Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 18, 2015

အေမရိကန္ ေရတပ္က Truman ေလယာဥ္တင္ သေဘၤာအား အေရွ႕အလယ္ပုိင္း ေဒသသုိ႔ ေစလႊတ္

USS Harry S. Truman

၀ါရွင္တန္ ၊ ၁၈-၁၁-၂၀၁၅

USS Harry S. Truman ေလယာဥ္တင္ သေဘၤာသည္ အေရွ႕ အလယ္ပိုင္း ေဒသ အတြင္း ေဆာင္ရြက္ေနေသာ အၾကမ္းဖက္မႈ တန္ျပန္ တိုက္ခိုက္ေရး လုပ္ငန္းမ်ားတြင္ ပါဝင္ကူညီရန္ အတြက္ အေရွ႕ အလယ္ပိုင္း ေဒသသို႔ ထြက္ခြာ သြားေၾကာင္း ပင္တဂြန္ စစ္ဌာနခ်ဳပ္က ႏိုဝင္ဘာ ၁၆ ရက္တြင္ ထုတ္ျပန္ ေျပာၾကား ထားသည္။

ISIS စစ္ေသြးၾကြ အဖဲြ႕က ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ တစ္ဝန္း၌ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ ၿပီးေနာက္ ရက္အနည္းငယ္ အၾကာတြင္ အဆိုပါ တပ္ျဖန္႔ ခ်ထားမႈ ေပၚေပါက္ လာျခင္း ျဖစ္သည္။ သို႔ေသာ္ အဆိုပါ တပ္ျဖန္႔ ခ်ထားမႈသည္ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ား မတိုင္မီ ကတည္းက စီစဥ္ ထားျခင္း ျဖစ္ေၾကာင္း အေမရိကန္ ေရတပ္၏ ထုတ္ေဖာ္ ေျပာၾကားခ်က္ အရ သိရသည္။

အေမရိကန္ ေလယာဥ္တင္ သေဘၤာ USS Harry S.Truman သည္ ျပင္သစ္ ေလယာဥ္တင္ သေဘၤာ Charles de Gaulle ႏွင့္ ပူးေပါင္း ေဆာင္ရြက္ သြားမည္ ျဖစ္ေၾကာင္းႏွင့္ အဆိုပါ သေဘၤာသည္ အီရတ္ႏွင့္ ဆီးရီးယား ႏိုင္ငံ အတြင္းရွိ ISIS စစ္ေသြးၾကြ မ်ားအား ဆန္႔က်င္ တိုက္ခိုက္ရာတြင္ ပါဝင္ကူညီရန္ အတြက္ ပါရွန္ ပင္လယ္ေကြ႕ ေဒသအတြင္းမွ ႏိုဝင္ဘာ ၁၈ ရက္တြင္ ထြက္ခြာရန္ စီစဥ္ထားေၾကာင္း သိရသည္။

Truman ေလယာဥ္တင္ သေဘၤာသည္ သေဘၤာအမႈထမ္း ၃ဝဝဝ ခန္႔ တင္ေဆာင္ႏိုင္ၿပီး ေလယာဥ္အုပ္ႏွင့္ ေလယာဥ္ အမႈထမ္းမ်ား တင္ေဆာင္မည္ ဆိုပါက တပ္ဖြဲ႕ဝင္ ဦးေရ ၅ဝဝဝ ထိ တိုးျမႇင့္ တင္ေဆာင္သြား ႏုိင္ေၾကာင္း သိရသည္။

#PyiChitThar

............................................................

အမေရိကန် ရေတပ်က Truman လေယာဉ်တင် သင်္ဘောအား အရှေ့အလယ်ပိုင်း ဒေသသို့ စေလွှတ်


USS Harry S. Truman

၀ါရှင်တန် ၊ ၁၈-၁၁-၂၀၁၅

USS Harry S. Truman လေယာဉ်တင် သင်္ဘောသည် အရှေ့ အလယ်ပိုင်း ဒေသ အတွင်း ဆောင်ရွက်နေသော အကြမ်းဖက်မှု တန်ပြန် တိုက်ခိုက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီရန် အတွက် အရှေ့ အလယ်ပိုင်း ဒေသသို့ ထွက်ခွာ သွားကြောင်း ပင်တဂွန် စစ်ဌာနချုပ်က နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန် ပြောကြား ထားသည်။

ISIS စစ်သွေးကြွ အဖွဲ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ တစ်ဝန်း၌ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ ပြီးနောက် ရက်အနည်းငယ် အကြာတွင် အဆိုပါ တပ်ဖြန့် ချထားမှု ပေါ်ပေါက် လာခြင်း ဖြစ်သည်။ သို့သော် အဆိုပါ တပ်ဖြန့် ချထားမှုသည် အကြမ်းဖက် တိုက်ခိုက်မှုများ မတိုင်မီ ကတည်းက စီစဉ် ထားခြင်း ဖြစ်ကြောင်း အမေရိကန် ရေတပ်၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။

အမေရိကန် လေယာဉ်တင် သင်္ဘော USS Harry S.Truman သည် ပြင်သစ် လေယာဉ်တင် သင်္ဘော Charles de Gaulle နှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ သင်္ဘောသည် အီရတ်နှင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များအား ဆန့်ကျင် တိုက်ခိုက်ရာတွင် ပါဝင်ကူညီရန် အတွက် ပါရှန် ပင်လယ်ကွေ့ ဒေသအတွင်းမှ နိုဝင်ဘာ ၁၈ ရက်တွင် ထွက်ခွာရန် စီစဉ်ထားကြောင်း သိရသည်။

Truman လေယာဉ်တင် သင်္ဘောသည် သင်္ဘောအမှုထမ်း ၃ဝဝဝ ခန့် တင်ဆောင်နိုင်ပြီး လေယာဉ်အုပ်နှင့် လေယာဉ် အမှုထမ်းများ တင်ဆောင်မည် ဆိုပါက တပ်ဖွဲ့ဝင် ဦးရေ ၅ဝဝဝ ထိ တိုးမြှင့် တင်ဆောင်သွား နိုင်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment