Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 16, 2015

ပါရီတိုက္ခိုက္မႈမ်ားအတြက္ အေမရိကန္တြင္ တာ၀န္ရွိသည္ဟု ႏိုအမ္ ေခ်ာင္စကီးေျပာ

ပရပ္စ္တီဗီ
တီဟီရန္၊ ဒီဇင္ဘာ - ၁၄ ။           ။ ထိပ္တန္း ႏိုင္ငံေရးေ၀ဖန္သံုးသပ္သူႏွင့္ အေတြးအေခၚပညာရွင္ ႏိုအမ္ ေခ်ာင္စကီးက ၿပီးခဲ့သည့္လက ပါရီအၾကမ္းဖက္ တိုက္ခုိက္မႈမ်ားအတြက္ အေမရိကန္ျပည္ေထာင္စုႏွင့္ ၄င္း၏ မဟာမိတ္မ်ားကို အျပစ္တင္ခဲ့သည္။

မၾကာေသးမီက အင္တာဗ်ဴးတစ္ခုတြင္ ေခ်ာင္စကီးက အီရတ္ႏွင့္ အာဖဂန္ကို အေမရိကန္ေခါင္းေဆာင္သည့္ က်ဴးေက်ာ္မႈမွာ မၾကာေသးမီက ကမၻာႏွင့္အ၀န္းကို ရိုက္ခတ္ခဲ့သည့္ အၾကမ္းဖက္တိုက္ခုိက္မႈ လိႈင္းလံုးမ်ား၏ အေၾကာင္းရင္း ဇစ္ျမစ္ျဖစ္သည္ဟု ေျပာၾကားခဲ့သည္။

ဥေရာပႏွင့္ အေမရိကန္ ႏိုင္ငံေရးသမားမ်ားႏွင့္ ပတ္သက္၍လည္း ေနာက္ထပ္အၾကမ္းဖက္မႈေတြကို အားေပးအားေျမွာက္ လုပ္ခ်င္တာလား။ အဲဒီလို အၾကမ္းဖက္မႈမ်ိဳးကို အဆုံးသတ္ေစခ်င္တာလား။ သူတို႔ ေရြးခ်ယ္ရမယ္ဟု ႏိုအမ္ ေခ်ာင္စကီးက ေျပာၾကားခဲ့သည္။

‘အၾကမ္းဖက္မႈေတြကို အဆံုးသတ္ေစခ်င္ရင္ ပထမဆံုးေမးခြန္းက ဘာ့ေၾကာင့္ အၾကမ္းဖက္မႈေတြ ျဖစ္ေနရသလဲဆိုတာပဲ။ လတ္တေလာ အေၾကာင္းအခ်က္ေတြနဲ႔ အေျခခံအက်ဆံုး ဇစ္ျမစ္ေတြက ဘာေတြလဲဆိုတာပဲ။ အဲဒါေတြကိုသိမွ ေျဖရွင္းလို႔ရမယ္’ဟုလည္း ၄င္းက ထပ္ေလာင္းေျပာၾကားခဲ့သည္။

 ‘က်ေနာ္တို႔မွာရွိတဲ့ တစ္ခုတည္းေသာ သတင္းအခ်က္အလက္က အိုင္အက္စ္ေတြက ေပးတာပဲ။ ခင္ဗ်ားတို႔က က်ဳပ္တို႔ကို ဗံုးႀကဲရင္ က်ဳပ္တို႔ကလည္း ခင္ဗ်ားတို႔ကို တိုက္ခုိက္မယ္ဆိုတာပဲ’ ဟုလည္း ေခ်ာင္စကီးက ထပ္ေလာင္းေျပာၾကားခဲ့သည္။

ထို႔အျပင္ အထူးသျဖင့္ အိုင္အက္စ္အုပ္စု၏ အၾကမ္းဖက္မႈကို စစ္အင္အားတစ္ခုတည္းျဖင့္ မႏွိမ္နင္းႏိုင္ေၾကာင္းလည္း ေခ်ာင္စကီးက ေျပာၾကားခဲ့သည္။

ဆက္လက္ၿပီး ေခ်ာင္စကီးက အီရတ္ႏွင့္ ဆီးရီးယားတြင္ အိုင္အက္စ္ပစ္မွတ္မ်ားကို အေမရိကန္က ေလေၾကာင္းမွ တုိက္ခုိက္သည့္ နည္းဗ်ဴဟာမွာ ပါရီတြင္ျဖစ္ပ်က္ခဲ့သည္ႏွင့္ အလားတူ အႀကီးစား အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကိုသာ တိုးတက္ျမင့္မားလာေစသည္ဟုလည္း ေ၀ဖန္ခဲ့သည္။

ဇစ္ျမစ္အေၾကာင္းတရားကို မေျဖရွင္းလွ်င္ အေမရိကန္ႏွင့္ မဟာမိတ္မ်ားက အိုင္အက္စ္အုပ္စုကို ဖ်က္ဆီးႏိုင္ဦးေတာ့၊ ေနာက္ထပ္ ပိုမိုေၾကာက္စရာေကာင္းသည့္ စစ္ေသြးၾကြအုပ္စုတစ္စု ေပၚထြက္လာမည္ဟုလည္း ေခ်ာင္စကီးက သတိေပးခဲ့သည္။

အနည္းဆံုး လူ ၁၃၀ေသဆံုးခဲ့ရၿပီး ရာေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရရွိခဲ့ၾကသည့္ ႏို၀င္ဘာ၁၃ရက္ ပါရီတိုက္ခုိက္မႈမ်ားအၿပီးတြင္ ေခ်ာင္စကီးက ယခုကဲ့သို႔ မွတ္ခ်က္ျပဳ ေျပာၾကားခဲ့ျခင္းပင္ ျဖစ္သည္။

ဆီးရီးယားအစိုးရကို မၿငိမ္မသက္ျဖစ္ေစရန္ ၂၀၁၂ခုႏွစ္က ေဂ်ာ္ဒန္တြင္ စီအိုင္ေအက ေလ့က်င့္ေပးခဲ့သည့္ အိုင္အက္စ္အၾကမ္းဖက္သမားမ်ားက ပါရီတိုက္ခိုက္မႈမ်ားမွာ ၄င္းတို႔၏ လက္ခ်က္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

 သို႔ရာတြင္ အိမ္ျဖဴေတာ္အရာရွိေဟာင္း ေပါ ခရိတ္လို တစ္သီးပုဂၢလ ေ၀ဖန္သုံးသပ္သူမ်ားကမူ စက္တင္ဘာ၃၀ရက္ေန႔ကတည္းက အိုင္အက္စ္အၾကမ္းဖက္သမားမ်ားကို ေလေၾကာင္းမွ တိုက္ခုိက္ေနသည့္ ရုရွကို တန္ျပန္ဟန္႔တားရန္အတြက္ ျပင္သစ္ႏိုင္ငံ ဆီးရီးယားစစ္ပြဲထဲ ၀င္လာေစရန္ အေမရိကန္ႏွင့္ ေနတိုးတို႔က ပါရီတိုက္ခိုက္မႈမ်ားကို ပုံမွားရိုက္၍ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု ေျပာၾကားခဲ့ၾကသည္။
- See more at: http://mizzimaburmese.com/article/8536#sthash.CSUGksqC.tpn1fhov.dpuf
.................
ပါရီတိုက်ခိုက်မှုများအတွက် အမေရိကန်တွင် တာဝန်ရှိသည်ဟု နိုအမ် ချောင်စကီးပြော

    ကမ္ဘာ့သတင်း

ပရပ်စ်တီဗီ
တီဟီရန်၊ ဒီဇင်ဘာ - ၁၄ ။           ။ ထိပ်တန်း နိုင်ငံရေးဝေဖန်သုံးသပ်သူနှင့် အတွေးအခေါ်ပညာရှင် နိုအမ် ချောင်စကီးက ပြီးခဲ့သည့်လက ပါရီအကြမ်းဖက် တိုက်ခိုက်မှုများအတွက် အမေရိကန်ပြည်ထောင်စုနှင့် ၄င်း၏ မဟာမိတ်များကို အပြစ်တင်ခဲ့သည်။

မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ချောင်စကီးက အီရတ်နှင့် အာဖဂန်ကို အမေရိကန်ခေါင်းဆောင်သည့် ကျူးကျော်မှုမှာ မကြာသေးမီက ကမ္ဘာနှင့်အဝန်းကို ရိုက်ခတ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု လှိုင်းလုံးများ၏ အကြောင်းရင်း ဇစ်မြစ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဥရောပနှင့် အမေရိကန် နိုင်ငံရေးသမားများနှင့် ပတ်သက်၍လည်း နောက်ထပ်အကြမ်းဖက်မှုတွေကို အားပေးအားမြှောက် လုပ်ချင်တာလား။ အဲဒီလို အကြမ်းဖက်မှုမျိုးကို အဆုံးသတ်စေချင်တာလား။ သူတို့ ရွေးချယ်ရမယ်ဟု နိုအမ် ချောင်စကီးက ပြောကြားခဲ့သည်။

‘အကြမ်းဖက်မှုတွေကို အဆုံးသတ်စေချင်ရင် ပထမဆုံးမေးခွန်းက ဘာ့ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်နေရသလဲဆိုတာပဲ။ လတ်တလော အကြောင်းအချက်တွေနဲ့ အခြေခံအကျဆုံး ဇစ်မြစ်တွေက ဘာတွေလဲဆိုတာပဲ။ အဲဒါတွေကိုသိမှ ဖြေရှင်းလို့ရမယ်’ဟုလည်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။

 ‘ကျနော်တို့မှာရှိတဲ့ တစ်ခုတည်းသော သတင်းအချက်အလက်က အိုင်အက်စ်တွေက ပေးတာပဲ။ ခင်ဗျားတို့က ကျုပ်တို့ကို ဗုံးကြဲရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ကို တိုက်ခိုက်မယ်ဆိုတာပဲ’ ဟုလည်း ချောင်စကီးက ထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် အထူးသဖြင့် အိုင်အက်စ်အုပ်စု၏ အကြမ်းဖက်မှုကို စစ်အင်အားတစ်ခုတည်းဖြင့် မနှိမ်နင်းနိုင်ကြောင်းလည်း ချောင်စကီးက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ချောင်စကီးက အီရတ်နှင့် ဆီးရီးယားတွင် အိုင်အက်စ်ပစ်မှတ်များကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်သည့် နည်းဗျူဟာမှာ ပါရီတွင်ဖြစ်ပျက်ခဲ့သည်နှင့် အလားတူ အကြီးစား အကြမ်းဖက်တိုက်ခိုက်မှုများကိုသာ တိုးတက်မြင့်မားလာစေသည်ဟုလည်း ဝေဖန်ခဲ့သည်။

ဇစ်မြစ်အကြောင်းတရားကို မဖြေရှင်းလျှင် အမေရိကန်နှင့် မဟာမိတ်များက အိုင်အက်စ်အုပ်စုကို ဖျက်ဆီးနိုင်ဦးတော့၊ နောက်ထပ် ပိုမိုကြောက်စရာကောင်းသည့် စစ်သွေးကြွအုပ်စုတစ်စု ပေါ်ထွက်လာမည်ဟုလည်း ချောင်စကီးက သတိပေးခဲ့သည်။

အနည်းဆုံး လူ ၁၃၀သေဆုံးခဲ့ရပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် နိုဝင်ဘာ၁၃ရက် ပါရီတိုက်ခိုက်မှုများအပြီးတွင် ချောင်စကီးက ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

ဆီးရီးယားအစိုးရကို မငြိမ်မသက်ဖြစ်စေရန် ၂၀၁၂ခုနှစ်က ဂျော်ဒန်တွင် စီအိုင်အေက လေ့ကျင့်ပေးခဲ့သည့် အိုင်အက်စ်အကြမ်းဖက်သမားများက ပါရီတိုက်ခိုက်မှုများမှာ ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 သို့ရာတွင် အိမ်ဖြူတော်အရာရှိဟောင်း ပေါ ခရိတ်လို တစ်သီးပုဂ္ဂလ ဝေဖန်သုံးသပ်သူများကမူ စက်တင်ဘာ၃၀ရက်နေ့ကတည်းက အိုင်အက်စ်အကြမ်းဖက်သမားများကို လေကြောင်းမှ တိုက်ခိုက်နေသည့် ရုရှကို တန်ပြန်ဟန့်တားရန်အတွက် ပြင်သစ်နိုင်ငံ ဆီးရီးယားစစ်ပွဲထဲ ၀င်လာစေရန် အမေရိကန်နှင့် နေတိုးတို့က ပါရီတိုက်ခိုက်မှုများကို ပုံမှားရိုက်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။
- See more at: http://mizzimaburmese.com/article/8536#sthash.CSUGksqC.tpn1fhov.dpuf

No comments:

Post a Comment