Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 21, 2015

ေငြတိုးေခ်းစားေသာ သူေတာ္ေကာင္း

လြန္ခဲ့တဲ့ႏွစ္ေပါင္းအေတာ္ၾကာေလာက္က မႏၲေလးတိုင္း၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ထဲမွာ ေငြတိုးေခ်းစားတဲ့ သူေတာ္ေကာင္းႀကီးတစ္ေယာက္ေပၚထြက္ခဲ့ဘူးတယ္။သူ႔ကိုတစ္နယ္လံုးကၾကည္ညိဳေလးစားၾကတယ္။အခုအခ်ိန္ထိေအာင္ တစ္သသေျပာၾကတုန္းပါ။ဆရာေတာင္ေပ်ာ္ဘြယ္ၿမိဳ႕ကိုတရား တစ္ညသြားေဟာတာနဲ႔သိခဲ့ရတာ။သူက အတိုးကိုအနည္းဆံုးယူတယ္။ဥပမာ တစ္ရာႏွစ္က်ပ္တုိးေလာက္ေပါ့ ။

ထူးျခားခ်က္ကေတာ့ ယာတစ္ကြက္ကိုငါးေသာင္းနဲ႔အေပါင္ခံထားတယ္ ၊အဲဒီလယ္ကိုလုပ္စားရင္းနဲ႔အရင္းေၾကသြားၿပီဆိုရင္ ေပါင္တဲ့သူကိုေခၚၿပီး တစ္ခါတည္းျပန္ေပးလိုက္တယ္။လစဥ္ရတဲ့အတိုးနဲ႔တင္ေက်နပ္လိုက္တဲ့သေဘာေပါ့
သူျခံေရွ႕မွာ စာေရးထားတယ္ စာေရးအအတြက္ အခက္အခဲရွိရင္ စပါးတစ္ေတာင္းႏွင့္ ဆီတစ္ပုလင္းလူတိုင္းလာယူႏုိင္သည္ တဲ့။အိမ္ေရွ႕အမွာဆီကိုရာဝင္အိုးႀကီးနဲ႔ထည့္ထားၿပီး၊စပါးကိုေတာ့ အမိုးလုပ္ၿပီး ပံုေပးထားတယ္။စပါးတို႔ ဆီတို႔လာယူတဲ့သူကို သူေျပာတဲ့စကားေလးက
“ကေလးမ ,,,,,, အေပၚယံၾကည့္ရင္စပါးတစ္ေတာင္းနဲ႔ဆီတစ္ပုလင္းရတဲ့ ကေလးမကဦးကိုေက်းဇူးတင္ရမွာ၊ နက္နက္နဲနဲေတြးၾကည့္ရင္ ဦးက ကေလးမကိုေက်းဇူးတင္ရမွာပါ၊ဘာ့ေၾကာင့္လဲဆိုေတာ့ ကေလးမက စပါးတစ္ေတာင္း ဆီတစ္ပုလင္းနဲ႔ၿပီးသြားေပမယ့္ ဦးကေတာ့ ဘဝေပါင္း တစ္သိန္းစပါးတင္းေပါင္းမ်ားစြာ၊ဆီပုလင္းေပါင္းမ်ားစြာျပန္ရမွာမို႔ပါ၊ပညာမဲ့အျမင္နဲ႔ၾကည့္ရင္ယူသူကရသြားတာပါ။ပညာရွိအျမင္နဲ႔ၾကည့္ေတာ့ေပးသူကရတာပါ”

“ဒါ့ေၾကာင့္ပညာမဲ့ကယူရတာကိုေပ်ာ္ ေပမယ့္ ၊ပညာရွိက လႉရတာကိုေပ်ာ္တာပါ၊ဘာသာျခားတစ္ဦးက ဘုရားရွင္ကိုေမးဘူးတယ္ လူတိုင္းခ်မ္းသာခ်င္တယ္၊ခ်မ္းသာေအာင္လည္းန ည္းမ်ိဳးစုံနဲ႔
ႀကိဳးစားေနၾကတယ္၊ဒါေပမယ့္တစ္ရာမွာတစ္ေယာက္ေလာက္သာ ခ်မ္းသာၿပီး ၉၉ ေယာက္က ဘာ့ေၾကာင့္ဆင္းရဲတာလဲတဲ့၊ဘုရားရွင္ကေျဖတယ္ လူတစ္ရာမွာ တစ္ေယာက္ေလာက္ပဲလႉရတာကိုေပ်ာ္ခဲ့ၾကလို႔ခ်မ္းသာၿပီး က်န္ ၉၉ ေယာက္ကေတာ့ယူရတာကိုေပ်ာ္ခဲ့ၾကလို႔ဆင္းရဲတာပါတဲ့”
” ကေလးမကဦးခ်မ္းသာေအာင္ အက်ိဳးေဆာင္ၿပီၿပီ ဦးကလည္း ကေလးမခ်မ္းသာေအာင္ အက်ိဳးေဆာင္ပါ့မယ္ ထမင္းက်က္တာနဲ႔ ႂကြလာတဲ့သံဃာေတာ္ေတြကိုဆြမ္းေလာင္းပါ သံဃာ တစ္ပါးကိုဆြမ္းလႉရင္ ဘဝကုဋတစ္သိန္းမကေအာင္ခ်မ္းသာပါတယ္”
သူေတာ္ေကာင္းဆိုေတာ့ ေသမယ့္ေန႔ကိုႀကိဳသိပါတယ္၊ အသက္လည္း ၉၀ ေက်ာ္ေလာက္ေနရတယ္လို႔မွတ္မိေနတယ္၊သူ႔အမ်ိဳးသမီးကိုမွာတယ္ “မနက္ျဖန္ညေန ၄ နာရီငါဆံုးမွာ မဆံုးခင္သံဃာေတြေန႔ဆြမ္းကပ္ၿပီး ဓမၼစၾကာတရားနာခ်င္တယ္ စီစဥ္ေပးပါ”ဆြမ္းကပ္တရားနာၿပီး ေျပာတဲ့အတိုင္းညေန ၄ နာရီမွာဆံုးပါတယ္၊ဒိထက္အက်ယ္ကို ဆရာေရးတဲ့ ေမတၲာျဖင့္စီးပြားရွာျခင္းစာအုပ္မွာဖတ္ပါ။ေငြတိုးေခ်းစားသူတိုင္းအျပစ္ျဖစ္ပါသလားလို႔ေမးလာလို႔ ဒီပို႔စ္ ကိုတင္ေပးတာပါ။
ကိုယ္အတိုးရၿပီးေရာဆိုၿပီးတစ္ရာ ၂၀ တိုး၃၀ တိုးေလာက္ထိယူၿပီး မဆပ္ႏိုင္တဲ့အခါ အိမ္သိမ္း ျခံသိမ္းလုပ္တဲ့သူေတြကေတာ့ အျပစ္ရွိၿပီး အပယ္က်ႏိုင္တာေပါ့၊ဦးေက်ာက္ခဲလို တစ္ဖက္လူ အဆင္ေျပဘို႔ဦးစားေပးသူေတြကေတာ့ အျပစ္မျဖစ္တဲ့အျပင္ အတိုးေငြသာမက ကုသိုလ္ေတာင္ရပါတယ္။ဆရာ့ရဲ႕အခုအဆံုးအမ အတိုင္းလုပ္လို႔ အတိုးလုပ္ငန္းလုပ္ရင္းႀကီးပြားသြားတဲ့ သာေကတက လင္မယားႏွစ္ေယာက္အေၾကာင္းကိုေတာ့ ဆရာေရးတဲ့ စာေရးဆရာႏွင့္ရင္ေပါင္တန္း၍ စာဖတ္သူမ်ားအေၾကာင္းစာအုပ္မွာဖတ္ပါ
Credit: MyittarShin Sayar Taw
................
ငွေတိုးချေးစားသော သူတော်ကောင်း

လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာလောက်က မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ထဲမှာ ငွေတိုးချေးစားတဲ့ သူတော်ကောင်းကြီးတစ်ယောက်ပေါ်ထွက်ခဲ့ဘူးတယ်။သူ့ကိုတစ်နယ်လုံးကကြည်ညိုလေးစားကြတယ်။အခုအချိန်ထိအောင် တစ်သသပြောကြတုန်းပါ။ဆရာတောင်ပျော်ဘွယ်မြို့ကိုတရား တစ်ညသွားဟောတာနဲ့သိခဲ့ရတာ။သူက အတိုးကိုအနည်းဆုံးယူတယ်။ဥပမာ တစ်ရာနှစ်ကျပ်တိုးလောက်ပေါ့ ။

ထူးခြားချက်ကတော့ ယာတစ်ကွက်ကိုငါးသောင်းနဲ့အပေါင်ခံထားတယ် ၊အဲဒီလယ်ကိုလုပ်စားရင်းနဲ့အရင်းကြေသွားပြီဆိုရင် ပေါင်တဲ့သူကိုခေါ်ပြီး တစ်ခါတည်းပြန်ပေးလိုက်တယ်။လစဉ်ရတဲ့အတိုးနဲ့တင်ကျေနပ်လိုက်တဲ့သဘောပေါ့
သူခြံရှေ့မှာ စာရေးထားတယ် စာရေးအအတွက် အခက်အခဲရှိရင် စပါးတစ်တောင်းနှင့် ဆီတစ်ပုလင်းလူတိုင်းလာယူနိုင်သည် တဲ့။အိမ်ရှေ့အမှာဆီကိုရာဝင်အိုးကြီးနဲ့ထည့်ထားပြီး၊စပါးကိုတော့ အမိုးလုပ်ပြီး ပုံပေးထားတယ်။စပါးတို့ ဆီတို့လာယူတဲ့သူကို သူပြောတဲ့စကားလေးက
“ကလေးမ ,,,,,, အပေါ်ယံကြည့်ရင်စပါးတစ်တောင်းနဲ့ဆီတစ်ပုလင်းရတဲ့ ကလေးမကဦးကိုကျေးဇူးတင်ရမှာ၊ နက်နက်နဲနဲတွေးကြည့်ရင် ဦးက ကလေးမကိုကျေးဇူးတင်ရမှာပါ၊ဘာ့ကြောင့်လဲဆိုတော့ ကလေးမက စပါးတစ်တောင်း ဆီတစ်ပုလင်းနဲ့ပြီးသွားပေမယ့် ဦးကတော့ ဘဝပေါင်း တစ်သိန်းစပါးတင်းပေါင်းများစွာ၊ဆီပုလင်းပေါင်းများစွာပြန်ရမှာမို့ပါ၊ပညာမဲ့အမြင်နဲ့ကြည့်ရင်ယူသူကရသွားတာပါ။ပညာရှိအမြင်နဲ့ကြည့်တော့ပေးသူကရတာပါ”

“ဒါ့ကြောင့်ပညာမဲ့ကယူရတာကိုပျော် ပေမယ့် ၊ပညာရှိက လှူရတာကိုပျော်တာပါ၊ဘာသာခြားတစ်ဦးက ဘုရားရှင်ကိုမေးဘူးတယ် လူတိုင်းချမ်းသာချင်တယ်၊ချမ်းသာအောင်လည်းန ည်းမျိုးစုံနဲ့
ကြိုးစားနေကြတယ်၊ဒါပေမယ့်တစ်ရာမှာတစ်ယောက်လောက်သာ ချမ်းသာပြီး ၉၉ ယောက်က ဘာ့ကြောင့်ဆင်းရဲတာလဲတဲ့၊ဘုရားရှင်ကဖြေတယ် လူတစ်ရာမှာ တစ်ယောက်လောက်ပဲလှူရတာကိုပျော်ခဲ့ကြလို့ချမ်းသာပြီး ကျန် ၉၉ ယောက်ကတော့ယူရတာကိုပျော်ခဲ့ကြလို့ဆင်းရဲတာပါတဲ့”
” ကလေးမကဦးချမ်းသာအောင် အကျိုးဆောင်ပြီပြီ ဦးကလည်း ကလေးမချမ်းသာအောင် အကျိုးဆောင်ပါ့မယ် ထမင်းကျက်တာနဲ့ ကြွလာတဲ့သံဃာတော်တွေကိုဆွမ်းလောင်းပါ သံဃာ တစ်ပါးကိုဆွမ်းလှူရင် ဘဝကုဋတစ်သိန်းမကအောင်ချမ်းသာပါတယ်”
သူတော်ကောင်းဆိုတော့ သေမယ့်နေ့ကိုကြိုသိပါတယ်၊ အသက်လည်း ၉၀ ကျော်လောက်နေရတယ်လို့မှတ်မိနေတယ်၊သူ့အမျိုးသမီးကိုမှာတယ် “မနက်ဖြန်ညနေ ၄ နာရီငါဆုံးမှာ မဆုံးခင်သံဃာတွေနေ့ဆွမ်းကပ်ပြီး ဓမ္မစကြာတရားနာချင်တယ် စီစဉ်ပေးပါ”ဆွမ်းကပ်တရားနာပြီး ပြောတဲ့အတိုင်းညနေ ၄ နာရီမှာဆုံးပါတယ်၊ဒိထက်အကျယ်ကို ဆရာရေးတဲ့ မေတ္တာဖြင့်စီးပွားရှာခြင်းစာအုပ်မှာဖတ်ပါ။ငွေတိုးချေးစားသူတိုင်းအပြစ်ဖြစ်ပါသလားလို့မေးလာလို့ ဒီပို့စ် ကိုတင်ပေးတာပါ။
ကိုယ်အတိုးရပြီးရောဆိုပြီးတစ်ရာ ၂၀ တိုး၃၀ တိုးလောက်ထိယူပြီး မဆပ်နိုင်တဲ့အခါ အိမ်သိမ်း ခြံသိမ်းလုပ်တဲ့သူတွေကတော့ အပြစ်ရှိပြီး အပယ်ကျနိုင်တာပေါ့၊ဦးကျောက်ခဲလို တစ်ဖက်လူ အဆင်ပြေဘို့ဦးစားပေးသူတွေကတော့ အပြစ်မဖြစ်တဲ့အပြင် အတိုးငွေသာမက ကုသိုလ်တောင်ရပါတယ်။ဆရာ့ရဲ့အခုအဆုံးအမ အတိုင်းလုပ်လို့ အတိုးလုပ်ငန်းလုပ်ရင်းကြီးပွားသွားတဲ့ သာကေတက လင်မယားနှစ်ယောက်အကြောင်းကိုတော့ ဆရာရေးတဲ့ စာရေးဆရာနှင့်ရင်ပေါင်တန်း၍ စာဖတ်သူများအကြောင်းစာအုပ်မှာဖတ်ပါ
Credit: MyittarShin Sayar Taw

No comments:

Post a Comment