Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 6, 2015

" Your Type " လို့အမည်ရတဲ့ တေးသီချင်းကို မိတ်ဆက်လိုက်တဲ့ Carley Rae Jepson



" Call Me May Be " , " Good Time " စတဲ့ သီချင်းတွေနဲ့ မြန်မာပြည်က ပရိတ်သတ်တွေ သိခဲ့တဲ့ ကနေဒီယန် အဆိုတော်မလေး Carley Rae Jepson ဟာ  " Your Type "  ဆိုတဲ့ Single တစ်ပုဒ်ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Vevo မှာ စတင်မိတ်ဆက်ခဲ့ပြီး ဒီရဲ့ ဗီဒီယိုကိုတော့  Gia Coppola နဲ့ Carley ရဲ့ချစ်သူ David Kalani Larkins တို့က ပူးပေါင်းရိုက်ကူးပေးခဲ့တာပါ။ ဒီဗီဒီယိုထဲမှာတော့ သူမဟာ တစ်ညလုံးကို အလုပ်နှစ်ခုလုပ်ကိုင်ရတဲ့ ဘဝသမား အမျိုးသမီးပုံစံမျိုးနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။


သူမဟာ အလုပ်က ပင်ပန်းလာတဲ့ အချိန် ခုံတန်းလေးပေါ်မှာ ခွေနေတုန်းမှာ သူမရဲ့ Beat နားကြပ်ကို လူနှစ်ယောက်က ယူပြေးသွားပြီးတဲ့နောက်မှာတော့ သူမရဲ့ အလုပ်ဖြစ်တဲ့ ဘားမှာ အဆိုတော်လုပ်ရတဲ့ ပုံစံမျိုးကို ရိုက်ကူးထားတာပါ။  နာမည်ကျော်အဆိုတော် တစ်ယောက်ပုံစံမျိုးနဲ့ သီချင်းကိုဆိုနေပေမယ့်လည်း သူမ သီဆိုနေတဲ့ သီချင်းကို တစ်ယောက်ကမှ အဖတ်မလုပ်ဘဲ စိတ်မဝင်စားတဲ့ ပုံစံမျိုးကို ရိုက်ပြထားတာပါ။


Carly Rae Jepsen ဟာ "E.Mo.Tion" အယ်လ်ဘမ်ထဲနေ "I Really Like You" နဲ့  "Run Away With Me" တို့ကိုလည်း single အဖြစ် ဖြန့်ချိထားပြီး  သုံးခုမြောက် single အဖြစ်  " Your Type " ကို ဖြန့်ချိလိုက်တာပါ။ သူမကတော့ ကမ္ဘာအနှံ့ ဖျော်ဖြေမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး နောက်လာမယ့် အစီအစဉ်တွေကတော့ ဘာဖြစ်လာမယ်ဆိုတာတော့ မသိရသေးပါဘူး။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Aceshowbiz

...............................................

" Your Type " လို့အမည်ရတဲ့ တေးသီခ်င်းကို မိတ္ဆက္လိုက္တဲ့ Carley Rae Jepson


" Call Me May Be " , " Good Time " စတဲ့ သီခ်င်းတြေနျဲ့မန္မျာပည္က ပရိတ်သတ်တြေ သိခဲ့တဲ့ ကေနဒီယန် အဆိုတော်မေလး Carley Rae Jepson ဟာ  " Your Type "  ဆိုတဲ့ Single တစ္ပုဒ္ကို စတင္မိတ္ဆက်ပေးခဲ့ပါတယ်။ Vevo မွာ စတင္မိတ္ဆက္ခဲ့ပြီး ဒီရဲ့ ဗီဒီယိုကိုတော့  Gia Coppola နဲ့ Carley ရဲ့ခ်စ်သူ David Kalani Larkins တို့က ပူးပေါင်းရိုက္ကူးပေးခဲ့တာပါ။ ဒီဗီဒီယိုထဲမွာတော့ သူမဟာ တစ်ညလုံးကို အလုပ်နွစ္ခုလုပ္ကိုင်ရတဲ့ ဘဝသမား အမိုးသမီးပုံစံမိုးနဲ့ ပါဝင်သရုပ်ဆောင္ထားပါတယ်။


သူမဟာ အလုပ္က ပင္ပန်းလာတဲ့ အခိန် ခုံတန်းလေးပေါ်မွာ ခြေနတုန်းမွာ သူမရဲ့ Beat နားကြပ္ကို လူနွစ်ယောက္က ယျူေပးသြားပြီးတဲ့နောက္မွာတော့ သူမရဲ့ အလုပ်ျဖစ္တဲ့ ဘားမွာ အဆိုတ္လောုပ်ရတဲ့ ပုံစံမိုးကို ရိုက္ကူးထားတာပါ။  နာမည်ကော််အဆိုတော် တစ်ယောက္ပုံစံမိုးနဲ့ သီခ်င်းကိုဆိုနေပမယ့်လည်း သူမ သီဆိုနေတဲ့ သီခ်င်းကို တစ်ယောက္ကမွ အဖတ္မလုပ္ဘဲ စိတ္မဝင္စားတဲ့ ပုံစံမိုးကို ရိုက်ျပထားတာပါ။


Carly Rae Jepsen ဟာ "E.Mo.Tion" အယ္လ္ဘမ္ထဲနေ "I Really Like You" နဲ့  "Run Away With Me" တို့ကိုလည်း single အျဖစ်ျဖန့်ခိထားပြီး  သုံးချုေမာက် single အျဖစ်  " Your Type " ကျိုဖန့်ခိလိုက္တာပါ။ သူမကေတာ့ ကမ္ဘာအနွံ့ ဖော််ျေဖမှုတျြေပုလုပ္ဖို့ စီစဉ်နေပြီး နောက္လာမယ့် အစီအစဉ်တြေကေတာ့ ဘျာဖစ္လာမယ္ဆိုတာတော့ မသိရေသးပါဘူး။


( Paing A K )

#သစ္ထူးလြင်(နာမည်ကြီးပုဂ္ဂိုလ္မ်ား)
#celebrity.thithtoolwin.com

Ref: Aceshowbiz

No comments:

Post a Comment