Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

Ronaldo ရဲ႕ ႏွလံုးသားနယ္ပယ္ အသစ္ေလလား???


မၾကာေသးခင္ကမွ Jonathan Ross Show မွာ မိန္းမေတြအေၾကာင္းကို ရင္ဖြင့္ထားတဲ့ Ronaldo ဟာ သူ႔ရဲ႕ ႏွလံုးသားကို ကိုလိုနီနယ္ခ်ဲ႕ဖို႔ ႀကိဳးစားေနတယ္လုိ႔ သတင္းေတြက ေဖာ္ျပၾကပါတယ္။ သူရဲ႕ ႏွလံုးသားနယ္ပယ္အသစ္ကေတာ့ အေဝးႀကီးမွာ ရွိမေနခဲ့ဘဲ အနီးဆံုးလူတစ္ေယာက္ကို ၾကံစည္ေနတယ္လို႔ ေဖာ္ျပပါတယ္။

Ronaldo ရဲ႕ ခ်စ္သူအသစ္လို႔ ထင္ေၾကးေပးခံေနရသူကေတာ့ Ronaldo ရဲ႕ စူပါေအးဂ်င့္ျဖစ္သူ  Jorge Mendes ရဲ႕သမီးျဖစ္သူ Marisa Mendes ျဖစ္ပါတယ္။  Marisa ဟာ Ronaldo ရဲ႕ ရုပ္ရွင္ပြဲဦးထြက္ကုိလည္း တက္ေရာက္ခဲ့ၿပီး ရီးရဲလ္စတားပါဝင္တဲ့ ေဘာလံုးပြဲေတြကိုလည္း တက္ေရာက္ၾကည့္ရႈခဲ့တယ္လို႔လည္း သိရပါတယ္။

သူမဟာ အခုတေလာ Ronaldo နဲ႔ ေနရာတုိင္းလိုလိုမွာ ပူးတြဲေတြ႕ေနရတာေၾကာင့္ မီဒီယာေတြက ႀကိတ္ပုန္းတြဲခုတ္ေနသလားလို႔ ထင္ေနၾကတာပါ။ Ronaldo ဟာ ေအးဂ်င့္ျဖစ္သူ Mendes နဲ႔ ရင္းႏွီးလြန္းတဲ့ ဆက္ဆံေရးရွိခဲ့ၿပီး Mendes ရဲ႕ ေမြးေန႔မွာလည္း သူပိုင္တဲ့ ဂရိကကၽြန္းတစ္ကၽြန္းကို လက္ေဆာင္ေပးခဲ့တာပါ။ အခုေနာက္ဆံုး ထြက္ထားတဲ့ မွတ္တမ္းရုပ္ရွင္မွာလည္း Mendes ကို အစ္ကိုရင္းတစ္ေယာက္လို ခင္တြယ္ေနတာကို ပံုေဖာ္ထားပါေသးတယ္။

 Ronaldo  က အခုလို ေအးဂ်င့္ျဖစ္သူကို ေနရာေပးေနတာဟာ လိုခ်င္မႈတစ္ခုရွိလို႔ျဖစ္ၿပီး ပစ္မွတ္ကေတာ့  Marisa ပဲျဖစ္လိမ့္မယ္လို႔ သတင္းေတြ ထြက္လာခဲ့ပါတယ္။ Ronaldo ဟာ ရည္းစားေဟာင္းျဖစ္ခဲ့တဲ့ စူပါေမာ္ဒယ္ Irina Shayk နဲ႔ လမ္းခြဲၿပီးတဲ့ေနာက္မွာ အခ်စ္သစ္ကုိ ရွာေဖြေနဆဲ ရွိေနတာပါ။  " Relationship တစ္ခုကို တည္ေဆာက္တဲ့အခါမွာ ၅၀ % ေသာ မိန္းမေတြက ကၽြန္ေတာ့္ကို စိတ္ဝင္စားလို႔ လာခ်စ္ၾကတာပါ။ ကၽြန္ေတာ့္ရဲ႕ ရုပ္ရည္ ၊ ခႏၵာကိုယ္ေတြကို ႀကိဳက္ႏွစ္သက္တဲ့ မိန္းမမ်ိဳးကို မလိုခ်င္ပါဘူး။ ဒီလို ျပႆနာေတြကေတာ့ ေက်ာ္ၾကားတဲ့သူတုိင္းက ၾကံဳေတြ႕ေနရတယ္ " လို႔ Ronaldo က ေျပာပါတယ္။


(Paing A K)

#သစ္ထူးလြင္(အားကစား)
#sports.thithtoolwin.com

Ref : Mirror

.................................................

Ronaldo ရဲ့ နှလုံးသားနယ်ပယ် အသစ်လေလား???


မကြာသေးခင်ကမှ Jonathan Ross Show မှာ မိန်းမတွေအကြောင်းကို ရင်ဖွင့်ထားတဲ့ Ronaldo ဟာ သူ့ရဲ့ နှလုံးသားကို ကိုလိုနီနယ်ချဲ့ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ သူရဲ့ နှလုံးသားနယ်ပယ်အသစ်ကတော့ အဝေးကြီးမှာ ရှိမနေခဲ့ဘဲ အနီးဆုံးလူတစ်ယောက်ကို ကြံစည်နေတယ်လို့ ဖော်ပြပါတယ်။

Ronaldo ရဲ့ ချစ်သူအသစ်လို့ ထင်ကြေးပေးခံနေရသူကတော့ Ronaldo ရဲ့ စူပါအေးဂျင့်ဖြစ်သူ  Jorge Mendes ရဲ့သမီးဖြစ်သူ Marisa Mendes ဖြစ်ပါတယ်။  Marisa ဟာ Ronaldo ရဲ့ ရုပ်ရှင်ပွဲဦးထွက်ကိုလည်း တက်ရောက်ခဲ့ပြီး ရီးရဲလ်စတားပါဝင်တဲ့ ဘောလုံးပွဲတွေကိုလည်း တက်ရောက်ကြည့်ရှုခဲ့တယ်လို့လည်း သိရပါတယ်။

သူမဟာ အခုတလော Ronaldo နဲ့ နေရာတိုင်းလိုလိုမှာ ပူးတွဲတွေ့နေရတာကြောင့် မီဒီယာတွေက ကြိတ်ပုန်းတွဲခုတ်နေသလားလို့ ထင်နေကြတာပါ။ Ronaldo ဟာ အေးဂျင့်ဖြစ်သူ Mendes နဲ့ ရင်းနှီးလွန်းတဲ့ ဆက်ဆံရေးရှိခဲ့ပြီး Mendes ရဲ့ မွေးနေ့မှာလည်း သူပိုင်တဲ့ ဂရိကကျွန်းတစ်ကျွန်းကို လက်ဆောင်ပေးခဲ့တာပါ။ အခုနောက်ဆုံး ထွက်ထားတဲ့ မှတ်တမ်းရုပ်ရှင်မှာလည်း Mendes ကို အစ်ကိုရင်းတစ်ယောက်လို ခင်တွယ်နေတာကို ပုံဖော်ထားပါသေးတယ်။

Ronaldo  က အခုလို အေးဂျင့်ဖြစ်သူကို နေရာပေးနေတာဟာ လိုချင်မှုတစ်ခုရှိလို့ဖြစ်ပြီး ပစ်မှတ်ကတော့  Marisa ပဲဖြစ်လိမ့်မယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ Ronaldo ဟာ ရည်းစားဟောင်းဖြစ်ခဲ့တဲ့ စူပါမော်ဒယ် Irina Shayk နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ အချစ်သစ်ကို ရှာဖွေနေဆဲ ရှိနေတာပါ။  " Relationship တစ်ခုကို တည်ဆောက်တဲ့အခါမှာ ၅၀ % သော မိန်းမတွေက ကျွန်တော့်ကို စိတ်ဝင်စားလို့ လာချစ်ကြတာပါ။ ကျွန်တော့်ရဲ့ ရုပ်ရည် ၊ ခန္ဒာကိုယ်တွေကို ကြိုက်နှစ်သက်တဲ့ မိန်းမမျိုးကို မလိုချင်ပါဘူး။ ဒီလို ပြဿနာတွေကတော့ ကျော်ကြားတဲ့သူတိုင်းက ကြုံတွေ့နေရတယ် " လို့ Ronaldo က ပြောပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

No comments:

Post a Comment