Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 24, 2015

အာဏာလႊဲေျပာင္း ႏိုင္ေရးႏွစ္ဘက္တို႔ေနျပည္ေတာ္မွာေဆြးေႏြး

သမၼတဦးသိန္းစိန္ရဲ႕ ႏုိင္ငံေတာ္အႀကီးအကဲတာ၀န္ လႊဲေျပာင္းမႈ အေထာက္အကူျပဳ ေကာ္မတီနဲ႕ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ အသြင္ ကူးေျပာင္းေရးအဖြဲ႕တုိ႔အၾကား ပထမအႀကိမ္ ညႇိႏႈိင္း အစည္း အေ၀း (ေနျပည္ေတာ္) MOI

၂၀၁၆ခုနွစ္မွာ သမၼတအာဏာကို လဲႊေျပာင္းတဲ့ အခမ္းအနားက်င္းပႏိုင္ေရး အမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ NLDနဲ႕ သမၼတဦးသိန္းစိန္အစိုး ရႏွစ္ဘက္ ကိုယ္စားလွယ္ေတြ အဂၤါေန႕က ေနျပည္ေတာ္ မွာ ေတြ႕ဆံုခဲ့ၾကပါတယ္။ အာဏာလဲႊေျပာင္းေရး အတြက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးသိန္းစိန္အစုိးရတာ၀န္ရွိသူေတြ ၿပီးခဲ့တဲ့သတင္းပတ္ က ေတြ႕ဆံုေဆြးေႏြးခဲ့တဲ့ရလဒ္ကို အေကာင္အထည္ေဖၚတဲ့အေနနဲ႕ လုပ္ငန္းစဥ္ေတြကို စနစ္တက် ေဆာင္ရြက္ႏိုင္ေရး နွစ္ဘက္ေဆြးေႏြးခဲ့ၾကတာျဖစ္ေၾကာင္း သမၼတရံုးရဲ႕ ေျပာခြင့္ရ ပုဂၢိဳလ္ကဗီြအိုေအကိုေျပာပါတယ္။ဆက္သြယ္ေမးျမန္းထားတဲ့မအင္ၾကင္းႏိုင္က အျပည့္အစံုကိုတင္ဆက္မွာပါ။

ဒီဇင္ဘာလ (၂၂)ရက္ေန႕က ေနျပည္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္ဖဲြ႕ထားတဲ့ NLD ပါတီရဲ႕ အသြင္ကူးေျပာင္းေရးအဖဲြ႕နဲ႕ လက္ရွိအစိုးရဘက္က ႏိုင္ငံေတာ္အႀကီးအကဲတာ၀န္ လႊဲေျပာင္းမႈ အေထာက္အကူျပဳေကာ္မတီတို႕ၾကား ပထမဆံုးအႀကိမ္ ေဆြးေႏြးခဲ့ၾကတာပါ။ အဲဒီမွာေဆြးေႏြးတဲ့အဓိကအေၾကာင္းအရာေတြနဲ႕ပတ္သက္လို႕ သမၼတရံုးရဲ႕ေျပာခြင့္ရပုဂၢိဳလ္က ဗီြအိုေအကိုအခုလိုေျပာပါတယ္။

“အစိုးရဘက္ကဆိုရင္ က်ေနာ္တို႕ ႏိုင္ငံေတာ္အႀကီးအကဲ တာ၀န္လဲႊေျပာင္းမွဳ အေထာက္အကူျပဳေကာ္မတီ၊ NLD ဘက္ကဆိုရင္ ေဒၚစုဖဲြ႕ထားတဲ့ အသြင္ကူေျပာင္းေရးအဖဲြ႕ ဒီႏွစ္ဖဲြ႕ေတြ႕တာပါ။ ၿပီးခဲ့တဲ့ တပတ္ေက်ာ္က က်ေနာ္တို႕ ေဒၚစုနဲ႕မိတ္ဆက္သေဘာမ်ဳိးေတြ႕ၿပီးၿပီ။ အခုဟာကေတာ့ အဖဲြ႕နွစ္ဖဲြ႕အၾကား officially ေနျပည္ေတာ္ရုံး မွာမေန႕ ကေတြ႕ခဲ့ၾကတာျဖစ္ပါ တယ္။ ဒါကလည္း ပထမဆံုးအႀကိမ္ညွဳိႏႈိင္းေဆြးေႏြးပဲြပါ။ အဓိကအားျဖင့္ နွစ္ပိုင္းေဆြးေႏြးျဖစ္ပါတယ္။ နံပါတ္တစ္ကေတာ့ က်ေနာ္တို႔ ႏိုင္ငံေတာ္ အႀကီးအကဲ တာ၀န္လႊဲေျပာင္း တဲ့အခမ္းအနားေပါ့၊ အဲဒါကို သမၼတအိမ္ေတာ္မွာ က်င္းပႏိုင္ဖို႔လ်ာ ထားခ်က္ပါ။ ဒုတိယအပိုင္းကေတာ့ ၀န္ႀကီးဌာနေတြ စနစ္တက်လႊဲေျပာင္းႏိုင္ဖို႔ လုပ္ငန္းစဥ္အဲဒါေတြကိုေဆြးေႏြးပါတယ္။”

ဒုတိယအႀကိမ္အစည္းအေ၀းကုိေတာ့ ႏွစ္ဘက္ညႇိႏႈိင္းၿပီးဆက္လက္ျပဳလုပ္သြားဖို႔ရွိတယ္လို႕ သမၼတရံုးေျပာခြင့္ရပုဂၢိဳလ္က ဗီြအိုေအကိုေျပာပါတယ္။

ႏိုင္ငံေတာ္အႀကီးအကဲတာ၀န္လႊဲေျပာင္းမယ့္ အခမ္းအနားကို ၂၀၁၆ခုႏွစ္ မတ္လအကုန္ပိုင္းမွာ က်င္းပႏိုင္မယ္လို႕ ယူဆေၾကာင္းနဲ႕ အာဏာလႊဲေျပာင္းရာမွာ အဓိကႀကံဳေတြ႕ႏိုင္တဲ့ စိန္ေခၚမွဳေတြကို ျမန္မာ့ႏိုင္ငံေရးေ လ့လာသံုး သပ္ေန သူေဒါက္တာရန္မ်ဳိးသိမ္းကအခုလိုေျပာပါတယ္။

“အာဏာလဲႊေျပာင္းတဲ့အခမ္းအနားက အရင္တႀကိမ္ကလုပ္ခဲ့တဲ့ အစဥ္အလာအရ ၾကည့္မယ္ဆိုရင္ ၂၀၁၆ခုႏွစ္ မတ္လ (၃၁)ရက္မွာျဖစ္ဖို႕အလားအလာမ်ား တယ္လို႕ထင္ပါတယ္။ ပထမဆံုးကေတာ့ က်ေနာ္တို႕ ၀န္ႀကီးဌာနအလိုက္ လဲႊေျပာင္းတဲ့ေနရာမွာ ၀န္ႀကီးဌာနတခုခ်င္းစီရဲ႕ ေရႊ႕ေျပာင္းႏိုင္တဲ့ပစၥည္းေတြေရာ၊ မေရႊ႕ေျပာင္းႏိုင္တဲ့ ပစၥည္းေတြေရာ အဲဒါေတြနဲ႕ပတ္သက္တဲ့ အေသးစိတ္ စာရင္းဇယား၊ ေနာက္ေပးရန္ရွိ ရရန္ရွိမယ့္ အေသးစိတ္စာရင္းဇယားေတြ ကိုလဲႊေျပာင္းရမွာျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ့္အျမင္အရေတာ့ အေတာ့ကိုအခ်ိန္ယူၿပီးေတာ့ အခ်ိန္ေပးၿပီးေတာ့ စနစ္တက်လႊဲေျပာင္းႏိုင္မွသာ NLD အစိုးရအေနနဲ႔ မ်က္ႏွာေကာင္းရႏိုင္မယ္လို႔ က်ေနာ္ကေတာ့ ျမင္တယ္ခင္ဗ်။”

အစိုးရသစ္ကိုလဲႊေျပာင္းဖို႕ ၀န္ႀကီးဌာနအလိုက္ ပိုင္ဆိုင္မွဳေတြ၊ လက္ရွိဘတ္ဂ်က္အရ သံုးထားတဲ့ ေငြေတြအားလံုးကို သက္ဆိုင္ရာ၀န္ႀကီးဌာနအလိုက္ ဌာနတြင္း စာရင္းစစ္ေတြနဲ႕ ျပန္စစ္ေန တယ္လို႕ ျပန္ၾကားေရး၀န္ႀကီး ဦးရဲထြဋ္က ဗီြအိုေအနဲ႕ေတြ႕ဆံုေမးျမန္းခန္း မွာ ေျပာဆိုထားပါတယ္။ လက္ရွိအစိုးရရဲ႕ (၅)ႏွစ္စီမံကိန္းေတြကို ဆက္လုပ္မလား၊ မလုပ္ဘူးလားဆိုတာကေတာ့ ေနာင္တက္လာမယ့္ အစိုးရရဲ႕အဆံုးအျဖတ္ေပၚမွာ မူတည္မွာျဖစ္တယ္လို႕ သူကဆိုပါတယ္။

မေန႕ကေဆြးေႏြးပဲြမွာ အမ်ဳိးသား ဒီမုိကေရစီ အဖြဲ႕ခ်ဳပ္ရဲ႕ အသြင္ကူးေျပာင္းေရး အဖြဲ႕ေခါင္းေဆာင္ ဗဟုိအလုပ္ အမႈေဆာင္ အဖြဲ႕၀င္ ဦး၀င္းထိန္နဲ႕ အဖြဲ႕၀င္ေတြျဖစ္ၾကတဲ့ ဗဟုိအလုပ္ အမႈေဆာင္အဖြဲ႕၀င္ ေဒါက္တာမ်ဳိးေအာင္နဲ႕ ရန္ကုန္ တကၠသုိလ္ ပါေမာကၡခ်ဳပ္ (အၿငိမ္းစား) ေဒါက္တာေအာင္သူတုိ႔ တက္ေရာက္ခဲ့ၾကပါတယ္။ အစိုးရဘက္ကေတာ့ သမၼတဦးသိန္းစိန္ဖဲြ႕စည္းထား တဲ့ ႏုိင္ငံေတာ္အႀကီးအကဲတာ၀န္ လႊဲေျပာင္းမႈ အေထာက္ အကူျပဳ ေကာ္မတီရဲ႕ ဥကၠ႒ ျပည္ေထာင္စု၀န္ႀကီး ဦးလွထြန္း၊ေကာ္မတီ၀င္ေတြျဖစ္တဲ့ျပန္ၾကားေရး၀န္ႀကီး ဦးရဲထြဋ္၊ ႏုိင္ငံေတာ္ သမၼတရုံး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးလွထြန္း၊ ေဆာက္ လုပ္ေရး၀န္ ႀကီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေမာင္ေမာင္အုန္း နဲ႕ ႏုိင္ငံေတာ္သမၼတရုံး ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဌးတုိ႔ တက္ေရာက္ခဲ့ၾကပါတယ္။


အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................
 သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသွင် ကူးပြောင်းရေးအဖွဲ့တို့အကြား ပထမအကြိမ် ညှိနှိုင်း အစည်း အဝေး (နေပြည်တော်) MOI

၂၀၁၆ခုနှစ်မှာ သမ္မတအာဏာကို လွှဲပြောင်းတဲ့ အခမ်းအနားကျင်းပနိုင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDနဲ့ သမ္မတဦးသိန်းစိန်အစိုး ရနှစ်ဘက် ကိုယ်စားလှယ်တွေ အင်္ဂါနေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ကြပါတယ်။ အာဏာလွှဲပြောင်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်အစိုးရတာဝန်ရှိသူတွေ ပြီးခဲ့တဲ့သတင်းပတ် က တွေ့ဆုံဆွေးနွေးခဲ့တဲ့ရလဒ်ကို အကောင်အထည်ဖေါ်တဲ့အနေနဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျ ဆောင်ရွက်နိုင်ရေး နှစ်ဘက်ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း သမ္မတရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကဗွီအိုအေကိုပြောပါတယ်။ဆက်သွယ်မေးမြန်းထားတဲ့မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

ဒီဇင်ဘာလ (၂၂)ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ဖွဲ့ထားတဲ့ NLD ပါတီရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့နဲ့ လက်ရှိအစိုးရဘက်က နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီတို့ကြား ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြတာပါ။ အဲဒီမှာဆွေးနွေးတဲ့အဓိကအကြောင်းအရာတွေနဲ့ပတ်သက်လို့ သမ္မတရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကိုအခုလိုပြောပါတယ်။

“အစိုးရဘက်ကဆိုရင် ကျနော်တို့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ၊ NLD ဘက်ကဆိုရင် ဒေါ်စုဖွဲ့ထားတဲ့ အသွင်ကူပြောင်းရေးအဖွဲ့ ဒီနှစ်ဖွဲ့တွေ့တာပါ။ ပြီးခဲ့တဲ့ တပတ်ကျော်က ကျနော်တို့ ဒေါ်စုနဲ့မိတ်ဆက်သဘောမျိုးတွေ့ပြီးပြီ။ အခုဟာကတော့ အဖွဲ့နှစ်ဖွဲ့အကြား officially နေပြည်တော်ရုံး မှာမနေ့ ကတွေ့ခဲ့ကြတာဖြစ်ပါ တယ်။ ဒါကလည်း ပထမဆုံးအကြိမ်ညှိုနှိုင်းဆွေးနွေးပွဲပါ။ အဓိကအားဖြင့် နှစ်ပိုင်းဆွေးနွေးဖြစ်ပါတယ်။ နံပါတ်တစ်ကတော့ ကျနော်တို့ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်း တဲ့အခမ်းအနားပေါ့၊ အဲဒါကို သမ္မတအိမ်တော်မှာ ကျင်းပနိုင်ဖို့လျာ ထားချက်ပါ။ ဒုတိယအပိုင်းကတော့ ၀န်ကြီးဌာနတွေ စနစ်တကျလွှဲပြောင်းနိုင်ဖို့ လုပ်ငန်းစဉ်အဲဒါတွေကိုဆွေးနွေးပါတယ်။”

ဒုတိယအကြိမ်အစည်းအဝေးကိုတော့ နှစ်ဘက်ညှိနှိုင်းပြီးဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။

နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမယ့် အခမ်းအနားကို ၂၀၁၆ခုနှစ် မတ်လအကုန်ပိုင်းမှာ ကျင်းပနိုင်မယ်လို့ ယူဆကြောင်းနဲ့ အာဏာလွှဲပြောင်းရာမှာ အဓိကကြုံတွေ့နိုင်တဲ့ စိန်ခေါ်မှုတွေကို မြန်မာ့နိုင်ငံရေးေ လ့လာသုံး သပ်နေ သူဒေါက်တာရန်မျိုးသိမ်းကအခုလိုပြောပါတယ်။

“အာဏာလွှဲပြောင်းတဲ့အခမ်းအနားက အရင်တကြိမ်ကလုပ်ခဲ့တဲ့ အစဉ်အလာအရ ကြည့်မယ်ဆိုရင် ၂၀၁၆ခုနှစ် မတ်လ (၃၁)ရက်မှာဖြစ်ဖို့အလားအလာများ တယ်လို့ထင်ပါတယ်။ ပထမဆုံးကတော့ ကျနော်တို့ ၀န်ကြီးဌာနအလိုက် လွှဲပြောင်းတဲ့နေရာမှာ ၀န်ကြီးဌာနတခုချင်းစီရဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေရော၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေရော အဲဒါတွေနဲ့ပတ်သက်တဲ့ အသေးစိတ် စာရင်းဇယား၊ နောက်ပေးရန်ရှိ ရရန်ရှိမယ့် အသေးစိတ်စာရင်းဇယားတွေ ကိုလွှဲပြောင်းရမှာဖြစ်တဲ့အတွက်ကြောင့် ကျနော့်အမြင်အရတော့ အတော့ကိုအချိန်ယူပြီးတော့ အချိန်ပေးပြီးတော့ စနစ်တကျလွှဲပြောင်းနိုင်မှသာ NLD အစိုးရအနေနဲ့ မျက်နှာကောင်းရနိုင်မယ်လို့ ကျနော်ကတော့ မြင်တယ်ခင်ဗျ။”

အစိုးရသစ်ကိုလွှဲပြောင်းဖို့ ၀န်ကြီးဌာနအလိုက် ပိုင်ဆိုင်မှုတွေ၊ လက်ရှိဘတ်ဂျက်အရ သုံးထားတဲ့ ငွေတွေအားလုံးကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဌာနတွင်း စာရင်းစစ်တွေနဲ့ ပြန်စစ်နေ တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေနဲ့တွေ့ဆုံမေးမြန်းခန်း မှာ ပြောဆိုထားပါတယ်။ လက်ရှိအစိုးရရဲ့ (၅)နှစ်စီမံကိန်းတွေကို ဆက်လုပ်မလား၊ မလုပ်ဘူးလားဆိုတာကတော့ နောင်တက်လာမယ့် အစိုးရရဲ့အဆုံးအဖြတ်ပေါ်မှာ မူတည်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

မနေ့ကဆွေးနွေးပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အသွင်ကူးပြောင်းရေး အဖွဲ့ခေါင်းဆောင် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်နဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နဲ့ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူတို့ တက်ရောက်ခဲ့ကြပါတယ်။ အစိုးရဘက်ကတော့ သမ္မတဦးသိန်းစိန်ဖွဲ့စည်းထား တဲ့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီရဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ကော်မတီဝင်တွေဖြစ်တဲ့ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက် လုပ်ရေးဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း နဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပါတယ်။


အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment