တ႐ုတ္ႏိုင္ငံ၊ ဂြမ္ေဒါင္းျပည္နယ္ ေတာင္ပိုင္း ရွန္ဇန္းၿမိဳ ႔က စက္မႈဇုံ ေျမၿပိဳက်မႈ။ (ဒီဇင္ဘာ ၂၀၊ ၂၀၁၅) |
တ႐ုတ္ႏိုင္ငံ၊ ဂြမ္ေဒါင္းျပည္နယ္ ေတာင္ပိုင္း ရွန္ဇန္းၿမိဳ ႔က စက္မႈဇုံတခုမွာ တနဂၤေႏြေန႔က ေျမၿပိဳက်မႈေၾကာင့္ လူေပါင္း ၉၁ ဦး ေပ်ာက္ဆံုးေနတယ္လို႔ တ႐ုတ္ အာဏာပိုင္ေတြက ေျပာပါတယ္။ စက္မႈဇံုအထက္က ေျမစာေတြ ၿပိဳက်ခဲ့တာမွာ စက္႐ံု ၄၄ ႐ံု၊ ႐ံုးခန္း ၂ ခုနဲ႔ အလုပ္သမားအေဆာင္ ၃ ခု အပါအ၀င္ အေဆာက္အဦး ၃၃ လံုး ထိခိုက္ ပ်က္စီးသြားခဲ့တယ္လို႔ မ်က္ျမင္ေတြ႔သူေတြက ေျပာပါတယ္။
အပ်က္အစီးေတြနဲ႔ျပည့္ေနတဲ့ စတုရန္းမီတာ ငါးေသာင္း ပတ္လည္ ေနရာမွာ အေရးေပၚ၀န္ထမ္း ၁၅၀၀ ေလာက္က ရွာေဖြေရးနဲ႔ ကယ္ဆယ္ေရး လုပ္ငန္းေတြ ေဆာင္ရြက္ေနၾကပါတယ္။ မိုးအျပင္းအထန္ ရြာသြန္းသြားၿပီးတဲ႔ေနာက္ မီတာ ၁၀၀ အျမင့္ရွိတဲ့ ေဆာက္လုပ္ေရး လုပ္ငန္းေတြက စြန္႔ပစ္ပစၥည္းေတြနဲ႔ အမိႈက္ပံုႀကီး ၿပိဳက်ခဲ့တာျဖစ္တယ္လို႔ ေျမယာနဲ႔အရင္းအျမစ္ဆိုင္ရာ ၀န္ႀကီးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ေျမၿပိဳမႈေၾကာင္႔ တရုတ္ႏုိင္ငံရဲ႕ ထိပ္တန္း ေရနံနဲ႔ ဓာတ္ေငြ႔ကုမၸဏီ Peto China ပိုင္သဘာ၀ ဓာတ္ေငြ႔ပိုက္လုိင္း တခုလည္း ေပါက္ကြဲ သြားခဲ႔ပါတယ္။ ေပ်ာက္ဆုံးေန သူေတြ ထဲမွာ အမ်ိဳးသား ၅၉ ေယာက္နဲ႔ အမ်ိဳးသမီး ၃၂ ပါ၀င္တယ္လို႔ တရုတ္အစိုးရပိုင္ ဆင္ဟြာသတင္းဌာနကေျပာပါတယ္။ လူ ၉၀၀ ေလာက္ေတာ့ ေျမျပိဳမႈ မျဖစ္ခင္ ေဘးလႊတ္ရာကို ေျပာင္းေရႊ႕ႏုိင္ခဲ့ပါတယ္။ လုပ္ငန္းခြင္ ေဘးကင္းလုံျခဳံမႈမရွိတာ၊ ႀကီးၾကပ္မႈအားနည္းတာနဲ႔ အက်င္႔ပ်က္ျခစားမႈေတြေၾကာင့္ စက္႐ံုလုပ္ငန္းေတြမွာ မေတာ္တဆ အေျခအေနေတြ တုိးၿပီး ျဖစ္လာေနတဲ့အေပၚမွာ တ႐ုတ္အစိုးရကေတာ့ ျပစ္တင္ ေ၀ဖန္ခံေနရပါတယ္။
ၾသဂုတ္လတုန္းကလည္း ဓာတုပစၥည္းသိုေလွာင္႐ုံတခုမွာ မီးေလာင္ေပါက္ကြဲမႈ တခ်ိဳ႕ ျဖစ္ခဲ့တာေၾကာင္႔ လူေပါင္း ၁၆၀ နီးပါး ေသဆုံးခဲ့ပါေသးတယ္။ အဲဒီေပါက္ကြဲမႈနဲ႔ဆက္စပ္ၿပီး ကုမၸဏီ၀န္ထမ္း ၁၂ ေယာက္နဲ႔ အစိုးရအရာရွိ ၁၁ ေယာက္ ကို အာဏာပိုင္ေတြက ဖမ္းဆီး ထိန္းသိမ္းခဲ့ပါတယ္။
VOA Burmese
http://burmese.voanews.com
....................................................
တရုတ်မြေပြိုမှု လူ ၉၀ ကျော် ပျောက်ဆုံး
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ် တောင်ပိုင်း ရှန်ဇန်းမြို ့က စက်မှုဇုံတခုမှာ တနင်္ဂနွေနေ့က မြေပြိုကျမှုကြောင့် လူပေါင်း ၉၁ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။ စက်မှုဇုံအထက်က မြေစာတွေ ပြိုကျခဲ့တာမှာ စက်ရုံ ၄၄ ရုံ၊ ရုံးခန်း ၂ ခုနဲ့ အလုပ်သမားအဆောင် ၃ ခု အပါအဝင် အဆောက်အဦး ၃၃ လုံး ထိခိုက် ပျက်စီးသွားခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
အပျက်အစီးတွေနဲ့ပြည့်နေတဲ့ စတုရန်းမီတာ ငါးသောင်း ပတ်လည် နေရာမှာ အရေးပေါ်ဝန်ထမ်း ၁၅၀၀ လောက်က ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။ မိုးအပြင်းအထန် ရွာသွန်းသွားပြီးတဲ့နောက် မီတာ ၁၀၀ အမြင့်ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေက စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်ပုံကြီး ပြိုကျခဲ့တာဖြစ်တယ်လို့ မြေယာနဲ့အရင်းအမြစ်ဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြေပြိုမှုကြောင့် တရုတ်နိုင်ငံရဲ့ ထိပ်တန်း ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီ Peto China ပိုင်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တခုလည်း ပေါက်ကွဲ သွားခဲ့ပါတယ်။ ပျောက်ဆုံးနေ သူတွေ ထဲမှာ အမျိုးသား ၅၉ ယောက်နဲ့ အမျိုးသမီး ၃၂ ပါ၀င်တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနကပြောပါတယ်။ လူ ၉၀၀ လောက်တော့ မြေပြိုမှု မဖြစ်ခင် ဘေးလွှတ်ရာကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုမရှိတာ၊ ကြီးကြပ်မှုအားနည်းတာနဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် စက်ရုံလုပ်ငန်းတွေမှာ မတော်တဆ အခြေအနေတွေ တိုးပြီး ဖြစ်လာနေတဲ့အပေါ်မှာ တရုတ်အစိုးရကတော့ ပြစ်တင် ဝေဖန်ခံနေရပါတယ်။
သြဂုတ်လတုန်းကလည်း ဓာတုပစ္စည်းသိုလှောင်ရုံတခုမှာ မီးလောင်ပေါက်ကွဲမှု တချို့ ဖြစ်ခဲ့တာကြောင့် လူပေါင်း ၁၆၀ နီးပါး သေဆုံးခဲ့ပါသေးတယ်။ အဲဒီပေါက်ကွဲမှုနဲ့ဆက်စပ်ပြီး ကုမ္ပဏီဝန်ထမ်း ၁၂ ယောက်နဲ့ အစိုးရအရာရှိ ၁၁ ယောက် ကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
VOA Burmese
http://burmese.voanews.com
No comments:
Post a Comment