ေနာက္ရုပ္ရွင္ တကားတြင္လည္း ပါဝင္ခြင့္ရခဲ့သည္။ ကိုးရီးယားစစ္ပြဲအတြင္း ဆုတ္ခြာလာေသာ ေျမာက္ကိုရီးယားစစ္သားမ်ားက အမ်ဴ ိးသမီး တဦးကို မီးေလာင္ျပင္မွ ကယ္ထုတ္ေသာ ဇာတ္လမ္းျဖစ္သည္။ ထိုရုပ္ရွင္တြင္ ကြ်န္မက ဇာတ္ပို႔အျဖစ္ ပါဝင္သရုပ္ေဆာင္ရသည္။ သရုပ္ေဆာင္ခအျဖစ္ လြယ္အိတ္တလံုးႏွင့္ ေကာ္ပီစာအုပ္ ၁၀ အုပ္ရသည္။
ရုပ္ရွင္ရိုက္ရန္ ကမ္းလွမ္းမႈမ်ား ထပ္ရေသာ္လည္း အေဖက သေဘာမတူသျဖင့္ မရိုက္ရေတာ့ေပ။ လူငယ္လႈပ္ရွားမႈမ်ားတြင္ နစ္ျမႈပ္ရျပန္သည္။ ၿပံဳးယမ္း၏ တခုတည္းေသာ အသံလႊင့္ရံုက နံနက္တိုင္း လူငယ္အားမာန္ သီခ်င္းကို လႊင့္သည္္။
ကြ်န္မသည္ လူငယ္ေခါင္းေဆာင္အျဖစ္ တင္ေႁမွာက္ခံရသည္။ ကြ်န္မ၏ အဖြဲ႕ကို အျခားအဖြဲ႕မ်ားႏွင့္ မတူထူးျခားေစရန္ ပံုေဖာ္ရသည္။ ေအာင္ျမင္သင့္သေလာက္ ေအာင္ျမင္ေသာ္လည္း ကြ်န္မသည္ အုပ္ခ်ဴ ပ္ေရးသမားေကာင္း မဟုတ္ တဖက္သားကို ျပစ္တင္ေဝဖန္ရန္ အၿမဲဝန္ေလးသည္။ ဤသည္မွာ ကြ်န္မ၏ ပင္ကိုစရိုက္ျဖစ္သည္။ စာေမးပြဲ ရမွတ္မ်ားကို အမ်ားသိေစရန္ ကပ္ထားသည္။ ေက်ာင္းတြင္ ဘာသာေလးရပ္ သင္ၾကားရသည္။
ယင္းတို႔မွာ ေတာ္လွန္ေရး ပညာေရး လုပ္အားေပး ႏွင့္ က်င့္ဝတ္ဟူ၍ ျဖစ္သည္။ ေတာ္လွန္ေရး ဘာသာရပ္ကို သင္ၾကားရာတြင္ ကင္အီဆြန္း၏ ဓာတ္ပံု တပံုကို ဆရာမက ေျမာက္လ်က္ ေမးျမန္းသည္။
ေျဖဆိုရမည့္ ကေလးငယ္က ေရွ႕သို႔ ထြက္လာၿပီး လက္ႏွစ္ဖက္ကို ေျမာက္လ်က္ ဓာတ္ပံုကို ေသခ်ာၾကည့္ကာ တေလးတစားျဖင့္ "ဒီဓာတ္ပံုဟာ ကြ်န္ေတာ္တို႔ရဲ႕ အတိုင္းမသိ ႀကီးျမတ္တဲ့ ေခါင္းေဆာင္ႀကီးက ကမာၻအႏွံ႔အဝန္း လက္နက္ကိုင္ ေတာ္လွန္ေရးေတြ ဆင္ႏြဲၾကဖို႔ ၫႊန္ၾကားေနတဲ့ ပံုျဖစ္ပါတယ္။ ၁၉၃၀ ျပည့္ႏွစ္က ေခါင္းေဆာင္ႀကီးက ခ်ဴ ိစန္မွာ ျပည္သူ႔ေတာ္လွန္ေရးတပ္မေတာ္ ညီလာခံ က်င္းပေနခ်ိန္ျဖစ္ပါတယ္"
အေျဖမွန္ကန္ပါက ေက်ာင္းသား၏အမွတ္ျပဇယားရွိ ေတာ္လွန္ေရးဘာသာရပ္ စာတိုင္တြင္ အနီမွတ္ တမွတ္ရရွိသည္။
ဤသို႔ျဖင့္ အထက္ေက်ာင္းၿပီးဆံုးသည့္အခါ ကင္အီဆြန္း တကၠသိုလ္သို႔ ကြ်န္မ တက္ေရာက္ခြင့္ရသည္။ အေမရိကန္ စံႏႈန္းျဖင့္ တိုင္းတာမည္ဆိုပါက ကင္အီဆြန္းတကၠသို္လ္သည္။ ေျမာက္ကိုရီးယားတြင္ တကၠသိုလ္ဟု သတ္မွတ္ႏိုင္ေသာ တခုတည္းေသာ တကၠသိုလ္ျဖစ္သည္။ အဆင့္ျမင့္အရာရွိ သားသမီးမ်ားသာ တက္ေရာက္ သင္ၾကားႏိုင္သည္။ သို႔ရာတြင္ အျခားေက်ာင္းမ်ားနည္းတူ သေဘာတရားေရးကို သင္ၾကားၿပီး အခ်ိန္အမ်ားစုမွာ ကင္အီဆြန္း အေတြးအေခၚကို သင္ယူၾကရသည္။
တကၠသိုလ္စာေမးပြဲ မတိုင္ခင္ ကြ်န္မ စစ္သင္တန္း ၆ လ တက္ရသည္။ ေက်ာင္းသားတိုင္း မတက္မေနရ တက္ရသည္။ ေျမာက္ကိုရီးယားတြင္ တကၠသိုလ္မ်ား ကို စစ္တပ္ဖြဲ႕စည္းသကဲ့သို႔ ဖြဲ႕စည္းထားသည္။ အတန္းကို တပ္စိပ္ သင္ၾကားေရး႒ာနကို တပ္ခြဲ ဘြဲ႕ႀကိဳေက်ာင္းသားအုပ္စုကို တပ္ရင္းဟု ေခၚေဝၚသည္။ အတန္းေခါင္းေဆာင္အား ဗိုလ္အဆင့္ သတ္မွတ္ေပးထားကာ ေက်ာင္းသားေရးရာမွဴ းကို ဗိုလ္ႀကီးဟု ေခၚေဝၚသတ္မွတ္သည္။ ကင္အီဆြန္း တကၠသိုလ္မွ ေအာင္ျမင္သူမ်ားသည္ အလုပ္အကိုင္ ေကာင္းေကာင္းရၾကသည္။ အခြင့္ထူးခံ လူတန္းစားမ်ားသာ တက္ခြင့္ရသည္။ ကြ်န္မလည္း အခြင့္ထူးခံ လူတန္းစားတြင္ ပါဝင္ေသာ္လည္း ေက်ာင္းစာမလိုက္ႏိုင္ ျဖစ္ေနသည္။ ၿမိဳ႕ျပင္ယာခင္းတြင္ အခ်ိန္ျပည့္ လုပ္အားေပးရသျဖင့္ ေက်ာင္းစာဘက္သို႔ မလွည့္ႏိုင္ျဖစ္ေနသည္။ ၿပံဳးယမ္း ႏိုင္ငံျခားဘာသာေကာလိပ္သို႔ ေျပာင္းတက္ရန္ အေဖက အႀကံေပးသည္။ ႏိုင္ငံျခားဘာသာေကာလိပ္မွ ေအာင္ျမင္လွ်င္လည္း အလုပ္အကိုင္ေကာင္းေကာင္းရၿပီး မိန္းကေလးအတြက္လည္း သင့္ေတာ္ေသာ ေကာလိပ္ျဖစ္သည္။ ႏိုင္ငံျခားဘာသာ ေကာလိပ္သို႔ တက္ရန္ ကြ်န္မဆံုးျဖတ္လိုက္ျခင္းသည္ ကံဆိုးမိုးေမွာင္ က်ေတာ့မည့္ ပထမေျခလွမ္းျဖစ္သည္ကို ထိုစဥ္က စိုးစဥ္းမွ် မရိပ္မိခဲ့ေပ။ ဂ်ပန္ဘာသာ မသင္ခဲ့ပါလွ်င္ ကြ်န္မအား ေအးဂ်င့္အျဖစ္ သိမ္းသြင္းျခင္း ခံရမည္မဟုတ္ေပ။
ေကာလိပ္ဝင္ခြင့္ စာေမးပြဲေျဖႏိုင္ရန္ အေဖက စီစဥ္ေပးသည္။ ဝင္ခြင့္စာေမးပြဲ ေအာင္ျမင္ၿပီး ဂ်ပန္ဘာသာ အဓိကေက်ာင္းသူအျဖစ္ ေက်ာင္းစတက္ရသည္။ စစ္သင္တန္းလည္း ဆက္တက္ေနရသည္။ သင္တန္းတြင္ ရိုုင္ဖယ္ေသနတ္ပစ္ ေလ့က်င့္ရသည္။ တန္းစီခ်ီတက္ေသာ သင္ခန္းစားကို ေလ့က်င့္ရသည္။ ကြန္ျမဴ နစ္စနစ္ေအာက္တြင္ ေယာက်ာ္းမိန္းမ တန္းတူအခြင့္အေရး ရွိသည္ဟု ဆိုသည္။ ထုိ႔ေၾကာင့္ စစ္သင္တန္းကို ေယာက်ာ္းမ်ားႏွင့္ ရင္ေပါင္တန္း သင္တန္းတက္ရသည္။ သို႔ေသာ္ သင္တန္းစခန္းသည္ မိန္းမသားမ်ားအတြက္ စီစဥ္ထားျခင္းမရွိ။ သန္႔စင္ခန္းႏွင့္ အဝတ္လဲခန္း သီးသန္႔မရွိ။ ကြ်န္မတို႔ ဗီဒိုထဲဝင္ကာ က်ပ္က်ပ္တည္းတည္း အဝတ္လဲရသည္။ အမ်ဴ ိးသမီး လစဥ္သံုး ဂြမ္းထုပ္က မၾကာခဏ ျပတ္လပ္သည္။ အစားအေသာက္ကလည္း ညံဖ်င္းလြန္းသျဖင့္ ကိုယ္အေလးခ်ိန္က်ကာ ပိန္ပိန္ကပ္ကပ္ေလးမ်ား ျဖစ္ကုန္ၾကသည္။
အလြန္ပင္ပန္းဆင္းရဲကာ တေနကုန္တေနခန္း ခ်ီတက္ၾကရသည္။ လက္နက္အမ်ဴ ိးအစား ႏွင့္ ယႏၲရားတပ္သံုးယာဥ္မ်ားကို ခြဲျခားသိရွိၿပီး အသံုးျပဳႏိုင္ေအာင္ သင္ၾကားေပးသည္။ ခရီးရွည္ ခ်ီတက္ရသည့္အခါမ်ားတြင္ ကြ်န္မမွီေအာင္မလိုက္ႏိုင္။ ထိုအခါမ်ဴ ိးတြင္ ခပ္ေခ်ာေခ်ာ တပ္ဗိုလ္ေလးက "ယြန္ေဟး ျမန္ျမန္လာ ေနာက္က်မေနနဲ႔။ တပ္ထဲမွာ ေယာက်ာ္းနဲ႔မိန္းမ တန္းတူလုပ္ရမယ္" ဟု အားေပးတတ္သည္။
ေယာက်ာ္းမိန္းမ တန္းတူရည္တူရွိသည္ဟု ေျပာေစကာမူ အမွန္စင္စစ္ မိန္းမကို ဝန္ထုပ္ဝန္ပိုးအျဖစ္ ျမင္ၾကသည္။ ကြ်န္မတို႔ကို ေယာက်ာ္းမ်ားထက္ ပို၍ပင္ပင္ပန္းပန္းခိုင္းသည္။ ေလ့က်င့္ခန္းပိုဆင္းရသည္။ ခြဲျခားဆက္ဆံ ခံရသည္္ကို ကြ်န္မတို႔ မေက်နပ္။ သို႔ေသာ္ သင္တန္းဆင္းသည့္အခါ ကြ်န္မတို႔ အမ်ဴ ိးသမီးမ်ားက ေယာက်ာ္းမ်ားထက္ ပိုကြ်မ္းက်င္လာၾကသည္။ ေလယာဥ္ပစ္အေျမာက္ တင့္ကားဖ်က္ဒံုး စက္ေသနတ္ ရိုင္ဖယ္ ပစၥတိုတို႔ကို ကြ်မ္းကြ်မ္းက်င္က်င္ ပစ္တတ္လာသည္။ တင့္ကားေမာင္းတတ္လာသည္။ လက္ပစ္ဗံုးပစ္တတ္လာသည္။ သင္တန္းဆင္းခါနီး ေပါင္ ၃၀ အေလးကို ေက်ာပိုးလ်က္ မိုင္ ၂၀ ခရီးရွည္ ခ်ီတက္ရသည္။
ဆက္ရန္
Swam Htet
.......................
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း
အပိုင်း ရ
ဧည့်သည်လာတိုင်း အမေက ကျွန်မကို ခေါ်ပြသည်။ ကျောင်းသို့ ဧည့်သည်လာလျှင်လည်း ဆရာမက ကျွန်မကို ပွဲထုတ်သည်။ ဤသည်ကို သဘောမကျနိုင်သည်မှာ အဖေဖြစ်သည်။ ရုပ်ရှင်အမည်ကို ပြောလိုက်တိုင်း အဖေသည် မျက်မှောင်ကုတ်သွားသည်။
နောက်ရုပ်ရှင် တကားတွင်လည်း ပါဝင်ခွင့်ရခဲ့သည်။ ကိုးရီးယားစစ်ပွဲအတွင်း ဆုတ်ခွာလာသော မြောက်ကိုရီးယားစစ်သားများက အမျူ ိးသမီး တဦးကို မီးလောင်ပြင်မှ ကယ်ထုတ်သော ဇာတ်လမ်းဖြစ်သည်။ ထိုရုပ်ရှင်တွင် ကျွန်မက ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်ရသည်။ သရုပ်ဆောင်ခအဖြစ် လွယ်အိတ်တလုံးနှင့် ကော်ပီစာအုပ် ၁၀ အုပ်ရသည်။
ရုပ်ရှင်ရိုက်ရန် ကမ်းလှမ်းမှုများ ထပ်ရသော်လည်း အဖေက သဘောမတူသဖြင့် မရိုက်ရတော့ပေ။ လူငယ်လှုပ်ရှားမှုများတွင် နစ်မြှုပ်ရပြန်သည်။ ပြုံးယမ်း၏ တခုတည်းသော အသံလွှင့်ရုံက နံနက်တိုင်း လူငယ်အားမာန် သီချင်းကို လွှင့်သည််။
ကျွန်မသည် လူငယ်ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရသည်။ ကျွန်မ၏ အဖွဲ့ကို အခြားအဖွဲ့များနှင့် မတူထူးခြားစေရန် ပုံဖော်ရသည်။ အောင်မြင်သင့်သလောက် အောင်မြင်သော်လည်း ကျွန်မသည် အုပ်ချူ ပ်ရေးသမားကောင်း မဟုတ် တဖက်သားကို ပြစ်တင်ဝေဖန်ရန် အမြဲဝန်လေးသည်။ ဤသည်မှာ ကျွန်မ၏ ပင်ကိုစရိုက်ဖြစ်သည်။ စာမေးပွဲ ရမှတ်များကို အများသိစေရန် ကပ်ထားသည်။ ကျောင်းတွင် ဘာသာလေးရပ် သင်ကြားရသည်။
ယင်းတို့မှာ တော်လှန်ရေး ပညာရေး လုပ်အားပေး နှင့် ကျင့်ဝတ်ဟူ၍ ဖြစ်သည်။ တော်လှန်ရေး ဘာသာရပ်ကို သင်ကြားရာတွင် ကင်အီဆွန်း၏ ဓာတ်ပုံ တပုံကို ဆရာမက မြောက်လျက် မေးမြန်းသည်။
ဖြေဆိုရမည့် ကလေးငယ်က ရှေ့သို့ ထွက်လာပြီး လက်နှစ်ဖက်ကို မြောက်လျက် ဓာတ်ပုံကို သေချာကြည့်ကာ တလေးတစားဖြင့် "ဒီဓာတ်ပုံဟာ ကျွန်တော်တို့ရဲ့ အတိုင်းမသိ ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီးက ကမ္ဘာအနှံ့အဝန်း လက်နက်ကိုင် တော်လှန်ရေးတွေ ဆင်နွဲကြဖို့ ညွှန်ကြားနေတဲ့ ပုံဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ်က ခေါင်းဆောင်ကြီးက ချူ ိစန်မှာ ပြည်သူ့တော်လှန်ရေးတပ်မတော် ညီလာခံ ကျင်းပနေချိန်ဖြစ်ပါတယ်"
အဖြေမှန်ကန်ပါက ကျောင်းသား၏အမှတ်ပြဇယားရှိ တော်လှန်ရေးဘာသာရပ် စာတိုင်တွင် အနီမှတ် တမှတ်ရရှိသည်။
ဤသို့ဖြင့် အထက်ကျောင်းပြီးဆုံးသည့်အခါ ကင်အီဆွန်း တက္ကသိုလ်သို့ ကျွန်မ တက်ရောက်ခွင့်ရသည်။ အမေရိကန် စံနှုန်းဖြင့် တိုင်းတာမည်ဆိုပါက ကင်အီဆွန်းတက္ကသို်လ်သည်။ မြောက်ကိုရီးယားတွင် တက္ကသိုလ်ဟု သတ်မှတ်နိုင်သော တခုတည်းသော တက္ကသိုလ်ဖြစ်သည်။ အဆင့်မြင့်အရာရှိ သားသမီးများသာ တက်ရောက် သင်ကြားနိုင်သည်။ သို့ရာတွင် အခြားကျောင်းများနည်းတူ သဘောတရားရေးကို သင်ကြားပြီး အချိန်အများစုမှာ ကင်အီဆွန်း အတွေးအခေါ်ကို သင်ယူကြရသည်။
တက္ကသိုလ်စာမေးပွဲ မတိုင်ခင် ကျွန်မ စစ်သင်တန်း ၆ လ တက်ရသည်။ ကျောင်းသားတိုင်း မတက်မနေရ တက်ရသည်။ မြောက်ကိုရီးယားတွင် တက္ကသိုလ်များ ကို စစ်တပ်ဖွဲ့စည်းသကဲ့သို့ ဖွဲ့စည်းထားသည်။ အတန်းကို တပ်စိပ် သင်ကြားရေးဋ္ဌာနကို တပ်ခွဲ ဘွဲ့ကြိုကျောင်းသားအုပ်စုကို တပ်ရင်းဟု ခေါ်ဝေါ်သည်။ အတန်းခေါင်းဆောင်အား ဗိုလ်အဆင့် သတ်မှတ်ပေးထားကာ ကျောင်းသားရေးရာမှူ းကို ဗိုလ်ကြီးဟု ခေါ်ဝေါ်သတ်မှတ်သည်။ ကင်အီဆွန်း တက္ကသိုလ်မှ အောင်မြင်သူများသည် အလုပ်အကိုင် ကောင်းကောင်းရကြသည်။ အခွင့်ထူးခံ လူတန်းစားများသာ တက်ခွင့်ရသည်။ ကျွန်မလည်း အခွင့်ထူးခံ လူတန်းစားတွင် ပါဝင်သော်လည်း ကျောင်းစာမလိုက်နိုင် ဖြစ်နေသည်။ မြို့ပြင်ယာခင်းတွင် အချိန်ပြည့် လုပ်အားပေးရသဖြင့် ကျောင်းစာဘက်သို့ မလှည့်နိုင်ဖြစ်နေသည်။ ပြံုးယမ်း နိုင်ငံခြားဘာသာကောလိပ်သို့ ပြောင်းတက်ရန် အဖေက အကြံပေးသည်။ နိုင်ငံခြားဘာသာကောလိပ်မှ အောင်မြင်လျှင်လည်း အလုပ်အကိုင်ကောင်းကောင်းရပြီး မိန်းကလေးအတွက်လည်း သင့်တော်သော ကောလိပ်ဖြစ်သည်။ နိုင်ငံခြားဘာသာ ကောလိပ်သို့ တက်ရန် ကျွန်မဆုံးဖြတ်လိုက်ခြင်းသည် ကံဆိုးမိုးမှောင် ကျတော့မည့် ပထမခြေလှမ်းဖြစ်သည်ကို ထိုစဉ်က စိုးစဉ်းမျှ မရိပ်မိခဲ့ပေ။ ဂျပန်ဘာသာ မသင်ခဲ့ပါလျှင် ကျွန်မအား အေးဂျင့်အဖြစ် သိမ်းသွင်းခြင်း ခံရမည်မဟုတ်ပေ။
ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေနိုင်ရန် အဖေက စီစဉ်ပေးသည်။ ဝင်ခွင့်စာမေးပွဲ အောင်မြင်ပြီး ဂျပန်ဘာသာ အဓိကကျောင်းသူအဖြစ် ကျောင်းစတက်ရသည်။ စစ်သင်တန်းလည်း ဆက်တက်နေရသည်။ သင်တန်းတွင် ရိုုင်ဖယ်သေနတ်ပစ် လေ့ကျင့်ရသည်။ တန်းစီချီတက်သော သင်ခန်းစားကို လေ့ကျင့်ရသည်။ ကွန်မြူ နစ်စနစ်အောက်တွင် ယောကျာ်းမိန်းမ တန်းတူအခွင့်အရေး ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် စစ်သင်တန်းကို ယောကျာ်းများနှင့် ရင်ပေါင်တန်း သင်တန်းတက်ရသည်။ သို့သော် သင်တန်းစခန်းသည် မိန်းမသားများအတွက် စီစဉ်ထားခြင်းမရှိ။ သန့်စင်ခန်းနှင့် အဝတ်လဲခန်း သီးသန့်မရှိ။ ကျွန်မတို့ ဗီဒိုထဲဝင်ကာ ကျပ်ကျပ်တည်းတည်း အဝတ်လဲရသည်။ အမျူ ိးသမီး လစဉ်သုံး ဂွမ်းထုပ်က မကြာခဏ ပြတ်လပ်သည်။ အစားအသောက်ကလည်း ညံဖျင်းလွန်းသဖြင့် ကိုယ်အလေးချိန်ကျကာ ပိန်ပိန်ကပ်ကပ်လေးများ ဖြစ်ကုန်ကြသည်။
အလွန်ပင်ပန်းဆင်းရဲကာ တနေကုန်တနေခန်း ချီတက်ကြရသည်။ လက်နက်အမျူ ိးအစား နှင့် ယန္တရားတပ်သုံးယာဉ်များကို ခွဲခြားသိရှိပြီး အသုံးပြုနိုင်အောင် သင်ကြားပေးသည်။ ခရီးရှည် ချီတက်ရသည့်အခါများတွင် ကျွန်မမှီအောင်မလိုက်နိုင်။ ထိုအခါမျူ ိးတွင် ခပ်ချောချော တပ်ဗိုလ်လေးက "ယွန်ဟေး မြန်မြန်လာ နောက်ကျမနေနဲ့။ တပ်ထဲမှာ ယောကျာ်းနဲ့မိန်းမ တန်းတူလုပ်ရမယ်" ဟု အားပေးတတ်သည်။
ယောကျာ်းမိန်းမ တန်းတူရည်တူရှိသည်ဟု ပြောစေကာမူ အမှန်စင်စစ် မိန်းမကို ဝန်ထုပ်ဝန်ပိုးအဖြစ် မြင်ကြသည်။ ကျွန်မတို့ကို ယောကျာ်းများထက် ပို၍ပင်ပင်ပန်းပန်းခိုင်းသည်။ လေ့ကျင့်ခန်းပိုဆင်းရသည်။ ခွဲခြားဆက်ဆံ ခံရသည််ကို ကျွန်မတို့ မကျေနပ်။ သို့သော် သင်တန်းဆင်းသည့်အခါ ကျွန်မတို့ အမျူ ိးသမီးများက ယောကျာ်းများထက် ပိုကျွမ်းကျင်လာကြသည်။ လေယာဉ်ပစ်အမြောက် တင့်ကားဖျက်ဒုံး စက်သေနတ် ရိုင်ဖယ် ပစ္စတိုတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်လာသည်။ တင့်ကားမောင်းတတ်လာသည်။ လက်ပစ်ဗုံးပစ်တတ်လာသည်။ သင်တန်းဆင်းခါနီး ပေါင် ၃၀ အလေးကို ကျောပိုးလျက် မိုင် ၂၀ ခရီးရှည် ချီတက်ရသည်။
ဆက်ရန်
Swam Htetမှတ်စုကြမ်း
December 21, 2015 ·
No comments:
Post a Comment