Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 3, 2015

သီချင်းစာသား တွေ ခိုးယူသုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Taylor Swift တရားစွဲခံရ



Mario
 
လက်ရှိ ဂီတ လောကမှာ ၀င်ငွေအကောင်းဆုံး အဆိုတော် တစ်ယောက် အဖြစ် ရပ်တည်နေတဲ့ Taylor Swift တစ်ယောက် မကြာသေးမီကမှ ထွက်ရှိထားတဲ့ “Shake It Off” ဆိုတဲ့ သီချင်းနဲ့ပတ်သက်တဲ့ မူပိုင်ခွင့်အတွက် တရားစွဲဆိုခံလိုက်ရပါတယ်။

Jessie Braham ဆိုတဲ့ အဆိုတော်ကောင်လေး တစ်ယောက်က ပြောပြလာတာကတော့ သူ ၂၀၁၃ ခုနှစ်တုန်းက ရေးသားခဲ့တဲ့ “Haters Gone Hate” ဆိုတဲ့ သီချင်းထဲက စာသားတွေကို Taylor Swift က ယူသုံးသွားတယ်လို့ ဆိုပါတယ်။

Taylor Swift က ခိုးယူသုံးစွဲခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ Jessie Braham ရဲ့  သီချင်းစာသားကတော့ "Haters gone hater, playas gone play. Watch out for them fakers, they'll fake you everyday." ဆိုတဲ့ စာသားပါ။

ဒါ့ အပြင် Braham ရဲ့  သီချင်းစာသားကို Taylor Swift ဟာ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ သူမရဲ့  သီချင်းတွေထဲမှာ အကြိမ် ၇၀ အထိ ယူသုံးထားတယ်လို့လည်း Braham က စွပ်စွဲပြန်ပါတယ်။ သူမရဲ့  သီချင်းတစ်ပုဒ်မှာဆိုရင်လည်း Chorus အပိုဒ် တစ်ခုလုံးဟာ သူ ရေးသားထားတဲ့ စာသားတွေဖြစ်တယ်လို့ ဆိုပြန်ပါတယ်။

အဆိုတော်နာမည်အဖြစ် Jessie Graham လို့ လူသိများတဲ့ Braham က Taylor Swift ထံကနေ လျော်ကြေးငွေ ဒေါ်လာ ၄၂ သန်းနဲ့ “Shake It Off” သီချင်းမှာ သူ့ရဲ့  နာမည် ရေးသားပေးဖို့ကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

Ref:tmz

http://www.trend.com.mm/2015/11/03/news-8042



....................................................

သီခ်င်းစာသား တြေ ခိုးယူသုံးစြဲခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ့ Taylor Swift တရားစြဲခံရ


Mario

လက်ရွိ ဂီတ လောကမွာ ၀င်ငြေအေကာင်းဆုံး အဆိုတော် တစ်ယောက် အျဖစ် ရပ္တည်နေတဲ့ Taylor Swift တစ်ယောက် မကြာသေးမီကမွ ထြက်ရွိထားတဲ့ “Shake It Off” ဆိုတဲ့ သီခ်င်းနဲ့ပတ်သက္တဲ့ မူပိုင္ခြင့်အတြက် တရားစြဲဆိုခံလိုက်ရပါတယ်။

Jessie Braham ဆိုတဲ့ အဆိုတော်ကောင်လေး တစ်ယောက္ကျေပျာပလာတာကေတာ့ သူ ၂၀၁၃ ခုနွစ္တုန်းက ရေးသားခဲ့တဲ့ “Haters Gone Hate” ဆိုတဲ့ သီခ်င်းထဲက စာသားတြေကို Taylor Swift က ယူသုံးသြားတယ္လို့ ဆိုပါတယ်။

Taylor Swift က ခိုးယူသုံးစြဲခဲ့တယ္လို့ စြပ္စြဲခံခဲ့ရတဲ့ Jessie Braham ရဲ့  သီခ်င်းစာသားကေတာ့ "Haters gone hater, playas gone play. Watch out for them fakers, they'll fake you everyday." ဆိုတဲ့ စာသားပါ။

ဒါ့ အျပင် Braham ရဲ့  သီခ်င်းစာသားကို Taylor Swift ဟာ ၂၀၁၄ ခုနွစ္ကထြက်ရွိခဲ့တဲ့ သူမရဲ့  သီခ်င်းတြေထဲမွာ အကြိမ် ၇၀ အထိ ယူသုံးထားတယ္လို့လည်း Braham က စြပ္စျြဲပန္ပါတယ်။ သူမရဲ့  သီခ်င်းတစ္ပုဒ္မွာဆိုရင္လည်း Chorus အပိုဒ် တစ္ခုလုံးဟာ သူ ရေးသားထားတဲ့ စာသားတျြေဖစ္တယ္လို့ ဆျိုပန္ပါတယ်။

အဆိုတ္နောာမည်အျဖစ် Jessie Graham လို့ လူသိမ်ားတဲ့ Braham က Taylor Swift ထံကေန လော််ကြေးငြေ ဒေါ်လာ ၄၂ သန်းနဲ့ “Shake It Off” သီခ်င်းမွာ သူ့ရဲ့  နာမည် ရေးသားပေးဖို့ကို တောင်းဆိုထားတယ္လို့လည်း သိရပါတယ်။

Ref:tmz

http://www.trend.com.mm/2015/11/03/news-8042

No comments:

Post a Comment