Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 18, 2015

ရခိုင္ျပည္နယ္မွာ ကုမၸဏီအခ်ိဳ႔ မူးယစ္ေဆးေရာင္းခ်မႈ အဓိကလုပ္

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ ျပည္နယ္ရဲတပ္ဖြဲ႔မွဴးရံုးမွာ ဒီဇင္ဘာလ ၁၈ ရက္ေန႔ကလုပ္တဲ့ ေတြ႔ဆံုေဆြးေႏြးပြဲကို ေတြ႔ရစဥ္
Photo: Min Thein Aung/RFA

ရခိုင္ျပည္နယ္အတြင္း ပမာဏႀကီးမားတဲ့ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားေနသူေတြဟာ စီးပြားေရး လုပ္ငန္းေတြကို အေျခခံၿပီး ေဆာင္ရြက္ေနၾကတာကို ေတြ႔ရတယ္လို႔ ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႔မွဴး  ရဲမွဴးႀကီးေနမ်ိဳးက ေျပာပါတယ္။

စစ္ေတြၿမိဳ႕ ျပည္နယ္ရဲတပ္ဖြဲ႔မွဴးရံုးမွာ ဒီေန႔ ေဒသခံေတြနဲ႔ ေတြ႔ဆံုရာမွာ ရဲမွဴးႀကီးေနမ်ိဳးက ေျပာခဲ့တာျဖစ္ပါတယ္။

"မူးယစ္ေဆးဝါးေတြကို အလံုးလိုက္အခဲလိုက္ သယ္ႏို္င္ဖို႔ဆိုရင္ စီးပြားေရးလုပ္ငန္းတစ္ခုအေနနဲ႔ ထဲထဲဝင္ဝင္လုပ္ၿပီးေတာ့မွ က်ေနာ္တို႔ ဥပမာေပးရမယ္ဆိုရင္ ေနာက္ဆံုးဖမ္းဆီးရမိတဲ့ သန္းနဲ႔ခ်ီတဲ့ ဒီစိတ္ၾကြေဆးျပားေတြရဲ႕ ကြင္းဆက္သည္ ကုလားတန္စီမံကိန္းဆိုၿပီးေတာ့ အမည္ခံထားတဲ့ ကုမၸဏီတစ္ခုကေနၿပီးေတာ့ ဒီဟာကိုလုပ္တာ သြားေတြ႕ရတယ္"

ရန္ကုန္ၿမိဳ႕ ေဇကမၻာဝင္းထဲမွာ စံခ်ိန္တင္ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးဝါးသယ္ေဆာင္မႈဟာ ရခိုင္ျပည္ နယ္ ေပါက္ေတာ ၿမိဳ႕နယ္အေျခစိုက္ Kaladan Data Project ကုမၸဏီအမည္ခံ ေဆာင္ရြက္ခဲ့သူေတြျဖစ္ၿပီး ဖမ္းမိထားသူေတြကို စစ္ေဆးခ်က္အရ သူတို႔ဟာ ေရလမ္းေၾကာင္းကို အဓိကအသံုးျပဳၿပီး ေဆာင္ရြက္ေန တာကို ေတြ႔ရတယ္လို႔ ရဲမွဴးႀကီး က ေျပာပါတယ္။

ရခိုင္ျပည္နယ္ထဲကို ေရာက္ရွိလာတဲ့ မူးယစ္ေဆးဝါးေတြဟာ ရွမ္းျပည္နယ္ကေန သယ္ေဆာင္လာတာျဖစ္ၿပီး  ေမာင္ေတာနယ္စပ္ကေန တစ္ဆင့္ ျပည္ပႏိုင္ငံေတြကို အမ်ားဆံုး ပို႔ေဆာင္တာျဖစ္တယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္ကေန ဒီေန႔အထိ WY စိတ္ၾကြေဆးျပားေပါင္း ၁၈ သိန္းေက်ာ္ဖမ္းဆီး ရမိခဲ့ၿပီး လူေပါင္း ၁၈၀ ေက်ာ္ကို ဖမ္းဆီးခဲ့ရတယ္လို႔ သိရပါတယ္။

အဲဒီအထဲမွာ ထိုင္းႏိုင္ငံအတြင္းက ငါးဖမ္းစက္ေလွေတြေပၚမွာ ေရာင္းစားခံရတာေတြနဲ႔ တရုတ္ႏိုင္ငံထဲမွာ
ေရာင္းစားခံရတာေတြ အမ်ားဆံုးျဖစ္တယ္လို႔လည္း သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese/news/police-explaind-drugs-rakhine-state-12182015111048.html
..........................
 ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ကလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အတွင်း ပမာဏကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူတွေဟာ စီးပွားရေး လုပ်ငန်းတွေကို အခြေခံပြီး ဆောင်ရွက်နေကြတာကို တွေ့ရတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးကြီးနေမျိုးက ပြောပါတယ်။

စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဒီနေ့ ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ရဲမှူးကြီးနေမျိုးက ပြောခဲ့တာဖြစ်ပါတယ်။

"မူးယစ်ဆေးဝါးတွေကို အလုံးလိုက်အခဲလိုက် သယ်နို်င်ဖို့ဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ထဲထဲဝင်ဝင်လုပ်ပြီးတော့မှ ကျနော်တို့ ဥပမာပေးရမယ်ဆိုရင် နောက်ဆုံးဖမ်းဆီးရမိတဲ့ သန်းနဲ့ချီတဲ့ ဒီစိတ်ကြွဆေးပြားတွေရဲ့ ကွင်းဆက်သည် ကုလားတန်စီမံကိန်းဆိုပြီးတော့ အမည်ခံထားတဲ့ ကုမ္ပဏီတစ်ခုကနေပြီးတော့ ဒီဟာကိုလုပ်တာ သွားတွေ့ရတယ်"

ရန်ကုန်မြို့ ဇေကမ္ဘာဝင်းထဲမှာ စံချိန်တင်ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုဟာ ရခိုင်ပြည် နယ် ပေါက်တော မြို့နယ်အခြေစိုက် Kaladan Data Project ကုမ္ပဏီအမည်ခံ ဆောင်ရွက်ခဲ့သူတွေဖြစ်ပြီး ဖမ်းမိထားသူတွေကို စစ်ဆေးချက်အရ သူတို့ဟာ ရေလမ်းကြောင်းကို အဓိကအသုံးပြုပြီး ဆောင်ရွက်နေ တာကို တွေ့ရတယ်လို့ ရဲမှူးကြီး က ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲကို ရောက်ရှိလာတဲ့ မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ်ကနေ သယ်ဆောင်လာတာဖြစ်ပြီး  မောင်တောနယ်စပ်ကနေ တစ်ဆင့် ပြည်ပနိုင်ငံတွေကို အများဆုံး ပို့ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ဒီနေ့အထိ WY စိတ်ကြွဆေးပြားပေါင်း ၁၈ သိန်းကျော်ဖမ်းဆီး ရမိခဲ့ပြီး လူပေါင်း ၁၈၀ ကျော်ကို ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီအထဲမှာ ထိုင်းနိုင်ငံအတွင်းက ငါးဖမ်းစက်လှေတွေပေါ်မှာ ရောင်းစားခံရတာတွေနဲ့ တရုတ်နိုင်ငံထဲမှာ
ရောင်းစားခံရတာတွေ အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/police-explaind-drugs-rakhine-state-12182015111048.html

No comments:

Post a Comment