Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

Selena Gomez အေပၚ သစၥာမဲ့ခဲ့မိတယ္လို႔ Justin Bieber ၀န္ခံ


ဆယ္ေက်ာ္သက္တို႔ အသည္းစြဲ အဆိုေတာ္ Justin Bieber က သူနဲ႔ Selena Gomez တိုရဲ႕ အခ်စ္ေရး အဆံုးသတ္ခဲ့မႈမွာ သူ႕ဘက္က သစၥာမဲ့ခဲ့မႈ ေတြရွိခဲ့တယ္လို႔ သဲလြန္စေပးၿပီး ၀န္ခံခဲ့ပါတယ္။

သူတို႔ စံုတြဲဟာ ၂၀၁၄ ခုႏွစ္မွာ အဆံုးသတ္ျပတ္စဲခဲ့ၾကတာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ Sorry သီခ်င္းရဲ႕ အဆုိေတာ္ Justin Bieber က သူတို႔ ၂ ေယာက္လမ္းခြဲခဲ့မႈမွာ အျပစ္တင္စရာ ျဖစ္ခဲ့တဲ့ အျခား ေကာလာဟလေတြ အေၾကာင္းကို ဖြင့္ဟ ေျပာျပလာခဲ့ပါတယ္။

လူထု က ေစာင့္ၾကည့္ေနတဲ့ သူတို႔ ၂ ေယာက္ရဲ႕ ကဗ်ာဆန္ဆန္ အခ်စ္ေရးကို ဘယ္လို စီမံခန္႔ခြဲခဲ့သလဲ ဆိုတာနဲ႔ ပတ္သက္ၿပီး Justin Bieber က ID မဂၢဇင္းကို အခုလို ေျပာျပခဲ့ျပန္ပါတယ္။

"ဒါဟာ ယံုၾကည္မႈနဲ႔တူၿပီး သင့္စိတ္ထဲမွာ စတင္ရႈပ္ေထြးေစခဲ့တဲ့အရာပါ။ သင္ဟာ လမ္းမေပၚမွာ ေရာက္ေနတယ္။ အဲဒီလမ္းမေပၚမွာပဲ လွပတဲ့ အမ်ိဳးသမီး ေတြအမ်ားႀကီးရွိေနတယ္။ ဒါဆိုရင္ သင္ဟာ အခက္အခဲ စေတြ႕ပါၿပီ" လို႔ ဆိုပါတယ္။

သူတို႔ ရရွိထားတဲ့ လူထုရဲ႕ စိတ္၀င္စားမႈဟာလည္း ဘာမွ အကူအညီမေပးႏိုင္ခဲ့ဘူးဆိုတာကို Bieber က "ငါတို႔ဟာ အခ်စ္ေရးမွာ ဘယ္လိုရွိေနဖို႔ ၊ ငါတို႔ ပံုစံနဲ႔ ငါတို႔ျဖစ္ေနဖို႔ ကို မီဒီယာကတဆင့္ လူထုက ဆံုးျဖတ္တ့ဲ အခ်စ္ေရးတစ္ခုမွာ ျဖတ္သန္းခဲ့ရတာပါ" လို႔ ဆိုျပန္ပါတယ္။

သူတို႔ ၂ေယာက္ဟာ ၂၀၁၀ ခုႏွစ္ကတည္းက ျပတ္လိုက္ ဆက္လိုက္နဲ႔ ၂၀၁၄ ခုႏွစ္အထိ တြဲခဲ့ၾကၿပီး သူတို႔ လမ္းခြဲျပတ္စဲၿပီးတဲ့ေနာက္မွာေတာ့ ၂ ေယာက္လံုးအတြက္ ခ်စ္သူ ရယ္လို႔ မယ္မယ္ရရ တြဲခဲ့ၾကျခင္းမရွိပဲ တစ္ကိုယ္တည္းသမား ေတြအျဖစ္ ကိုယ္စီ ဘ၀ ကို ျဖတ္သန္းေနခဲ့ၾကတာပဲ ျဖစ္ပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Mirror


....................................................

Selena Gomez အပေါ် သစ္စာမဲ့ခဲ့မိတယ်လို့ Justin Bieber ၀န်ခံ



ဆယ်ကျော်သက်တို့ အသည်းစွဲ အဆိုတော် Justin Bieber က သူနဲ့ Selena Gomez တိုရဲ့ အချစ်ရေး အဆုံးသတ်ခဲ့မှုမှာ သူ့ဘက်က သစ္စာမဲ့ခဲ့မှု တွေရှိခဲ့တယ်လို့ သဲလွန်စပေးပြီး ၀န်ခံခဲ့ပါတယ်။

သူတို့ စုံတွဲဟာ ၂၀၁၄ ခုနှစ်မှာ အဆုံးသတ်ပြတ်စဲခဲ့ကြတာဖြစ်ပြီး အခုချိန်မှာတော့ Sorry သီချင်းရဲ့ အဆိုတော် Justin Bieber က သူတို့ ၂ ယောက်လမ်းခွဲခဲ့မှုမှာ အပြစ်တင်စရာ ဖြစ်ခဲ့တဲ့ အခြား ကောလာဟလတွေ အကြောင်းကို ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။

လူထု က စောင့်ကြည့်နေတဲ့ သူတို့ ၂ ယောက်ရဲ့ ကဗျာဆန်ဆန် အချစ်ရေးကို ဘယ်လို စီမံခန့်ခွဲခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး Justin Bieber က ID မဂ္ဂဇင်းကို အခုလို ပြောပြခဲ့ပြန်ပါတယ်။

"ဒါဟာ ယုံကြည်မှုနဲ့တူပြီး သင့်စိတ်ထဲမှာ စတင်ရှုပ်ထွေးစေခဲ့တဲ့အရာပါ။ သင်ဟာ လမ်းမပေါ်မှာ ရောက်နေတယ်။ အဲဒီလမ်းမပေါ်မှာပဲ လှပတဲ့ အမျိုးသမီး တွေအများကြီးရှိနေတယ်။ ဒါဆိုရင် သင်ဟာ အခက်အခဲ စတွေ့ပါပြီ" လို့ ဆိုပါတယ်။

သူတို့ ရရှိထားတဲ့ လူထုရဲ့ စိတ်ဝင်စားမှုဟာလည်း ဘာမှ အကူအညီမပေးနိုင်ခဲ့ဘူးဆိုတာကို Bieber က "ငါတို့ဟာ အချစ်ရေးမှာ ဘယ်လိုရှိနေဖို့ ၊ ငါတို့ ပုံစံနဲ့ ငါတို့ဖြစ်နေဖို့ ကို မီဒီယာကတဆင့် လူထုက ဆုံးဖြတ်တဲ့ အချစ်ရေးတစ်ခုမှာ ဖြတ်သန်းခဲ့ရတာပါ" လို့ ဆိုပြန်ပါတယ်။

သူတို့ ၂ယောက်ဟာ ၂၀၁၀ ခုနှစ်ကတည်းက ပြတ်လိုက် ဆက်လိုက်နဲ့ ၂၀၁၄ ခုနှစ်အထိ တွဲခဲ့ကြပြီး သူတို့ လမ်းခွဲပြတ်စဲပြီးတဲ့နောက်မှာတော့ ၂ ယောက်လုံးအတွက် ချစ်သူ ရယ်လို့ မယ်မယ်ရရ တွဲခဲ့ကြခြင်းမရှိပဲ တစ်ကိုယ်တည်းသမား တွေအဖြစ် ကိုယ်စီ ဘဝ ကို ဖြတ်သန်းနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment