CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 9, 2015
.
Ref: cctv
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
#aungkham_yyl
#news_yyl
(Unicode version)
ဝိတ်အတူချတဲ့ ဝိတ်လွန်စုံတွဲ
တရုတ်ပြည် Jinlin ပြည်နယ်မှာ နေထိုင်တဲ့ စုံတွဲ တစ်တွဲဟာ အခြားနဲ့ မတူပဲ ထူးခြားပါတယ်။ ယင်းကတော့ နှစ်ဦးစလုံးဟာ အိုဗာ ဝိတ် ဖြစ်နေလို့ ဖြစ်ပါတယ်။
သူတို့ နှစ်ဦးစလုံးဟာ ကိုယ်အလေးချိန် လွန်ကျွံတဲ့ ကျန်းမာရေး အခက်အခဲ တစ်ခုကို ကြုံတွေ့နေရပါတယ်။ သူတို့ နှစ်ဦးဟာ စတင် ချစ်ကြိုက်စဉ်တုန်းက သိပ်မဝပေမယ့် နှစ်ယောက်သား အတူစားသောက်ကြရင်း ဝလာခြင်း ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးဖြစ်တဲ့ ယင်း စုံတွဲဟာ ကိုယ်အလေးချိန်လည်း မတိမ်းမယိမ်း တွေပါ။
အထီးကျန်ဆန်တဲ့ သူတို့ ဘဝမှာ ရင်သွေးငယ်လေးလိုချင်တာကြောင့် ကြိုးစားပါတယ်။ ဒါပေမယ့် လက်ရှိ ကိုယ်အလေးချိန်ကြောင့် အမျိုးသမီးဟာ ကလေးရဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကလေး ရရှိစေရန် အလို့ငှာ ဆရာဝန် ညွန်ကြားတဲ့ နည်းလမ်းကတော့ ဝိတ်ချခြင်း ဖြစ်ပါတယ်။
အမျိုးသမီး တစ်ဦးတည်း ချမယ့်အစား အမျိုးသားပါ အတူတူ စိတ်တူကိုယ်တူ ဝိတ်ချနေကြခြင်း ဖြစ်ပါတယ်။ ဆေးရုံမှာပဲ နေထိုင်ပြီးတော့ ဆရာဝန်ရဲ့ ကုသ၊ ဖန်တီးပေးတဲ့ ပတ်ဝန်းကျင်မှာ အတူတူ ဝိတ်ကျအောင် ကြိုးစားနေကြပါတယ်။
.
Ref: cctv
အောင်ခမ်း (ရိုးရာလေး)
ဝိတ္အတူခ်တဲ့ ဝိတ္လြန္စံုတြဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 09, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment