Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 15, 2015

ဆင္းရဲမြဲေတမႈနဲ႔ ပဋိပကၡေၾကာင့္ ျမန္မာဘိန္းစိုက္ပ်ိဳးမႈ အားေကာင္းဆဲ


ကုလသမဂၢ မူးယစ္ေဆးဝါး နဲ႔ ရာဇဝတ္မႈ တုိက္ဖ်က္ေရးဌာန (UNODC) ရဲ႕ ေနာက္ဆံုး ဆန္းစစ္ခ်က္ေတြအရ ျမန္မာႏိုင္ငံရဲ႕ ဘိန္းထုတ္လုပ္မႈဟာ အရင္ကႏွစ္ေတြအတိုင္းပဲ ဆက္ရွိေနဆဲျဖစ္တယ္လို႕ ဆိုပါတယ္။႔

ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕အစိုးရ ေနာက္ႏွစ္တက္လာတဲ့အခါ ဘိန္းထုတ္လုပ္မႈကို သက္ေရာက္မႈရွိေစမယ့္ မူ၀ါဒေတြ ခ်မွတ္ဖို႔ ႀကိဳးစားရာမွာ စိန္ေခၚမႈေတြ  အမ်ားႀကီး ၾကံဳရမွာျဖစ္တယ္လို႔ UNODC က ေျပာပါတယ္။ ဗြီအိုေအ သတင္းေထာက္ Ron Corben ဘန္ေကာက္ၿမိဳ႕က ေပးပို႔ထားတဲ့ သတင္းကို ကုိရဲေခါင္က တင္ျပထားပါတယ္။

ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈ တုိက္ဖ်က္ေရးဌာန (UNODC) ဟာ ျမန္မာနဲ႔ လာအိုႏိုင္ငံေတြရဲ႕ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈအတြက္ ေနာက္ဆံုးထုတ္ စစ္တမ္းကို အဂၤါေန႔က ထုတ္ျပန္လိုက္တာပါ။ အာဖဂန္နစၥတန္ၿပီးရင္ ကမၻာေပၚမွာ ဘိန္းစိုက္ပ်ိဳးမႈ ဒုတိယအမ်ားဆံုးျဖစ္တဲ့ ျမန္မာႏိုင္ငံမွာ ဆင္းရဲမြဲေတမႈနဲ႔ ပဋိပကၡေတြဟာ ဘိန္းစိုက္ပ်ိဳးမႈရဲ႕ ေနာက္ကြယ္က တြန္းအားေတြျဖစ္တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

UNODC ရဲ႕ အစီရင္ခံစာအရ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ အေရွ႕ေတာင္အာရွရဲ႕ ဘိန္းထုတ္လုပ္မႈဟာ တျဖည္းျဖည္း တိုးလာေနၿပီး၊ ၂၀၀၆ ခုႏွစ္က ထုတ္လုပ္ခဲ့တဲ့ ပမာဏထက္ သံုးဆေက်ာ္ေလာက္အထိ ထုတ္လုပ္ေနတယ္လို႔ ဆိုပါတယ္။ အေရွ႕ေတာင္အာရွမွာ ဘိန္းထုတ္လုပ္မႈ အားလံုးရဲ႕ ၉၀ ရာခိုင္ႏႈန္းဟာ ျမန္မာႏိုင္ငံက၊ အထူးသျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ထုတ္လုပ္ေနတာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

UNODC ရဲ႕ အေရွ႕ေတာင္အာရွ ကိုယ္စားလွယ္ Jeremy Douglas က အခ်ိဳ႕ေဒသေတြမွာ ဘိန္းစိုက္ပ်ိဳးမႈ တိုးေနရတဲ့ အေၾကာင္းရင္းကို ခုလို ေျပာျပပါတယ္။

“စီးပြားေရးအေျခအေနေၾကာင့္ ခုလို ျဖစ္ရတာပါ။  လူမႈ-စီးပြားေရး စစ္တမ္းေတြအရ ဘိန္းစိုက္လို႔ ၀င္ေငြ ပိုရတာရယ္၊ ဆင္းရဲမြဲေတမႈရယ္ ဒီအေျခအေန ႏွစ္ခုက အဓိက တြန္းအားျဖစ္ေနတယ္လို႔ သိရပါတယ္။ ဒါက သိပ္ေတာ့ အံ့ၾသစရာ မဟုတ္ပါဘူး။ ဆင္းရဲၿပီး အျခား၀င္ေငြရွာစရာ နည္းလမ္းမရွိတဲ့ အေျခအေနမွာ ဘိန္းစိုက္တာကေန ျမင့္မားတဲ့ ၀င္ေငြေတြ ရေနၾကတာပါ။ သူတို႔ဟာ သူတို႔ရဲ႕ မိသားစုေတြကို ေထာက္ပံ့ဖို႔အတြက္ တရား၀င္တဲ့ နညး္လမ္းနဲ႔ ၀င္ေငြရွာႏိုင္တဲ့ အေျခအေန မရွိပါဘူး။ ဒါေၾကာင့္ ဘိန္းစိုက္ပ်ိဳးျဖစ္ဖို႔ တြန္းအားေပးေနတဲ့ အေၾကာင္းရင္းက မိသားစု စား၀တ္ေနေရးအတြက္ပါ။”

UNODC ရဲ႕ စစ္တမ္း အစီရင္ခံစာအရ ၂၀၁၃ ခုႏွစ္က ျမန္မာတႏိုင္ငံလံုးမွာ ဘိန္းစိုက္ပ်ိဳးမႈ ဟက္တာ ၅၇၈၀၀ ရွိၿပီး၊ ၂၀၁၄ ခုႏွစ္မွာ ဟက္တာ ၅၇၆၀၀ ရွိခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ ဘိန္းစိုက္ပ်ိဳးမႈ ၄ ရာခိုင္ႏႈန္းက်ဆင္းသြားၿပီး၊ ဟက္တာ ၅၅၅၀၀ ရွိေနပါတယ္။ ျမန္မာတစ္ႏိုင္ငံလံုး ဘိန္းစိုက္ပ်ိဳးမႈ အားလံုးရဲ႕ ၉၁ရာခိုင္ႏႈန္းဟာ ရွမ္းျပည္နယ္မွာ ရွိၿပီး၊ ျပည္နယ္ ေတာင္ပိုင္းမွာ ၄၂ ရာခိုင္ႏႈန္း၊ ျပည္နယ္အေရွ႕ပိုင္းမွာ ၃၁ ရာခိုင္ႏႈန္းနဲ႔ ျပည္နယ္ေျမာက္ပိုင္းမွာ ၁၇ ရာခိုင္ႏႈန္းရွိေနတာပါ။ အစီရင္ခံစာအရ ရွမ္းျပည္နယ္မွာ ဘိန္းစိုက္ပ်ိဳးမႈ က်ဆင္းသြားတာ မရွိပဲ၊ က်န္ ကခ်င္၊ ကယားနဲ႔ ခ်င္းျပည္နယ္ေတြမွာ က်ဆင္းသြားတာေတြ႔ရတယ္လို႔ ဆိုပါတယ္။

လာအိုႏိုင္ငံမွာေတာ့ ဘိန္းကို ႏိုင္ငံေျမာက္ပိုင္း Phong Sali နယ္မွာ အမ်ားဆံုး စိုက္ပ်ိဳးၿပီး ဟက္တာ ၆၀၀၀ ေအာက္မွာပဲ ရွိတယ္လို႔ အစီရင္ခံစာမွာ ပါရွိပါတယ္။ ျမန္မာနဲ႔ လာအို ႏွစ္ႏိုင္ငံေပါင္း ထုတ္လုပ္မႈက တစ္ကမၻာလံုး ဘိန္းထုတ္လုပ္မႈရဲ႕ ၂၅ ရာခိုင္ႏႈန္းရွိေနၿပီး၊ က်န္အမ်ားစုကိုေတာ့ အာဖဂန္နစၥတန္ကေန ထုတ္လုပ္ေနတာပါ။

ျမန္မာႏိုင္ငံထဲက ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာေတာ့ ျမန္မာစစ္တပ္နဲ႔ ရွမ္းတိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔ေတြ တိုက္ပြဲျဖစ္ေနတဲ့ အခ်ိန္အတြင္းမွာ ဘိန္းစိုက္ပ်ိဳးမႈ ၁၄ ရာခိုင္ႏႈန္းအထိ တိုးတက္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ငါးႏွစ္အတြင္းမွာ ခုလို ပဋိပကၡျဖစ္ေနတဲ့ အေျခအေနေၾကာင့္ အခ်ိဳ႕ေဒသေတြမွာ ဘိန္းထုတ္လုပ္မႈ ႏွစ္ဆတိုးလာတယ္လို႔ ေဒါက္ကလပ္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၅ ရက္က ျမန္မာအစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ရွစ္ဖြဲ႔ဟာ အပစ္အခတ္ အတိုက္အခိုက္ရပ္စဲေရး သေဘာတူညီခ်က္ေတြကို လက္မွတ္ထိုးခဲ့ၾကၿပီး၊ ၿပီးခဲ့တဲ့အပတ္က ျမန္မာ့ လႊတ္ေတာ္က အတည္ျပဳေပးလိုက္ပါတယ္။ ဒါေပမဲ့ ရွမ္းျပည္နယ္ တိုးတက္ေရးပါတီနဲ႔ ရွမ္းျပည္တပ္မေတာ္ (SSA) တို႔ဟာ ပါ၀င္လက္မွတ္ထိုးထားျခင္း မရွိပါဘူး။

ဘိန္းနဲ႔ မူးယစ္ေဆး၀ါး ေရာင္း၀ယ္မႈနဲ႔ ဆက္စပ္ေနတဲ့ ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ နည္းလမ္းေတြကို ျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲ အႏိုင္ရထားတဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီနဲ႔ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္တို႔က ရွာေဖြေနတယ္လို႔လည္း သူက ေျပာပါတယ္။

ဒါေပမဲ့ စိန္ေခၚမႈေတြ အမ်ားႀကီးရွိေနဆဲျဖစ္ၿပီး၊ အထူးသျဖင့္ ျမန္မာႏိုင္ငံရဲ႕ မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရး မူ၀ါဒေတြနဲ႔ ပတ္သက္လို႔ လုပ္ေဆာင္ေနတဲ့ အဓိက အစိုးရဌာနေတြဟာ ႏိုင္ငံထဲမွာ ၾသဇာအာဏာရွိဆဲျဖစ္တဲ့ စစ္တပ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနဆဲျဖစ္ပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္အတြက္ စိန္ေခၚမႈေတြ ရွိေနမွာပါ။ ျမန္မာႏိုင္ငံ အစိုးရထဲက ျပဳျပင္ေျပာင္းလဲေရး ေဖာ္ေဆာင္သူေတြအေနနဲ႔ စဥ္းစားရမွာက မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးနဲ႔ ပတ္သက္ရင္ တာ၀န္ယူထားတဲ့ ရဲတပ္ဖြဲ႔နဲ႔ အျခား အစိုးရဌာနေတြမွာ သူမကို ဘယ္လိုပံုစံနဲ႔ ပါ၀င္ခြင့္ေပးမလဲ ဆိုတာကိုပါ။”

ေဒသတြင္းမွာ ဘိန္းနဲ႔ ဟီးရိုးအင္း ေရာင္း၀ယ္တဲ့ ေစ်းကြက္ဟာ ေဒၚလာ ၂၀ ဘီလီယံေလာက္အထိ တန္ဖိုးရွိၿပီး၊ တရုတ္ႏိုင္ငံနဲ႔ ေဟာင္ေကာင္က ၀ယ္လိုအားကို အမွီျပဳေနတာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာ ကုလသမဂၢနဲ႕ အလွဴရွင္ႏိုင္ငံေတြဟာ ဘိန္းစိုက္ေတာင္သူေတြအတြက္ အျခား၀င္ေငြရွာႏိုင္မယ့္ နည္းလမ္းေတြ ဖန္တီးေပးဖို႔ ႀကိဳးစားေနစဥ္မွာပဲ၊ မက္သာဖက္တမင္းနဲ႕ အျခား ဓာတုေဗဒနည္းနဲ႕ ခ်က္လုပ္တဲ့  စိတ္ႂကြရူးသြပ္ေဆး သံုးစြဲတာလိုမ်ိဳး ေနာက္ထပ္ စိန္ေခၚမႈအသစ္ေတြ ေပၚထြက္လာေနတယ္လို႔ UNODC အဖြဲ႔က ေဒါက္ကလပ္က ေျပာျပခဲ့ပါတယ္။


ရဲေခါင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......................


ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန (UNODC) ရဲ့ နောက်ဆုံး ဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ အရင်ကနှစ်တွေအတိုင်းပဲ ဆက်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။့

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့အစိုးရ နောက်နှစ်တက်လာတဲ့အခါ ဘိန်းထုတ်လုပ်မှုကို သက်ရောက်မှုရှိစေမယ့် မူဝါဒတွေ ချမှတ်ဖို့ ကြိုးစားရာမှာ စိန်ခေါ်မှုတွေ  အများကြီး ကြုံရမှာဖြစ်တယ်လို့ UNODC က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Ron Corben ဘန်ကောက်မြို့က ပေးပို့ထားတဲ့ သတင်းကို ကိုရဲခေါင်က တင်ပြထားပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန (UNODC) ဟာ မြန်မာနဲ့ လာအိုနိုင်ငံတွေရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအတွက် နောက်ဆုံးထုတ် စစ်တမ်းကို အင်္ဂါနေ့က ထုတ်ပြန်လိုက်တာပါ။ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခတွေဟာ ဘိန်းစိုက်ပျိုးမှုရဲ့ နောက်ကွယ်က တွန်းအားတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

UNODC ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အရှေ့တောင်အာရှရဲ့ ဘိန်းထုတ်လုပ်မှုဟာ တဖြည်းဖြည်း တိုးလာနေပြီး၊ ၂၀၀၆ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ပမာဏထက် သုံးဆကျော်လောက်အထိ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှမှာ ဘိန်းထုတ်လုပ်မှု အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက၊ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းက ထုတ်လုပ်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

UNODC ရဲ့ အရှေ့တောင်အာရှ ကိုယ်စားလှယ် Jeremy Douglas က အချို့ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု တိုးနေရတဲ့ အကြောင်းရင်းကို ခုလို ပြောပြပါတယ်။

“စီးပွားရေးအခြေအနေကြောင့် ခုလို ဖြစ်ရတာပါ။  လူမှု-စီးပွားရေး စစ်တမ်းတွေအရ ဘိန်းစိုက်လို့ ၀င်ငွေ ပိုရတာရယ်၊ ဆင်းရဲမွဲတေမှုရယ် ဒီအခြေအနေ နှစ်ခုက အဓိက တွန်းအားဖြစ်နေတယ်လို့ သိရပါတယ်။ ဒါက သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ဆင်းရဲပြီး အခြားဝင်ငွေရှာစရာ နည်းလမ်းမရှိတဲ့ အခြေအနေမှာ ဘိန်းစိုက်တာကနေ မြင့်မားတဲ့ ၀င်ငွေတွေ ရနေကြတာပါ။ သူတို့ဟာ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့အတွက် တရားဝင်တဲ့ နညး်လမ်းနဲ့ ၀င်ငွေရှာနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ဒါကြောင့် ဘိန်းစိုက်ပျိုးဖြစ်ဖို့ တွန်းအားပေးနေတဲ့ အကြောင်းရင်းက မိသားစု စားဝတ်နေရေးအတွက်ပါ။”

UNODC ရဲ့ စစ်တမ်း အစီရင်ခံစာအရ ၂၀၁၃ ခုနှစ်က မြန်မာတနိုင်ငံလုံးမှာ ဘိန်းစိုက်ပျိုးမှု ဟက်တာ ၅၇၈၀၀ ရှိပြီး၊ ၂၀၁၄ ခုနှစ်မှာ ဟက်တာ ၅၇၆၀၀ ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဘိန်းစိုက်ပျိုးမှု ၄ ရာခိုင်နှုန်းကျဆင်းသွားပြီး၊ ဟက်တာ ၅၅၅၀၀ ရှိနေပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု အားလုံးရဲ့ ၉၁ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ်မှာ ရှိပြီး၊ ပြည်နယ် တောင်ပိုင်းမှာ ၄၂ ရာခိုင်နှုန်း၊ ပြည်နယ်အရှေ့ပိုင်းမှာ ၃၁ ရာခိုင်နှုန်းနဲ့ ပြည်နယ်မြောက်ပိုင်းမှာ ၁၇ ရာခိုင်နှုန်းရှိနေတာပါ။ အစီရင်ခံစာအရ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ကျဆင်းသွားတာ မရှိပဲ၊ ကျန် ကချင်၊ ကယားနဲ့ ချင်းပြည်နယ်တွေမှာ ကျဆင်းသွားတာတွေ့ရတယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံမှာတော့ ဘိန်းကို နိုင်ငံမြောက်ပိုင်း Phong Sali နယ်မှာ အများဆုံး စိုက်ပျိုးပြီး ဟက်တာ ၆၀၀၀ အောက်မှာပဲ ရှိတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ မြန်မာနဲ့ လာအို နှစ်နိုင်ငံပေါင်း ထုတ်လုပ်မှုက တစ်ကမ္ဘာလုံး ဘိန်းထုတ်လုပ်မှုရဲ့ ၂၅ ရာခိုင်နှုန်းရှိနေပြီး၊ ကျန်အများစုကိုတော့ အာဖဂန်နစ္စတန်ကနေ ထုတ်လုပ်နေတာပါ။

မြန်မာနိုင်ငံထဲက ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ မြန်မာစစ်တပ်နဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ အချိန်အတွင်းမှာ ဘိန်းစိုက်ပျိုးမှု ၁၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ခုလို ပဋိပက္ခဖြစ်နေတဲ့ အခြေအနေကြောင့် အချို့ဒေသတွေမှာ ဘိန်းထုတ်လုပ်မှု နှစ်ဆတိုးလာတယ်လို့ ဒေါက်ကလပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်က မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ဟာ အပစ်အခတ် အတိုက်အခိုက်ရပ်စဲရေး သဘောတူညီချက်တွေကို လက်မှတ်ထိုးခဲ့ကြပြီး၊ ပြီးခဲ့တဲ့အပတ်က မြန်မာ့ လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ် တိုးတက်ရေးပါတီနဲ့ ရှမ်းပြည်တပ်မတော် (SSA) တို့ဟာ ပါ၀င်လက်မှတ်ထိုးထားခြင်း မရှိပါဘူး။

ဘိန်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ရှာဖွေနေတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ စိန်ခေါ်မှုတွေ အများကြီးရှိနေဆဲဖြစ်ပြီး၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်နေတဲ့ အဓိက အစိုးရဌာနတွေဟာ နိုင်ငံထဲမှာ သြဇာအာဏာရှိဆဲဖြစ်တဲ့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အတွက် စိန်ခေါ်မှုတွေ ရှိနေမှာပါ။ မြန်မာနိုင်ငံ အစိုးရထဲက ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်သူတွေအနေနဲ့ စဉ်းစားရမှာက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့နဲ့ အခြား အစိုးရဌာနတွေမှာ သူမကို ဘယ်လိုပုံစံနဲ့ ပါ၀င်ခွင့်ပေးမလဲ ဆိုတာကိုပါ။”

ဒေသတွင်းမှာ ဘိန်းနဲ့ ဟီးရိုးအင်း ရောင်းဝယ်တဲ့ စျေးကွက်ဟာ ဒေါ်လာ ၂၀ ဘီလီယံလောက်အထိ တန်ဖိုးရှိပြီး၊ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်က ၀ယ်လိုအားကို အမှီပြုနေတာ ဖြစ်ပါတယ်။ အခုအချိန်မှာ ကုလသမဂ္ဂနဲ့ အလှူရှင်နိုင်ငံတွေဟာ ဘိန်းစိုက်တောင်သူတွေအတွက် အခြားဝင်ငွေရှာနိုင်မယ့် နည်းလမ်းတွေ ဖန်တီးပေးဖို့ ကြိုးစားနေစဉ်မှာပဲ၊ မက်သာဖက်တမင်းနဲ့ အခြား ဓာတုဗေဒနည်းနဲ့ ချက်လုပ်တဲ့  စိတ်ကြွရူးသွပ်ဆေး သုံးစွဲတာလိုမျိုး နောက်ထပ် စိန်ခေါ်မှုအသစ်တွေ ပေါ်ထွက်လာနေတယ်လို့ UNODC အဖွဲ့က ဒေါက်ကလပ်က ပြောပြခဲ့ပါတယ်။


ရဲခေါင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment