Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

ပါရီအၾကမ္းဖက္မႈ ရဲ႕ ဓါးစာခံေတြအတြက္ U2 အဖြဲ႕က ၀မ္းနည္းျခင္း အထိမ္းအမွတ္ျပဳလုပ္


အိုင္းရစ္ ေရာ့ခ္ကာ အဖြဲ႕ U2 ဟာ ျပင္သစ္ႏိုင္ငံ ပါရီ ၿမိဳ႕က အၾကမ္းဖက္ တိုက္ခိုက္မႈ ရဲ႕ ဓါးစာခံ အားလံုးအတြက္ ၀မ္းနည္းျခင္း အထိမ္းအမွတ္ျပဳလုပ္ခဲ့ပါတယ္။ U2 အဖြဲ႕ဟာ လက္နက္ကိုင္တစ္ေယာက္က စၿပီး ေသနတ္နဲ႔ ပစ္ခတ္ခဲ့လို႔ ျဖစ္ရပ္ဆိုးႀကီး ျဖစ္ေပၚခဲ့ရတဲ့ Bataclan ကဇာတ္ရံုကို သြားေရာက္ၾကည့္ရႈခဲ့ပါတယ္။

ပါရီ အၾကမ္းဖက္မႈ ျဖစ္ပြားၿပီးေနာက္ ပါရီ ၿမိဳ႕မွာ က်င္းပရန္ ဆက္လက္က်န္ရွိေနတဲ့ ေဖ်ာ္ေျဖပြဲေတြကို ပယ္ဖ်က္လိုက္ၿပီးတဲ့ေနာက္ Bono နဲ႔ U2 အဖြဲ႕သားေတြဟာ ပါရီၿမိဳ႕မွာပဲ ဆက္လက္ရွိေနေသးၿပီး ထိုအၾကမ္းဖက္မႈမွာ အသက္ဆံုးရံႈးခဲ့ရသူေတြအတြက္ အသံဆက္လက္တိတ္ေနခဲ့ပါတယ္လို႔ E! သတင္းဌာန ရဲ႕ ေဖာ္ျပခ်က္အရသိရပါတယ္။

Bono ၊ Adam Clayton ၊ Larry Mullen Jr. နဲ႔ The Edge တို႔ ၄ ဦးဟာ ထိုအၾကမ္းဖက္မႈျဖစ္ပြားခဲ့တဲ့ ကဇာတ္ရံုအနီးက ပလက္ေဖာင္းေပၚမွာ ရွိတဲ့ အမွတ္တရ ေနရာကို လြမ္းသူ႔ ပန္းေခြ သြားေရာက္ေပးပို႔ခဲ့ၾကပါတယ္။

ထို ကဇာတ္ရံုမွာေတာ့ Eagles of Death Metal အဖြဲ႕ရဲ႕ ေဖ်ာ္ေျဖပြဲက်င္းပေနခဲ့တာ ျဖစ္ၿပီး လက္နက္ကိုင္ အၾကမ္းသမားမ်ားက ထို ကဇာတ္ရံုမွာ ပစ္ခတ္မႈ ကို စတင္လိုက္တဲ့အတြက္ ေဖ်ာ္ေျဖပြဲ လာေရာက္သူ အေယာက္ ၉၀ ခန္႔ ေသဆံုးခဲ့ရပါတယ္။ Eagles of Death Metal တီး၀ိုင္းရဲ႕ အဖြဲ႕၀င္ေတြကေတာ့ ထိခိုက္ဒဏ္ရာ ရရွိခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ Eagles of Death Metal အဖြဲ႕နဲ႔ လိုက္ပါလာတဲ့ သူငယ္ခ်င္းတစ္ဦးျဖစ္သူ အသက္ ၃၆ ႏွစ္အရြယ္ Nick Alexander ကေတာ့ ေသဆံုးသြားခဲ့တယ္လို႔ သိရပါတယ္။

ISIS အဖြဲ႕က ျပဳလုပ္ခဲ့တယ္လို႔ အခိုင္အမာ သိထားရတဲ့ ပါရီၿမိဳ႕ အၾကမ္းဖက္မႈေၾကာင့္ လူဦးေရ အေယာက္ ၁၃၀ ထက္မနည္းေသဆံုးခဲ့ရပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Starpulse
.................................................

ပါရီအကြမ်းဖက်မှု ရဲ့ ဓါးစာခံတွေအတွက် U2 အဖွဲ့က ၀မ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်


အိုင်းရစ် ရော့ခ်ကာ အဖွဲ့ U2 ဟာ ပြင်သစ်နိုင်ငံ ပါရီ မြို့က အကြမ်းဖက် တိုက်ခိုက်မှု ရဲ့ ဓါးစာခံ အားလုံးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ပါတယ်။ U2 အဖွဲ့ဟာ လက်နက်ကိုင်တစ်ယောက်က စပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပေါ်ခဲ့ရတဲ့ Bataclan ကဇာတ်ရုံကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ပါရီ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် ပါရီ မြို့မှာ ကျင်းပရန် ဆက်လက်ကျန်ရှိနေတဲ့ ဖျော်ဖြေပွဲတွေကို ပယ်ဖျက်လိုက်ပြီးတဲ့နောက် Bono နဲ့ U2 အဖွဲ့သားတွေဟာ ပါရီမြို့မှာပဲ ဆက်လက်ရှိနေသေးပြီး ထိုအကြမ်းဖက်မှုမှာ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် အသံဆက်လက်တိတ်နေခဲ့ပါတယ်လို့ E! သတင်းဌာန ရဲ့ ဖော်ပြချက်အရသိရပါတယ်။

Bono ၊ Adam Clayton ၊ Larry Mullen Jr. နဲ့ The Edge တို့ ၄ ဦးဟာ ထိုအကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ကဇာတ်ရုံအနီးက ပလက်ဖောင်းပေါ်မှာ ရှိတဲ့ အမှတ်တရ နေရာကို လွမ်းသူ့ ပန်းခွေ သွားရောက်ပေးပို့ခဲ့ကြပါတယ်။

ထို ကဇာတ်ရုံမှာတော့ Eagles of Death Metal အဖွဲ့ရဲ့ ဖျော်ဖြေပွဲကျင်းပနေခဲ့တာ ဖြစ်ပြီး လက်နက်ကိုင် အကြမ်းသမားများက ထို ကဇာတ်ရုံမှာ ပစ်ခတ်မှု ကို စတင်လိုက်တဲ့အတွက် ဖျော်ဖြေပွဲ လာရောက်သူ အယောက် ၉၀ ခန့် သေဆုံးခဲ့ရပါတယ်။ Eagles of Death Metal တီးဝိုင်းရဲ့ အဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် Eagles of Death Metal အဖွဲ့နဲ့ လိုက်ပါလာတဲ့ သူငယ်ချင်းတစ်ဦးဖြစ်သူ အသက် ၃၆ နှစ်အရွယ် Nick Alexander ကတော့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ISIS အဖွဲ့က ပြုလုပ်ခဲ့တယ်လို့ အခိုင်အမာ သိထားရတဲ့ ပါရီမြို့ အကြမ်းဖက်မှုကြောင့် လူဦးရေ အယောက် ၁၃၀ ထက်မနည်းသေဆုံးခဲ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment