အစိုးရသစ္ဖဲြ႔စည္းေတာ့မယ့္အခ်ိန္မွာပဲ အခုလို သမၼတေဟာင္း အတြက္ လံုၿခံဳေရးဆိုင္ရာ အကာကြယ္ေပးႏိုင္ဖို႔နဲ႔ေနာက္ေၾကာင္းျပန္ အေရးယူတာေတြ မလုပ္ႏိုင္ဖို႔အတြက္ႏိုင္ငံေတာ္သမၼတ တာ၀န္ထမ္းေဆာင္ခဲ့သူ၏ လံုၿခံဳေရးဆိုင္ရာ ဥပေဒၾကမ္း ထြက္ေပၚလာတာျဖစ္ပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...........................................

သမ္မတတာဝန်ယူဖူးသူတွေအတွက် လုံခြုံရေး ဥပဒေကြမ်း


မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲတွေ လုပ်ဆောင်တော့မယ့် အချိန်မှာပဲ သမ္မတ တဦးရဲ့ သက်တမ်းအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့ အရေးယူတာမျိုး မလုပ်ဖို့ လုံခြံုရေးဆိုင်ရာ ဥပဒေတရပ် ရေးဆွဲဖို့ စီစဉ်နေပါတယ်။ အများပြည်သူ လေ့လာ အကြံပြုနိုင်ဖို့ဆိုပြီး ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလိုက်တဲ့ ဥပဒေကြမ်းအပေါ် ဥပဒေပညာရှင်တချို့ ကတော့ ထောက်ပြဝေဖန်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးပြီးနောက် သမ္မတဟောင်း တဦးဖြစ်လာတဲ့အခါ တာဝန်ယူခဲ့စဉ် သက်တမ်းအတွင်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အရေးယူတာ တရားစွဲဆိုတာ မရှိစေဖို့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြံုရေးဆိုင်ရာ ဥပဒေကြမ်းဆိုပြီး နိုင်ငံပိုုင်းသတင်းစာတွေမှာဖော်ပြခဲ့တာပါ။ ဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ရန်ကုန်မြို ့က တရားလွှတ်တော်ရှေ ့နေ ဦးအောင်သိန်းကတော့ အခုလိုပြောဆိုပါတယ်။

“ဒီဟာက ဥပဒေတရပ်ဖြစ်သွားပြီဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ရွေးကောက်ပွဲနဲ့ တင်မြှောက် ထားတဲ့ ပေါ်ပေါက်လာတဲ့ သမ္မတ မှန်သရွေ့ကတော့ အကုန် အဲဒီဥပဒေရဲ့ အခွင့်အရေး ရဲ့ အကာအကွယ် ရသွားမှာပဲ ။ ဒီသမ္မတအဖြစ် ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်းမှာ တာဝန်အရဆောင်ရွက်ချက်များ ကို အကြောင်းပြုပြီးတော့ တရားစွဲဆိုခြင်းနဲ့ အရေးယူခြင်းမပြုရ ဆိုပြီးတော့ ပြော ထားတယ် ။ အဲဒီမှာ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ အများပြည်သူကို ထိခိုက်စေတဲ့ပြဿနာမျိုးပေါ်ပေါက်လာရင် ထိခိုက်ခံရတဲ့သူတွေရဲ့ နစ်နာမှုကို ဖြေရှင်းပေးတဲ့ ဥပဒေက မရှိတော့ဘူးလား။ အဲဒီမှာ နိုင်ငံသား နဲ့ နိုင်ငံသားအခွင့်အရေးဆိုတာ ရှိတာပဲ။ ကျူးလွန်မှုဆိုတာက သဘောရိုးနဲ့ဆောင်ရွက်မှုလဲဖြစ်ရမယ်။

အများပြည်သူကို မထိခိုက်ဘူးဆိုရင်တော့ ဒီဥပဒေရဲ့အကာအကွယ်ကိုတော့ သူ ရကောင်းရနိုင်တယ်ပေါ့နော်။ သို့သော်လည်း အများပြည်သူကို ထိခိုက်နိုင်တဲ့ ဆောင်ရွက်မှုမျိုး ရှိခဲ့ရင်တော့ နိုင်ငံသားနဲ့ နိုင်ငံသား အခွင့်အရေး တရပ်အနေနဲ့ဟာက ဖွဲ့စည်းပုံမှာပါတဲ့ ဥပဒေအရ ဒီဟာကို ကျော်လွှားတယ် လို့ပြောလို့ရသွားပြီ်။”

၂၀၀၈ ဖွဲ့စည်းပုံနဲ့ အရင်စစ်ခေါင်းဆောင်ဟောင်းကို အရေးမယူဖို့ အတွက် အကာအကွယ် ယူထားဘူးတယ်လို့ တရားလွတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

နိုင်ငံတော်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေဟာ တာဝန် ထမ်းဆောင်စဉ် ကျူးလွန်ခဲ့တဲ့ပြစ်မူတွေကို တစုံတရာအရေးယူခြင်းမလုပ်ရ ဆိုတာမျိုးကိုတော့့ မြန်မာနိုင်ငံရဲ ့ပြစ်မူဆိုင်ရာ ကျင့်ထုံး ဥပဒေမှာ ပါ၀င်ထားပြီဖြစ်တဲ့ အတွက် ဒီဥပဒေကို သီးသန့် ထပ်ထုတ်စရာမလိုဘူးလို့ ယူဆကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးကဆိုပါတယ်။ ဒါပေမဲ့ ဥပဒေကြမ်းမှာ မရှင်းလင်းချက်တွေလည်း ရှိနေတယ်လို့ပြောပြပါတယ်။

“လုံခြံုရေးနဲ့ပတ်သက်လို့ပေါ့ ။ အဲဒါလည်း ကျနော်တို့က ပြောစရာရှိတယ်။ ကိုယ်ရံတော်တဦးကို သမ္မတက အမည်စာရင်း တင်သွင်းရင် ခန့်ရမယ်လို့ပြောတယ်။ နောက်ပုဒ်မတခုမှာကျတော့ ကိုယ်ရံတော်အဖွဲ့လို့ ဆိုပြန်တယ်။အဲတော့ ကိုယ်ရံတော်တဦးကနေပြီးတော့ ကျန်တဲ့ လုံခြံုရေး အစိုးရအဖွဲ့ကို စီမံကွပ်ကဲသွားမှာလား၊ စစ်တပ်က အဖွဲ့ကို စီမံကွပ်ကဲသွားမှာလား အဲဒါကို ရှင်းရှင်းလင်းလင်းရေးထားတာ ကျနော်တို့မတွေ့ရဘူး။ အဲတော့ စစ်တပ်ကိုလည်း အကူအညီတောင်းရင်တောင်းနိုင်တယ်။ ရဲတပ်ဖွဲ့လည်း အကူအညီတောင်းရင် တောင်းနိုင်တယ်လို့ ရေးထားတာကိုတွေ့ရတယ်။

အဲတော့ ဒီနိုင်ငံတော်သမ္မတတွေ၊ သမ္မတဟောင်းတွေ ပြည်ပခရီးသွားတယ်ဆိုရင် လုံခြံုရေး အရထည့်ပေးလိုက်တဲ့ ကိစ္စရပ်တွေရှိတယ်။ အခုအချိန်အထိလည်း တချို့နိုင်ငံတွေမှာ ဒီလိုပဲ လုပ်နေကြတာပါ။ ထွေထွေထူးထူးကြီးတော့ ခံစားခွင့်ရယ်လို့ သီးသန့်ပေးပြီးတော့ အဲဒီလိုမျိုးတော့မရှိပါဘူး။ အသက်အန္တရာယ် ဆုံံးရူံးမှာစိုးတယ် ဆိုရင် အသက်အာမခံထားလိုက်ပေါ့။”

ဒီဥပဒေကြမ်းကို လက်ရှိအစိုးရ လက်ထက်မှာ ပြဌာန်းခဲ့ရင်တောင် မှ နောက် တက်လာမယ့် အစိုးရတွေလက်ထက်မှာ ဒီဥပဒေကို ပယ်ဖျက်နိုင်တာမျိုး လုပ်နိုင်တာတွေရှိသလို သမ္မတဟောင်းတွေအနေနဲ့ သူတို့တာဝန်ယူတဲ့ သက်တမ်း အတွင်းမှာ အမှားအယွင်းတွေ ရှိနိုင်တဲ့အတွက် အကာကွယ်ယူ တာမျိုးတွေ လည်းဖြစ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကဆိုပါတယ်။

ဒီဥပဒေမူကြမ်းကိုတော့ မကြာခင်ကုန်ဆုံးတော့မယ့် အစိုးရ သက်တမ်း ကာလအတွင်းမှာ အတည်ပြုနိုင်ဖို့အတွက် ကြိုးစားလိမ့်မယ်လို့တော့ ဥပဒေပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။

မကြာခင်မှာ အတိုက်အခံပါတီက အစိုးရသစ်ဖွဲ့စည်းတော့မယ့်အချိန်မှာပဲ အခုလို သမ္မတဟောင်း အတွက် လုံခြံုရေးဆိုင်ရာ အကာကွယ်ပေးနိုင်ဖို့နဲ့နောက်ကြောင်းပြန် အရေးယူတာတွေ မလုပ်နိုင်ဖို့အတွက်နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြံုရေးဆိုင်ရာ ဥပဒေကြမ်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း) 
http://burmese.voanews.com

No comments:

Post a Comment