Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 10, 2015

NLD သာအနိုင်ရရင် သမ္မတက ကျွန်မဆီက ညွှန်ကြားချက်ခံယူရမယ်- ဒေါ်အောင်ဆန်းစုကြည်

နိုဝင်ဘာ ၁၀။ ။
အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီသာ အစိုးရဖွဲ့နိုင်ခဲ့ရင် ရွေးချယ်ခန့်အပ်လိုက်တဲ့သမ္မတမှာ ဘာအာဏာမှ ရှိမှာမဟုတ်ကြောင်း ချန်နယ်နယူးစ်အေးရှသတင်းဌာနကို ပြောပါတယ်။
အင်္ဂါနေ့က သတင်းဌာနကို ပြောရာမှာ NLD သာအနိုင်ရရင် ရွေးချယ်ထားတဲ့ သမ္မတကို “အခြေခံဥပဒေနဲ့ကိုက်ညီဖို့သက်သက်” ခန့်အပ်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
“သူဟာ ပါတီရဲ့ဆုံးဖြတ်ချက်တွေနဲ့အညီ ပြုမူလှုပ်ရှားဖို့ဖြစ်ပြီး သူ့မှာ ဘာအခွင့်အာဏာမှ မရှိကြောင်း သူ ကောင်းကောင်းသဘောပေါက်ရပါမယ်” လို့ သူက ပြောပါတယ်။
“ယုတ္တိကျကျလုပ်ဆောင်ဖို့ ဒီနည်းလမ်းတစ်ခုတည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတိုင်းမှာ အာဏာရပါတီရဲ့ ခေါင်းဆောင်က အစိုးရခေါင်းဆောင်ဖြစ်လာတာပါ။ တကယ်လို့ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်မပြုရင် ကျွန်မတို့က ပုံမှန်ဒီမိုကရေစီနည်းအတိုင်း ဆက်လုပ်နိုင်ဖို့ အစီအစဉ်တွေ လုပ်ရမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမကျင်းပခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတရဲ့အထက်မှာ ရှိချင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ သူက NLD သာ အနိုင်ရရင် ခန့်အပ်ခံရတဲ့သမ္မတကို သူ ညွှန်ကြားမယ်လို့ ထပ်မံပြောခဲ့ပါတယ်။
သူဟာ ပါတီခေါင်းဆောင်ဖြစ်တဲ့အတွက် ညွှန်ကြားချက်အားလုံးဟာ သူ့ဆီကလာမယ်ဆိုတာ ခန့်အပ်ခံရတဲ့သမ္မတက နားလည်ရမယ်လို့ သူက ဆက်ပြောပါတယ်။ ဒါဟာ အစိုးရရဲ့အုပ်ချုပ်မှုအပေါ် ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ သူက အလေးထားပြောပါတယ်။
“အဲဒါက အစိုးရရဲ့လုပ်ငန်းတွေအပေါ် ဘယ်လိုလုပ်ထိခိုက်မှာလဲ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရလည်း ရှိမယ်၊ မှန်မှန်ကန်ကန်လည်း အုပ်ချုပ်မှာဖြစ်တယ်လေ။ သမ္မတ ဘာလုပ်နိုင်တယ်ဆိုတာကို သူ့ကို အတိအကျပြောပြထားမှာပါ” လို့ သူက ပြောပါတယ်။
ဒါဆိုရင် အာဏာရှင်သဘော သက်ရောက်မှာလားလို့ မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က NLD ဟာ လူထုရဲ့အားပေးထောက်ခံမှုကနေ အင်အားဖြစ်လာတဲ့အတွက် အာဏာရှင်လမ်းကြောင်းကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။
“ကျွန်မတို့မှာ ပြည်သူလူထုရဲ့ထောက်ခံမှုရှိတဲ့အတွက် လူထုက ထောက်ခံနေသမျှကာလပတ်လုံး ရှင်သန်နေမှာပါ။ နောက်ပြီး လူထုထောက်ခံမှုနဲ့ရပ်တည်နေကြတဲ့ အစိုးရတိုင်းဟာ ဘယ်တော့မှ အာဏာရှင်ဖြစ်မလာကြပါဘူး” လို့ သူက ပြောပါတယ်။
အတိုက်အခံခေါင်းဆောင်ဟာ စစ်တပ်နဲ့တခြားအဖွဲ့တွေနဲ့ လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
“စစ်တပ်ပဲဖြစ်ဖြစ်၊ တခြားအဖွဲ့အစည်းပဲဖြစ်ဖြစ် တွဲဖက်အလုပ်လုပ်တာနဲ့ပူးပေါင်းဆောင်ရွက်တာဟာ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုပါ။ ညတွင်းချင်းတော့ဖြစ်မလာနိုင်ပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်လာအောင် ကျွန်မတို့လေ့လာရပါမယ်။ စာအုပ်ကြီးအတိုင်း လုပ်လို့မရပါဘူး ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ဒီတော့ ကျွန်မတို့က အခြေအနေတွေ ဘယ်လိုပြောင်းလဲလာတယ်ဆိုတဲ့အပေါ် မူတည်ပြီး ကိုင်တွယ်ဖြေရှင်းရပါမယ်။ အဲဒါမျိုးကို တင်းတင်းကျပ်ကျပ်၊ မြန်မြန်ထက်ထက်စည်းကမ်းတွေ ချပြီး လုပ်လို့မရပါဘူး။ NLD က ၂၅ % ဟာ တဖြည်းဖြည်းနဲ့ ထွက်ခွာပေးရမယ်လို့ တရားဝင်ပြောပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါ(၂၅%)က ဒီမိုကရေစီလုပ်နည်းကိုင်နည်းမဟုတ်လို့ပါ။ ဒါပေမယ့် ကျွန်မတို့က ပြန်လည်ပေါင်းစည်းရေးဆီ ဦးတည်တဲ့နည်းလမ်းနဲ့ ညှိနှိုင်းသွားမှာဖြစ်ပါတယ်”
“ကျွန်မတို့အစိုးရဖွဲ့တာနဲ့တပြိုင်နက် ညှိနှိုင်းမှုတွေလုပ်ဖို့ သူတို့တံခါးဖွင့်ရမှာဖြစ်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
စုပြည့်စုံ
Ref: CNA, Nov 10th
Kumudra
................
NLD သာအနိုင်ရရင် သမ္မတက က်ြန္မဆီက ညွှန်ကြားခ်က္ခံယူရမယ်- ဒေါ်အောင္ဆန်းစုကြည်
နိုဝင္ဘာ ၁၀။ ။
အတိုက်အခံ အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ္ပါတီ(NLD) ခေါင်းဆောင် ဒေါ်အောင္ဆန်းစုကြည္က သူ့ပါတီသာ အစိုးရဖြဲ့နိုင္ခဲ့ရင် ရြေးခ်ယ္ခန့်အပ္လိုက္တဲ့သမ္မတမွာ ဘာအာဏာမွ ရွိမွာမဟုတ်ကြောင်း ခ်န္နယ္နယူးစ်အေးရွသတင်းဌာနကိုျေပာပါတယ်။
အင်္ဂါနေ့က သတင်းဌာနကိုျေပာရာမွာ NLD သာအနိုင်ရရင် ရြေးခ်ယ္ထားတဲ့ သမ္မတကို “အျေခခံဥပေဒနဲ့ကိုက်ညီဖို့သက်သက်” ခန့်အပ္မျွာဖစ်ကြောင်း ဒေါ်အောင္ဆန်းစုကြည္ကျေပာပါတယ်။
“သူဟာ ပါတီရဲ့ဆုံျးဖတ္ခ်က်တြေနဲ့အညျီပုမူလွုပ်ရွားဖိျု့ဖစ်ပြီး သူ့မွာ ဘာအခြင့်အာဏာမွ မရွိကြောင်း သူ ကောင်းကောင်းသေဘာပေါက်ရပါမယ်” လို့ သူကျေပာပါတယ်။
“ယုတ္တိက်က်လုပ်ဆောင္ဖို့ ဒီနည်းလမ်းတစ္ခုတည်း ရွိပါတယ်။ ဘျာဖစ္လို့လဲဆိုတော့ ဒီမိုကေရစီနိုင်ငံတိုင်းမွာ အာဏာရပါတီရဲ့ ခေါင်းဆောင္က အစိုးရေခါင်းဆောင်ျဖစ္လာတာပါ။ တကယ္လို့ ဒါကို ဖြဲ့စည်းပုံအျေခခံဥပေဒအရ ခြင့်မျပုရင် က်ြန္မတို့က ပုံမွန္ဒီမိုကေရစီနည်းအတိုင်း ဆက္လုပ်နိုင္ဖို့ အစီအစဉ်တြေ လုပ်ရမွာပါ” လို့ ဒေါ်အောင္ဆန်းစုကြည္က ဆက်ျေပာပါတယ်။
နိုဝင္ဘာ ၈ ရက် ရြေးကောက္ပြဲမက်င်းပခင္တုန်းက ဒေါ်အောင္ဆန်းစုကြည်ဟာ သမ္မတရဲ့အထက္မွာ ရွိခ်င္တယ္လို့ ထုတ်ျေပာခဲ့ပါတယ်။ အင်္ဂါနေ့မွာတော့ သူက NLD သာ အနိုင်ရရင် ခန့်အပ္ခံရတဲ့သမ္မတကို သူ ညွှန်ကြားမယ္လို့ ထပ္မံျေပာခဲ့ပါတယ်။
သူဟာ ပါတီခေါင်းဆောင်ျဖစ္တဲ့အတြက် ညွှန်ကြားခ်က်အားလုံးဟာ သူ့ဆီကလာမယ္ဆိုတာ ခန့်အပ္ခံရတဲ့သမ္မတက နားလည်ရမယ္လို့ သူက ဆက်ျေပာပါတယ်။ ဒါဟာ အစိုးရရဲ့အုပ္ခ်ုပ္မွုအေပါ် ထိခိုက္မွုရွိမွာမဟုတ္ဘူးလို့ သူက အေလးထာျးေပာပါတယ်။
“အဲဒါက အစိုးရရဲ့လုပ်ငန်းတြေအေပါ် ဘယ္လိုလုပ္ထိခိုက္မွာလဲ။ ဘျာဖစ္လို့လဲဆိုတော့ အစိုးရလည်း ရွိမယ်၊ မွန္မွန္ကန္ကန္လည်း အုပ္ခ်ုပ္မျွာဖစ္တယ်လေ။ သမ္မတ ဘာလုပ်နိုင္တယ္ဆိုတာကို သူ့ကို အတိအက်ျေပျာပထားမွာပါ” လို့ သူကျေပာပါတယ်။
ဒါဆိုရင် အာဏာရွင်ေသဘာ သက်ရောက္မွာလားလို့ မေးတဲ့အခါ ဒေါ်အောင္ဆန်းစုကြည္က NLD ဟာ လူထုရဲ့အားပေးထောက္ခံမွုကေန အင်အာျးဖစ္လာတဲ့အတြက် အာဏာရွင္လမ်းကြောင်းကိုျေပာင်းလဲသြားမွာမဟုတ္ဘူးလို့ျေပာပါတယ်။
“က်ြန္မတို့မျွာပည်သူလူထုရဲ့ထောက္ခံမွုရွိတဲ့အတြက် လူထုက ထောက္ခံနေသမ်ွကာလပတ္လုံး ရွင်သန်နေမွာပါ။ နောက်ပြီး လူထုထောက္ခံမွုနဲ့ရပ္တည်နေကြတဲ့ အစိုးရတိုင်းဟာ ဘယ်တော့မွ အာဏာရွင်ျဖစ္မလာကြပါဘူး” လို့ သူကျေပာပါတယ်။
အတိုက်အခံခေါင်းဆောင်ဟာ စစ္တပ္နဲ့တျခားအဖြဲ့တြေနဲ့ လက္တြဲပြီး ပူးပေါင်းလုပ်ဆောင်ြသားမယ္လို့လည်းျေပာခဲ့ပါတယ်။
“စစ္တပ္ပျဲဖစ်ျဖစ်၊ တျခားအဖြဲ့အစည်းပျဲဖစ်ျဖစ် တြဲဖက်အလုပ္လုပ္တာနဲ့ပူးပေါင်းဆောင်ြရက္တာဟာ လုပ္ကိုလုပ်ရမယ့်အရာတစ္ခုပါ။ ညတြင်းခ်င်းတေျာ့ဖစ္မလာနိုင္ပါဘူး။ တစ္ဆင့်ပြီးတစ္ဆင့်ျဖစ္လာအောင် က်ြန္မတို့လေ့လာရပါမယ်။ စာအုပ်ကြီးအတိုင်း လုပ္လို့မရပါဘူး ” လို့ ဒေါ်အောင္ဆန်းစုကြည္ကျေပာပါတယ်။
“ဒီတော့ က်ြန္မတို့က အျေခအေနေတြ ဘယ္လိျုေပာင်းလဲလာတယ္ဆိုတဲ့အေပါ် မူတည်ပြီး ကိုင္တြယ်ျေဖရွင်းရပါမယ်။ အဲဒါမိုးကို တင်းတင်းက်ပ္က်ပ်၊ျမန်ျမန္ထက္ထက္စည်းကမ်းတြေ ခ်ပြီး လုပ္လို့မရပါဘူး။ NLD က ၂၅ % ဟာ တျဖည်ျးဖည်းနဲ့ ထြက္ခြာပေးရမယ္လို့ တရားဝင်ျေပာပြီးသားပါ။ ဘျာဖစ္လို့လဲဆိုတော့ အဲဒါ(၂၅%)က ဒီမိုကေရစီလုပ္နည်းကိုင္နည်းမဟုတ္လို့ပါ။ ဒါပေမယ့် က်ြန္မတို့ကျပန္လည်ပေါင်းစည်းရေးဆီ ဦးတည္တဲ့နည်းလမ်းနဲ့ ညွိနွိုင်းသြားမျွာဖစ္ပါတယ်”
“က်ြန္မတို့အစိုးရဖြဲ့တာနဲ့တပြိုင္နက် ညွိနွိုင်းမွုတြေလုပ္ဖို့ သူတို့တံခါးဖြင့်ရမျွာဖစ္ပါတယ်” လို့လည်း သူက ဆက်ျေပာပါတယ်။
ဈုပည့္စုံ
Ref: CNA, Nov 10th
Kumudra

Spring Flowers
Channel News Asia နှင့် အင်တာဗျူး ( 10.11.2015 )
...........................................................................
ဖြေ ။ ။ သမ္မတ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ဆုံးဖြတ်ချက်တွေ အားလုံးကို ကျမကဘဲ ချမှာပါ........ဘာလို့လည်းဆိုတော့ ကျမက ရွေးကောက်ပွဲမှာ နိုင်ခဲ့တဲ့ ပါတီရဲ့ ခေါင်းဆောင်မို့လို့ပါဘဲ ။ သမ္မတဆိုတာက အခြေခံဥပဒေရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီအောင်သာ ကျမတို့က ရွေးချယ်တဲ့သူတစ်ဦး ဖြစ်ပါတယ် ။
မေး ။ ။ ဒါဆိုရင် သမ္မတက လုံးဝ အာဏာမရှိဘူး လို့ ဆိုလိုတာလား ။
ဖြေ ။ ။ မရှိပါဘူး ....သမ္မတဖြစ်လာသူဟာ သူ့မှာ လုံးဝ အာဏာမရှိဘူး ဆိုတာ နဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းဘဲ ပြုမူဆောင်ရွက်ရမယ် ဆိုတာကို သေသေချာချာ နားလည် သဘောပေါက်ရပါမယ် ၊
မေး ။ ။ ဒီလိုပုံစံမျိုးကိုမှ အကောင်းဆုံးအခြေအနေဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာကြောင့် ယုံကြည်ရတာလဲ ။
ဖြေ ။ ။ ဒါကဘဲ ဖြစ်နိုင်သဘာဝကျတဲ့ တစ်ခုတည်းသော နည်းလမ်းပါ ၊ ဘာလို့လည်းဆိုတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာဘဲဖြစ်ဖြစ် ရွေးကောက်ပွဲနိုင်တဲ့ ပါတီရဲ့ ခေါင်းဆောင်ကဘဲ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြစမြဲပါဘဲ ။ တကယ်လို့ အခြေခံဥပဒေက ( သမ္မတဖြစ်ဖို့ ) ခွင့်မပြုဘူး ဆိုတော့လည်း ကျမတို့အနေနဲ့ ပုံမှန်ဒီမိုကရေစီနည်းလမ်းတွေအတိုင်း ရှေ့ဆက်သွားနိုင်ဖို့ အစီအစဉ်တွေကို လုပ်ကြရတာဘဲပေါ့ ။
မေး ။ ။ ဒေါ်စုရဲ့ ဆန္ဒအရ သမ္မတအနေနဲ့ အာဏာတစ်ခုမှ မပိုင်ဘူး ဆိုတဲ့အချက်က အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုများ ထိခိုက်နိုင်မယ် ထင်ပါသလဲ ။
ဖြေ ။ ။ အစိုးရရဲ့လုပ်ငန်းဆောင်တာတွေကို ဘာကြောင့်များ ထိခိုက်ရမှာပါလဲ ။ အစိုးရအဖွဲ့ ရှိမယ် ၊ အဲဒီအစိုးရအဖွဲ့ကို ပုံမှန်အတိုင်း စီမံ ခန့်ခွဲ ကြမှာပါ ။ သမ္မတ ဘာလုပ်နိုင်တယ်ဆိုတာကိုလည်း တိတိကျကျ ပြောပြပေးကြမှာပါဘဲ ။
မေး ။ ။ အမိန့်အာဏာခိုင်ခိုင်မာမာနဲ့လုပ်ပုံကိုရော ၊ နောက်ပြီး ပါတီ နဲ့ ပါတီဝင်တွေအပေါ် ဒေါ်စုရဲ့ လက်ရှိ စီမံခန့်ခွဲပုံတွေကို ကြည့်ပြီးတော့ရော တချို့က စိုးရိမ်နေကြပါတယ်......ဒေါ်စုအနေနဲ့ အစိုးရအဖွဲ့ကို သိပ်တင်းတင်းကျပ်ကျပ်ကြီး နဲ့ အာဏာရှင်ဆန်ဆန် ကိုင်တွယ်သွားမလား လို့ပါ ။ အဲဒါကို ဘယ်လို ဖြေကြားချင်ပါသလဲ ။
ဖြေ ။ ။ ကျမတို့အနေနဲ့ အာဏာရှင်အစိုးရ ဖြစ်မလာနိုင်တဲ့ အင်မတန် ရိုးစင်းတဲ့အကြောင်းတစ်ချက်ရှိပါတယ် .....ဘာလို့လည်း ဆိုတော့ ကျမတို့ရဲ့အင်အားဆိုတာ ပြည်သူလူထုမို့လို့ပါဘဲ ။ ကျမတို့တွေ ဒီနေ့ ဒီကာလထိ ရှင်သန်ရပ်တည်လာနိုင်တာ ပြည်သူ့ထောက်ခံမှုကြောင့်ပါ ။ ပြည်သူ့ထောက်ခံမှုကို အားကိုးရတဲ့အစိုးရတစ်ရပ်ဟာ ဘယ်သောအခါမှ အာဏာရှင်ဖြစ်မလာပါဘူး ။
မေး ။ ။ အစိုးရ ဖွဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး ပြောရရင် ဒေါ်စုအနေနဲ့ စစ်တပ်နဲ့ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း အပေါ် တစ်ချို့က စိုးရိမ်မကင်းဖြစ်နေကြတယ်နော်.....စစ်တပ်ကလည်း လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို ဆက်ယူထားတုန်းဘဲလေ ။ စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သို့မဟုတ် တွဲလုပ်ဖို့ ဘယ်လို စဉ်းစားထားပါသလဲ ။
ဖြေ ။ ။ စစ်တပ်ဘဲဖြစ်ဖြစ် တခြားအဖွဲ့အစည်းတစ်ခုခုနဲ့ဘဲဖြစ်ဖြစ်ပါ.....ပူးပေါင်းလုပ်ဆောင်တယ် သို့မဟုတ် တွဲလုပ်ကြတယ် ဆိုတာ ရည်မှန်းချက်ကို ရောက်ဖို့ အလုပ်လုပ်ကြတာကို ပြောတာပါ ......ချက်ချင်းလက်ငင်း ဖြစ်လာတတ်တာမျိုး မဟုတ်ပါဘူး ။ အလုပ်လုပ်ခြင်းအားဖြင့် တဖြည်းဖြည်းလေ့လာတည်ဆောက်ရတာပါ ။ သဘောတရားသီအိုရီတွေနဲ့ချည်း လုပ်လို့ရတာမျိုး မဟုတ်ပါဘူး ။ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကတော့ အခြေအနေတွေက ဘယ်လို ဖြစ်ပျက်ပြောင်းလဲနေတယ် ဆိုတာအပေါ်မှာ မူတည်ပါတယ် ။ တင်းတင်းမာမာ အမိန့်တွေ ၊ မြန်မြန်ဆန်ဆန်စည်းကမ်းတွေ ချပြီး လုပ်လို့ရတာမျိုး မဟုတ်ပါဘူး ။ NLD က တရားဝင်ပြောထားတာရှိပါတယ်...... လွှတ်တော်ထဲက ၂၅ % ဟာ အချိန်တန်ရင် လွှတ်တော်ထဲက ထွက်သွားရမယ် ဆိုတာကိုပါ ....ဘာလို့လည်းဆိုတော့ ဒီလိုဝင်ထိုင်နေတာဟာ ဒီမိုကရေစီကျင့်ထုံးတွေနဲ့ ကိုက်ညီမှု မရှိလို့ပါဘဲ ၊ ဒါပေမယ့် အားလုံး ရင်ကြားစေ့ပြေလည်ဖို့ ရှေ့ရှုပြီး ဒီလမ်းကြောင်း ( ၂၅ % ဘယ်လိုထွက်သွားမလဲ ဆိုတဲ့လမ်းကြောင်း ) ကို ချဉ်းကပ်ဖို့ကိုတော့ ကျမတို့အားလုံး ညှိနှိုင်းဆောင်ရွက်ကြမယ် လို့ တရားဝင် ပြောထားပြီး ဖြစ်ပါတယ် ။
မေး ။ ။ ဒေါ်စုက ဘယ်တော့ ဒီညှိနိုင်ဆွေးနွေးတာကို စမှာလဲ ။ သူတို့ဘက်ကရော ဆွေးနွေးဖို့ကို ဖွင့်ထားပေးသလား ။
ဖြေ ။ ။ ကျမတို့ အစိုးရဖွဲ့ပြီဆိုတာနဲ့ ဆွေးနွေးညှိနှိုင်းဖို့ သူတို့ ဖွင့်ကို ဖွင့်ပေးရပါလိမ့်မယ် ။

No comments:

Post a Comment