Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 25, 2015

ဗီဒီယို အႀကိဳခံစားျခင္း ( ပ႐ိုမိုးရွင္း )

On  Fri, 2015-12-25 06:30Issue No.No.958 Friday, December 25, 2015

- ဒီေန႔ရဲ႕ ဗီဒီယိုအၫႊန္းက႑မွာေတာ့ လူငယ္အခ်စ္ကားေလးတစ္ကားကို ၫႊန္းေပးလိုက္ပါတယ္။

လင္းသူက ေၾကာ္ျငာကုမၸဏီတစ္ခုမွာ အလုပ္လုပ္ေနပါတယ္။ သူ႔ေမြးေန႔ကိုေရာက္တဲ့အခ်ိန္မွာေတာ့ အလုပ္ကေန ခြင့္ယူၿပီး သူ႔ခ်စ္သူကို အခ်ိန္ေပးဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီေန႔မွာပဲ ျပႆနာတက္ခဲ့ပါတယ္။ ျပႆနာတက္တာကလည္း ထူးဆန္းပါတယ္။ သူ႔ေမြးေန႔မွာ သူမသိတဲ့ ေကာင္မေလးသံုးေယာက္က သူတို႔နဲ႔ ပတ္သက္တဲ့ပံုစံနဲ႔ ဆုေတာင္းေပးခဲ့ၾကတာေၾကာင့္ပါ။ အဲဒီကိစၥ ေၾကာင့္ သူ႔ခ်စ္သူက သူ႔ကိုျပႆနာရွာခဲ့ပါတယ္။

အဲဒီေကာင္မေလးေတြနဲ႔ ပတ္သက္ၿပီး လင္းသူ သိတာက ေကာင္မေလးသံုးေယာက္ရဲ႕ နာမည္ေတြပါ။ေကာင္မေလးသံုး ေယာက္ရဲ႕ နာမည္ကလည္း ထူးထူးဆန္းဆန္းပါပဲ။ ေမ၊ ဇြန္၊ ဇူလိုင္ပါ။ အဲဒါေၾကာင့္ အေျဖရွာႏိုင္ဖို႔ ေဖ့စ္ဘြတ္ခ္မွာ အဲဒီအေၾကာင္းကို ေရးတင္ရင္း သဲလြန္စေတြရခဲ့ပါတယ္။ ေမ၊ ဇြန္၊ ဇူလိုင္နဲ႔ပတ္သက္ၿပီး သူ႔လိုပဲ ခံခဲ့ရသူေတြက ေျပာျပခဲ့ၾကပါတယ္။ ဒါေပမဲ့ ေမ၊ ဇြန္၊ ဇူလိုင္ ဘယ္သူလဲဆိုတာကိုေတာ့ မသိခဲ့ပါဘူး။

ေမ၊ ဇြန္၊ ဇူလိုင္က ဂီတကို ၀ါသနာပါတာေၾကာင့္အဆိုေတာ္ျဖစ္ဖို႔ ႀကိဳးစားေနတဲ့ ေကာင္မေလး သံုးေယာက္ပါ။ သူတို႔သံုးေယာက္က ေဖ့စ္ဘြတ္ခ္မွာ နာမည္ႀကီးတဲ့ သူေတြကို မထင္မွတ္တဲ့ကိစၥေတြလုပ္ၿပီး သူတို႔ကိုလူေတြ သတိ ထားမိေအာင္ လုပ္ေနတာပါ။ အဲဒီလုိလုပ္တာကိုသူတို႔က သူတို႔ကိုယ္သူတို႔ ပ႐ိုမိုးရွင္းဆင္းေနတယ္လို႔ ခံယူထားၾကပါတယ္။

အဲဒီလိုနဲ႔ လင္းသူ အေခြဆိုင္ တစ္ခုမွာ ဇူလိုင္မိုးေဆြဆိုတဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ ဆံု ေတြ႕ခဲ့ပါတယ္။ ဇူလိုင္ဆုိတဲ့ နာ မည္ေၾကာင့္ အဲဒီေကာင္မေလးကို ပိုၿပီးလည္းသတိျပဳမိခဲ့ပါတယ္။ အဲဒီလိုပဲ သူ႔သူငယ္ခ်င္းမန္ေနဂ်ာ လုပ္တဲ့ဆိုင္မွာလည္း ဇြန္သံစဥ္ဆို တဲ့ ေကာင္မေလးနဲ႔ ထပ္ၿပီးဆံု ေတြ႕ခဲ့ပါတယ္။

ေနာက္ရက္မွာေတာ့ ဆိုင္ တစ္ဆိုင္မွာ ေစာျမေမပံုဆိုတဲ့ ေကာင္မေလးနဲ႔ ထပ္ၿပီးဆံုခဲ့ပါ တယ္။ ခြင့္ရတဲ့ ရက္အတြင္းမွာ ဆံုခဲ့တဲ့ ေကာင္မေလးေတြက သူ႔ ကိုေႏွာင့္ယွက္ထားတဲ့ ေမ၊ ဇြန္၊ ဇူလိုင္ဆိုတဲ့ နာမည္ေတြပါေနတာ ေၾကာင့္ သံသယရွိခဲ့ေပမယ့္ ခြင့္ ရက္ေစ့သြားတာေၾကာင့္ လုပ္ငန္း ခြင္ကို ျပန္၀င္ခဲ့ရပါတယ္။

       ေကာင္မေလးသံုးေယာက္ကေတာ့ လင္းသူနဲ႔ဆံုတဲ့အေၾကာင္း တစ္ေယာက္နဲ႔တစ္ေယာက္ျပန္ေျပာၿပီး လင္းသူနဲ႔ ဆံုတဲ့ကိစၥေတြကို သံသယေတာ့ရွိေနခဲ့ပါတယ္။ လင္းသူ သူ႔ကိုေႏွာင့္ယွက္ခဲ့တဲ့ ေကာင္မေလးသံုးေယာက္ကိုဘယ္လိုျပန္ရွာေတြ႕မွာလဲ ဆိုတာကိုေတာ့ ေအာင္တိုင္းေက်ာ္ထုတ္လုပ္ေရးက ျဖန္႔ခ်ိမယ့္ ပ႐ိုမိုးရွင္းဆိုတဲ့ ဇာတ္ကားမွာ ႐ႈစားေပးပါ။

ဒီဇာတ္ကားမွာ လင္းသူအ ျဖစ္ ေနတိုး၊ ေစာျမေမပံုအျဖစ္ ပိုင္ၿဖိဳးသူ၊ ဇြန္သံစဥ္အျဖစ္ ေရႊ သမီး၊ ဇူလိုင္မိုးေဆြအျဖစ္ ရတနာ ဗိုတို႔က ပါ၀င္သ႐ုပ္ေဆာင္ထား ပါတယ္။ ညိဳမင္းလြင္ရဲ႕ ဇာတ္ လမ္းကို ထက္ေ၀ယံႏိုင္နဲ႔ခ်မ္းေျမ႕ လင္းတို႔က ဇာတ္ၫႊန္းေရးေပးၿပီး ဒါ႐ိုက္တာ ညိဳမင္းလြင္ ႐ိုက္ကူး ေပးထားပါတယ္။
7Daydaily
.....................
ဗီဒီယို အကြိုခံစားခြင်း

ပရိုမိုးရှင်း

On  Fri, 2015-12-25 06:30Issue No.No.958 Friday, December 25, 2015

- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

လင်းသူက ကြော်ငြာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူ့မွေးနေ့ကိုရောက်တဲ့အချိန်မှာတော့ အလုပ်ကနေ ခွင့်ယူပြီး သူ့ချစ်သူကို အချိန်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ ပြဿနာတက်ခဲ့ပါတယ်။ ပြဿနာတက်တာကလည်း ထူးဆန်းပါတယ်။ သူ့မွေးနေ့မှာ သူမသိတဲ့ ကောင်မလေးသုံးယောက်က သူတို့နဲ့ ပတ်သက်တဲ့ပုံစံနဲ့ ဆုတောင်းပေးခဲ့ကြတာကြောင့်ပါ။ အဲဒီကိစ္စ ကြောင့် သူ့ချစ်သူက သူ့ကိုပြဿနာရှာခဲ့ပါတယ်။

အဲဒီကောင်မလေးတွေနဲ့ ပတ်သက်ပြီး လင်းသူ သိတာက ကောင်မလေးသုံးယောက်ရဲ့ နာမည်တွေပါ။ကောင်မလေးသုံး ယောက်ရဲ့ နာမည်ကလည်း ထူးထူးဆန်းဆန်းပါပဲ။ မေ၊ ဇွန်၊ ဇူလိုင်ပါ။ အဲဒါကြောင့် အဖြေရှာနိုင်ဖို့ ဖေ့စ်ဘွတ်ခ်မှာ အဲဒီအကြောင်းကို ရေးတင်ရင်း သဲလွန်စတွေရခဲ့ပါတယ်။ မေ၊ ဇွန်၊ ဇူလိုင်နဲ့ပတ်သက်ပြီး သူ့လိုပဲ ခံခဲ့ရသူတွေက ပြောပြခဲ့ကြပါတယ်။ ဒါပေမဲ့ မေ၊ ဇွန်၊ ဇူလိုင် ဘယ်သူလဲဆိုတာကိုတော့ မသိခဲ့ပါဘူး။

မေ၊ ဇွန်၊ ဇူလိုင်က ဂီတကို ၀ါသနာပါတာကြောင့်အဆိုတော်ဖြစ်ဖို့ ကြိုးစားနေတဲ့ ကောင်မလေး သုံးယောက်ပါ။ သူတို့သုံးယောက်က ဖေ့စ်ဘွတ်ခ်မှာ နာမည်ကြီးတဲ့ သူတွေကို မထင်မှတ်တဲ့ကိစ္စတွေလုပ်ပြီး သူတို့ကိုလူတွေ သတိ ထားမိအောင် လုပ်နေတာပါ။ အဲဒီလိုလုပ်တာကိုသူတို့က သူတို့ကိုယ်သူတို့ ပရိုမိုးရှင်းဆင်းနေတယ်လို့ ခံယူထားကြပါတယ်။

အဲဒီလိုနဲ့ လင်းသူ အခွေဆိုင် တစ်ခုမှာ ဇူလိုင်မိုးဆွေဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံ တွေ့ခဲ့ပါတယ်။ ဇူလိုင်ဆိုတဲ့ နာ မည်ကြောင့် အဲဒီကောင်မလေးကို ပိုပြီးလည်းသတိပြုမိခဲ့ပါတယ်။ အဲဒီလိုပဲ သူ့သူငယ်ချင်းမန်နေဂျာ လုပ်တဲ့ဆိုင်မှာလည်း ဇွန်သံစဉ်ဆို တဲ့ ကောင်မလေးနဲ့ ထပ်ပြီးဆုံ တွေ့ခဲ့ပါတယ်။

နောက်ရက်မှာတော့ ဆိုင် တစ်ဆိုင်မှာ စောမြမေပုံဆိုတဲ့ ကောင်မလေးနဲ့ ထပ်ပြီးဆုံခဲ့ပါ တယ်။ ခွင့်ရတဲ့ ရက်အတွင်းမှာ ဆုံခဲ့တဲ့ ကောင်မလေးတွေက သူ့ ကိုနှောင့်ယှက်ထားတဲ့ မေ၊ ဇွန်၊ ဇူလိုင်ဆိုတဲ့ နာမည်တွေပါနေတာ ကြောင့် သံသယရှိခဲ့ပေမယ့် ခွင့် ရက်စေ့သွားတာကြောင့် လုပ်ငန်း ခွင်ကို ပြန်ဝင်ခဲ့ရပါတယ်။

       ကောင်မလေးသုံးယောက်ကတော့ လင်းသူနဲ့ဆုံတဲ့အကြောင်း တစ်ယောက်နဲ့တစ်ယောက်ပြန်ပြောပြီး လင်းသူနဲ့ ဆုံတဲ့ကိစ္စတွေကို သံသယတော့ရှိနေခဲ့ပါတယ်။ လင်းသူ သူ့ကိုနှောင့်ယှက်ခဲ့တဲ့ ကောင်မလေးသုံးယောက်ကိုဘယ်လိုပြန်ရှာတွေ့မှာလဲ ဆိုတာကိုတော့ အောင်တိုင်းကျော်ထုတ်လုပ်ရေးက ဖြန့်ချိမယ့် ပရိုမိုးရှင်းဆိုတဲ့ ဇာတ်ကားမှာ ရှုစားပေးပါ။

ဒီဇာတ်ကားမှာ လင်းသူအ ဖြစ် နေတိုး၊ စောမြမေပုံအဖြစ် ပိုင်ဖြိုးသူ၊ ဇွန်သံစဉ်အဖြစ် ရွှေ သမီး၊ ဇူလိုင်မိုးဆွေအဖြစ် ရတနာ ဗိုတို့က ပါ၀င်သရုပ်ဆောင်ထား ပါတယ်။ ညိုမင်းလွင်ရဲ့ ဇာတ် လမ်းကို ထက်ဝေယံနိုင်နဲ့ချမ်းမြေ့ လင်းတို့က ဇာတ်ညွှန်းရေးပေးပြီး ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူး ပေးထားပါတယ်။
7Daydaily

No comments:

Post a Comment