CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, December 15, 2015
ေငြထုတ္ပိုက္ၿပီးမွ ထြက္သြားၾကဖို႔ လုပ္တာ ျပည္ခုိင္ၿဖိဳးအမတ္ေတြ မရွက္ၾကဘူးလား။
အေတြးအျမင္ ေဆာင္းပါး
စည္သူေအာင္ျမင့္
အခုရက္ပိုင္း လႊတ္ေတာ္ဘက္က ထြက္လာတဲ့ သတင္းေတြထဲမွာ စိတ္၀င္စားဖို႔ေကာင္းတဲ့ သတင္းတစ္ပုဒ္ကေတာ့ သိပ္မၾကာခင္ သက္တန္းကုန္ေတာ့မယ့္ လႊတ္ေတာ္အမတ္ေတြကို ႏုိင္ငံေရးပင္စင္ ပံုစံ တစ္လံုးတစ္ခဲထဲ ခ်ီးျမွင့္ေငြ ေပးဖို႔ စီစဥ္ေနတယ္ ဆိုတဲ့ ကိစၥပါ။ ျပီးခဲ့တဲ့ ႏွစ္တုန္းကလည္း လႊတ္ေတာ္အမတ္ေတြဟာ ကိုယ့္လစာေငြကို ကိုယ္ တစ္လ က်ပ္ ၃ သိန္းကေန ၁၀ သိန္းအထိ တိုးျမွင့္ဖို႔ကိုယ့္ဖာ သာကိုယ္ ဥပေဒျပဌာန္း ရယူခဲ့ၾကၿပီးပါၿပီ။
အခုလည္း သက္တန္းကုန္ဆံုးေတာ့မယ့္အခ်ိန္ တစ္လံုးတစ္ခဲတည္း ေငြရေအာင္ ၾကိဳးစားေနၾကတာမို႔၊ ဒီကိစၥမွာ တာ၀န္အရွိဆံုးျဖစ္တဲ့ ျပည္ခုိင္ျဖိဳးပါတီ ေခါင္းေဆာင္ေတြ မရွက္တတ္ၾကေတာ့ဘူးလား လို႔ ေမးခြန္းထုတ္ရမလို ျဖစ္ေနပါတယ္။ ဒီကေန႔ အဲဒီအေၾကာင္း ေဆြးေႏြးၾကည့္ၾကရေအာင္ပါ။
တကယ္ေတာ့ လႊတ္ေတာ္အမတ္ တာ၀န္ထမ္းေဆာင္တယ္ ဆိုတာ ျပည္သူေတြက ေရြးေကာက္တင္ေျမွာက္လိုက္တာ ျဖစ္တဲ့အတြက္ တုိင္းျပည္တာ၀န္ထမ္းေဆာင္ျခင္း မည္ပါတယ္။ အျခားေသာ ျပည္သူ႔ဘ႑ာ လခ စားတဲ့ တပ္မေတာ္သား၊ ၀န္ထမ္း စတဲ့လူေတြနဲ႔ ဘာမွ မျခားနားပါဘူး။ တပ္မေတာ္သားေတြဆိုရင္ ကိုယ္လက္အဂၤါ စြန္႔လႊတ္ရတာမ်ိဳး၊ အသက္ပင္ ေပးရတာမ်ိဳးေတာင္ ရွိပါတယ္။ အလားတူ အရပ္သား၀န္ထမ္း လုပ္သူေတြထဲမွာလည္း ပညာနဲ႔ အလုပ္လုပ္သူေတြ၊ ကၽြမ္းက်င္မွဳနဲ႔ အလုပ္လုပ္သူေတြ၊ စြန္႕လႊတ္စြန္႔စားရသူေတြ အမ်ိဳးမ်ိဳးရွိပါတယ္။
လႊတ္ေတာ္အမတ္ေတြ ဆိုတာဟာလည္း အဲဒီ သေဘာပါပဲ။ ေျပာရရင္ လႊတ္ေတာ္ အမတ္ေတြဟာ အဲဒီ အခ်ိန္ျပည့္ ၀န္ထမ္းေတြထက္ေတာင္ လြတ္လပ္ပါေသးတယ္။ လႊတ္ေတာ္ အစည္းအေ၀းဆိုတာ ဆယ့္ႏွစ္လ လံုးလံုး က်င္းပေနတာ မဟုတ္ပါဘူး။ လိုအပ္ရင္ အေၾကာင္းၾကီးငယ္ေပၚရင္ ခြင့္လည္း ယူလို႔ ရပါတယ္။ အခုေတာ့ အဲလို အမတ္တာ၀န္ ၅ ႏွစ္ေလာက္ လုပ္လိုက္တာနဲ႔ ႏုိင္ငံေရး ပင္စင္ ဆန္ဆန္ တစ္လံုးတစ္ခဲတည္း ခ်ီးျမွင့္ေငြ ယူခ်င္ေနၾကပါတယ္။ တပ္မေတာ္သား၊ ၀န္ထမ္းေတြလို တုိင္းျပည္ တာ၀န္ထမ္းေဆာင္ၾကတာခ်င္း အတူတူ အခြင့္အေရး ပိုယူခ်င္ၾကတဲ့ သေဘာ ေရာက္မေန ဘူးလား ျပန္စဥ္းစားသံုးသပ္ၾကဖို႔ လိုပါတယ္။
ေကာင္းပါျပီ။ ဘယ္ေလာက္ အတုိင္းအတာ အခြင့္အေရး ယူၾကမွာပါလဲ။ လႊတ္ေတာ္ ျပည္သူ႕ေငြစာရင္း ပူးေပါင္းေကာ္မတီဘက္က ေျပာဆိုတဲ့ စကားေတြအရဆိုရင္ လုပ္သက္ တစ္ႏွစ္ကို လစာ တစ္လ စာ တစ္လံုးတစ္ခဲတည္း ေပးမယ္ လို႔ ဆိုပါတယ္။ ေျပာရရင္ ၅ ႏွစ္ သက္တန္းရွိတဲ့ အမတ္ေတြ တစ္ေယာက္ကို က်ပ္ သိန္း ၅၀ စီ ရမယ္ဆိုတဲ့ သေဘာပါ။ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ၀င္လာတဲ့ အင္န္အယ္လ္ဒီ အမတ္ေတြကေတာ့ ၃ ႏွစ္ က်ပ္ သိန္း ၃၀ စီရမယ့္ သေဘာပါ။ ျပည္နယ္နဲ႔ တုိင္း အမတ္ေတြကေတာ့ တစ္ေယာက္ကို က်ပ္ ၂၅ သိန္းစီရၾကမွာပါ။
တြက္ၾကည့္လိုက္ရင္ ဒီႏွဳန္းအတိုင္း ခ်ီးျမွင့္ေငြေတြ ေပးရင္ ျပည္ေထာင္စု အဆင့္ရွိတဲ့ ျပည္သူ႕လႊတ္ေတာ္နဲ႔ အမ်ိဳးသား လႊတ္ေတာ္ အမတ္ေတြအတြက္ တုိင္းျပည္ ဘ႑ာေငြထဲက က်ပ္ေငြ ၂ ဘီလ်ံခြဲေလာက္ သံုးရမယ့္ သေဘာပါ။ ျပည္နယ္နဲ႔ တုိင္းအဆင့္ အမတ္္ေတြအတြက္ က်ပ္ေငြ တစ္ဒသမ ၆၅ ဘီလ်ံေလာက္ သံုးရပါမယ္။ အမတ္အားလံုးေပါင္းအတြက္ စုစုေပါင္း ေပးရမယ့္ေငြဟာ က်ပ္ေငြ ၄ ဘီလ်ံေက်ာ္ေက်ာ္ လိုမယ့္ သေဘာပါ။ နည္းတဲ့ ေငြမဟုတ္ပါဘူး။ ေကာင္းပါျပီ။ အရပ္သား အမတ္ေတြကိုပဲ အဲဒီ ခ်ီးျမွင့္ေငြ ေပးမွာလား၊ တပ္မေတာ္သား အမတ္ေတြကိုေရာ မေပးဘူးလား ေမးစရာပါ။ တကယ္လို႔မ်ား တပ္မေတာ္သား အမတ္ေတြကိုပါ အဲဒီႏွဳန္းအတုိင္း ခ်ီးျမွင့္ရင္ ေနာက္ထပ္ က်ပ္ေငြ တစ္ဘီလ်ံ ေက်ာ္ေက်ာ္ သံုးရပါဦးမယ္။ ဒီအခါ ႏိုင္ငံေရး ပင္စင္လို ခ်ီးျမွင့္ေငြ ေပးဖို႔ အတြက္ လိုအပ္ေငြ စုစုေပါင္း က်ပ္ ၅ ဘီလ်ံေက်ာ္ ရွိေနမွာ ျဖစ္ပါတယ္။
သိပ္မၾကာေသးခင္တုန္းကပဲ လက္ရွိ အစိုးရရဲ႕ ေနာက္ဆံုးသက္တမ္းအတြက္ ထပ္ျဖည့္ေတာင္းခံေငြ ကိစၥေတြ လႊတ္ေတာ္ထဲ ေဆြးေႏြးခဲ့ၾကပါေသးတယ္။ ဘတ္ဂ်က္ေတြ ထပ္ေတာင္းတာ မ်ားေနတဲ့ကိစၥ၊ ေငြေၾကးေဖါင္းပြမွဳေၾကာင့္ ႏုိင္ငံျခားေခ်းေငြနဲ႔ ဆိုင္တဲ့ ေပးဆပ္စရာ ကိစၥ စတာေတြကို အဓိကထား ေ၀ဖန္ခဲ့ၾကပါတယ္။ ေျပာရရင္ သမၼတ ဦးသိန္းစိန္ရဲ႕ ေနာက္ပိုင္းႏွစ္ေတြမွာ ၀င္ေငြထက္ အသံုးစားရိတ္ကမ်ားျပီး ဘတ္ဂ်က္ လိုေငြျပတဲ့ ကိစၥ၊ အဲဒီကေန တဆင့္ က်ပ္ေငြတန္ဘိုး ေဖါင္းပြ၊ က်ဆင္း မတည္မျငိမ္ ျဖစ္တဲ့ ကိစၥနဲ႔ ပတ္သက္ျပီး အၾကီးအက်ယ္ ေ၀ဖန္ခံရပါတယ္။ အဲလို ဘတ္ဂ်က္မွာ အသံုးေငြ မ်ားေနတဲ့ကိစၥမွာ လႊတ္ေတာ္ရဲ႕ ပေယာဂေၾကာင့္ လႊတ္ေတာ္ အမတ္ေတြေရာ၊ အစိုးရ အရာရွိၾကီးေတြနဲ႔ တပ္မေတာ္သား အရာရွိၾကီးေတြကိုပါ လစာ အမ်ားၾကီး တုိးျမွင့္လိုက္တဲ့ ကိစၥလည္း ပါ၀င္ခဲ့ပါတယ္။ တကယ္ေတာ့ လႊတ္ေတာ္ အမတ္ေတြရဲ႕ အဲလုိ လုပ္ေဆာင္ခ်က္ေတြကို တုိင္းသူျပည္သားေတြကပဲ ခါးစည္း ခံရတာပါ။
ျပီးခဲ့တဲ့ႏွစ္ လႊတ္ေတာ္တြင္း အမတ္ေတြ အေနနဲ႔ ကိုယ့္လစာကိုယ္ တုိးျမွင့္သတ္မွတ္ဖို႕ လုပ္ၾကကိုင္ၾကတုန္းက တကယ္ကန္႔ကြက္ခဲ့တာဟာ ဦး၀င္းထိန္ တို႔လို အင္န္အယ္လ္ဒီ အမတ္မ်ိဳးေတြပါ။ သူတို႔ေတြက တိုင္းျပည္ ဘတ္ဂ်က္ အေျခအေန၊ အမတ္ေတြရဲ႕ တာ၀န္နဲ႔ ရပုိင္ခြင့္ကို သံုးသပ္ျပီး ကန္႔ကြက္ခဲ့ၾကတာ ျဖစ္ပါတယ္။ အတည္ျပဳေထာက္ခံခဲ့ၾကတာက ျပည္ခုိင္ျဖိဳး အမတ္ေတြပါ။ အခုလည္း အျခားေသာ တပ္မေတာ္သားေတြ၊ ၀န္ထမ္းေတြကိုမွ အားမနာ ျပည္သူ႕ဘ႑ာထဲကေန က်ပ္ေငြ ၄ ဘီလ်ံေက်ာ္ သံုးျပီး ကိုယ့္အခြင့္အေရး ကိုယ္ ယူၾကပါဦးမယ္။ ေရြးေကာက္ပြဲမွာ ရွံဳးျပီး လႊတ္ေတာ္ထဲက မထြက္ခြာခင္ ျပည္သူ႕ဘ႑ာထဲကေန ရယူ၊ ေငြထုတ္ပိုက္ျပီး ထြက္သြားၾကပါဦးမယ္။ ဒါကို အဓိက လုပ္ကိုင္မွာဟာ ျပည္ခုိင္ျဖိဳးအမတ္ေတြပဲ ျဖစ္တာေၾကာင့္ အခု လုပ္ရပ္အေပၚ မရွက္ၾကဘူးလားလို႔ပဲ ေမးလိုက္ခ်င္ပါေတာ့တယ္။
စည္သူေအာင္ျမင့္။
- See more at: http://mizzimaburmese.com/article/8604#sthash.KuMEDLFD.MU0FeD0t.dpuf
...............
“ငွေထုတ်ပိုက်ပြီးမှ ထွက်သွားကြဖို့ လုပ်တာ ပြည်ခိုင်ဖြိုးအမတ်တွေ မရှက်ကြဘူးလား။”
အတွေးအမြင် ဆောင်းပါး
စည်သူအောင်မြင့်
အခုရက်ပိုင်း လွှတ်တော်ဘက်က ထွက်လာတဲ့ သတင်းတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ကတော့ သိပ်မကြာခင် သက်တန်းကုန်တော့မယ့် လွှတ်တော်အမတ်တွေကို နိုင်ငံရေးပင်စင် ပုံစံ တစ်လုံးတစ်ခဲထဲ ချီးမြှင့်ငွေ ပေးဖို့ စီစဉ်နေတယ် ဆိုတဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း လွှတ်တော်အမတ်တွေဟာ ကိုယ့်လစာငွေကို ကိုယ် တစ်လ ကျပ် ၃ သိန်းကနေ ၁၀ သိန်းအထိ တိုးမြှင့်ဖို့ကိုယ့်ဖာ သာကိုယ် ဥပဒေပြဌာန်း ရယူခဲ့ကြပြီးပါပြီ။
အခုလည်း သက်တန်းကုန်ဆုံးတော့မယ့်အချိန် တစ်လုံးတစ်ခဲတည်း ငွေရအောင် ကြိုးစားနေကြတာမို့၊ ဒီကိစ္စမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေ မရှက်တတ်ကြတော့ဘူးလား လို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။
တကယ်တော့ လွှတ်တော်အမတ် တာဝန်ထမ်းဆောင်တယ် ဆိုတာ ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်တာ ဖြစ်တဲ့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ခြင်း မည်ပါတယ်။ အခြားသော ပြည်သူ့ဘဏ္ဍာ လခ စားတဲ့ တပ်မတော်သား၊ ၀န်ထမ်း စတဲ့လူတွေနဲ့ ဘာမှ မခြားနားပါဘူး။ တပ်မတော်သားတွေဆိုရင် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရတာမျိုး၊ အသက်ပင် ပေးရတာမျိုးတောင် ရှိပါတယ်။ အလားတူ အရပ်သားဝန်ထမ်း လုပ်သူတွေထဲမှာလည်း ပညာနဲ့ အလုပ်လုပ်သူတွေ၊ ကျွမ်းကျင်မှုနဲ့ အလုပ်လုပ်သူတွေ၊ စွန့်လွှတ်စွန့်စားရသူတွေ အမျိုးမျိုးရှိပါတယ်။
လွှတ်တော်အမတ်တွေ ဆိုတာဟာလည်း အဲဒီ သဘောပါပဲ။ ပြောရရင် လွှတ်တော် အမတ်တွေဟာ အဲဒီ အချိန်ပြည့် ၀န်ထမ်းတွေထက်တောင် လွတ်လပ်ပါသေးတယ်။ လွှတ်တော် အစည်းအဝေးဆိုတာ ဆယ့်နှစ်လ လုံးလုံး ကျင်းပနေတာ မဟုတ်ပါဘူး။ လိုအပ်ရင် အကြောင်းကြီးငယ်ပေါ်ရင် ခွင့်လည်း ယူလို့ ရပါတယ်။ အခုတော့ အဲလို အမတ်တာဝန် ၅ နှစ်လောက် လုပ်လိုက်တာနဲ့ နိုင်ငံရေး ပင်စင် ဆန်ဆန် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ယူချင်နေကြပါတယ်။ တပ်မတော်သား၊ ၀န်ထမ်းတွေလို တိုင်းပြည် တာဝန်ထမ်းဆောင်ကြတာချင်း အတူတူ အခွင့်အရေး ပိုယူချင်ကြတဲ့ သဘော ရောက်မနေ ဘူးလား ပြန်စဉ်းစားသုံးသပ်ကြဖို့ လိုပါတယ်။
ကောင်းပါပြီ။ ဘယ်လောက် အတိုင်းအတာ အခွင့်အရေး ယူကြမှာပါလဲ။ လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဘက်က ပြောဆိုတဲ့ စကားတွေအရဆိုရင် လုပ်သက် တစ်နှစ်ကို လစာ တစ်လ စာ တစ်လုံးတစ်ခဲတည်း ပေးမယ် လို့ ဆိုပါတယ်။ ပြောရရင် ၅ နှစ် သက်တန်းရှိတဲ့ အမတ်တွေ တစ်ယောက်ကို ကျပ် သိန်း ၅၀ စီ ရမယ်ဆိုတဲ့ သဘောပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်လာတဲ့ အင်န်အယ်လ်ဒီ အမတ်တွေကတော့ ၃ နှစ် ကျပ် သိန်း ၃၀ စီရမယ့် သဘောပါ။ ပြည်နယ်နဲ့ တိုင်း အမတ်တွေကတော့ တစ်ယောက်ကို ကျပ် ၂၅ သိန်းစီရကြမှာပါ။
တွက်ကြည့်လိုက်ရင် ဒီနှုန်းအတိုင်း ချီးမြှင့်ငွေတွေ ပေးရင် ပြည်ထောင်စု အဆင့်ရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အမတ်တွေအတွက် တိုင်းပြည် ဘဏ္ဍာငွေထဲက ကျပ်ငွေ ၂ ဘီလျံခွဲလောက် သုံးရမယ့် သဘောပါ။ ပြည်နယ်နဲ့ တိုင်းအဆင့် အမတ််တွေအတွက် ကျပ်ငွေ တစ်ဒသမ ၆၅ ဘီလျံလောက် သုံးရပါမယ်။ အမတ်အားလုံးပေါင်းအတွက် စုစုပေါင်း ပေးရမယ့်ငွေဟာ ကျပ်ငွေ ၄ ဘီလျံကျော်ကျော် လိုမယ့် သဘောပါ။ နည်းတဲ့ ငွေမဟုတ်ပါဘူး။ ကောင်းပါပြီ။ အရပ်သား အမတ်တွေကိုပဲ အဲဒီ ချီးမြှင့်ငွေ ပေးမှာလား၊ တပ်မတော်သား အမတ်တွေကိုရော မပေးဘူးလား မေးစရာပါ။ တကယ်လို့များ တပ်မတော်သား အမတ်တွေကိုပါ အဲဒီနှုန်းအတိုင်း ချီးမြှင့်ရင် နောက်ထပ် ကျပ်ငွေ တစ်ဘီလျံ ကျော်ကျော် သုံးရပါဦးမယ်။ ဒီအခါ နိုင်ငံရေး ပင်စင်လို ချီးမြှင့်ငွေ ပေးဖို့ အတွက် လိုအပ်ငွေ စုစုပေါင်း ကျပ် ၅ ဘီလျံကျော် ရှိနေမှာ ဖြစ်ပါတယ်။
သိပ်မကြာသေးခင်တုန်းကပဲ လက်ရှိ အစိုးရရဲ့ နောက်ဆုံးသက်တမ်းအတွက် ထပ်ဖြည့်တောင်းခံငွေ ကိစ္စတွေ လွှတ်တော်ထဲ ဆွေးနွေးခဲ့ကြပါသေးတယ်။ ဘတ်ဂျက်တွေ ထပ်တောင်းတာ များနေတဲ့ကိစ္စ၊ ငွေကြေးဖေါင်းပွမှုကြောင့် နိုင်ငံခြားချေးငွေနဲ့ ဆိုင်တဲ့ ပေးဆပ်စရာ ကိစ္စ စတာတွေကို အဓိကထား ဝေဖန်ခဲ့ကြပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန်ရဲ့ နောက်ပိုင်းနှစ်တွေမှာ ၀င်ငွေထက် အသုံးစားရိတ်ကများပြီး ဘတ်ဂျက် လိုငွေပြတဲ့ ကိစ္စ၊ အဲဒီကနေ တဆင့် ကျပ်ငွေတန်ဘိုး ဖေါင်းပွ၊ ကျဆင်း မတည်မငြိမ် ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ခံရပါတယ်။ အဲလို ဘတ်ဂျက်မှာ အသုံးငွေ များနေတဲ့ကိစ္စမှာ လွှတ်တော်ရဲ့ ပယောဂကြောင့် လွှတ်တော် အမတ်တွေရော၊ အစိုးရ အရာရှိကြီးတွေနဲ့ တပ်မတော်သား အရာရှိကြီးတွေကိုပါ လစာ အများကြီး တိုးမြှင့်လိုက်တဲ့ ကိစ္စလည်း ပါ၀င်ခဲ့ပါတယ်။ တကယ်တော့ လွှတ်တော် အမတ်တွေရဲ့ အဲလို လုပ်ဆောင်ချက်တွေကို တိုင်းသူပြည်သားတွေကပဲ ခါးစည်း ခံရတာပါ။
ပြီးခဲ့တဲ့နှစ် လွှတ်တော်တွင်း အမတ်တွေ အနေနဲ့ ကိုယ့်လစာကိုယ် တိုးမြှင့်သတ်မှတ်ဖို့ လုပ်ကြကိုင်ကြတုန်းက တကယ်ကန့်ကွက်ခဲ့တာဟာ ဦးဝင်းထိန် တို့လို အင်န်အယ်လ်ဒီ အမတ်မျိုးတွေပါ။ သူတို့တွေက တိုင်းပြည် ဘတ်ဂျက် အခြေအနေ၊ အမတ်တွေရဲ့ တာဝန်နဲ့ ရပိုင်ခွင့်ကို သုံးသပ်ပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အတည်ပြုထောက်ခံခဲ့ကြတာက ပြည်ခိုင်ဖြိုး အမတ်တွေပါ။ အခုလည်း အခြားသော တပ်မတော်သားတွေ၊ ၀န်ထမ်းတွေကိုမှ အားမနာ ပြည်သူ့ဘဏ္ဍာထဲကနေ ကျပ်ငွေ ၄ ဘီလျံကျော် သုံးပြီး ကိုယ့်အခွင့်အရေး ကိုယ် ယူကြပါဦးမယ်။ ရွေးကောက်ပွဲမှာ ရှုံးပြီး လွှတ်တော်ထဲက မထွက်ခွာခင် ပြည်သူ့ဘဏ္ဍာထဲကနေ ရယူ၊ ငွေထုတ်ပိုက်ပြီး ထွက်သွားကြပါဦးမယ်။ ဒါကို အဓိက လုပ်ကိုင်မှာဟာ ပြည်ခိုင်ဖြိုးအမတ်တွေပဲ ဖြစ်တာကြောင့် အခု လုပ်ရပ်အပေါ် မရှက်ကြဘူးလားလို့ပဲ မေးလိုက်ချင်ပါတော့တယ်။
စည်သူအောင်မြင့်။
- See more at: http://mizzimaburmese.com/article/8604#sthash.KuMEDLFD.MU0FeD0t.dpuf
ေငြထုတ္ပိုက္ၿပီးမွ ထြက္သြားၾကဖို႔ လုပ္တာ ျပည္ခုိင္ၿဖိဳးအမတ္ေတြ မရွက္ၾကဘူးလား။
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment