သတ္မွတ္ခ်က္ေတြ ျပည့္စုံတဲ့အတြက္ အတိုးႏွုန္း တိုးျမႇင့္လိုက္တာလို႔ အေမရိကန္ ဗဟိုဘဏ္ ဥကၠ႒ Janet Yellen ေျပာ |
အေမရိကန္နိုင္ငံမွာ ဖယ္ဒရယ္ ဗဟိုဘဏ္က အတိုးႏွုန္းေတြကို သုညနီးပါး ရာခိုင္ႏွုန္း ကေန သုည ဒႆမ ႏွစ္ငါး ရာခိုင္ႏွုန္း တိုးျမႇင့္ သတ္မွတ္လိုက္ပါတယ္။ဒါဟာ ၂၀၀၆ခုႏွစ္ကတည္းကဆိုရင္ ပထမဆုံးအႀကိမ္ အတိုးႏွုန္း တိုးျမႇင့္ သတ္မွတ္လိုက္တာ ပါ။
အေမရိကန္ ဖယ္ဒရယ္ ဗဟိုဘဏ္ ဥကၠဌ Janet Yellen က အလုပ္သမား ေစ်းကြက္မွာ ေနာက္ထပ္ တိုးတက္ ျဖစ္ထြန္းမွုေတြ ထပ္ေတြ႕ရရင္ ဘဏ္ အတိုးႏွုန္းေတြအတြက္ ရည္ရြယ္ထားတဲ့ ႏွုန္းအလိုက္ တိုးျမႇင့္ သတ္မွတ္သြားမယ္ ဆိုတာကို ၿပီးခဲ့တဲ့မတ္လကတည္းက ေကာ္မတီက ေျပာထားခဲ့ၿပီး
ျဖစ္ၿပီး ေငြေၾကးေဖာင္းပြမွုႏွုန္းကလည္း မွန္းထားသေလာက္ အတိုင္းအတာအထိ
ျပန္က်သြားတယ္လို႔ ယုံၾကည္ ယူဆရေၾကာင္း၊ ဒီအခ်က္ႏွစ္ခ်က္ေၾကာင့္ အခုလို ဘဏ္အတိုးႏွုန္း တိုးျမႇင့္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္း သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။
စီးပြားေရး ဆက္ခိုင္မာလာေနတယ္လို႔ အေမရိကန္ ဗဟိုဘဏ္ ေကာ္မတီက ယုံၾကည္ ထားေပမယ့္ ဆက္ တိုးတက္ေကာင္းမြန္ဖို႔ေတာ့ လိုေသးေၾကာင္း သူက ေျပာသြားပါတယ္။
အေမရိကန္ ဗဟိုဘဏ္ရဲ့ ဆုံးျဖတ္ခ်က္ကို ၾကည့္ျခင္းအားျဖင့္ စီးပြားေရး ျပန္ေတာင့္တင္း ခိုင္မာလာတယ္လို႔ ယုံၾကည္တယ္ ဆိုတာကို ထင္ဟပ္ျပလိုက္တာ ျဖစ္ပါတယ္။
တိုးျမႇင့္လိုက္တဲ့ အတိုးႏွုန္းဟာ ပမာဏအားျဖင့္ သိပ္မ်ားလွတယ္လို႔ မထင္ရေပမယ့္ သိသာ ထူးျခားမွုကေတာ့ အေတာ္ေလးကို ႀကီးတယ္လို႔ ဆိုရမွာပါ။
အေမရိကန္ ဗဟိုဘဏ္ရဲ့ ဒီဆုံးျဖတ္ခ်က္ေၾကာင့္ ကမၻာတဝွမ္းက စီးပြားေရးကိုလည္း ရိုက္ခတ္သြားနိုင္ဘြယ္ ရွိေနၿပီး UK နိုင္ငံမွာလည္း ဘဏ္အတိုးႏွုန္းေတြ တိုးျမႇင့္ သတ္မွတ္ဖို႔ အစိုးရအေပၚ ဖိအားေပးမွုေတြ တိုးပြားလာဘြယ္ ရွိေနပါတယ္။
ဒါ့အျပင္ ဖြံ့ၿဖိဳးဆဲ စီးပြားေရးနိုင္ငံေတြအတြက္ ေခ်းေငြ အတိုးႏွုန္း ပိုမ်ားလာဖို႔ ရွိေနၿပီး ဖြံ့ၿဖိဳးဆဲ နိုင္ငံ အေတာ္မ်ားမ်ားမွာ စီးပြားေရး ေႏွးေကြးမွုေတြနဲ႔ ေလာေလာဆယ္ ရင္ဆိုင္ေနရၿပီး ျဖစ္ပါတယ္။
နိုင္ငံအေတာ္မ်ားမ်ား ကုမၸဏီ အေတာ္မ်ားမ်ားက ေငြေခ်းရာမွာ အေမရိကန္ ေဒၚလာကိုပဲ အားကိုးေနၾကရရာမွာ အခုလို အေမရိကန္ ဘဏ္ အတိုးႏွုန္းေတြ တိုးျမႇင့္လိုက္ျခင္းအားျဖင့္ ေဒၚလာေစ်း ပိုခိုင္မာလာဘြယ္ ရွိေနတဲ့အတြက္ စီးပြားေရး ေႏွးေကြးမွုေတြကို ပိုဆိုးဝါးသြား ေစနိုင္တယ္ ဆိုတဲ့ စိုးရိမ္မွုေတြ ရွိေနတယ္လို႔ ဘီဘီစီ စီးပြားေရး သတင္းေထာက္ Kamel Ahmed က သုံးသပ္ထားပါတယ္။
BBC Burmese
http://www.bbc.com
...................
သတ်မှတ်ချက်တွေ ပြည့်စုံတဲ့အတွက် အတိုးနှုန်း တိုးမြှင့်လိုက်တာလို့ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ Janet Yellen ပြော
အမေရိကန်နိုင်ငံမှာ ဖယ်ဒရယ် ဗဟိုဘဏ်က အတိုးနှုန်းတွေကို သုညနီးပါး ရာခိုင်နှုန်း ကနေ သုည ဒဿမ နှစ်ငါး ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။ဒါဟာ ၂၀၀၆ခုနှစ်ကတည်းကဆိုရင် ပထမဆုံးအကြိမ် အတိုးနှုန်း တိုးမြှင့် သတ်မှတ်လိုက်တာ ပါ။
အမေရိကန် ဖယ်ဒရယ် ဗဟိုဘဏ် ဥက္ကဌ Janet Yellen က အလုပ်သမား စျေးကွက်မှာ နောက်ထပ် တိုးတက် ဖြစ်ထွန်းမှုတွေ ထပ်တွေ့ရရင် ဘဏ် အတိုးနှုန်းတွေအတွက် ရည်ရွယ်ထားတဲ့ နှုန်းအလိုက် တိုးမြှင့် သတ်မှတ်သွားမယ် ဆိုတာကို ပြီးခဲ့တဲ့မတ်လကတည်းက ကော်မတီက ပြောထားခဲ့ပြီး
ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်းကလည်း မှန်းထားသလောက် အတိုင်းအတာအထိ
ပြန်ကျသွားတယ်လို့ ယုံကြည် ယူဆရကြောင်း၊ ဒီအချက်နှစ်ချက်ကြောင့် အခုလို ဘဏ်အတိုးနှုန်း တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
စီးပွားရေး ဆက်ခိုင်မာလာနေတယ်လို့ အမေရိကန် ဗဟိုဘဏ် ကော်မတီက ယုံကြည် ထားပေမယ့် ဆက် တိုးတက်ကောင်းမွန်ဖို့တော့ လိုသေးကြောင်း သူက ပြောသွားပါတယ်။
အမေရိကန် ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်ကို ကြည့်ခြင်းအားဖြင့် စီးပွားရေး ပြန်တောင့်တင်း ခိုင်မာလာတယ်လို့ ယုံကြည်တယ် ဆိုတာကို ထင်ဟပ်ပြလိုက်တာ ဖြစ်ပါတယ်။
တိုးမြှင့်လိုက်တဲ့ အတိုးနှုန်းဟာ ပမာဏအားဖြင့် သိပ်များလှတယ်လို့ မထင်ရပေမယ့် သိသာ ထူးခြားမှုကတော့ အတော်လေးကို ကြီးတယ်လို့ ဆိုရမှာပါ။
အမေရိကန် ဗဟိုဘဏ်ရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ကမ္ဘာတဝှမ်းက စီးပွားရေးကိုလည်း ရိုက်ခတ်သွားနိုင်ဘွယ် ရှိနေပြီး UK နိုင်ငံမှာလည်း ဘဏ်အတိုးနှုန်းတွေ တိုးမြှင့် သတ်မှတ်ဖို့ အစိုးရအပေါ် ဖိအားပေးမှုတွေ တိုးပွားလာဘွယ် ရှိနေပါတယ်။
ဒါ့အပြင် ဖွံ့ဖြိုးဆဲ စီးပွားရေးနိုင်ငံတွေအတွက် ချေးငွေ အတိုးနှုန်း ပိုများလာဖို့ ရှိနေပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ အတော်များများမှာ စီးပွားရေး နှေးကွေးမှုတွေနဲ့ လောလောဆယ် ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။
နိုင်ငံအတော်များများ ကုမ္ပဏီ အတော်များများက ငွေချေးရာမှာ အမေရိကန် ဒေါ်လာကိုပဲ အားကိုးနေကြရရာမှာ အခုလို အမေရိကန် ဘဏ် အတိုးနှုန်းတွေ တိုးမြှင့်လိုက်ခြင်းအားဖြင့် ဒေါ်လာစျေး ပိုခိုင်မာလာဘွယ် ရှိနေတဲ့အတွက် စီးပွားရေး နှေးကွေးမှုတွေကို ပိုဆိုးဝါးသွား စေနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက် Kamel Ahmed က သုံးသပ်ထားပါတယ်။
BBC Burmese
http://www.bbc.com
No comments:
Post a Comment