Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 30, 2015

ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း ( အပိုင္း ၁၅)

အဝတ္အစားထားေသာ အခန္းအတြင္းသို႔ဝင္ကာ လက္ႏွိပ္ဓာတ္မီးျဖင့္ နာရီၾကည့္သည္။ ည ၁၀ နာရီတိတိ ။ အတြင္းတြင္ အေကာင္းစား ညေနဝတ္စံုႏွင့္ အေနာက္တိုင္းဝတ္စံုမ်ား ခ်ိတ္ဆြဲထားသည္။

အခန္းအေနာက္ဆံုး ကန္႔လန္႔အေနာက္တြင္ ဝင္ကာ ပုန္းေနလိုက္သည္။ အခန္းရွင္ ျပန္လာၿပီး အိပ္မေပ်ာ္သည့္တိုင္ ေစာင့္ရမည့္ အေျခအေနျဖစ္သည္။ အျခားေနရာမ်ားႏွင့္ ႏႈိင္းစာလွ်င္ ယခုေနရာသည္ အသင့္ေတာ္ဆံုး ျဖစ္သည္ဟု ယူဆရသည္။

၁ နာရီေက်ာ္ၾကာသြားသည္အထိ ထူးျခားမႈမရွိ။ ကြ်န္မ ကိုယ့္ဘဝ အေၾကာင္းမ်ားကို ျပန္စဥ္းစားရင္း အေတြးနယ္ခ်ဲ႕ေနမိသည္။ ရုတ္တရတ္ အိပ္ခန္းတံခါး ဖြင့္သံေၾကာင့္ ကြ်န္မ အေတြးအလ်ဥ္ေၾကာ ျပတ္သြားသည္။ အခန္းမီးပြင့္လာသည္ကို တံခါးၾကားမွ ျမင္ရသည္။ ေျခသံႏွင့္ စကားေျပာသံမ်ား ၾကားရ၏။ သူတို႔သည္ ဂ်ပန္ဘာသာျဖင့္ ေျပာဆိုေနၾကသည္။ သို႔ေသာ္ သူတို႔စကားသံကို အေသအခ်ာ မၾကားရသျဖင့္ ဘာေျပာေနမွန္းမသိ။

ကြ်န္မသည္ အခန္း၏ ေနာက္ဘက္သို႔ ပိုမိုေရႊ႕သြားကာ နံရံတြင္ ကပ္ေနလိုက္သည္။ ရင္ခုန္ႏႈန္းမွာလည္း ျမန္လိုက္သည့္ျဖစ္ျခင္း ေပါက္ထြက္သြားေတာ့မည့္အလား ေအာက္ေမ့ရသည္။ AK-47 ေမာင္းျပန္ကို အသင့္ျပင္လိုက္သည္။

အမ်ဴ ိးသမီး၏အသံက ပိုမိုက်ယ္ေလာင္လာသည္။ အခန္းငယ္၏မီး ရုတ္တရတ္ လင္းသြားသည္။ ခ်ိတ္ဆြဲထားေသာ အဝတ္အထည္မ်ားက ကြယ္ေနသည့္တိုင္ ကြ်န္မ မ်က္လံုးမ်ား ျပာေဝသြား၏။

အမ်ဴ ိးသမီးက ရယ္ေမာရင္း ေျပာေနသည္ကို ကြ်န္မေကာင္းေကာင္း သေဘာမေပါက္။ ကိုင္ရိုၿမိဳ႕တြင္ ေျခာက္လတာ ေနထိုင္ခဲ့စဥ္ ဒုကၡေရာက္ခဲ့သည့္အေၾကာင္း ေျပာေနသည္ဟု ထင္သည္။

ခ်ိတ္ဆြဲထားေသာ အဝတ္အထည္မ်ားကို တြန္းလိုက္ပံရသည္။ အဝတ္မ်ားက ကြ်န္မရွိရာသို႔ ေရြ႕လာသည္။ အဝတ္အစားလဲေနသံကို ၾကားရသည္။ ေနာက္ထပ္ အဝတ္တစ္ထည္ကို ယူလိုက္ဟန္တူသည္။ မီးမွိတ္သြားသည္။ အမ်ဴ ိးသား လည္း အဝတ္အစား လာယူႏိုင္သျဖင့္ ကြ်န္မက သတိအေနအထားျဖင့္ ေစာင့္ေနသည္။ သို႔ေသာ္ ေပၚမလာ။

အခန္းမီးမွိတ္သြားၿပီး အတန္ၾကာသြားသည္။ တိတ္ဆိတ္ေနသည္။ သူတို႔ အိပ္ေပ်ာ္သြားသည္အထိ ေစာင့္ရမည္။ အနည္းဆံုး နာရီဝက္မွ် ေစာင့္ဆိုင္းရန္ လိုသည္။ နံရံကို ေခါင္းမွီလ်က္ ကြ်န္မမ်က္လံုးမ်ားကို မွိတ္လိုက္သည္။ စိတ္လႈပ္ရွားေနသျဖင့္ စိတ္ၿငိမ္ရန္ ႀကိဳးစားျခင္းျဖစ္သည္။

မည္သည့္ အသံမွ အိပ္ခန္းဆီမွ မၾကားရေသာအခါ ကြ်န္မ တံခါးဝဆီသို႔ ျဖည္းညင္းစြာ ကပ္သြားသည္။ အတန္ငယ္ ဟေနေသာ တံခါးၾကားမွ အသံဗလံမ်ားကို နားစြင့္သည္။ မည္သည့္အသံမွ မၾကားရသျဖင့္ တံခါးဖြင့္ၿပီး အျပင္သို႔ ထြက္သည္။ ေမွာင္ေနေသာ အခန္းတြင္း ရွိေနေသာ အရာမ်ားကို သဲကြဲစြာျမင္ရန္ စကၠန္႔ အနည္းငယ္ၾကာသည္။ ၂ ေယာက္အိပ္ကုတင္သည္ ကြ်န္မႏွင့္ ၁၅ ေပခန္႔ အကြာတြင္ ရွိသည္။ ခုတင္ေပၚတြင္ အိပ္ေနသည့္ သ႑ာန္ ႏွစ္ခုကို မထင္မရွား ေတြ႕ရသည္။
အမ်ဴ ိးသားက တေခါေခါ ေဟာက္ေနသည္။

ကြ်န္မက တံခါးဝဘက္သို႔ ဦးတည္လိုက္သည္။ ေနာက္မွ အသံၾကားသျဖင့္ ခ်ာခနဲ လွည့္ၾကည့္လိုက္သည္။ သူမက လက္ႏွစ္ဖက္ျဖင့္ မ်က္ႏွာကို အုပ္ထားသည္။ သံုးေလးေပအကြာသို႔ ကြ်န္မအေရာက္တြင္ သူမသည္ လက္ႏွစ္ဖက္ကို ေအာက္ခ်ၿပီး ၿပံဳးလ်က္-
"ဟုတ္ၿပီ။ အခု ငါတို႔ ႏွစ္ေယာက္ဟာ ေသသြားၿပီ။ ဒါမွမဟုတ္ သတိလစ္ေမ့ေျမာသြားၿပီလို႔ မွတ္လိုက္ေတာ့။ မင္းလုပ္စရာရွိတာ ဆက္လုပ္ေပေတာ့"ဟု ကိုးရီးယား ဘာသာျဖင့္ ေျပာသည္။ သူမကပင္ ဆက္၍ "မင္းေရာက္လာမယ္ ဆိုတာ ငါတို႔ေမွ်ာ္လင့္ေနတာ အုတ္ဟြာ။ မင္းကံေကာင္းပါေစ"

အမ်ဴ ိးသားမွာ ေဟာက္ေကာင္းဆဲ။ မည္သုိ႔ ျဖစ္ပ်က္ခဲ့သည္ကို သိပံုမေပၚ။

ေသနတ္ကို ကိုင္လ်က္ ကြ်န္မ အျပင္သို႔ ထြက္လာသည္။ အခန္းတြင္းရွိ မီးမိွတ္သြားသည္။ ေလွကားဆီသို႔ ေျခေဖာ့လ်က္ ေလွ်ာက္သြားသည္။ ေလွကားအဆံုးတြင္ ဧည့္ႀကိဳခန္းမက ရွိေနသည္။ အသံတိတ္ကိရိယာ တပ္ထားေသာ ပစၥတိုကို ကြ်န္မ အသင့္ကိုင္ထားသည္။

အဝင္ခန္းမ ေကာင္တာတြင္ ထိုင္ေနေသာ အေစာင့္တေယာက္ႏွင့္ ပက္ပင္းတိုးေတာ့သည္။ သူ႔အား ေသနတ္ျဖင့္ ဆက္တ္ုိက္ ပစ္ခ်လိုက္သည္။ သူ႔အက်ီ ၤႏွင့္ ဝဲဘက္ပါးတြင္ အေရာင္မ်ား စြန္းထင္းကုန္သည္။ သူက ကြ်န္မအား ၿပံဳးလ်က္ ဒူးေထာက္ကာ လဲခ်လိုက္သည္။

ဧည့္ႀကိဳခန္း၏ တစ္ဖက္တစ္ခ်က္တြင္ တံခါးမ်ားက တန္းစီရွိေနသည္။ ဝဲဘက္အစြန္ဆံုးရွိ တံခါးမွာ စာၾကည့္ခန္းျဖစ္သည္။ တံခါးေအာက္မွာ အလင္းေရာင္ ထြက္ေနသည့္ အတြက္ မည္သူမွ် မရွိႏိုင္ဟု ယူဆရသည္။

အေပၚသို႔ ေမာ့ၾကည့္လိုက္ေသာအခါ ေစာင့္ၾကည့္ကင္မရာ တစ္လံုးက ေဝ့ဝိုက္ေရြ႕ရွားကာ တစ္ခန္းလံုးကို လွည့္ပတ္ေစာင့္ၾကည့္ေနသည္ကို ေတြ႕ရသည္။ ကင္မရာက ကြ်န္မရွိရာသို႔ ဦးတည္လာခါနီး ဒိုင္ဗင္ထိုးကာ ကင္မရာျမင္ကြင္း လြတ္ရာ နံရံသို႔ ကပ္လိုက္သည္။ ေစာေစာစီးစီးကပင္ ကင္မရာရွိ မရွိ စစ္ေဆးသင့္ေသာ္လည္း ကြ်န္မ သတိလြတ္သြားခဲ့သည္။ ေနာက္တႀကိမ္ ထိုသို႔အမွားမ်ဴ ိး အျဖစ္ခံမည္မဟုတ္။

စာၾကည့္တိုက္ အခန္းတံခါးသည္ ေသာ့ခတ္ထားသည္။ အိတ္ထဲမွ ေသာ့ဝိဇၨာကိုထုတ္ကာ ေသာ့ေပါက္ကို ကလိရသည္။ အခ်ိန္အေတာ္ၾကာမွ တံခါးပြင့္သြားသည္။ လက္ႏွိပ္ဓာတ္မီးကို ထုတ္ကာ အခန္းကို လွည့္ပတ္ထိုးၾကည့္သည္။ ကြ်န္မအား ေပးထားေသာ အေဆာက္အအံုေျမပံုအရ ဆိုလွ်င္ ပန္းခ်ီကားအေနာက္တြင္ အာမခံေသတၱာ ရွိသည္။

တဖက္နံရံတြင္ ေရေဆးပန္းခ်ီကားတစ္ခ်ပ္ ရွိသည္။ ပန္းခ်ီကားကို ျဖဳတ္ခ်ေသာအခါ အာမခံေသတၱာ ေပၚလာသည္။ ေက်ာပိုးအိတ္ကို ၾကမ္းေပၚတြင္ခ်ကာ ဆရာဝန္သံုး နားၾကပ္ကို ထုတ္သည္။ နားၾကပ္ကိုတပ္ၿပီး က်န္တဖက္ကို ေသာ့အိမ္နားတြင္ ေထာက္ကာ ဂဏန္းဒိုင္ခြက္ကို လွည့္သည္။ ေသာ့၏ ေခြးသြားစိတ္က်သြားသံၾကားတိုင္း ဒိုင္ကြက္ကို တစ္ဆင့္ခ်င္း အျပင္သို႔ ဆြဲထုတ္သည္။ တစ္မိနစ္ခန္႔ အၾကာတြင္ အာမခံေသတၱာပြင့္သြားသည္။

အတြင္းတြင္ ရွိေနသည္က စာရြက္တရြက္တည္း။ စာရြက္တြင္ ဂ်ပန္ဘာသာျဖင့္ ေရးထားသည္က "အုတ္ဟြာ မင္းေအာင္ျမင္ဖို႔ ခရီးတဝက္ပဲ က်န္ေတာ့တယ္။မနက္မွာ သင္တန္းဆရာကို ေတြ႕တဲ့အခါ ဒီစကားလံုးေတြကို အတိအက်တိုင္း ျပန္ရြတ္ျပရမယ္။ကံေကာင္းပါေစ"

ကြ်န္မ စိတ္ဓာတ္တက္ႂ ကြသြားသည္။ စာရြက္ကို ျပန္ထားၿပီး မီးခံေသတၱာကို ပိတ္ၿပီး ပန္းခ်ီကားကို ေနသားတက် ထားလိုက္သည္။ ထိုအခိုက္ အျပင္မွ ဆူညံသံမ်ား ၾကားရသျဖင့္ လွမ္းၾကည့္လိုက္သည္။ စစ္ဂ်စ္ကားတစီး အရွိန္ျဖင့္ ေမာင္းဝင္လာသည္ကို ေတြ႕ရသည္။ရုတ္တရတ္ ဘရိတ္အုတ္လိုက္သျဖင့္ တာယာႏွင့္ ေက်ာက္သားလမ္း မ်က္ႏွာျပင္တို႔ ပြတ္တိုက္သံ က်ယ္ေလာင္စြာ ထြက္လာသည္။ စစ္သားႏွစ္ေယာက္ ခုန္ဆင္းလာသည္။ေရွ႕ေပါက္မွ သူတို႔ဝင္လာေနသည္။

ျပတင္းေပါက္မ်ားကို ဖြင့္ရန္ ႀကိဳးစားေသာ္လည္းမရ။ အေသပိတ္ထားဟန္တူသည္။ ကြ်န္မအတြက္ တခုတည္းေသာ ထြက္လမ္းမွာ ပင္မတံခါးသာ ျဖစ္သည္။ စာၾကည့္ခန္းတံခါး အရွိန္ျဖင့္ ပြင္းသြားသည္။ ကြ်န္မ ဝပ္ခ်လိုက္သည္။ အခန္းတြင္း ေမွာင္မည္းေနသျဖင့္ သူတို႔ ကြဲကြဲျပားျပား ျမင္ဟန္မတူ။ အခန္းမီးမ်ား ပြင့္သြားသည့္အခိုက္တြင္ ကြ်န္မက သူတို႔ကို ပစ္ခ်လိုက္သည္။

သူတို႔ ေသနတ္ကို လႊတ္ခ်ၿပီး ၾကမ္းေပၚသို႔ လွဲခ်လိုက္သည္။ သူတို႔ကိုယ္တြင္ ဆိုးေဆးမ်ား ျခင္းျခင္းနီလ်က္။ ယင္းတို႔အား ခုန္ေက်ာ္လ်က္ အခန္းတြင္းမွ ထြက္သည္။ ေျပးလႊားရင္း ပစၥတို က်ည္ကပ္အသစ္ထည့္သည္။ သည္တႀကိမ္တြင္ ေစာင့္ၾကည့္ကင္မရာအား ေရွာင္ရန္မလိုေတာ့။ ရွိသမွ် အေစာင့္အားလံုးသည္ ကြ်န္မေရာက္ေနသည္ကို သိရွိၿပီး ျဖစ္ေနၾကၿပီ။ အေပၚထပ္မွ ေျခသံမ်ားႏွင့္ ၿခံတြင္း ေအာ္ဟစ္ေနေသာ အသံမ်ား ၾကားရသည္။

ေရွ႕တံခါးမႀကီးမွ ေျပးထြက္သည္။ ဂိတ္တံခါးမႀကီးတြင္ အေစာင့္ရွိေနမည္မွာ ေသခ်ာသည္။ နံရံကို ေက်ာ္တက္ေျပးရန္ လမ္းတစ္လမ္းသာ ရွိသည္။ ကင္းသမားသံုးေယာက္ ရုုတ္တရတ္ေပၚလာသည္။ ယင္းတ္ုိ႔က ေျမျပင္ေပၚသို႔ လိမ့္ခ်ကာ ကြ်န္မအား ဝိုင္းပစ္ၾကသည္။ ကြ်န္မက ဆင္ဝင္တိုင္အနီးတြင္ ကပ္လိုက္ရာ တိုင္အား ဆိုးေဆးက်ည္ဆန္မ်ား တဖြားဖြား လာေရာက္ ထိမွန္သည္။ AK-47 ေမာင္းျပန္ျဖင့္ ကြ်န္မက ျပန္လွန္ပစ္ခက္သည္။

အုတ္နံရံဆီသို႔ ကြ်န္မက ေျပးအသြားတြင္ ေနာက္မွ ႏွစ္ေယာက္ လိုက္လာသည္။ ေျခေထာက္အနီး ယင္းတို႔ ပစ္လိုက္ေသာ က်ည္ဆန္မ်ား တရႊီးရႊီး က်ေရာက္လ်က္။ ေနာက္ျပန္လွည့္ကာ AK က်ည္တကပ္လံုး ကုန္သည္အထိ သူတို႔ဆီကို ပစ္လႊတ္လိုက္သည္။ ႏွစ္ေယာက္စလံုး ျမက္ခင္းေပၚသို႔ လွဲခ်ၿငိမ္သက္သြားသည္။

သံခ်ိတ္က အုတ္တံတိုင္းထိပ္တြင္ ခ်ိတ္မိသည့္အခ်ိန္၌ ေဒါသတႀကီး ေခြးေဟာင္သံမ်ား ၾကားရသည္။ ကြ်န္မေက်ာရိုးတေလွ်ာက္ စိမ့္သြားသည္။ အိမ္တြင္းမွ လႊတ္လိုက္ဟန္တူေသာ ေျပးလာသည့္ ေခြးမ်ား မေရာက္မွီ ႀကိဳးေပၚသို႔ တြယ္ကာတက္ႏိုင္လိုက္သည္။ ေၾကာက္စိတ္ေၾကာင့္ လက္ေမာင္းမ်ား အားေလ်ာ့ေပ်ာ့ေခြသြားသျဖင့္ အေပၚသို႔ မနည္းတက္လိုက္ရသည္။ ေျခေထာက္မ်ားကလည္း အုတ္သားေပၚတြင္ မၿမဲၿမံဘဲ ျဖစ္ေနသည္။

ေခြးမ်ားက နီးကပ္လာသည္။ အေပၚသို႔ ဇြတ္အတင္း ဆြဲတက္ကာ အုတ္တံတိုင္းထိပ္သို႔ ေရာက္သည္။ တဖက္သို႔ ခုန္ခ်ၿပီး ေျမျပင္ေပၚသို႔ ေရာက္သည္ႏွင့္ အသက္ကို ဝေအာင္ရွဴ ကာ အုတ္နရံတေလွ်ာက္ ေတာစပ္ဆီသို႔ ေျပးသည္။ ညာဘက္လက္တြင္ ပစၥတိုကို အသင့္အေနအထားျဖင့္ ကိုင္ထားသည္။

တံတိုင္း၏ အေရွ႕ေတာင္ေထာင့္မွ ကိုက္ ၃၀ အေရာက္တြင္ အေစာင့္မ်ား ေပၚလာသည္။ သူတို႔ထံသို႔ က်ည္ ၇ ေတာင့္ ၈ေတာင့္ခန္႔ ပစ္လႊတ္လိုက္ၿပီး ဆက္ေျပးသည္။ တစ္ၿပံဳလံုး ေျမျပင္ေပၚသို႔ လွဲခ်လိုက္သည္။ သူတ္ု႔ိ ခႏၶာကိုယ္ေပၚမွ ခုန္ေက်ာ္လိုက္စဥ္တြင္ ဆိုးေဆးမ်ားျဖင့္ ျခင္းျခင္းနီေသာ သူတို႔ကို ေတြ႕ရသည္။ ယင္းတို႔ထဲမွ တေယာက္က ခပ္တိုးတိုးေလသံျဖင့္ "ေတာ္လိုက္တာကြာ" ဟုေျပာသည္ကို ၾကားရလိုက္ရသည္။

ေတာအုပ္ထဲသို႔ ေျပးဝင္ကာ လက္ႏွိပ္ဓာတ္မီးကို ဖြင့္လိုက္သည္။ လက္ႏွိပ္ဓာတ္မီးကို မသံုးခ်င္ေသာ္လည္း သံုးရသည္။ မသံုးပါက သစ္ပင္ကို ဝင္တိုးမိမည္ ျဖစ္သည္။ ႏွလံုးခုန္ႏႈန္းမွာလည္း ျမန္ေနသည္မွာ ေပါက္ထြက္ေတာ့မည္ကဲ့သ္ု႔ိ ျဖစ္သည္။ ခနနားခ်င္ေနေသာ္လည္း ဤေနရာမွ ေဝးႏိုင္သမွ် ေဝးေအာင္ ေျပးရန္ လိုအပ္သည့္အတြက္ ဆက္ေျပးေနရသည္။

ကိုက္တရာခန္႔ ေျပးၿပီးေသာအခါ ကြ်န္မသစ္ပင္ တစ္ပင္ကို မွီၿပီးနားသည္။ လက္ႏွိပ္ဓာတ္မီးကိုလည္း ပိတ္သည္။ ကြ်န္မ ယခုကဲ့သို႔ အသက္ရွဴ ျမန္ေနသည္မွာ တစ္သက္တြင္ တခါမ်ွ မႀကံဳဖူး။ ႏွလံုးခုန္ႏႈန္းမွာလည္း ေၾကာက္ခမန္းလိလိ။ ရင္ဘက္ကို တူျဖင့္ ထုေနသလို ခံစားရသည္။

ပစၥတုိတြင္ က်ည္ကပ္အသစ္ ထည့္သည္။ ကြ်န္မ ခဏနားခ်င္သည္။ သို႔ေသာ္ ေခြးေဟာင္သံမ်ား ၾကားရသျဖင့္ ဆက္ေျပးရေတာ့သည္။ ေခြးမ်ားကို လည္ပတ္ႀကိဳးျဖင့္ခ်ည္ကာ ေခြးထိန္းႏွင့္အတူ လိုက္ၾကသျဖင့္ ေခြးမ်ား ေျပးခ်င္သေလာက္ ေျပးႏိုင္မည္ မဟုတ္။ ေခြးထိန္းေျပးသေလာက္သာ ေခြးမ်ား ေျပးႏိုင္မည္ျဖစ္သည္။ လက္ႏွိပ္ဓာတ္မီးကို ျပန္ဖြင့္ကာ ဆက္ေျပးသည္။ ႏွစ္ဖာလံုခန္႔ အကြာတြင္ ေခ်ာင္းတခုထဲသို႔ ကြ်န္မခုန္ဆင္းလိုက္သည္။ စမ္းေခ်ာင္းေရသည္ ေရခဲတမွ် ေအးသည္။ စမ္းေခ်ာင္းအတိုင္း ကိုက္ေလးငါးရာခန္႔ သြားၿပီးမွ ကုန္းေပၚတက္သည္။

ကြ်န္မ တြယ္တက္ႏိုင္မည့္ သစ္ပင္ကို ရွာသည္။ ထင္းရွဴ းပင္ အမ်ားအျပားအနက္မွ အျမင့္ဆံုး သစ္ပင္ကို ေရြးကာတက္သည္။ ေခြးေဟာင္သံမ်ားကို သဲ့သဲ့ၾကားရသည္။ တခါတရံ ဓာတ္မီးေရာင္မ်ား ျမင္ရသည္။ အနံ႔ခံေခြးမ်ားသည္ စမ္းေခ်ာင္းသို႔ အေရာက္ ကြ်န္မေနာက္သို႔ ေျခရာခံႏိုင္ေတာ့မည္ မဟုတ္။ ခဏအၾကာတြင္ သူတို႔ ေနာက္ေၾကာင္း ျပန္လွည့္သြားသည္ကို လက္ႏွိပ္ဓာတ္မီး အေရာင္မ်ားအရ သိရသည္။

နံနက္ ၂ နာရီ ၂၀ ရွိၿပီ။ မိုင္ေတာ္ေတာ္မ်ားမ်ား သြားရန္ လိုေသးသည္။ စခန္းသို႔ ၄ နာရီအတြင္း အေရာက္ျပန္ရမည္။ သစ္ပင္ေပၚမွ ျပန္ဆင္းကာ လက္ႏွိပ္ဓာတ္မီး သံလိုက္အိမ္ေျမွာင္ အကူအညီျဖင့္ ဆက္ေလွ်ာက္ရသည္။ ပင္ပန္းႏြမ္းနယ္လြန္းသျဖင့္ ေျခမသယ္ခ်င္ေတာ့။ စက္ရုပ္ကဲ့သို႔ ကြ်န္မလမ္းေလွ်ာက္ေနသည္။ ရႊဲရႊဲစိုေသာ ေခြ်းမ်ားသည္ ေတာင္ေပၚ အေအးဓာတ္ႏွင့္ ေတြ႕သည့္အခါ ကြ်န္မတကိုယ္လံုး ခိုက္ခိုက္တုန္လာသည္။

ကြ်န္မသည္ ဘာကိုမွ် မစဥ္းစားႏိုင္ေတာ့။ အလ်င္လိုျခင္း မရွိ။ စခန္းသို႔ ေရာက္ခ်င္သည့္အခ်ိန္ ေရာက္ေစေတာ့ဟု စိတ္ေလွ်ာ့လိုက္သည္။ စခန္းဂိတ္အဝင္သို႔ ေရာက္သည့္အခါ ကြ်န္မငိုခ်လိုက္သည္။ ဘာကိုမွ် လုပ္ခ်င္စိတ္မရွိေတာ့။ စခန္းဂိတ္အဝင္သို႔ ေရာက္သည့္အခါ ကြ်န္မ ငိုခ်လိုက္သည္။ ဘာကိုမွ် လုပ္ခ်င္စိတ္မရွိေတာ့။ အိပ္ရာထဲေျပးဝင္ကာ သံုးေလးရက္ေလာက္ အိပ္ေနခ်င္သည္။

ကြ်န္မ တံခါးဖြင့္လိုက္ေသာအခါ သင္တန္းဆရာႏွင့္ လက္ေထာက္ဆရာမတို႔ ဆိုဖာေပၚတြင္ အိမ္ေမာက်ေနသည္ကို ေတြ႕ရသည္။ ကြ်န္မအထဲသို႔ ေရာက္သည့္အခါ သူတို႔ လူးလဲထသည္။ ကြ်န္မ ၾကမ္းျပင္ေပၚသို႔ ပံုက်သြားၿပီး ေမ့လဲမသြားမီ ျမင္ေတြ႕လိုက္ရသည္က သင္တန္းဆရာ၏ အၿပံဳးျဖစ္သည္။

ေနာက္တေန႔တြင္ ဆန္းစစ္ခ်က္အမွတ္ ထြက္လာသည္။ ကြ်န္မ ၉၈ မွတ္ရသည္။ ေက်ာင္း၏ စံခ်ိန္တင္ အမွတ္ျဖစ္သည္။

ဆက္ရန္
Swam Htet‎မွတ္စုၾကမ္း
December 30, 2015 ·
................
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၁၅

အဝတ်အစားထားသော အခန်းအတွင်းသို့ဝင်ကာ လက်နှိပ်ဓာတ်မီးဖြင့် နာရီကြည့်သည်။ ည ၁၀ နာရီတိတိ ။ အတွင်းတွင် အကောင်းစား ညနေဝတ်စုံနှင့် အနောက်တိုင်းဝတ်စုံများ ချိတ်ဆွဲထားသည်။

အခန်းအနောက်ဆုံး ကန့်လန့်အနောက်တွင် ဝင်ကာ ပုန်းနေလိုက်သည်။ အခန်းရှင် ပြန်လာပြီး အိပ်မပျော်သည့်တိုင် စောင့်ရမည့် အခြေအနေဖြစ်သည်။ အခြားနေရာများနှင့် နှိုင်းစာလျှင် ယခုနေရာသည် အသင့်တော်ဆုံး ဖြစ်သည်ဟု ယူဆရသည်။

၁ နာရီကျော်ကြာသွားသည်အထိ ထူးခြားမှုမရှိ။ ကျွန်မ ကိုယ့်ဘဝ အကြောင်းများကို ပြန်စဉ်းစားရင်း အတွေးနယ်ချဲ့နေမိသည်။ ရုတ်တရတ် အိပ်ခန်းတံခါး ဖွင့်သံကြောင့် ကျွန်မ အတွေးအလျဉ်ကြော ပြတ်သွားသည်။ အခန်းမီးပွင့်လာသည်ကို တံခါးကြားမှ မြင်ရသည်။ ခြေသံနှင့် စကားပြောသံများ ကြားရ၏။ သူတို့သည် ဂျပန်ဘာသာဖြင့် ပြောဆိုနေကြသည်။ သို့သော် သူတို့စကားသံကို အသေအချာ မကြားရသဖြင့် ဘာပြောနေမှန်းမသိ။

ကျွန်မသည် အခန်း၏ နောက်ဘက်သို့ ပိုမိုရွှေ့သွားကာ နံရံတွင် ကပ်နေလိုက်သည်။ ရင်ခုန်နှုန်းမှာလည်း မြန်လိုက်သည့်ဖြစ်ခြင်း ပေါက်ထွက်သွားတော့မည့်အလား အောက်မေ့ရသည်။ AK-47 မောင်းပြန်ကို အသင့်ပြင်လိုက်သည်။

အမျူ ိးသမီး၏အသံက ပိုမိုကျယ်လောင်လာသည်။ အခန်းငယ်၏မီး ရုတ်တရတ် လင်းသွားသည်။ ချိတ်ဆွဲထားသော အဝတ်အထည်များက ကွယ်နေသည့်တိုင် ကျွန်မ မျက်လုံးများ ပြာဝေသွား၏။

အမျူ ိးသမီးက ရယ်မောရင်း ပြောနေသည်ကို ကျွန်မကောင်းကောင်း သဘောမပေါက်။ ကိုင်ရိုမြို့တွင် ခြောက်လတာ နေထိုင်ခဲ့စဉ် ဒုက္ခရောက်ခဲ့သည့်အကြောင်း ပြောနေသည်ဟု ထင်သည်။

ချိတ်ဆွဲထားသော အဝတ်အထည်များကို တွန်းလိုက်ပံရသည်။ အဝတ်များက ကျွန်မရှိရာသို့ ရွေ့လာသည်။ အဝတ်အစားလဲနေသံကို ကြားရသည်။ နောက်ထပ် အဝတ်တစ်ထည်ကို ယူလိုက်ဟန်တူသည်။ မီးမှိတ်သွားသည်။ အမျူ ိးသား လည်း အဝတ်အစား လာယူနိုင်သဖြင့် ကျွန်မက သတိအနေအထားဖြင့် စောင့်နေသည်။ သို့သော် ပေါ်မလာ။

အခန်းမီးမှိတ်သွားပြီး အတန်ကြာသွားသည်။ တိတ်ဆိတ်နေသည်။ သူတို့ အိပ်ပျော်သွားသည်အထိ စောင့်ရမည်။ အနည်းဆုံး နာရီဝက်မျှ စောင့်ဆိုင်းရန် လိုသည်။ နံရံကို ခေါင်းမှီလျက် ကျွန်မမျက်လုံးများကို မှိတ်လိုက်သည်။ စိတ်လှုပ်ရှားနေသဖြင့် စိတ်ငြိမ်ရန် ကြိုးစားခြင်းဖြစ်သည်။

မည်သည့် အသံမှ အိပ်ခန်းဆီမှ မကြားရသောအခါ ကျွန်မ တံခါးဝဆီသို့ ဖြည်းညင်းစွာ ကပ်သွားသည်။ အတန်ငယ် ဟနေသော တံခါးကြားမှ အသံဗလံများကို နားစွင့်သည်။ မည်သည့်အသံမှ မကြားရသဖြင့် တံခါးဖွင့်ပြီး အပြင်သို့ ထွက်သည်။ မှောင်နေသော အခန်းတွင်း ရှိနေသော အရာများကို သဲကွဲစွာမြင်ရန် စက္ကန့် အနည်းငယ်ကြာသည်။ ၂ ယောက်အိပ်ကုတင်သည် ကျွန်မနှင့် ၁၅ ပေခန့် အကွာတွင် ရှိသည်။ ခုတင်ပေါ်တွင် အိပ်နေသည့် သဏ္ဍာန် နှစ်ခုကို မထင်မရှား တွေ့ရသည်။
အမျူ ိးသားက တခေါခေါ ဟောက်နေသည်။

ကျွန်မက တံခါးဝဘက်သို့ ဦးတည်လိုက်သည်။ နောက်မှ အသံကြားသဖြင့် ချာခနဲ လှည့်ကြည့်လိုက်သည်။ သူမက လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ထားသည်။ သုံးလေးပေအကွာသို့ ကျွန်မအရောက်တွင် သူမသည် လက်နှစ်ဖက်ကို အောက်ချပြီး ပြုံးလျက်-
"ဟုတ်ပြီ။ အခု ငါတို့ နှစ်ယောက်ဟာ သေသွားပြီ။ ဒါမှမဟုတ် သတိလစ်မေ့မြောသွားပြီလို့ မှတ်လိုက်တော့။ မင်းလုပ်စရာရှိတာ ဆက်လုပ်ပေတော့"ဟု ကိုးရီးယား ဘာသာဖြင့် ပြောသည်။ သူမကပင် ဆက်၍ "မင်းရောက်လာမယ် ဆိုတာ ငါတို့မျှော်လင့်နေတာ အုတ်ဟွာ။ မင်းကံကောင်းပါစေ"

အမျူ ိးသားမှာ ဟောက်ကောင်းဆဲ။ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သိပုံမပေါ်။

သေနတ်ကို ကိုင်လျက် ကျွန်မ အပြင်သို့ ထွက်လာသည်။ အခန်းတွင်းရှိ မီးမှိတ်သွားသည်။ လှေကားဆီသို့ ခြေဖော့လျက် လျှောက်သွားသည်။ လှေကားအဆုံးတွင် ဧည့်ကြိုခန်းမက ရှိနေသည်။ အသံတိတ်ကိရိယာ တပ်ထားသော ပစ္စတိုကို ကျွန်မ အသင့်ကိုင်ထားသည်။

အဝင်ခန်းမ ကောင်တာတွင် ထိုင်နေသော အစောင့်တယောက်နှင့် ပက်ပင်းတိုးတော့သည်။ သူ့အား သေနတ်ဖြင့် ဆက်တ်ုိက် ပစ်ချလိုက်သည်။ သူ့အကျီ င်္နှင့် ဝဲဘက်ပါးတွင် အရောင်များ စွန်းထင်းကုန်သည်။ သူက ကျွန်မအား ပြံုးလျက် ဒူးထောက်ကာ လဲချလိုက်သည်။

ဧည့်ကြိုခန်း၏ တစ်ဖက်တစ်ချက်တွင် တံခါးများက တန်းစီရှိနေသည်။ ဝဲဘက်အစွန်ဆုံးရှိ တံခါးမှာ စာကြည့်ခန်းဖြစ်သည်။ တံခါးအောက်မှာ အလင်းရောင် ထွက်နေသည့် အတွက် မည်သူမျှ မရှိနိုင်ဟု ယူဆရသည်။

အပေါ်သို့ မော့ကြည့်လိုက်သောအခါ စောင့်ကြည့်ကင်မရာ တစ်လုံးက ဝေ့ဝိုက်ရွေ့ရှားကာ တစ်ခန်းလုံးကို လှည့်ပတ်စောင့်ကြည့်နေသည်ကို တွေ့ရသည်။ ကင်မရာက ကျွန်မရှိရာသို့ ဦးတည်လာခါနီး ဒိုင်ဗင်ထိုးကာ ကင်မရာမြင်ကွင်း လွတ်ရာ နံရံသို့ ကပ်လိုက်သည်။ စောစောစီးစီးကပင် ကင်မရာရှိ မရှိ စစ်ဆေးသင့်သော်လည်း ကျွန်မ သတိလွတ်သွားခဲ့သည်။ နောက်တကြိမ် ထိုသို့အမှားမျူ ိး အဖြစ်ခံမည်မဟုတ်။

စာကြည့်တိုက် အခန်းတံခါးသည် သော့ခတ်ထားသည်။ အိတ်ထဲမှ သော့ဝိဇ္ဇာကိုထုတ်ကာ သော့ပေါက်ကို ကလိရသည်။ အချိန်အတော်ကြာမှ တံခါးပွင့်သွားသည်။ လက်နှိပ်ဓာတ်မီးကို ထုတ်ကာ အခန်းကို လှည့်ပတ်ထိုးကြည့်သည်။ ကျွန်မအား ပေးထားသော အဆောက်အအုံမြေပုံအရ ဆိုလျှင် ပန်းချီကားအနောက်တွင် အာမခံသေတ္တာ ရှိသည်။

တဖက်နံရံတွင် ရေဆေးပန်းချီကားတစ်ချပ် ရှိသည်။ ပန်းချီကားကို ဖြုတ်ချသောအခါ အာမခံသေတ္တာ ပေါ်လာသည်။ ကျောပိုးအိတ်ကို ကြမ်းပေါ်တွင်ချကာ ဆရာဝန်သုံး နားကြပ်ကို ထုတ်သည်။ နားကြပ်ကိုတပ်ပြီး ကျန်တဖက်ကို သော့အိမ်နားတွင် ထောက်ကာ ဂဏန်းဒိုင်ခွက်ကို လှည့်သည်။ သော့၏ ခွေးသွားစိတ်ကျသွားသံကြားတိုင်း ဒိုင်ကွက်ကို တစ်ဆင့်ချင်း အပြင်သို့ ဆွဲထုတ်သည်။ တစ်မိနစ်ခန့် အကြာတွင် အာမခံသေတ္တာပွင့်သွားသည်။

အတွင်းတွင် ရှိနေသည်က စာရွက်တရွက်တည်း။ စာရွက်တွင် ဂျပန်ဘာသာဖြင့် ရေးထားသည်က "အုတ်ဟွာ မင်းအောင်မြင်ဖို့ ခရီးတဝက်ပဲ ကျန်တော့တယ်။မနက်မှာ သင်တန်းဆရာကို တွေ့တဲ့အခါ ဒီစကားလုံးတွေကို အတိအကျတိုင်း ပြန်ရွတ်ပြရမယ်။ကံကောင်းပါစေ"

ကျွန်မ စိတ်ဓာတ်တက်ြ ကွသွားသည်။ စာရွက်ကို ပြန်ထားပြီး မီးခံသေတ္တာကို ပိတ်ပြီး ပန်းချီကားကို နေသားတကျ ထားလိုက်သည်။ ထိုအခိုက် အပြင်မှ ဆူညံသံများ ကြားရသဖြင့် လှမ်းကြည့်လိုက်သည်။ စစ်ဂျစ်ကားတစီး အရှိန်ဖြင့် မောင်းဝင်လာသည်ကို တွေ့ရသည်။ရုတ်တရတ် ဘရိတ်အုတ်လိုက်သဖြင့် တာယာနှင့် ကျောက်သားလမ်း မျက်နှာပြင်တို့ ပွတ်တိုက်သံ ကျယ်လောင်စွာ ထွက်လာသည်။ စစ်သားနှစ်ယောက် ခုန်ဆင်းလာသည်။ရှေ့ပေါက်မှ သူတို့ဝင်လာနေသည်။

ပြတင်းပေါက်များကို ဖွင့်ရန် ကြိုးစားသော်လည်းမရ။ အသေပိတ်ထားဟန်တူသည်။ ကျွန်မအတွက် တခုတည်းသော ထွက်လမ်းမှာ ပင်မတံခါးသာ ဖြစ်သည်။ စာကြည့်ခန်းတံခါး အရှိန်ဖြင့် ပွင်းသွားသည်။ ကျွန်မ ဝပ်ချလိုက်သည်။ အခန်းတွင်း မှောင်မည်းနေသဖြင့် သူတို့ ကွဲကွဲပြားပြား မြင်ဟန်မတူ။ အခန်းမီးများ ပွင့်သွားသည့်အခိုက်တွင် ကျွန်မက သူတို့ကို ပစ်ချလိုက်သည်။

သူတို့ သေနတ်ကို လွှတ်ချပြီး ကြမ်းပေါ်သို့ လှဲချလိုက်သည်။ သူတို့ကိုယ်တွင် ဆိုးဆေးများ ခြင်းခြင်းနီလျက်။ ယင်းတို့အား ခုန်ကျော်လျက် အခန်းတွင်းမှ ထွက်သည်။ ပြေးလွှားရင်း ပစ္စတို ကျည်ကပ်အသစ်ထည့်သည်။ သည်တကြိမ်တွင် စောင့်ကြည့်ကင်မရာအား ရှောင်ရန်မလိုတော့။ ရှိသမျှ အစောင့်အားလုံးသည် ကျွန်မရောက်နေသည်ကို သိရှိပြီး ဖြစ်နေကြပြီ။ အပေါ်ထပ်မှ ခြေသံများနှင့် ခြံတွင်း အော်ဟစ်နေသော အသံများ ကြားရသည်။

ရှေ့တံခါးမကြီးမှ ပြေးထွက်သည်။ ဂိတ်တံခါးမကြီးတွင် အစောင့်ရှိနေမည်မှာ သေချာသည်။ နံရံကို ကျော်တက်ပြေးရန် လမ်းတစ်လမ်းသာ ရှိသည်။ ကင်းသမားသုံးယောက် ရုုတ်တရတ်ပေါ်လာသည်။ ယင်းတ်ုိ့က မြေပြင်ပေါ်သို့ လိမ့်ချကာ ကျွန်မအား ဝိုင်းပစ်ကြသည်။ ကျွန်မက ဆင်ဝင်တိုင်အနီးတွင် ကပ်လိုက်ရာ တိုင်အား ဆိုးဆေးကျည်ဆန်များ တဖွားဖွား လာရောက် ထိမှန်သည်။ AK-47 မောင်းပြန်ဖြင့် ကျွန်မက ပြန်လှန်ပစ်ခက်သည်။

အုတ်နံရံဆီသို့ ကျွန်မက ပြေးအသွားတွင် နောက်မှ နှစ်ယောက် လိုက်လာသည်။ ခြေထောက်အနီး ယင်းတို့ ပစ်လိုက်သော ကျည်ဆန်များ တရွှီးရွှီး ကျရောက်လျက်။ နောက်ပြန်လှည့်ကာ AK ကျည်တကပ်လုံး ကုန်သည်အထိ သူတို့ဆီကို ပစ်လွှတ်လိုက်သည်။ နှစ်ယောက်စလုံး မြက်ခင်းပေါ်သို့ လှဲချငြိမ်သက်သွားသည်။

သံချိတ်က အုတ်တံတိုင်းထိပ်တွင် ချိတ်မိသည့်အချိန်၌ ဒေါသတကြီး ခွေးဟောင်သံများ ကြားရသည်။ ကျွန်မကျောရိုးတလျှောက် စိမ့်သွားသည်။ အိမ်တွင်းမှ လွှတ်လိုက်ဟန်တူသော ပြေးလာသည့် ခွေးများ မရောက်မှီ ကြိုးပေါ်သို့ တွယ်ကာတက်နိုင်လိုက်သည်။ ကြောက်စိတ်ကြောင့် လက်မောင်းများ အားလျော့ပျော့ခွေသွားသဖြင့် အပေါ်သို့ မနည်းတက်လိုက်ရသည်။ ခြေထောက်များကလည်း အုတ်သားပေါ်တွင် မမြဲမြံဘဲ ဖြစ်နေသည်။

ခွေးများက နီးကပ်လာသည်။ အပေါ်သို့ ဇွတ်အတင်း ဆွဲတက်ကာ အုတ်တံတိုင်းထိပ်သို့ ရောက်သည်။ တဖက်သို့ ခုန်ချပြီး မြေပြင်ပေါ်သို့ ရောက်သည်နှင့် အသက်ကို ဝအောင်ရှူ ကာ အုတ်နရံတလျှောက် တောစပ်ဆီသို့ ပြေးသည်။ ညာဘက်လက်တွင် ပစ္စတိုကို အသင့်အနေအထားဖြင့် ကိုင်ထားသည်။

တံတိုင်း၏ အရှေ့တောင်ထောင့်မှ ကိုက် ၃၀ အရောက်တွင် အစောင့်များ ပေါ်လာသည်။ သူတို့ထံသို့ ကျည် ရ တောင့် ၈တောင့်ခန့် ပစ်လွှတ်လိုက်ပြီး ဆက်ပြေးသည်။ တစ်ပြံုလုံး မြေပြင်ပေါ်သို့ လှဲချလိုက်သည်။ သူတ်ု့ိ ခန္ဓာကိုယ်ပေါ်မှ ခုန်ကျော်လိုက်စဉ်တွင် ဆိုးဆေးများဖြင့် ခြင်းခြင်းနီသော သူတို့ကို တွေ့ရသည်။ ယင်းတို့ထဲမှ တယောက်က ခပ်တိုးတိုးလေသံဖြင့် "တော်လိုက်တာကွာ" ဟုပြောသည်ကို ကြားရလိုက်ရသည်။

တောအုပ်ထဲသို့ ပြေးဝင်ကာ လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်သည်။ လက်နှိပ်ဓာတ်မီးကို မသုံးချင်သော်လည်း သုံးရသည်။ မသုံးပါက သစ်ပင်ကို ဝင်တိုးမိမည် ဖြစ်သည်။ နှလုံးခုန်နှုန်းမှာလည်း မြန်နေသည်မှာ ပေါက်ထွက်တော့မည်ကဲ့သ်ု့ိ ဖြစ်သည်။ ခနနားချင်နေသော်လည်း ဤနေရာမှ ဝေးနိုင်သမျှ ဝေးအောင် ပြေးရန် လိုအပ်သည့်အတွက် ဆက်ပြေးနေရသည်။

ကိုက်တရာခန့် ပြေးပြီးသောအခါ ကျွန်မသစ်ပင် တစ်ပင်ကို မှီပြီးနားသည်။ လက်နှိပ်ဓာတ်မီးကိုလည်း ပိတ်သည်။ ကျွန်မ ယခုကဲ့သို့ အသက်ရှူ မြန်နေသည်မှာ တစ်သက်တွင် တခါမျှ မကြံုဖူး။ နှလုံးခုန်နှုန်းမှာလည်း ကြောက်ခမန်းလိလိ။ ရင်ဘက်ကို တူဖြင့် ထုနေသလို ခံစားရသည်။

ပစ္စတိုတွင် ကျည်ကပ်အသစ် ထည့်သည်။ ကျွန်မ ခဏနားချင်သည်။ သို့သော် ခွေးဟောင်သံများ ကြားရသဖြင့် ဆက်ပြေးရတော့သည်။ ခွေးများကို လည်ပတ်ကြိုးဖြင့်ချည်ကာ ခွေးထိန်းနှင့်အတူ လိုက်ကြသဖြင့် ခွေးများ ပြေးချင်သလောက် ပြေးနိုင်မည် မဟုတ်။ ခွေးထိန်းပြေးသလောက်သာ ခွေးများ ပြေးနိုင်မည်ဖြစ်သည်။ လက်နှိပ်ဓာတ်မီးကို ပြန်ဖွင့်ကာ ဆက်ပြေးသည်။ နှစ်ဖာလုံခန့် အကွာတွင် ချောင်းတခုထဲသို့ ကျွန်မခုန်ဆင်းလိုက်သည်။ စမ်းချောင်းရေသည် ရေခဲတမျှ အေးသည်။ စမ်းချောင်းအတိုင်း ကိုက်လေးငါးရာခန့် သွားပြီးမှ ကုန်းပေါ်တက်သည်။

ကျွန်မ တွယ်တက်နိုင်မည့် သစ်ပင်ကို ရှာသည်။ ထင်းရှူ းပင် အများအပြားအနက်မှ အမြင့်ဆုံး သစ်ပင်ကို ရွေးကာတက်သည်။ ခွေးဟောင်သံများကို သဲ့သဲ့ကြားရသည်။ တခါတရံ ဓာတ်မီးရောင်များ မြင်ရသည်။ အနံ့ခံခွေးများသည် စမ်းချောင်းသို့ အရောက် ကျွန်မနောက်သို့ ခြေရာခံနိုင်တော့မည် မဟုတ်။ ခဏအကြာတွင် သူတို့ နောက်ကြောင်း ပြန်လှည့်သွားသည်ကို လက်နှိပ်ဓာတ်မီး အရောင်များအရ သိရသည်။

နံနက် ၂ နာရီ ၂၀ ရှိပြီ။ မိုင်တော်တော်များများ သွားရန် လိုသေးသည်။ စခန်းသို့ ၄ နာရီအတွင်း အရောက်ပြန်ရမည်။ သစ်ပင်ပေါ်မှ ပြန်ဆင်းကာ လက်နှိပ်ဓာတ်မီး သံလိုက်အိမ်မြှောင် အကူအညီဖြင့် ဆက်လျှောက်ရသည်။ ပင်ပန်းနွမ်းနယ်လွန်းသဖြင့် ခြေမသယ်ချင်တော့။ စက်ရုပ်ကဲ့သို့ ကျွန်မလမ်းလျှောက်နေသည်။ ရွှဲရွှဲစိုသော ချွေးများသည် တောင်ပေါ် အအေးဓာတ်နှင့် တွေ့သည့်အခါ ကျွန်မတကိုယ်လုံး ခိုက်ခိုက်တုန်လာသည်။

ကျွန်မသည် ဘာကိုမျှ မစဉ်းစားနိုင်တော့။ အလျင်လိုခြင်း မရှိ။ စခန်းသို့ ရောက်ချင်သည့်အချိန် ရောက်စေတော့ဟု စိတ်လျှော့လိုက်သည်။ စခန်းဂိတ်အဝင်သို့ ရောက်သည့်အခါ ကျွန်မငိုချလိုက်သည်။ ဘာကိုမျှ လုပ်ချင်စိတ်မရှိတော့။ စခန်းဂိတ်အဝင်သို့ ရောက်သည့်အခါ ကျွန်မ ငိုချလိုက်သည်။ ဘာကိုမျှ လုပ်ချင်စိတ်မရှိတော့။ အိပ်ရာထဲပြေးဝင်ကာ သုံးလေးရက်လောက် အိပ်နေချင်သည်။

ကျွန်မ တံခါးဖွင့်လိုက်သောအခါ သင်တန်းဆရာနှင့် လက်ထောက်ဆရာမတို့ ဆိုဖာပေါ်တွင် အိမ်မောကျနေသည်ကို တွေ့ရသည်။ ကျွန်မအထဲသို့ ရောက်သည့်အခါ သူတို့ လူးလဲထသည်။ ကျွန်မ ကြမ်းပြင်ပေါ်သို့ ပုံကျသွားပြီး မေ့လဲမသွားမီ မြင်တွေ့လိုက်ရသည်က သင်တန်းဆရာ၏ အပြံုးဖြစ်သည်။

နောက်တနေ့တွင် ဆန်းစစ်ချက်အမှတ် ထွက်လာသည်။ ကျွန်မ ၉၈ မှတ်ရသည်။ ကျောင်း၏ စံချိန်တင် အမှတ်ဖြစ်သည်။

ဆက်ရန်
Swam Htet‎မှတ်စုကြမ်း
December 30, 2015 ·




No comments:

Post a Comment