Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 18, 2015

ပဲရစ်မြို့ အတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့တဲ့ မိတ်ဆွေ Thoma Ayad ကို Justin Bieber အမှတ်တရဂုဏ်ပြု








( Ye Wint )


Ref : Dailymail

.......................................................

ပဲရစ်မြို ့အတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့တဲ့ မိတ်ေဆွေ Thoma Ayad ကို Justin Bieber အမှတ်တရဂုဏ်ပြု

Justin Bieber ဟာ သောကြာနေ ့ညက ပဲရစ်မြို ့တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့တဲ့ သူ ့ရဲ့မိတ်ဆွေကောင်း တစ်ဦး ဖြစ်သူ Thomas Ayad ကို အမှတ်တရဂုဏ်ပြုကြောင်း သူ ့ရဲ့ Twitter စာမျက်နှာမှာ တနလာင်္နေ ့က ရေးသား ခဲ့ပါတယ်။

Universal Music Group ရဲ့ အလုပ်အမှုဆောင်အရာရှိတစ်ဦးဖြစ်သူ Thomas ဟာ Eagles of Death Metal ရဲ့ Bataclan ဖျော်ဖြေပွဲရုံမှာ ပစ်သတ်ခံခဲ့ရတဲ့ ၈၉ ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်ကြောင်း အစိုးရက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

“ ပဲရစ်မြို ့နဲ ့ဒီအဖြစ်ဆိုးကြီးမှာသေဆုံးခဲ့ရတဲ့ ကျွန်တော့်မိတ်ဆွေ Thomas အကြောင်းကို တွေးမိနေတုန်းပါပဲ။ ကျွန်တော့်အဖွဲ ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သူ နှစ်ပေါင်းများစွာရှိနေခဲ့ပြီး သူ ့ကို ကျေးဇူးတင်ကြောင်း ပြောဖို ့အချိန်တွေပိုရှိခဲ့ရင်ကောင်းမှာပဲ” လို ့Justin Bieber က ရေးသားခဲ့ပါတယ်။

“ သူတို ့တွေ ကိုယ့်ဘဝမှာရှိတုန်း တန်ဖိုးထားတတ်ကြပါစေ။ ခင်ဗျား ကျွန်တော့်အတွက် လုပ်ပေးခဲ့တဲ့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် Thomas ။ ခင်ဗျားကို ကျေးဇူးတင်၊လွမ်းဆွတ်နေမှာပါ။ မိသားစုဝင်တွေနဲ ့မိတ်ဆွေတွေ ၀မ်းနည်း၊စာနာမိပါတယ်” လို ့Justin Bieber က ရေးသားထားပါတယ်။

Justin Bieber ဟာ ပဲရစ်မြို ့အဖြစ်အပျက်ဖြစ်ပွားပြီးနောက်၊ စနေ ့နေ ့မှာ HALO Hall of Fame ဆုကို New York မြို ့မှာ လက်ခံရယူခဲ့ပြီး၊ ဆုလက်ခံရရှိတဲ့ကျေးဇူးတင်စကားမှာ ISIS အကြမ်းဖက်သမားတွေကြောင်း ပဲရစ်မြို ့မှာ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေကို ဂုဏ်ပြုကြောင်း အလေးထားစာနာကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail

No comments:

Post a Comment