ဒီဇင္ဘာ ၁၄ ရက္က ႐ုပ္သံတြင္ ထုတ္လႊင့္ခဲ့ေသာ ဗီဒီယိုမွ ရယူထားသည့္ ထုိင္းဘုရင္ ဘူမိေဘာ၏ ဓာတ္ပုံ (Photo:Reuters)
နာမက်န္းျဖစ္ေနေသာ ထုိင္းဘုရင္ ဘူမိေဘာအဒူလ်ာဒက္၏ က်န္းမာေရး အေျခအေနႏွင့္ ပတ္သက္၍ စိုးရိမ္မႈ ျမင့္တက္ေနခ်ိန္တြင္ ဘုရင္သည္ ၿပီးခဲ့ေသာ စက္တင္ဘာ ေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ ဒီဇင္ဘာ ၁၄ ရက္တြင္ လူျမင္ကြင္းသို႔ ထြက္ေပၚလာခဲ့ေၾကာင္း သိရသည္။ နန္းေတာ္က ဒီဇင္ဘာ ၁၄ ရက္ ေႏွာင္းပိုင္းတြင္ တရား၀င္ ထုတ္ျပန္ခဲ့ေသာ ဓာတ္ပံု၌ အသက္ ၈၈ ႏွစ္ရွိ ဘုရင္သည္ ၎တက္ေရာက္ ကုသမႈ ခံယူေနေသာ ေဆး႐ံု၌ ျပဳလုပ္ေသာ တရားသူႀကီးသစ္မ်ား၏ က်မ္းသစၥာ က်ိန္ဆုိပဲြတြင္ ေရႊပလႅင္တစ္ခုေပၚ ထိုင္ေနသည္ကို ျမင္ေတြ႕ခဲ့ရသည္။
ထိုင္းဘုရင္က ၿပီးခဲ့ေသာ သီတင္းပတ္တြင္ အသက္ ၈၈ ႏွစ္ျပည့္ ေမြးေန႔က်င္းပခဲ့သည့္ ယင္းေဆး႐ံု၌ အဆိုပါ အခမ္းအနားကို က်င္းပခဲ့ျခင္း ျဖစ္သည္။ ထိုင္းဘုရင္သည္ အဆုတ္ထဲ ပိုး၀င္မႈ အပါအ၀င္ နာမက်န္းျဖစ္မႈ မ်ဳိးစံုမ်ားကို ကုသရန္အတြက္ ယင္းေဆး႐ံုတြင္ လႏွင့္ခ်ီ ကုသမႈ ခံယူေနရသည္။ ကမၻာေပၚတြင္ သက္ရွိထင္ရွား နန္းသက္ အရွည္ဆံုး ဘုရင္ျဖစ္ေသာ ဘူမိေဘာအဒူလ်ာဒက္သည္ သေဘာထား နက္နက္႐ိႈင္း႐ိႈင္း ကဲြျပားေနေသာ ထိုင္းႏုိင္ငံအတြက္ ညီညြတ္ေရး သေကၤတတစ္ခု အျဖစ္ ႐ႈျမင္ခံေနရသည္။
ထိုင္းဘုရင္သည္ ၿပီးခဲ့ေသာ ႏွစ္ႏွစ္အတြင္း အခ်ိန္အမ်ားစုကုိ ေဆး႐ံုတက္လိုက္၊ ေဆး႐ံုမွ ဆင္းလိုက္ျဖင့္ ကုန္ဆံုးခဲ့ရၿပီး လူျမင္ကြင္းသို႔ ထြက္ခဲ့သည္။ သူ၏ က်န္းမာေရးႏွင့္ ပတ္သက္၍ အေသးစိတ္ အခ်က္အလက္ အနည္းငယ္ကိုသာ နန္းေတာ္က ထုတ္ျပန္ေပးခဲ့သည္။ ၿပီးခဲ့ေသာ စက္တင္ဘာတြင္ နန္းေတာ္က ထုတ္ျပန္ခဲ့ေသာ ဗီဒီယိုတစ္ခု၌ လူနာထိုင္ ဘီးတပ္ကုလားထုိင္တြင္ ထိုင္လ်က္ အားနည္းေနပံု ေပၚလြင္ေသာ ထုိင္းဘုရင္သည္ ေဆး႐ုံရွိ ဆိုင္တစ္ဆုိင္သို႔ သြားေရာက္ေနမႈကို ေတြ႕ခဲ့ရသည္။
ထိုင္းဘုရင္၏ ဆယ္စုႏွစ္ ေျခာက္ခုၾကာ အုပ္စိုးလာမႈ အဆံုးသတ္သြားပါက ႏိုင္ငံေရး နက္နက္႐ိႈင္း႐ိႈင္း သေဘာထား ကဲြလဲြေနေသာ ထိုင္းႏုိင္ငံ၏ အနာဂတ္အတြက္ ႏိုင္ငံသား အမ်ားစုက စုိးရိမ္ေနၾကသည္။ ဘူမိေဘာသည္ သူ၏အုပ္စုိးမႈ တစ္ေလွ်ာက္ အာဏာသိမ္းရန္ ႀကိဳးပမ္းမႈ သို႔မဟုတ္ အာဏာသိမ္းမႈ အႀကိမ္ ၂၀ နီးပါး ၾကံဳေတြ႕ခဲ့ရေၾကာင္း သိရသည္။
ထုိင္းႏုိင္ငံတြင္ ၿပီးခဲ့ေသာႏွစ္ ေမက ေရြးေကာက္ခံ ယင္လက္ရွင္နာ၀ပ္ အစိုးရ ရာထူးမွ ျဖဳတ္ခ်ခံခဲ့ရၿပီး စစ္တပ္အာဏာသိမ္းမႈ ျဖစ္ပြားခဲ့သည္။ ထုိင္းဗိုလ္ခ်ဳပ္မ်ားက အေျခခံ ဥပေဒ ျပန္လည္ ေရးဆဲြၿပီးခ်ိန္ႏွင့္ အက်င့္ပ်က္ ျခစားမႈမ်ားကို တိုက္ဖ်က္ၿပီးခ်ိန္တြင္ အရပ္သားမ်ားထံ အာဏာလဲႊေပးမည္ဟု ကတိျပဳထားသည္။ သို႔ေသာ္ ထုိင္းစစ္တပ္သည္ ဘုရင္စနစ္ကို ကာကြယ္ေပးသူဟူေသာ အေၾကာင္းျပခ်က္ျဖင့္ အာဏာကို ဆက္လက္ ဆုပ္ကိုင္ထားၿပီး ရွင္နာ၀ပ္မိသားစုက ႏိုင္ငံေရး ေလာကထဲ ျပန္မ၀င္ေရာက္ႏိုင္ေစရန္ လုပ္ေဆာင္ေနသည္ဟု ေ၀ဖန္သူမ်ားက စြပ္စဲြခဲ့ၾကသည္။
Writer:
Ref:AFP
ELeven Media Group
....................
နာမကျန်းဖြစ်နေသော ထိုင်းဘုရင် လူမြင်ကွင်းသို့ ရှားရှားပါးပါး ထွက်ပေါ်လာ
ဒီဇင်ဘာ ၁၄ ရက်က ရုပ်သံတွင် ထုတ်လွှင့်ခဲ့သော ဗီဒီယိုမှ ရယူထားသည့် ထိုင်းဘုရင် ဘူမိဘော၏ ဓာတ်ပုံ (Photo:Reuters)
နာမကျန်းဖြစ်နေသော ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှု မြင့်တက်နေချိန်တွင် ဘုရင်သည် ပြီးခဲ့သော စက်တင်ဘာ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၁၄ ရက်တွင် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ နန်းတော်က ဒီဇင်ဘာ ၁၄ ရက် နှောင်းပိုင်းတွင် တရားဝင် ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ အသက် ၈၈ နှစ်ရှိ ဘုရင်သည် ၎င်းတက်ရောက် ကုသမှု ခံယူနေသော ဆေးရုံ၌ ပြုလုပ်သော တရားသူကြီးသစ်များ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ရွှေပလ္လင်တစ်ခုပေါ် ထိုင်နေသည်ကို မြင်တွေ့ခဲ့ရသည်။
ထိုင်းဘုရင်က ပြီးခဲ့သော သီတင်းပတ်တွင် အသက် ၈၈ နှစ်ပြည့် မွေးနေ့ကျင်းပခဲ့သည့် ယင်းဆေးရုံ၌ အဆိုပါ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထိုင်းဘုရင်သည် အဆုတ်ထဲ ပိုးဝင်မှု အပါအဝင် နာမကျန်းဖြစ်မှု မျိုးစုံများကို ကုသရန်အတွက် ယင်းဆေးရုံတွင် လနှင့်ချီ ကုသမှု ခံယူနေရသည်။ ကမ္ဘာပေါ်တွင် သက်ရှိထင်ရှား နန်းသက် အရှည်ဆုံး ဘုရင်ဖြစ်သော ဘူမိဘောအဒူလျာဒက်သည် သဘောထား နက်နက်ရှိုင်းရှိုင်း ကွဲပြားနေသော ထိုင်းနိုင်ငံအတွက် ညီညွတ်ရေး သင်္ကေတတစ်ခု အဖြစ် ရှုမြင်ခံနေရသည်။
ထိုင်းဘုရင်သည် ပြီးခဲ့သော နှစ်နှစ်အတွင်း အချိန်အများစုကို ဆေးရုံတက်လိုက်၊ ဆေးရုံမှ ဆင်းလိုက်ဖြင့် ကုန်ဆုံးခဲ့ရပြီး လူမြင်ကွင်းသို့ ထွက်ခဲ့သည်။ သူ၏ ကျန်းမာရေးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် အနည်းငယ်ကိုသာ နန်းတော်က ထုတ်ပြန်ပေးခဲ့သည်။ ပြီးခဲ့သော စက်တင်ဘာတွင် နန်းတော်က ထုတ်ပြန်ခဲ့သော ဗီဒီယိုတစ်ခု၌ လူနာထိုင် ဘီးတပ်ကုလားထိုင်တွင် ထိုင်လျက် အားနည်းနေပုံ ပေါ်လွင်သော ထိုင်းဘုရင်သည် ဆေးရုံရှိ ဆိုင်တစ်ဆိုင်သို့ သွားရောက်နေမှုကို တွေ့ခဲ့ရသည်။
ထိုင်းဘုရင်၏ ဆယ်စုနှစ် ခြောက်ခုကြာ အုပ်စိုးလာမှု အဆုံးသတ်သွားပါက နိုင်ငံရေး နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲနေသော ထိုင်းနိုင်ငံ၏ အနာဂတ်အတွက် နိုင်ငံသား အများစုက စိုးရိမ်နေကြသည်။ ဘူမိဘောသည် သူ၏အုပ်စိုးမှု တစ်လျှောက် အာဏာသိမ်းရန် ကြိုးပမ်းမှု သို့မဟုတ် အာဏာသိမ်းမှု အကြိမ် ၂၀ နီးပါး ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ပြီးခဲ့သောနှစ် မေက ရွေးကောက်ခံ ယင်လက်ရှင်နာဝပ် အစိုးရ ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ ထိုင်းဗိုလ်ချုပ်များက အခြေခံ ဥပဒေ ပြန်လည် ရေးဆွဲပြီးချိန်နှင့် အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်ပြီးချိန်တွင် အရပ်သားများထံ အာဏာလွှဲပေးမည်ဟု ကတိပြုထားသည်။ သို့သော် ထိုင်းစစ်တပ်သည် ဘုရင်စနစ်ကို ကာကွယ်ပေးသူဟူသော အကြောင်းပြချက်ဖြင့် အာဏာကို ဆက်လက် ဆုပ်ကိုင်ထားပြီး ရှင်နာဝပ်မိသားစုက နိုင်ငံရေး လောကထဲ ပြန်မဝင်ရောက်နိုင်စေရန် လုပ်ဆောင်နေသည်ဟု ဝေဖန်သူများက စွပ်စွဲခဲ့ကြသည်။
Writer:
Ref:AFP
EMG
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, December 15, 2015
နာမက်န္းျဖစ္ေနေသာ ထိုင္းဘုရင္ လူျမင္ကြင္းသို႔ ရွားရွားပါးပါး ထြက္ေပၚလာ
နာမက်န္းျဖစ္ေနေသာ ထိုင္းဘုရင္ လူျမင္ကြင္းသို႔ ရွားရွားပါးပါး ထြက္ေပၚလာ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment