မႏၲေလးနန္းၿမိဳ႕တည္ မင္းတုန္းမင္း တရားႀကီးကုိ စိတ္အဆုိးဆံုးသူေတြ ျပပါဆုိရင္ မႏၲေလး နန္းၿမိဳ႕ထဲက အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးနဲ႔ အရာရွိေတြကုိ ျပရပါလိမ့္မယ္။ မႏၲေလးကုိ ၿမိဳ႕တည္ခဲ့တဲ့ အတြက္ သမီးေတာ္ေတြ ျပင္ဦးလြင္တက္တုိင္း မႏၲေလးဟာ ခရီးတစ္ေထာက္နားရာ ေစ်း၀ယ္ရာ ၿမိဳ႕ျဖစ္ခဲ့ပါတယ္။ ဒီတစ္ပတ္လည္း သမီးေတာ္ေတြ စံုညီႂကြျမန္းလုိ႔ လာျပန္ပါၿပီ။
ႏွစ္အေနနဲ႔ ေျပာရရင္ ၂၀၀၇ခုႏွစ္ေပါ့။ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးကလည္း အသစ္စက္စက္ တုိင္းမွဴးေလးဆိုေတာ့ တုိင္းမွဴးရဲ႕ ဂါရ၀တရားဆုိတဲ့ အ႐ုိအေသေပးမယ့္ အတုိင္းအတာနဲ႔ ခႏၲီစဆုိတဲ့ သည္းခံႏိုင္ျခင္း ဒီဂရီကုိ သမီးေတာ္ေတြက စမ္းသပ္ၾကေတာ့မွာ ျဖစ္ပါတယ္။ တုိင္းမွဴးအသစ္ေလးက ၀ါရင့္သမၻာရင့္ ဒုတုိင္းမွဴးနဲ႔ စစ္ဦးစီးမွဴးေတြကုိ သမီးေတာ္ေတြလာရင္ ဘာေတြေဆာင္ရမယ္ ေမးရေတာ့တာေပါ့။ အားလံုး တညီတၫြတ္တည္း ေျဖတဲ့ အေျဖကေတာ့ ၿမိဳ႕ထဲက စိန္ေရႊရတနာ ဆုိင္ေတြကုိ တန္ဖိုးႀကီးတာေတြ ထုတ္မျပဖို႔ ႀကိဳတင္ အေၾကာင္းၾကား ရလိမ့္မယ္ဆုိတဲ့ အေျဖရပါတယ္။ ဒါနဲ႔ သက္ဆုိင္သူေတြက ၿမိဳ႕ထဲက ေထာင္ကဲေတြကုိ လိုက္ေျပာရတာေပါ့။ မနက္ဖန္ သမီးေတာ္ေတြ ေစ်း၀ယ္ထြက္မယ္။ ဆုိင္မွာ တန္ဖိုးႀကီးတာေတြ မျပပါနဲ႔ေပါ့။ ဒါေပမဲ့ တစ္ကမၻာလံုးမွာ စီးပြားရွာစားေနတဲ့ ေထာင္ကဲေတြ၊ ေပါက္ေဖာ္ေတြကေတာ့ ဒီသတင္းကုိ ေျပာင္းျပန္ သေဘာေပါက္လိုက္ ၾကပါတယ္။
သမီးေတာ္ေတြ ကားကုိယ္စီ၊ ေမာင္းမိမိႆံ ကုိယ္စီနဲ႔ ေရႊမႏၲေလးရဲ႕ နာမည္ႀကီး စိန္ေရႊရတနာ ဆုိင္ေတြကုိ တစ္ဆုိင္ၿပီး တစ္ဆုိင္ လွည့္လည္ခ်ိန္မွာေတာ့ ေပါက္ေဖာ္ႀကီးေတြ၊ ေထာင္ကဲႀကီးေတြကုိ တန္ဖိုးႀကီးေပ့ဆုိတဲ့ ရတနာ ပစၥည္းေတြကုိ ေစ်းပါတင္ၿပီး ျပၾကပါေတာ့တယ္။ သူတုိ႔အခ်င္းခ်င္း သိတာက ဒီေငြကုိ တုိင္းမွဴးက ရွင္းမယ္ဆုိတာရယ္၊ သမီးေတာ္ေတြက ႀကိဳက္တာကုိ ေကာက္ပဲ ယူသြားတာ ဘယ္ေတာ့မွ ေစ်းမဆစ္ဘူးဆုိတာ ရယ္ေပါ့ဗ်ာ။
ဒီေတာ့ကာ ျပင္ဦးလြင္ မတက္ခင္ မႏၲေလးမွာ တစ္ေန႔တာ ခရီးနားတဲ့ အခ်ိန္မွာ ေစ်း၀ယ္ထြက္တဲ့ စာရင္းက ေနာက္ေန႔မွာ တုိင္းမွဴးကေတာ္ လက္ထဲ ေရာက္လုိ႔လာပါၿပီ။ ေငြပမာဏကုိ ျမင္လုိက္တာနဲ႔ တုိင္းမွဴးကေတာ္ ေရွာ့ခ္ျဖစ္သြားပါတယ္။ ေဘးက အရိပ္အျခည္ ၾကည့္ေနတဲ့ တပ္မွဴးကေတာ္ေတြက ေျခမခ်ဳိးတဲ့သူနဲ႔ ႏွာေခါင္းကုိ ႐ွဴေဆးေတ့ေပးသူနဲ႔ လုပ္မွ ဟင္း…ဆုိၿပီး သက္မႀကီးခ်လို႔ သတိျပန္လည္ လာပါတယ္။
ၿပီးေတာ့မွ သူ႔လက္ထဲမွာ က်စ္က်စ္ပါေအာင္ ဆုပ္ထားတဲ့ ေငြစာရင္းကုိ ျပန္ၾကည့္ၿပီး အလယ္ပုိင္းတုိင္းက ရိပ္သာထဲမွာ ေဆာင့္ေၾကာင့္ထုိင္ၿပီး ငုိႀကီးခ်က္မ ျဖစ္ေတာ့တာပါပဲ။ သူ႔လက္ထဲမွာ ကုိင္ထားတဲ့ တစ္ရက္တာ ေစ်း၀ယ္စာရင္းက ဘယ္ေလာက္လုိ႔ ထင္ၾကပါသလဲ။ က်ပ္သိန္းေပါင္း တစ္ေသာင္းေက်ာ္ (အေမရိကန္ ေဒၚလာနဲ႔ဆုိ ေဒၚလာ တစ္သန္းေက်ာ္) ျဖစ္ေနလို႔ပါ။
ဒီေငြဟာ ဘယ္နည္းနဲ႔ျဖစ္ျဖစ္ တုိင္းမွဴးက ရွင္းေပးဖို႔ တာ၀န္ရွိတယ္ဆုိတာ အာဏာရွင္ေခတ္ တစ္ေလွ်ာက္လံုး သိလာၾကေလေတာ့ တစ္နည္းနည္းနဲ႔ေတာ့ ရွင္းရမွာ ျဖစ္ပါတယ္။ သမီးေတာ္ေတြ ေစ်း၀ယ္တာ သိန္းေလးရာေက်ာ္ ေနတယ္။ ကၽြန္ေတာ္ ဘယ္ပုိက္ဆံနဲ႔ ရွင္းရမလဲဆုိတဲ့ ျမန္မာျပည္ ေအာက္ပုိင္းက တုိင္းမွဴးကုိ က်န္းမာေရး အေၾကာင္းျပၿပီး ျဖဳတ္ထားတာကလည္း ေရွ႕မွာ စံနမူနာ ျဖစ္ေလေတာ့ ေနာက္ဆံုးမွာ မႏၲေလး ၿမိဳ႕သစ္ကုိ ထပ္မံတုိးခ်ဲ႕ၿပီး ေျမကြက္ေတြ ထပ္ေဖာ္ ရေတာ့တာေပါ့။ အဲဒီေျမကြက္ေတြကုိ တ႐ုတ္ေတြကုိ ေရာင္းၿပီးမွ သမီးေတာ္ေတြ ေစ်း၀ယ္ခဲ့တဲ့ စိန္ေရႊရတနာ ဆုိင္ေတြကုိ အေႂကြးျပန္ဆပ္ရပါတယ္။ ဒီလို လယ္ေတြသိမ္း၊ ေျမကြက္ေတြ ေဖာ္တာကုိ ဘယ္သူကမွ အေရးမယူတဲ့ အတြက္ တုိင္းမွဴးစိတ္ထဲမွာ သမီးေတာ္ေတြက သူ႔ကုိ ဘယ္လုိ စားကြက္ေတြ မႏၲေလးမွာ ရွိတယ္ဆုိတာ ျပသြားတယ္လုိ႔ေတာင္ တစိမ့္စိမ့္ေတြးရင္း ေက်နပ္စိတ္ေတြ၊ သမီးေတာ္ေတြကုိ ၾကည္ညိဳတဲ့ စိတ္ေတြ တဖြားဖြား ေပၚေနပါေတာ့တယ္။ ဒါေၾကာင့္ သိမ္းလုိ႔ရတာ အကုန္သိမ္း၊ ေဆာက္လုိ႔ရတာ အကုန္ေဆာက္ မူ၀ါဒ ခ်မွတ္ၿပီး မႏၲေလးၿမိဳ႕ႀကီးကုိ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ စိန္႔တုိင္းသားေတြ လက္ထဲ ၀ကြက္ အပ္လုိက္ပါေတာ့တယ္။
အလြန္ ေအးပါတယ္။ အလြန္ ႐ုိးပါတယ္။ ေတာသားႀကီးအတုိင္း ပါပဲလုိ႔ နာမည္ရတဲ့ တုိင္းမွဴးဟာ အဲဒီအခ်ိန္ကစၿပီး ေျမကြက္ ေဖာ္ထုတ္ဖို႔နဲ႔ ေျမကြက္ေတြ ေရာင္းဖုိ႔ပဲ ႀကိဳးစားအားထုတ္ ပါေတာ့တယ္။ ေနာက္ဆံုးမွာ လက္ရဲဇက္ရဲ ျဖစ္လာၿပီး ေရႊတစ္ေခ်ာင္း ေျမာင္းေပၚမွာေတာင္ ကြန္ကရစ္ခင္းၿပီး ေစ်းဆုိင္ေတြကုိ ေျပာင္းေရႊ႕ေနရာ ခ်တဲ့အထိ ျဖစ္လာတယ္။ မူလေစ်းကုိေတာ့ သူနဲ႔ လက္၀ါးခ်င္း ႐ုိက္ထားတဲ့ ကန္ထ႐ုိက္လက္ထဲ ထုိးအပ္လုိက္တာေပါ့ေလ။
သူ႔ကုိလည္း သိပ္ေတာ့ အျပစ္ ေျပာလုိ႔မရေပဘူး။ သမီးေတာ္ေတြက မႏၲေလးကုိ ဂဒီးဂဒီး လာေနတာကုိး။ သူ႔မွာလည္း ေစ်းဖုိးရွာရင္း သူ႔အတြက္ပါေရာ ရွာေနရတာ မဟုတ္လား။ တကယ္ေတာ့ မႏၲေလးၿမိဳ႕ႀကီး အခုလို ေခတ္မီ အေဆာက္အဦးေတြ ေပၚလာတာ သမီးေတာ္ေတြကုိ ေက်းဇူးတင္သင့္တယ္။ ဘာလုိ႔လဲဆုိေတာ့ သူတုိ႔ေစ်းဖုိး အတြက္ မႏၲေလးမွာ ၿမိဳ႕သစ္က အႀကီးႀကီး ေပၚလာတယ္။ ၿမိဳ႕ထဲက အေဆာက္အဦးေတြကုိ ကန္ထ႐ုိက္ စနစ္နဲ႔ အသစ္ ျပန္ေဆာက္ၾကရတယ္။ ၀မ္းနည္းစရာ ေကာင္းတာ တစ္ခုကေတာ့ အဲဒီအထဲမွာ ျမန္မာတုိင္းရင္းသား စစ္စစ္ေတြ ပုိင္တာ တစ္ခုမွ မရွိေတာ့တာပါပဲ။ ဒီေတာ့ မႏၲေလးၿမိဳ႕ႀကီးကုိ စိန္႔တုိင္းသားေတြ လက္ထဲ ၀ကြက္ အပ္လိုက္ရတဲ့ တရားခံကေတာ့ စိန္ေရႊရတနာကုိ အလြန္မက္တဲ့ သမီးေတာ္ေတြ လက္ခ်က္ဟာ အဓိကပါပဲ။
ေနာက္ပုိင္းမွာ အဲဒီတုိင္းမွဴးကုိ ေတာ္လွခ်ည္ရဲ႕ဆုိၿပီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးရာထူး တုိးေပးလုိက္ေပမယ့္ ေျမကြက္ အရသာ သိသြားတဲ့ အဲဒီ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးက ေနာက္ေရာက္တဲ့ ေနရာမွာပါ ေျမကြက္ေတြ ကုလားဖန္ထုိးတာ မ်ားသြားၿပီး သမီးေတာ္ေတြနဲ႔ ေပါက္ေရာက္တဲ့ မိသားစုတစ္စု ပုိင္တာကုိ သိမ္းမိရက္သား ျဖစ္သြားတယ္။ ဒီအတြက္ ျပစ္ဒဏ္ကေတာ့ ရာထူးက ထုတ္ပယ္ ပစ္လုိက္တာပါပဲ။
သူ႔လက္ေအာက္က တုိင္းမွဴးေပါက္စ တစ္ေယာက္လည္း ဘုမသိ ဘမသိ ေရာေယာင္ ပါသြားေလရဲ႕။ ေျပာရရင္ သမီးေတာ္ေတြရဲ႕ ရာဇ၀င္မွာ ေထာက္ထားျခင္း၊ ငဲ့ညႇာျခင္း၊ သနားျခင္း၊ ကုိယ္ခ်င္းစာျခင္း လံုး၀ မရွိဘူးဆုိတာပါပဲ။ ဒါနဲ႔ ပတ္သက္ၿပီး ေျပာရရင္ ၁၉၉၄ ခုႏွစ္မွာ သမီးေတာ္ေတြ အဂၤလိပ္စာ သင္ခ်င္တယ္ဆုိလုိ႔ ႏုိင္ငံျခားဘာသာ သိပံၸက အဂၤလိပ္ကျပား ဆရာမႀကီး တစ္ေယာက္ကုိ တာ၀န္ ခ်လုိက္ပါတယ္။
သမီးေတာ္ေတြရဲ႕ အိမ္ေတာ္မွာ စာသြားသင္ဖို႔ပါ။ ဒီဆရာမႀကီး ခင္မ်ာ သူ႔ရဲ႕အျပင္မွာ သင္ေနတဲ့ အဂၤလိပ္စာ သင္တန္းေတြပါ ဖ်က္ၿပီး ပုိက္ဆံ တစ္ျပားတစ္ခ်ပ္မွ မရဘဲ သြားသြား သင္ေပးရတယ္။ အဲဒီလို သင္ဖုိ႔ ပထမဆံုးေန႔မွာပဲ သမီးေတာ္ေတြက ဒီအိမ္မွာ သင္ေပးရတယ္ဆုိၿပီး ဘာအခြင့္အေရးမွ ရမယ္ မထင္ပါနဲ႔။ ဒီအိမ္မွာ သင္ခြင့္ရတာကုိပဲ ဂုဏ္ယူပါလုိ႔ စစခ်င္း ေဆာက္နဲ႔ထြင္းပါတယ္။ ဆရာမႀကီးက စိတ္ေတြဆုိးေပမယ့္ ဘာတတ္ႏုိင္မွာလဲဗ်ာ။ ေနာက္ဆံုးေတာ့ စာသင္ရင္း မဟုတ္မခံ ဆရာမႀကီးကုိ ဘာေတြ ဘ၀င္မက်လည္း မသိပါဘူး။ ထား၀ယ္ကုိ ေျပာင္းေရႊ႕ခြင့္ အမိန္႔ ထြက္လာတယ္။ ဆရာမႀကီးမွာ အသက္ႀကီးမွ မိသားစုနဲ႔ခဲြၿပီး ထား၀ယ္ကုိ သံုးႏွစ္ ေရာက္သြား ရေလရဲ႕။ ေျပာရရင္ေတာ့ သမီးေတာ္ ရာဇ၀င္ကေတာ့ ျမန္မာႏုိင္ငံရဲ႕ တစ္ေထာင့္ တစ္ည ပံုျပင္ပါပဲဗ်ာ။
လက္ေစာင္းထက္
Tomorrow Journal
.................
တစ်ရက်ထဲမှာ သိန်းတစ်သောင်းကျော်ဖိုး စျေးဝယ်တဲ့ သမီးတော်ထော်
မန္တလေးနန်းမြို့တည် မင်းတုန်းမင်း တရားကြီးကို စိတ်အဆိုးဆုံးသူတွေ ပြပါဆိုရင် မန္တလေး နန်းမြို့ထဲက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ အရာရှိတွေကို ပြရပါလိမ့်မယ်။ မန္တလေးကို မြို့တည်ခဲ့တဲ့ အတွက် သမီးတော်တွေ ပြင်ဦးလွင်တက်တိုင်း မန္တလေးဟာ ခရီးတစ်ထောက်နားရာ စျေးဝယ်ရာ မြို့ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်လည်း သမီးတော်တွေ စုံညီကြွမြန်းလို့ လာပြန်ပါပြီ။
နှစ်အနေနဲ့ ပြောရရင် ၂၀၀၇ခုနှစ်ပေါ့။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်း အသစ်စက်စက် တိုင်းမှူးလေးဆိုတော့ တိုင်းမှူးရဲ့ ဂါရဝတရားဆိုတဲ့ အရိုအသေပေးမယ့် အတိုင်းအတာနဲ့ ခန္တီစဆိုတဲ့ သည်းခံနိုင်ခြင်း ဒီဂရီကို သမီးတော်တွေက စမ်းသပ်ကြတော့မှာ ဖြစ်ပါတယ်။ တိုင်းမှူးအသစ်လေးက ၀ါရင့်သမ္ဘာရင့် ဒုတိုင်းမှူးနဲ့ စစ်ဦးစီးမှူးတွေကို သမီးတော်တွေလာရင် ဘာတွေဆောင်ရမယ် မေးရတော့တာပေါ့။ အားလုံး တညီတညွတ်တည်း ဖြေတဲ့ အဖြေကတော့ မြို့ထဲက စိန်ရွှေရတနာ ဆိုင်တွေကို တန်ဖိုးကြီးတာတွေ ထုတ်မပြဖို့ ကြိုတင် အကြောင်းကြား ရလိမ့်မယ်ဆိုတဲ့ အဖြေရပါတယ်။ ဒါနဲ့ သက်ဆိုင်သူတွေက မြို့ထဲက ထောင်ကဲတွေကို လိုက်ပြောရတာပေါ့။ မနက်ဖန် သမီးတော်တွေ စျေးဝယ်ထွက်မယ်။ ဆိုင်မှာ တန်ဖိုးကြီးတာတွေ မပြပါနဲ့ပေါ့။ ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ စီးပွားရှာစားနေတဲ့ ထောင်ကဲတွေ၊ ပေါက်ဖော်တွေကတော့ ဒီသတင်းကို ပြောင်းပြန် သဘောပေါက်လိုက် ကြပါတယ်။
သမီးတော်တွေ ကားကိုယ်စီ၊ မောင်းမိမိဿံ ကိုယ်စီနဲ့ ရွှေမန္တလေးရဲ့ နာမည်ကြီး စိန်ရွှေရတနာ ဆိုင်တွေကို တစ်ဆိုင်ပြီး တစ်ဆိုင် လှည့်လည်ချိန်မှာတော့ ပေါက်ဖော်ကြီးတွေ၊ ထောင်ကဲကြီးတွေကို တန်ဖိုးကြီးပေ့ဆိုတဲ့ ရတနာ ပစ္စည်းတွေကို စျေးပါတင်ပြီး ပြကြပါတော့တယ်။ သူတို့အချင်းချင်း သိတာက ဒီငွေကို တိုင်းမှူးက ရှင်းမယ်ဆိုတာရယ်၊ သမီးတော်တွေက ကြိုက်တာကို ကောက်ပဲ ယူသွားတာ ဘယ်တော့မှ စျေးမဆစ်ဘူးဆိုတာ ရယ်ပေါ့ဗျာ။
ဒီတော့ကာ ပြင်ဦးလွင် မတက်ခင် မန္တလေးမှာ တစ်နေ့တာ ခရီးနားတဲ့ အချိန်မှာ စျေးဝယ်ထွက်တဲ့ စာရင်းက နောက်နေ့မှာ တိုင်းမှူးကတော် လက်ထဲ ရောက်လို့လာပါပြီ။ ငွေပမာဏကို မြင်လိုက်တာနဲ့ တိုင်းမှူးကတော် ရှော့ခ်ဖြစ်သွားပါတယ်။ ဘေးက အရိပ်အခြည် ကြည့်နေတဲ့ တပ်မှူးကတော်တွေက ခြေမချိုးတဲ့သူနဲ့ နှာခေါင်းကို ရှူဆေးတေ့ပေးသူနဲ့ လုပ်မှ ဟင်း…ဆိုပြီး သက်မကြီးချလို့ သတိပြန်လည် လာပါတယ်။
ပြီးတော့မှ သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ငွေစာရင်းကို ပြန်ကြည့်ပြီး အလယ်ပိုင်းတိုင်းက ရိပ်သာထဲမှာ ဆောင့်ကြောင့်ထိုင်ပြီး ငိုကြီးချက်မ ဖြစ်တော့တာပါပဲ။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ တစ်ရက်တာ စျေးဝယ်စာရင်းက ဘယ်လောက်လို့ ထင်ကြပါသလဲ။ ကျပ်သိန်းပေါင်း တစ်သောင်းကျော် (အမေရိကန် ဒေါ်လာနဲ့ဆို ဒေါ်လာ တစ်သန်းကျော်) ဖြစ်နေလို့ပါ။
ဒီငွေဟာ ဘယ်နည်းနဲ့ဖြစ်ဖြစ် တိုင်းမှူးက ရှင်းပေးဖို့ တာဝန်ရှိတယ်ဆိုတာ အာဏာရှင်ခေတ် တစ်လျှောက်လုံး သိလာကြလေတော့ တစ်နည်းနည်းနဲ့တော့ ရှင်းရမှာ ဖြစ်ပါတယ်။ သမီးတော်တွေ စျေးဝယ်တာ သိန်းလေးရာကျော် နေတယ်။ ကျွန်တော် ဘယ်ပိုက်ဆံနဲ့ ရှင်းရမလဲဆိုတဲ့ မြန်မာပြည် အောက်ပိုင်းက တိုင်းမှူးကို ကျန်းမာရေး အကြောင်းပြပြီး ဖြုတ်ထားတာကလည်း ရှေ့မှာ စံနမူနာ ဖြစ်လေတော့ နောက်ဆုံးမှာ မန္တလေး မြို့သစ်ကို ထပ်မံတိုးချဲ့ပြီး မြေကွက်တွေ ထပ်ဖော် ရတော့တာပေါ့။ အဲဒီမြေကွက်တွေကို တရုတ်တွေကို ရောင်းပြီးမှ သမီးတော်တွေ စျေးဝယ်ခဲ့တဲ့ စိန်ရွှေရတနာ ဆိုင်တွေကို အကြွေးပြန်ဆပ်ရပါတယ်။ ဒီလို လယ်တွေသိမ်း၊ မြေကွက်တွေ ဖော်တာကို ဘယ်သူကမှ အရေးမယူတဲ့ အတွက် တိုင်းမှူးစိတ်ထဲမှာ သမီးတော်တွေက သူ့ကို ဘယ်လို စားကွက်တွေ မန္တလေးမှာ ရှိတယ်ဆိုတာ ပြသွားတယ်လို့တောင် တစိမ့်စိမ့်တွေးရင်း ကျေနပ်စိတ်တွေ၊ သမီးတော်တွေကို ကြည်ညိုတဲ့ စိတ်တွေ တဖွားဖွား ပေါ်နေပါတော့တယ်။ ဒါကြောင့် သိမ်းလို့ရတာ အကုန်သိမ်း၊ ဆောက်လို့ရတာ အကုန်ဆောက် မူဝါဒ ချမှတ်ပြီး မန္တလေးမြို့ကြီးကို ဆောက်လုပ်ရေး လုပ်ငန်းရှင် စိန့်တိုင်းသားတွေ လက်ထဲ ၀ကွက် အပ်လိုက်ပါတော့တယ်။
အလွန် အေးပါတယ်။ အလွန် ရိုးပါတယ်။ တောသားကြီးအတိုင်း ပါပဲလို့ နာမည်ရတဲ့ တိုင်းမှူးဟာ အဲဒီအချိန်ကစပြီး မြေကွက် ဖော်ထုတ်ဖို့နဲ့ မြေကွက်တွေ ရောင်းဖို့ပဲ ကြိုးစားအားထုတ် ပါတော့တယ်။ နောက်ဆုံးမှာ လက်ရဲဇက်ရဲ ဖြစ်လာပြီး ရွှေတစ်ချောင်း မြောင်းပေါ်မှာတောင် ကွန်ကရစ်ခင်းပြီး စျေးဆိုင်တွေကို ပြောင်းရွှေ့နေရာ ချတဲ့အထိ ဖြစ်လာတယ်။ မူလစျေးကိုတော့ သူနဲ့ လက်ဝါးချင်း ရိုက်ထားတဲ့ ကန်ထရိုက်လက်ထဲ ထိုးအပ်လိုက်တာပေါ့လေ။
သူ့ကိုလည်း သိပ်တော့ အပြစ် ပြောလို့မရပေဘူး။ သမီးတော်တွေက မန္တလေးကို ဂဒီးဂဒီး လာနေတာကိုး။ သူ့မှာလည်း စျေးဖိုးရှာရင်း သူ့အတွက်ပါရော ရှာနေရတာ မဟုတ်လား။ တကယ်တော့ မန္တလေးမြို့ကြီး အခုလို ခေတ်မီ အဆောက်အဦးတွေ ပေါ်လာတာ သမီးတော်တွေကို ကျေးဇူးတင်သင့်တယ်။ ဘာလို့လဲဆိုတော့ သူတို့စျေးဖိုး အတွက် မန္တလေးမှာ မြို့သစ်က အကြီးကြီး ပေါ်လာတယ်။ မြို့ထဲက အဆောက်အဦးတွေကို ကန်ထရိုက် စနစ်နဲ့ အသစ် ပြန်ဆောက်ကြရတယ်။ ၀မ်းနည်းစရာ ကောင်းတာ တစ်ခုကတော့ အဲဒီအထဲမှာ မြန်မာတိုင်းရင်းသား စစ်စစ်တွေ ပိုင်တာ တစ်ခုမှ မရှိတော့တာပါပဲ။ ဒီတော့ မန္တလေးမြို့ကြီးကို စိန့်တိုင်းသားတွေ လက်ထဲ ၀ကွက် အပ်လိုက်ရတဲ့ တရားခံကတော့ စိန်ရွှေရတနာကို အလွန်မက်တဲ့ သမီးတော်တွေ လက်ချက်ဟာ အဓိကပါပဲ။
နောက်ပိုင်းမှာ အဲဒီတိုင်းမှူးကို တော်လှချည်ရဲ့ဆိုပြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာထူး တိုးပေးလိုက်ပေမယ့် မြေကွက် အရသာ သိသွားတဲ့ အဲဒီ ဒုတိယ ဗိုလ်ချုပ်ကြီးက နောက်ရောက်တဲ့ နေရာမှာပါ မြေကွက်တွေ ကုလားဖန်ထိုးတာ များသွားပြီး သမီးတော်တွေနဲ့ ပေါက်ရောက်တဲ့ မိသားစုတစ်စု ပိုင်တာကို သိမ်းမိရက်သား ဖြစ်သွားတယ်။ ဒီအတွက် ပြစ်ဒဏ်ကတော့ ရာထူးက ထုတ်ပယ် ပစ်လိုက်တာပါပဲ။
သူ့လက်အောက်က တိုင်းမှူးပေါက်စ တစ်ယောက်လည်း ဘုမသိ ဘမသိ ရောယောင် ပါသွားလေရဲ့။ ပြောရရင် သမီးတော်တွေရဲ့ ရာဇဝင်မှာ ထောက်ထားခြင်း၊ ငဲ့ညှာခြင်း၊ သနားခြင်း၊ ကိုယ်ချင်းစာခြင်း လုံးဝ မရှိဘူးဆိုတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ပြောရရင် ၁၉၉၄ ခုနှစ်မှာ သမီးတော်တွေ အင်္ဂလိပ်စာ သင်ချင်တယ်ဆိုလို့ နိုင်ငံခြားဘာသာ သိပ္ပံက အင်္ဂလိပ်ကပြား ဆရာမကြီး တစ်ယောက်ကို တာဝန် ချလိုက်ပါတယ်။
သမီးတော်တွေရဲ့ အိမ်တော်မှာ စာသွားသင်ဖို့ပါ။ ဒီဆရာမကြီး ခင်မျာ သူ့ရဲ့အပြင်မှာ သင်နေတဲ့ အင်္ဂလိပ်စာ သင်တန်းတွေပါ ဖျက်ပြီး ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မရဘဲ သွားသွား သင်ပေးရတယ်။ အဲဒီလို သင်ဖို့ ပထမဆုံးနေ့မှာပဲ သမီးတော်တွေက ဒီအိမ်မှာ သင်ပေးရတယ်ဆိုပြီး ဘာအခွင့်အရေးမှ ရမယ် မထင်ပါနဲ့။ ဒီအိမ်မှာ သင်ခွင့်ရတာကိုပဲ ဂုဏ်ယူပါလို့ စစချင်း ဆောက်နဲ့ထွင်းပါတယ်။ ဆရာမကြီးက စိတ်တွေဆိုးပေမယ့် ဘာတတ်နိုင်မှာလဲဗျာ။ နောက်ဆုံးတော့ စာသင်ရင်း မဟုတ်မခံ ဆရာမကြီးကို ဘာတွေ ဘဝင်မကျလည်း မသိပါဘူး။ ထားဝယ်ကို ပြောင်းရွှေ့ခွင့် အမိန့် ထွက်လာတယ်။ ဆရာမကြီးမှာ အသက်ကြီးမှ မိသားစုနဲ့ခွဲပြီး ထားဝယ်ကို သုံးနှစ် ရောက်သွား ရလေရဲ့။ ပြောရရင်တော့ သမီးတော် ရာဇဝင်ကတော့ မြန်မာနိုင်ငံရဲ့ တစ်ထောင့် တစ်ည ပုံပြင်ပါပဲဗျာ။
လက်စောင်းထက်
Tomorrow Journal
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment