ATM ကတ္ကို ကိုင္ေဆာင္အသံုးျပဳေနတဲ့ ကိုအိမ့္မွဴးေဇာ္က အေရးတၾကီးေငြလိုတာနဲ႔ ATM စက္ဆီကို အေျပးအလႊားသြား စက္ထဲကို ကတ္ထည့္ျပီး ေငြထုတ္တာ ေငြထြက္မလာဘဲ မိမိကတ္ထဲမွာရိွတဲ့ေငြေတြ သုညျပသြားခဲ့ပါတယ္။
''ကြ်န္ေတာ္ ေနမေကာင္းလို႔ ေဆးခန္းသြားျပမလို႔ ပန္းဆိုးတန္းအလယ္ ဘေလာက္မွာရိွတဲ့ KBZ ATM ထုတ္ဖို႔လုပ္ေတာ့ ဘဏ္ေရွ႕က ATM စက္မွ မီးမလာတဲ့အတြက္ အနီးက CB ATM မွာထုတ္ေတာ့ ေငြမေလာက္လို႔ ၀န္ေဆာင္မႈမရရိွနိုင္ေသးပါဘူး။ အဲဒါနဲ႔ ကြ်န္ေတာ္လည္း မ်က္နွာခ်င္းဆိုင္မွာရိွတဲ့ ဧရာ၀တီဘဏ္ေဘးက ATM စက္မွာ ထပ္ထုတ္ ၾကည့္ပါတယ္။ မရဘူး၊ ပထမေတာ့ စက္က အလုပ္လုပ္ေနပါေသးတယ္။ ဒါေပမဲ့ အခိ်န္ေတာ္ေတာ္ၾကာတဲ့အထိ ေငြကထြက္ မလာပါဘူး။ ျပီးေတာ့ ဘာစာေတြေပၚလာလဲဆိုေတာ့ ယခုဆက္သြယ္ရန္ အဆင္မေျပပါသျဖင့္ ေနာက္တၾကိမ္ ထပ္မံ ၾကိဳးစားၾကည့္ပါတဲ့။ ဟုတ္ကဲ့။ ေငြက ထြက္မလာပါဘူး။ ကတ္ပဲ ျပန္ထြက္လာပါတယ္။ ဒါနဲ႔ ေရႊဘံုသာလမ္းအေပၚဘေလာက္က KBZ ATM စက္မွာ သြားျပန္စစ္ၾကည့္ လိုက္ပါတယ္။ ကတ္ထဲမွာ ပိုက္ဆံ လံုး၀ မရိွေတာ့ဘူး''
ဒီျဖစ္ရပ္ကို လူမႈကြန္ရက္စာမ်က္နွာေပၚမွာ ဖြင့္ခ်ေရးသားလိုက္တဲ့အခါမွာေတာ့ သူ႕လိုပဲ ကတ္ Error ျဖစ္တဲ့သူေတြရိွတယ္ဆိုတာ သိလိုက္ရတယ္လို႔ ကိုအိမ့္မွဴးေဇာ္က ေျပာျပပါတယ္။
''အဲဒီလိုျဖစ္ျပီး ေနာက္တေန႔မွာ ပန္းဆိုးတန္း KBZ ကို သြားတယ္။ ျပီးေတာ့ ကတ္ဌာနကိုဖုန္းဆက္ျပီး ေမးခိုင္းေတာ့ CB စက္က ျဖတ္သြားတာတဲ့။ ဒါနဲ႔ ကြ်န္ေတာ္ CB ကိုသြားျပီး Complain တက္ရမလားဆိုေတာ့ သူတို႔ ေျဖရွင္းေပးပါမယ္ေျပာတယ္။ ဒါေပမဲ့ သူတို႔စက္မဟုတ္တဲ့အတြက္ MPU ကေနတဆင့္ေျပာျပီး စစ္ရမွာျဖစ္တဲ့အတြက္ တပတ္ ၁၀ ရက္ ေစာင့္ခိုင္းပါတယ္''
ကတ္ Error ျဖစ္လာတဲ့အခါ ခ်က္ခ်င္းျပန္ေျဖရွင္းေပးနိုင္တဲ့ဌာနေတြ မရွိတဲ့အခ်က္က ျပႆနာရိွတယ္လို႔ ကိုအိမ့္မွဴးေဇာ္က ေျပာပါတယ္။
''သူတို႔ေျပာတယ္ေလ E-commerce တို႔၊ E-banking တို႔ လုပ္မယ္။ အဲဒီအခါက်ရင္ International Bank ေတြနဲ႔ အလုပ္လုပ္လို႔ အခုလိုျဖစ္ရင္ တပတ္ ၁၀ ရက္ ေစာင့္ခိုင္းလို႔ မရဘူးေလ။ ဒါေၾကာင့္ ျပႆနာျဖစ္ရင္ ခ်က္ခ်င္းျပန္ေျဖရွင္းေပးနိုင္တဲ့ ဌာနတခု ထားသင့္တယ္''
ဒီကိစၥမွာ သက္ဆိုင္ရာဘဏ္က တပတ္အၾကာမွာ ေငြျပန္ရေအာင္လုပ္ေပးခဲ့ေပမယ့္ သူ႕ေနရာမွာ အေလာတၾကီးေငြ လိုေနတဲ့လူတေယာက္ျဖစ္ခဲ့မယ္ဆိုရင္ ျပႆနာဟာ ပိုမိုၾကီးထြားသြားနိုင္ပါတယ္လို႔ ကိုအိမ့္မွဴးေဇာ္က သတိေပးေျပာၾကား ခဲ့ပါတယ္။ ဒီျဖစ္စဥ္ကေတာ့ လြန္ခဲ့တဲ့ လပိုင္းအတြင္းက ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္ပဲျဖစ္ပါတယ္။
ေနမင္းခ
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
......................
ATM မှ ငွေထုတ်ရာ ငွေထွက်မလာဘဲ ဘဏ်စာရင်းထဲရှိငွေ သုညပြသွားသည့် ဖြစ်ရပ်
ATM ကတ်ကို ကိုင်ဆောင်အသုံးပြုနေတဲ့ ကိုအိမ့်မှူးဇော်က အရေးတကြီးငွေလိုတာနဲ့ ATM စက်ဆီကို အပြေးအလွှားသွား စက်ထဲကို ကတ်ထည့်ပြီး ငွေထုတ်တာ ငွေထွက်မလာဘဲ မိမိကတ်ထဲမှာရှိတဲ့ငွေတွေ သုညပြသွားခဲ့ပါတယ်။
''ကျွန်တော် နေမကောင်းလို့ ဆေးခန်းသွားပြမလို့ ပန်းဆိုးတန်းအလယ် ဘလောက်မှာရှိတဲ့ KBZ ATM ထုတ်ဖို့လုပ်တော့ ဘဏ်ရှေ့က ATM စက်မှ မီးမလာတဲ့အတွက် အနီးက CB ATM မှာထုတ်တော့ ငွေမလောက်လို့ ၀န်ဆောင်မှုမရရှိနိုင်သေးပါဘူး။ အဲဒါနဲ့ ကျွန်တော်လည်း မျက်နှာချင်းဆိုင်မှာရှိတဲ့ ဧရာဝတီဘဏ်ဘေးက ATM စက်မှာ ထပ်ထုတ် ကြည့်ပါတယ်။ မရဘူး၊ ပထမတော့ စက်က အလုပ်လုပ်နေပါသေးတယ်။ ဒါပေမဲ့ အချိန်တော်တော်ကြာတဲ့အထိ ငွေကထွက် မလာပါဘူး။ ပြီးတော့ ဘာစာတွေပေါ်လာလဲဆိုတော့ ယခုဆက်သွယ်ရန် အဆင်မပြေပါသဖြင့် နောက်တကြိမ် ထပ်မံ ကြိုးစားကြည့်ပါတဲ့။ ဟုတ်ကဲ့။ ငွေက ထွက်မလာပါဘူး။ ကတ်ပဲ ပြန်ထွက်လာပါတယ်။ ဒါနဲ့ ရွှေဘုံသာလမ်းအပေါ်ဘလောက်က KBZ ATM စက်မှာ သွားပြန်စစ်ကြည့် လိုက်ပါတယ်။ ကတ်ထဲမှာ ပိုက်ဆံ လုံးဝ မရှိတော့ဘူး''
ဒီဖြစ်ရပ်ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖွင့်ချရေးသားလိုက်တဲ့အခါမှာတော့ သူ့လိုပဲ ကတ် Error ဖြစ်တဲ့သူတွေရှိတယ်ဆိုတာ သိလိုက်ရတယ်လို့ ကိုအိမ့်မှူးဇော်က ပြောပြပါတယ်။
''အဲဒီလိုဖြစ်ပြီး နောက်တနေ့မှာ ပန်းဆိုးတန်း KBZ ကို သွားတယ်။ ပြီးတော့ ကတ်ဌာနကိုဖုန်းဆက်ပြီး မေးခိုင်းတော့ CB စက်က ဖြတ်သွားတာတဲ့။ ဒါနဲ့ ကျွန်တော် CB ကိုသွားပြီး Complain တက်ရမလားဆိုတော့ သူတို့ ဖြေရှင်းပေးပါမယ်ပြောတယ်။ ဒါပေမဲ့ သူတို့စက်မဟုတ်တဲ့အတွက် MPU ကနေတဆင့်ပြောပြီး စစ်ရမှာဖြစ်တဲ့အတွက် တပတ် ၁၀ ရက် စောင့်ခိုင်းပါတယ်''
ကတ် Error ဖြစ်လာတဲ့အခါ ချက်ချင်းပြန်ဖြေရှင်းပေးနိုင်တဲ့ဌာနတွေ မရှိတဲ့အချက်က ပြဿနာရှိတယ်လို့ ကိုအိမ့်မှူးဇော်က ပြောပါတယ်။
''သူတို့ပြောတယ်လေ E-commerce တို့၊ E-banking တို့ လုပ်မယ်။ အဲဒီအခါကျရင် International Bank တွေနဲ့ အလုပ်လုပ်လို့ အခုလိုဖြစ်ရင် တပတ် ၁၀ ရက် စောင့်ခိုင်းလို့ မရဘူးလေ။ ဒါကြောင့် ပြဿနာဖြစ်ရင် ချက်ချင်းပြန်ဖြေရှင်းပေးနိုင်တဲ့ ဌာနတခု ထားသင့်တယ်''
ဒီကိစ္စမှာ သက်ဆိုင်ရာဘဏ်က တပတ်အကြာမှာ ငွေပြန်ရအောင်လုပ်ပေးခဲ့ပေမယ့် သူ့နေရာမှာ အလောတကြီးငွေ လိုနေတဲ့လူတယောက်ဖြစ်ခဲ့မယ်ဆိုရင် ပြဿနာဟာ ပိုမိုကြီးထွားသွားနိုင်ပါတယ်လို့ ကိုအိမ့်မှူးဇော်က သတိပေးပြောကြား ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကတော့ လွန်ခဲ့တဲ့ လပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။
နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, December 22, 2015
ATM မွ ေငြထုတ္ရာ ေငြထြက္မလာဘဲ ဘဏ္စာရင္းထဲရိွေငြ သုညျပသြားသည့္ ျဖစ္ရပ္
ATM မွ ေငြထုတ္ရာ ေငြထြက္မလာဘဲ ဘဏ္စာရင္းထဲရိွေငြ သုညျပသြားသည့္ ျဖစ္ရပ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 22, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment