ျပည္သူ႔လႊတ္ေတာ္ |
လက္ရွိလႊတ္ေတာ္သက္တမ္းအကုန္ တာဝန္ကနားေတာ့မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ တလံုးတခဲတည္းေပးမယ့္ ခ်ီးျမႇင့္ေငြကို လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစု သေဘာတူရင္ သူတို႔လည္း လက္ခံမယ္လို႔ ျပည္ေထာင္စုၾကံ့ခိုင္ေရးနဲ႔ဖြ႔ံၿဖိဳးေရးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕က ေျပာလုိက္ပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ ခ်ီးျမႇင့္ေငြ ဘယ္ေရြ႕ဘယ္ေလာက္ ဆိုတာကိုေတာ့ ျပည္ေထာင္စု အစိုးရကေန ဆံုးျဖတ္ၿပီး ေပးအပ္မွာျဖစ္တယ္လို႔လည္း ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တဦးက ရွင္းျပပါ တယ္။ လႊတ္ေတာ္ သက္တမ္းအကုန္ ဒီလိုတလံုးတခဲတည္း ခ်ီးျမႇင့္ေငြေပးမယ့္ ႏုိင္ငံေရးပင္စင္ကိစၥနဲ႔ ပတ္သက္လို႔ လူေျပာသူေျပာမ်ားၿပီး အေျခအတင္ျဖစ္ေနခ်ိန္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ သေဘာထား အျမင္ ဘယ္လိုရွိသလဲဆိုတာ မဆုမြန္က စုစည္းတင္ျပထားပါတယ္။
ယခင္ ႏုိင္ငံေတာ္ေအးခ်မ္းသာယာေရးနဲ႔ဖြံ႔ၿဖိဳးေရးေကာင္စီ စစ္အစိုးရလက္ထက္ ၂၀၁၀ ေရြးေကာက္ပြဲေတြ က်င္းပအၿပီး ေရြးေကာက္ပြဲအႏုိင္ရ ျပည္ေထာင္စုၾကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီကို အာဏာလႊဲခ်ိန္နဲ႔ လႊတ္ေတာ္ ေတြ ေပၚေပါက္လာခ်ိန္မွာ ဒီလိုမ်ိဳး ခ်ီးျမႇင့္ေငြေပးအပ္ဖို႔ နအဖအစိုးရဘက္က စီစဥ္ျပ႒ာန္းေပးခဲ့တာျဖစ္ပါတယ္။ လႊတ္ေတာ္တာဝန္ ထမ္းေဆာင္ခဲ့သူေတြအပါအဝင္ အစိုးရတာဝန္ ထမ္းေဆာင္ခဲ့သူေတြကိုပါ ေပးအပ္ ခ်ီးျမႇင့္ ဖို႔ ရည္ရြယ္ခဲ့တာျဖစ္တယ္လို႔ အခုလက္ရွိျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲထြန္းက အခုလိုရွင္းျပပါတယ္။
“အဲဒီဟာက ၂၀၁၁ ဇန္န၀ါရီလ ေန႔စြဲနဲ႔ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေကာင္စီကေနၿပီးေတာ့ ေၾကညာခ်က္ ဥပေဒ အမွတ္ (၆) ၂၀၁၁ ေန႔စြဲနဲ႔ ျပ႒ာန္းလိုက္တာ။ ျပ႒ာန္း လိုက္တဲ့ ေခါင္းစဥ္ကေတာ့ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္း (သို႔မဟုတ္) ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီး အဖြဲ႔၀င္မ်ားရဲ႕ ခ်ီးျမႇင့္ေငြနဲ႔ စရိတ္မ်ားဆိုင္ရာ ဥပေဒဆိုၿပီးေတာ့ ပုဒ္မ ၁၃ မွာ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ဦးစီး အဖြဲ႕၀င္မ်ားသည္ သက္တမ္းကာလအျပည့္တာ၀န္ကို ေက်ပြန္စြာထမ္းေဆာင္ပါက မိမိရရွိေသာ လစဥ္ခ်ီးျမႇင့္ ေငြကို အေျခခံ၍ ျပည္ေထာင္စုအစိုးရအဖဲြ႔က သတ္မွတ္သည့္ တလံုးတခဲတည္းေသာ ႏိုင္ငံေရးပင္စင္ ခ်ီးျမႇင့္ ေငြကိုခံစားခြင့္ရွိသည္တဲ့။ ဆိုေတာ့ သူက ျပည္ေထာင္စုအစိုးရအဖဲြ႔က သတ္မွတ္မွာ ျပည္ေထာင္စု၀န္ႀကီးေတြ၊ ျပည္နယ္တိုင္းေဒသႀကီး အစိုးရအဖြဲ႔၀င္ေတြေပါ့ အားလံုးပါပါတယ္။”
ဒီတလံုးတခဲတည္း ခ်ီးျမႇင့္ေငြဟာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ ခံစားခြင့္ရႏုိင္ေရး တရားဝင္ ျပ႒ာန္း ထားခ်က္ျဖစ္တဲ့အတြက္ လက္ခံယူမွာျဖစ္တယ္လို႔ ျပည္ေထာင္စုၾကံ့ခုိင္ေရးနဲ႔ဖြံ႔ၿဖိဳးေရးပါတီရဲ႕ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းျမင့္ကေျပာပါတယ္။
“ဒါနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔လက္ထဲလည္းမရေသးဘူး။ ဘယ္ေလာက္ရမလဲလည္းမသိဘူး။ သူ႔ဟာသူ အျပင္ ကေနၿပီးေတာ့ ေျပာဆိုေ၀ဖန္တာေတြပဲ က်ေနာ္တို႔ ၾကားရေသးတယ္။ ဒီတလံုးတခဲတည္း ခ်ီးျမႇင့္ေငြရရင္ ဘယ္ဘဏ္ကိုလႊဲေပးရမလဲ၊ ဒါပဲေမးတာပဲရွိေသးတယ္။ ႏိုင္ငံေရးပင္စင္လို႔လည္း ေျပာမထားဘူး။ ခုနက တလံုး တခဲတည္း ခ်ီးျမႇင့္ေငြဆိုၿပီးေတာ့ အဲဒါပဲနားလည္တယ္။ ဥပေဒ၊ ျပဌာန္းခ်က္အရေတာ့ ေပးရင္ေတာ့ ယူရမွာေပါ့ ဗ်ာ။ ယူၿပီးေတာ့မွ ကိုယ့္ဟာကိုယ္ လွဴစရာရွိတာ လွဴမွာေပါ့ဗ်ာ။”
အလားတူပဲ ျပည္ေထာင္စုၾကံ့ခုိင္ေရးနဲ႔ဖြ႔ံၿဖိဳးေရးပါတီ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဆြကလည္း လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုရဲ႕ ဆႏၵသေဘာထားအတုိင္းပဲလို႔ သူ႔သေဘာထားကို အခုလိုေျပာပါတယ္။
“ဟုတ္။ က်ေနာ့္အျမင္ကေတာ့ ဒီကိစၥကို ဒါ အမ်ားဆႏၵသေဘာထားအတိုင္းပဲ၊ ဒီအတိုင္းပဲ လိုက္ေလ်ာေန လိုက္တာေပါ့ေလ။ က်ေနာ္တို႔က ပါလီမန္ဒီမိုကေရစီကို သြားေနတာျဖစ္တဲ့အတြက္ ဟုိတုန္းကလည္း ျပဌာန္း ၿပီးသားျဖစ္တဲ့အတြက္ ေပးတာကို ခံစား႐ံုပဲရွိပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ကေတာ့ ဟိုေျပာဒီေျပာ ေျပာေနၾကတာ ေပါ့ေလ။”
ဒါေပမဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲထြန္းဘက္ကေတာ့ ဒီလႊတ္ေတာ္သက္တမ္းအတြင္းက လႊတ္ေတာ္အမတ္ ေတာ္ေတာ္မ်ားမ်ား ေနာက္လႊတ္ေတာ္သက္တမ္းမွာ ျပန္မပါၾကေတာ့မဲ့ အေရအတြက္က မ်ားတဲ့အတြက္ ခ်ီးျမႇင့္ေငြပမာဏ မ်ားျပားႏုိင္ေျခရွိတာေၾကာင့္ ႏုိင္ငံေတာ္ဘ႑ာေငြေၾကးအခက္အခဲနဲ႔ ေငြေၾကးေဖာင္းပြမႈေတြျဖစ္ႏုိင္တာေၾကာင့္ ျပည္ေထာင္စုအစိုးရဘက္က ခ်ီးျမႇင့္ေငြအေရး အားလံုးအတြက္ အဆင္ေျပေအာင္ စီစဥ္ေဆာင္ရြက္သင့္တယ္လို႔လည္း အၾကံျပဳပါတယ္။
“ဒီဥစၥာကို ေပးဖို႔ရွိတယ္။ ဘယ္ေလာက္ ဘယ္ေလာက္။ သို႔ေသာ္လည္း အခု ႏိုင္ငံေတာ္အစိုးရရဲ႕ ဘတ္ဂ်က္ အရ ဒီဟာကိုေပးလိုက္လို႔ရွိရင္ ေငြေၾကးေဖာင္းပြမႈေတြ ျဖစ္သြားႏိုင္တဲ့အတြက္ေၾကာင့္မို႔လို႔ ဘယ္ႏွစ္လၾကာမွ ေပးမယ္၊ ဘယ္နႏွစ္ၾကာမွေပးမယ္ စသျဖင့္ေပါ့ေနာ္ ။ အဲဒီလိုလုပ္ရင္ေတာ့ရမယ္ထင္တယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္တဦးခ်င္းရဲ႕ သေဘာထားကေတာ့ မသိႏိုင္ဘူး။ သို႔ေသာ္ အမ်ားစုကို ခန္႕မွန္းၾကည္႔ရတာက ေတာ့ ဥပေဒက ျပဌာန္းထားၿပီးျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဥပေဒနဲ႔အညီေပးတာကိုေတာ့ လႊတ္ေတာ္ ကိုယ္စားလွယ္အမ်ားစုကေတာ့ လက္ခံၾကလိမ့္မယ္လို႔ က်ေနာ္က ျမင္ပါတယ္။”
၂၀၁၀ကေန ၂၀၁၅ ခုႏွစ္အထိ ျမန္မာႏုိင္ငံရဲ႕ လႊတ္ေတာ္အသီးသီးသက္တမ္းက လာမယ့္ ဇန္နဝါရီလကုန္ ပိုင္းမွာ ကုန္ဆံုးေတာ့မယ့္အခ်ိန္ အစိုးရသစ္နဲ႔လက္ရွိအစိုးရၾကား အုပ္ခ်ဳပ္ေရးအာဏာ အလႊဲအေျပာင္းကိစၥ အေရး၊ လႊတ္ေတာ္သစ္နဲ႔ လက္ရွိလႊတ္ေတာ္ၾကား လႊတ္ေတာ္တာဝန္လုပ္ငန္းေဆာင္တာေတြ လႊဲေျပာင္း ေဆာင္ရြက္ၾကဖို႔ အခ်ိန္မီလုပ္ေဆာင္ေနခ်ိန္ျဖစ္ပါတယ္။ အခုလို ေငြေၾကး ခ်ီးျမႇင့္မယ့္အေရးဟာလည္း လႊတ္ေတာ္သက္တမ္းမကုန္ခင္ ၿပီးဆံုးေအာင္ ေဆာင္ရြက္ေပးရမယ့္ကိစၥတခုအျဖစ္ ေဆာင္ရြက္တာျဖစ္ေပမဲ့လို႔ ေရြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့ၾကတာ၊ ဒါမွမဟုတ္ ေနာက္လႊတ္ေတာ္သက္တမ္းမွာ ျပန္မပါေတာ့မယ့္ လက္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ တလံုးတခဲတည္း ခ်ီးျမႇင့္ေငြအေရးနဲ႔ပတ္သက္ၿပီး ယူမယ္၊ မယူဘူး၊ ယူသင့္တယ္၊ မယူသင့္ဘူး စသျဖင့္ ေဝဖန္ေျပာဆိုမႈေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚေနၾကခ်ိန္ လည္းျဖစ္ပါတယ္။
မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...............
ပြည်သူ့လွှတ်တော်
လက်ရှိလွှတ်တော်သက်တမ်းအကုန် တာဝန်ကနားတော့မယ့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် တလုံးတခဲတည်းပေးမယ့် ချီးမြှင့်ငွေကို လွှတ်တော်ကိုယ်စားလှယ်အများစု သဘောတူရင် သူတို့လည်း လက်ခံမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွ့ံဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောလိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ချီးမြှင့်ငွေ ဘယ်ရွေ့ဘယ်လောက် ဆိုတာကိုတော့ ပြည်ထောင်စု အစိုးရကနေ ဆုံးဖြတ်ပြီး ပေးအပ်မှာဖြစ်တယ်လို့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ရှင်းပြပါ တယ်။ လွှတ်တော် သက်တမ်းအကုန် ဒီလိုတလုံးတခဲတည်း ချီးမြှင့်ငွေပေးမယ့် နိုင်ငံရေးပင်စင်ကိစ္စနဲ့ ပတ်သက်လို့ လူပြောသူပြောများပြီး အခြေအတင်ဖြစ်နေချိန် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား အမြင် ဘယ်လိုရှိသလဲဆိုတာ မဆုမွန်က စုစည်းတင်ပြထားပါတယ်။
ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲတွေ ကျင်းပအပြီး ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို အာဏာလွှဲချိန်နဲ့ လွှတ်တော် တွေ ပေါ်ပေါက်လာချိန်မှာ ဒီလိုမျိုး ချီးမြှင့်ငွေပေးအပ်ဖို့ နအဖအစိုးရဘက်က စီစဉ်ပြဋ္ဌာန်းပေးခဲ့တာဖြစ်ပါတယ်။ လွှတ်တော်တာဝန် ထမ်းဆောင်ခဲ့သူတွေအပါအဝင် အစိုးရတာဝန် ထမ်းဆောင်ခဲ့သူတွေကိုပါ ပေးအပ် ချီးမြှင့် ဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ အခုလက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက အခုလိုရှင်းပြပါတယ်။
“အဲဒီဟာက ၂၀၁၁ ဇန်နဝါရီလ နေ့စွဲနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကနေပြီးတော့ ကြေညာချက် ဥပဒေ အမှတ် (၆) ၂၀၁၁ နေ့စွဲနဲ့ ပြဋ္ဌာန်းလိုက်တာ။ ပြဋ္ဌာန်း လိုက်တဲ့ ခေါင်းစဉ်ကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ဝင်များရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်များဆိုင်ရာ ဥပဒေဆိုပြီးတော့ ပုဒ်မ ၁၃ မှာ လွှတ်တော်ကိုယ်စားလှယ်နှင့် ဦးစီး အဖွဲ့ဝင်များသည် သက်တမ်းကာလအပြည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါက မိမိရရှိသော လစဉ်ချီးမြှင့် ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် တလုံးတခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့် ငွေကိုခံစားခွင့်ရှိသည်တဲ့။ ဆိုတော့ သူက ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်မှာ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေပေါ့ အားလုံးပါပါတယ်။”
ဒီတလုံးတခဲတည်း ချီးမြှင့်ငွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ခံစားခွင့်ရနိုင်ရေး တရားဝင် ပြဋ္ဌာန်း ထားချက်ဖြစ်တဲ့အတွက် လက်ခံယူမှာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကပြောပါတယ်။
“ဒါနဲ့ပတ်သက်ပြီး ကျနော်တို့လက်ထဲလည်းမရသေးဘူး။ ဘယ်လောက်ရမလဲလည်းမသိဘူး။ သူ့ဟာသူ အပြင် ကနေပြီးတော့ ပြောဆိုဝေဖန်တာတွေပဲ ကျနော်တို့ ကြားရသေးတယ်။ ဒီတလုံးတခဲတည်း ချီးမြှင့်ငွေရရင် ဘယ်ဘဏ်ကိုလွှဲပေးရမလဲ၊ ဒါပဲမေးတာပဲရှိသေးတယ်။ နိုင်ငံရေးပင်စင်လို့လည်း ပြောမထားဘူး။ ခုနက တလုံး တခဲတည်း ချီးမြှင့်ငွေဆိုပြီးတော့ အဲဒါပဲနားလည်တယ်။ ဥပဒေ၊ ပြဌာန်းချက်အရတော့ ပေးရင်တော့ ယူရမှာပေါ့ ဗျာ။ ယူပြီးတော့မှ ကိုယ့်ဟာကိုယ် လှူစရာရှိတာ လှူမှာပေါ့ဗျာ။”
အလားတူပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွ့ံဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ ဆန္ဒသဘောထားအတိုင်းပဲလို့ သူ့သဘောထားကို အခုလိုပြောပါတယ်။
“ဟုတ်။ ကျနော့်အမြင်ကတော့ ဒီကိစ္စကို ဒါ အများဆန္ဒသဘောထားအတိုင်းပဲ၊ ဒီအတိုင်းပဲ လိုက်လျောနေ လိုက်တာပေါ့လေ။ ကျနော်တို့က ပါလီမန်ဒီမိုကရေစီကို သွားနေတာဖြစ်တဲ့အတွက် ဟိုတုန်းကလည်း ပြဌာန်း ပြီးသားဖြစ်တဲ့အတွက် ပေးတာကို ခံစားရုံပဲရှိပါတယ်။ ဒါပေမယ့် တချို့ကတော့ ဟိုပြောဒီပြော ပြောနေကြတာ ပေါ့လေ။”
ဒါပေမဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဘက်ကတော့ ဒီလွှတ်တော်သက်တမ်းအတွင်းက လွှတ်တော်အမတ် တော်တော်များများ နောက်လွှတ်တော်သက်တမ်းမှာ ပြန်မပါကြတော့မဲ့ အရေအတွက်က များတဲ့အတွက် ချီးမြှင့်ငွေပမာဏ များပြားနိုင်ခြေရှိတာကြောင့် နိုင်ငံတော်ဘဏ္ဍာငွေကြေးအခက်အခဲနဲ့ ငွေကြေးဖောင်းပွမှုတွေဖြစ်နိုင်တာကြောင့် ပြည်ထောင်စုအစိုးရဘက်က ချီးမြှင့်ငွေအရေး အားလုံးအတွက် အဆင်ပြေအောင် စီစဉ်ဆောင်ရွက်သင့်တယ်လို့လည်း အကြံပြုပါတယ်။
“ဒီဥစ္စာကို ပေးဖို့ရှိတယ်။ ဘယ်လောက် ဘယ်လောက်။ သို့သော်လည်း အခု နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျက် အရ ဒီဟာကိုပေးလိုက်လို့ရှိရင် ငွေကြေးဖောင်းပွမှုတွေ ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မို့လို့ ဘယ်နှစ်လကြာမှ ပေးမယ်၊ ဘယ်နနှစ်ကြာမှပေးမယ် စသဖြင့်ပေါ့နော် ။ အဲဒီလိုလုပ်ရင်တော့ရမယ်ထင်တယ်။ လွှတ်တော် ကိုယ်စားလှယ်တဦးချင်းရဲ့ သဘောထားကတော့ မသိနိုင်ဘူး။ သို့သော် အများစုကို ခန့်မှန်းကြည့်ရတာက တော့ ဥပဒေက ပြဌာန်းထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဥပဒေနဲ့အညီပေးတာကိုတော့ လွှတ်တော် ကိုယ်စားလှယ်အများစုကတော့ လက်ခံကြလိမ့်မယ်လို့ ကျနော်က မြင်ပါတယ်။”
၂၀၁၀ကနေ ၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ လွှတ်တော်အသီးသီးသက်တမ်းက လာမယ့် ဇန်နဝါရီလကုန် ပိုင်းမှာ ကုန်ဆုံးတော့မယ့်အချိန် အစိုးရသစ်နဲ့လက်ရှိအစိုးရကြား အုပ်ချုပ်ရေးအာဏာ အလွှဲအပြောင်းကိစ္စ အရေး၊ လွှတ်တော်သစ်နဲ့ လက်ရှိလွှတ်တော်ကြား လွှတ်တော်တာဝန်လုပ်ငန်းဆောင်တာတွေ လွှဲပြောင်း ဆောင်ရွက်ကြဖို့ အချိန်မီလုပ်ဆောင်နေချိန်ဖြစ်ပါတယ်။ အခုလို ငွေကြေး ချီးမြှင့်မယ့်အရေးဟာလည်း လွှတ်တော်သက်တမ်းမကုန်ခင် ပြီးဆုံးအောင် ဆောင်ရွက်ပေးရမယ့်ကိစ္စတခုအဖြစ် ဆောင်ရွက်တာဖြစ်ပေမဲ့လို့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြတာ၊ ဒါမှမဟုတ် နောက်လွှတ်တော်သက်တမ်းမှာ ပြန်မပါတော့မယ့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် တလုံးတခဲတည်း ချီးမြှင့်ငွေအရေးနဲ့ပတ်သက်ပြီး ယူမယ်၊ မယူဘူး၊ ယူသင့်တယ်၊ မယူသင့်ဘူး စသဖြင့် ဝေဖန်ပြောဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေကြချိန် လည်းဖြစ်ပါတယ်။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
No comments:
Post a Comment