Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 21, 2015

ေနာင္လာမည့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားအား ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ၿပီး တစ္ႏုိင္ငံလုံး အတုိင္းအတာျဖင့္ ၿငိမ္းခ်မ္းမႈ ရရွိေစရန္ NLD ေဖာ္ေဆာင္မည္


Published on Sat, 11/21/2015 - 01:03
ႏုိ၀င္ဘာ ၂၀ ရက္က ျပဳလုပ္ေသာ လႊတ္ေတာ္ အစည္းအေ၀းသို႔ တက္ေရာက္လာေသာ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ NLD လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားကုိ ေတြ႕ရစဥ္ (ဓာတ္ပုံ-မ်ဳိးမင္းထက္)

ေရြးေကာက္ပြဲ အႏုိင္ရပါတီျဖစ္သည့္ အမ်ဳိးသား ဒီမုိကေရစီ အဖြဲ႕ခ်ဳပ္ (NLD) အစိုးရကို ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္မည္ျဖစ္၍ ေနာင္လာမည့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားကို ေဒၚေအာင္ဆန္းစုၾကည္ကသာ ဦးေဆာင္မည္ျဖစ္ကာ တစ္ႏုိင္ငံလုံး အတုိင္းအတာ ၿငိမ္းခ်မ္းမႈ ရရွိေစရန္ ေဖာ္ေဆာင္မည္ဟု NLD ပါတီ၏ ေျပာေရးဆုိခြင့္ရွိသူ တစ္ဦးျဖစ္သည့္ ပါတီ ဗဟုိအလုပ္အမႈေဆာင္ အဖြဲ႕၀င္ ဦး၀င္းထိန္က ေျပာၾကားသည္။

လက္ရွိ အစိုးရႏွင့္ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕မ်ား ေတြ႕ဆုံညိႇႏႈိင္းၿပီး ေရးဆြဲထားသည့္ တစ္ႏုိင္ငံလုံး ပစ္ခတ္ တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) တြင္ ပါရွိသည့္ အခ်က္မ်ားအနက္ ေကာင္းသည့္ အခ်က္မ်ားကို ဆက္လက္ က်င့္သုံးမည္ ျဖစ္ၿပီး ဖက္ဒရယ္ ဒီမုိကေရစီ ႏိုင္ငံတည္ေဆာက္ေရးႏွင့္ပတ္သက္ၿပီး အဟန္႔အတား ျဖစ္ေစမည့္ အခ်က္မ်ားကို ဖယ္ရွားသြားမည္ဟု ဦး၀င္းထိန္က ဆုိသည္။

ဦး၀င္းထိန္က“NLD က အစုိးရဖြဲ႕မွာ ျဖစ္တဲ့အတြက္ေၾကာင့္မုိ႔လုိ႔ NLD အစိုးရကိုလည္း ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္မွာ ျဖစ္တဲ့အတြက္ေၾကာင့္မုိ႔လုိ႔ ေနာင္လာမယ့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကိုလည္း ေဒၚေအာင္ဆန္းစုၾကည္ပဲ ဦးေဆာင္မယ္။ ဘယ္လုိ ဦးေဆာင္မယ္ ဆုိတာကိုေတာ့ မေျပာေသးဘူး။ မေဆြးေႏြးရေသးဘူး။ သို႔ေသာ္ ေျပာႏုိင္တာက အခုလက္ရွိလုပ္ထားတဲ့ NCA မွာ ေကာင္းတဲ့အခ်က္ေတြ ကြၽန္ေတာ္တုိ႔ ဆက္သုံးမယ္။ ဒီမုိကေရစီ မဆန္ဘူး။ ဖက္ဒရယ္ ဒီမုိကေရစီနဲ႔ ပတ္သက္လုိ႔ အဟန္႔အတားျဖစ္မယ့္ အခ်က္ေတြဆုိရင္ ကြၽန္ေတာ္တုိ႔ ဖယ္မယ္။ ဒါက ကြၽန္ေတာ္တုိ႔ သေဘာထားပဲ။ ဒီကိစၥ ေဒၚေအာင္ဆန္းစုၾကည္ကို သတင္းပို႔ၿပီးၿပီ။ သူကုိယ္တုိင္လည္း သေဘာတူတယ္” ဟု ႏုိ၀င္ဘာ ၂၀ ရက္က ေျပာၾကားသည္။

လက္ရွိ ရွမ္းျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ NCA လက္မွတ္ မထုိးေသးသည့္ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕မ်ားႏွင့္ အစိုးရ တပ္မေတာ္တုိ႔အၾကား တုိက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိရာ ထုိသုိ႔ တုိက္ပြဲျဖစ္ပြားမႈမ်ား မရွိသင့္ေၾကာင္း ၊NLD အေနျဖင့္ တစ္ႏုိင္ငံလုံး အတုိင္းအတာ ၿငိမ္းခ်မ္းမႈ ရေစမည့္ အေျခအေန တစ္ရပ္ကို ေဖာ္ေဆာင္ႏုိင္ေရး ႀကိဳးစားသြားမည္ ျဖစ္ေၾကာင္း ဦး၀င္းထိန္က ဆုိသည္။

ဦး၀င္းထိန္က“ဒီၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီးေတာ့လုပ္တဲ့ ေဆြးေႏြးပြဲေတြကို ကြၽန္ေတာ္ တက္တာရွိတယ္။ ဦးထြန္းထြန္းဟိန္ တက္တာရွိတယ္။ ေရြးေကာက္ပြဲ မတုိင္ခင္ တုန္းကေပါ့။ အဲဒီတက္တဲ့အခါမွာ တစ္ႏုိင္ငံလုံး အတုိင္းအတာနဲ႔ အပစ္အခတ္ ရပ္စဲေရး လက္မွတ္ထုိးမယ္ ဆုိတာနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တုိ႔က ေမးခြန္းထုတ္တယ္။ ေခါင္းစဥ္က တစ္ႏုိင္ငံလုံး ပစ္ခတ္ တုိက္ခုိက္မႈ ရပ္စဲေရး စာခ်ဳပ္။ တစ္ႏုိင္ငံလုံးမွာ ျဖစ္တဲ့အဖြဲ႕ေတြက အမ်ားႀကီး လက္မွတ္ထုိးတာက ရွစ္ခုတည္း။ အဲဒါကိုက သဘာ၀ မက်ဘူး။ တစ္ႏုိင္ငံလုံး မဟုတ္ဘူး။လက္မွတ္ထုိးတဲ့ သူေတြကုိ ပစားေပးၿပီး လက္မွတ္မထုိးတဲ့ သူေတြကို ဖိတိုက္မယ္။ အဲဒါမ်ဳိးေတြ ကြၽန္ေတာ္တုိ႔ စိုးရိမ္ခဲ့တယ္။ အဲဒါမ်ဳိးေတြ ကြၽန္ေတာ္တုိ႔ ဖြင့္ေျပာခဲ့တယ္။ အခုျဖစ္ေနတာလည္း အဲဒီအတုိင္းပဲ ျဖစ္ေနတာ လက္မွတ္ထုိးတဲ့ သူက်ေတာ့ တရားမ၀င္ အဖြဲ႕အစည္း အျဖစ္ကေန ပယ္ဖ်က္လုိက္ၿပီဆုိၿပီး တရား၀င္ အဖြဲ႕အစည္း ျဖစ္သြားၿပီ။ က်န္တဲ့ မျဖစ္တဲ့ အဖြဲ႕ေတြက်ေတာ့ ဖိတုိက္ေနတာေပါ့။ ဒါမျဖစ္သင့္တဲ့ ကိစၥ” ဟု ေျပာၾကားသည္။

ႏိုင္ငံေရး ေဆြးေႏြးပြဲမူေဘာင္ ေရးဆြဲျခင္းႏွင့္ ပတ္သက္ၿပီး အားလုံးပါ၀င္ေရး ဆုိရာတြင္ ေရြးေကာက္ပြဲ၌ လူထုေထာက္ခံသည့္ ပါတီမ်ားကိုသာ စဥ္းစားသင့္ၿပီး ေရြးေကာက္ပြဲတြင္ တစ္ေယာက္မွ အႏုိင္မရသည့္ ပါတီမ်ားကို မစဥ္းစားသင့္ဟု ၎က ဆုိသည္။

“ႏိုင္ငံေရး မူေဘာင္ခ်မွတ္ေရး ကိစၥ။ သူတုိ႔က ၉၂ ပါတီ အားလုံး ပါေစခ်င္တယ္။ အဲဒီမွာတုန္းက ကြၽန္ေတာ္ေျပာခဲ့တယ္။ သူတုိ႔က ပါတီႀကီးမို႔လုိ႔ ပါတီငယ္ေတြကို ႏွိမ္လည္း မႏွိမ္ခ်င္ဘူး။ ကဲ့ရဲ႕တဲ့ စကားလည္း မေျပာခ်င္ဘူး။ သို႔ေသာ္လည္းပဲ လက္ေတြ႕ အလုပ္ျဖစ္တဲ့ဘက္က စဥ္းစားမယ္ဆုိရင္ သဘာ၀ မက်ဘူး။ ဘာေၾကာင့္ သဘာ၀မက်လဲဆုိရင္ ၉၂ ပါတီဆုိရင္ တစ္ပါတီ တစ္ေယာက္ပဲ ထားဦး ၉၂ ေယာက္၊ တုိင္းရင္းသား အဖြဲ႕အစည္းေတြ ပါမယ္။ တစ္ရာေက်ာ္မယ္။ ဘယ္လုိနည္းနဲ႔မွ ဒီေရရာတဲ့အေျဖ ရစရာ အေၾကာင္း မရွိဘူး” ဟု ဦး၀င္းထိန္က ေျပာၾကားသည္။

တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕ ၂၁ ဖြဲ႕ရွိသည့္အနက္ အဖြဲ႕ရွစ္ဖြဲ႕သည္ တစ္ႏုိင္ငံလုံး ပစ္ခတ္ တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကို အစိုးရႏွင့္ ေအာက္တုိဘာ ၁၅ ရက္က လက္မွတ္ ေရးထုိးခဲ့ရာ အဆုိပါ လက္မွတ္ေရးထုိးပြဲသို႔ ေဒၚေအာင္ဆန္းစုၾကည္အား အသိသက္ေသအျဖစ္ တက္ေရာက္ရန္ ဖိတ္ၾကားခဲ့ေသာ္လည္း တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕အားလုံး ပါ၀င္ႏုိင္ျခင္း မရွိ၍ တက္ေရာက္ခဲ့ျခင္း မရွိေပ။

လက္ရွိ အစိုးရ၏ ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး ကုိယ္စားလွယ္ အဖြဲ႕၏ အလုပ္အဖြဲ႕ျဖစ္ေသာ Myanmar Peace Center ၏ လုပ္ငန္းေဆာင္ရြက္မႈမ်ားႏွင့္ ပတ္သက္ၿပီးလည္း ျပန္လည္ သုံးသပ္ရမည္ဟု ဦး၀င္းထိန္က ေျပာၾကားသည္။

“ေနာက္တစ္ခုက MPC ဆုိတာ ေတာ္ေတာ္မ်ားမ်ားက မေလးစားတဲ့ အဖြဲ႕အစည္းတစ္ခု။ အဲဒီအဖြဲ႕အစည္းကို ဖ်က္ပစ္ဖုိ႔ေတာ့ မရည္ရြယ္ပါဘူး။ သို႔ေသာ္လည္းပဲ အဲဒီ လုပ္ငန္းေဆာင္တာေတြကိုေတာ့ ျပန္ၿပီး သုံးသပ္ရမယ္” ဟု ၎က ဆုိသည္။

NLD အေနျဖင့္ ေရြးေကာက္ပြဲတြင္ အႏုိင္ရၿပီး အစုိးရ ျဖစ္ပါက ပထမ ဦးစားေပး လုပ္ေဆာင္ရမည့္ ကိစၥမ်ားထဲတြင္ ျပည္တြင္း ၿငိမ္းခ်မ္းေရးကိစၥ ပါ၀င္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေရြးေကာက္ပဲြ မတုိင္မီ မဲဆြယ္ စည္း႐ုံးေရး ခရီးစဥ္မ်ားတြင္ ထုတ္ေဖာ္ ေျပာဆုိထားသည္။

ေဒၚေအာင္ဆန္းစုၾကည္က“တုိင္းရင္းသား အေရးေတြနဲ႔ ပတ္သက္လုိ႔ ကြၽန္မတုိ႔ဟာ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာလည္း ေျပာင္းသင့္တာေတြကို ေျပာင္းရပါလိမ့္မယ္။ ဒီလုိ ေျပာင္းသင့္တာေတြ ေျပာင္းမွ တုိင္းရင္းသားေတြ ရသင့္ရထုိက္တဲ့ အခြင့္အေရးေတြကို ျပည့္ျပည့္၀၀ ရမွာပါ။  ဒုတိယ ပင္လုံညီလာခံလုိဟာမ်ဳိး ညီလာခံတစ္ခု ေခၚၿပီးေတာ့ အဲဒီလုိ ေခၚတဲ့အခါမွာ ကြၽန္မတုိ႔ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ဘာေတြ လုိအပ္တယ္ဆုိတာ ကြၽန္မတုိ႔ ၾကည့္ရမွာပါ။ ထာ၀ရ ၿငိမ္းခ်မ္းေရးအတြက္ အေျခခံ လုိအပ္ခ်က္က တုိင္းရင္းသား ျပည္သူအားလုံးရဲ႕ ေက်နပ္မႈပါပဲ။ ေက်နပ္မႈ၊ လုံျခံဳမႈ၊ ခ်စ္ခင္မႈ အဲဒီဟာေတြကို ဘယ္နည္းနဲ႔ ကြၽန္မတုိ႔ ျပဳစုပ်ဳိးေထာင္မလဲ ဆုိတာဟာ ညီလာခံေခၚၿပီးေတာ့ ဆုံးျဖတ္ခ်က္ ခ်ရမွာ ျဖစ္ပါတယ္” ဟု ေျပာၾကားထားသည္။

ေရြးေကာက္ပြဲတြင္ NLD အႏုိင္ရရွိမႈႏွင့္ ပတ္သက္ၿပီး အစိုးရႏွင့္ NCA လက္မွတ္ထုိးခဲ့သည့္ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕မ်ားေရာ၊ လက္မွတ္ မထုိးရေသးသည့္ အဖြဲ႕မ်ားပါ ဂုဏ္ျပဳစကား ေျပာၾကားခဲ့ၾကသည္။

အစိုးရ အဖြဲ႕သစ္ အေနျဖင့္ လက္ရွိ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနေသာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အဆင့္ဆင့္ကို ဆက္လက္ၿပီး အေလးထား ေဆာင္ရြက္သြားလိမ့္မည္ဟု အျပည့္အ၀ ယံုၾကည္ေၾကာင္း၊ ဘ၀တူ ညီေနာင္ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕ အစည္းမ်ား အားလံုးအေနျဖင့္ ဘံုႏိုင္ငံေရး ရည္မွန္းခ်က္ ျဖစ္ေသာ “ႏိုင္ငံေရး ေတြ႕ဆံု ေဆြးေႏြးပြဲမ်ားမွတစ္ဆင့္ ဒီမိုကရက္တစ္ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး ပန္းတုိင္သုိ႔” ညီညီညြတ္ညြတ္ ဆက္လက္ ခ်ီတက္ၾကရန္ တိုက္တြန္းေၾကာင္း NCA လက္မွတ္ထုိးၿပီးသည့္ အဖြဲ႕ရွစ္ဖြဲ႕က ႏုိ၀င္ဘာ ၁၀ ရက္တြင္ ေၾကညာခဲ့သည္။

NCA လက္မွတ္ မထုိးရေသးသည့္ အဖြဲ႕မ်ား ပါ၀င္ေသာ ညီညြတ္ေသာ တုိင္းရင္းသား လူမ်ဳိးမ်ား ဖက္ဒရယ္ေကာင္စီ (UNFC) က လည္း NKD အေနျဖင့္ အစိုးရသစ္တစ္ရပ္ ဖဲြ႕စည္းၿပီးသည့္ေနာက္ ႏုိင္ငံအတြင္း ျဖစ္ရွိေနေသာ ျပႆနာမ်ားစြာအနက္ ျပည္တြင္းစစ္ ခ်ဳပ္ၿငိမ္းေရး၊ တိုင္းရင္းသား လူမ်ဳိးမ်ားအၾကား ျပန္လည္ ရင္ၾကားေစ့ေရး၊ ၂၀၀၈ ဖဲြ႕စည္းပုံ အေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲေရးႏွင့္ ဒီမိုကေရစီေရး၊ အမ်ဳိးသား တန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အျပည့္အ၀ရွိေသာ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးတို႔ကို ဦးစားေပး လုပ္ငန္းစဥ္မ်ားအျဖစ္ သက္ဆိုင္ရာ အင္အားစု ပါတီအဖဲြ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္း ေဖာ္ေဆာင္သြားရန္ တုိက္တြန္းခဲ့ၿပီး  ျပည္တြင္း ၿငိမ္းခ်မ္းေရးႏွင့္ စစ္မွန္ေသာ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ႏုိင္ေရးအတြက္ လက္ရွိ အစိုးရႏွင့္ လည္းေကာင္း၊ ေနာက္တက္လာမည့္ အစိုးရႏွင့္လည္းေကာင္း UNFC အေနျဖင့္ ဆက္လက္ ေဆြးေႏြး ညႇိႏႈိင္း အေျဖရွာသြားရန္ အဆင္သင့္ရွိသည္ဟု ႏုိ၀င္ဘာ ၁၂ ရက္တြင္ သေဘာထား ထုတ္ျပန္ခဲ့သည္။
Writer:
ေအာင္ေဇာ္ထြန္း
EMG
...............
နောင်လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းမှု ရရှိစေရန် NLD ဖော်ဆောင်မည်
Published on Sat, 11/21/2015 - 01:03
နို၀င်ဘာ ၂၀ ရက်က ပြုလုပ်သော လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကို ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်ဖြစ်၍ နောင်လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဒေါ်အောင်ဆန်းစုကြည်ကသာ ဦးဆောင်မည်ဖြစ်ကာ တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းမှု ရရှိစေရန် ဖော်ဆောင်မည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

လက်ရှိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံညှိနှိုင်းပြီး ရေးဆွဲထားသည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါရှိသည့် အချက်များအနက် ကောင်းသည့် အချက်များကို ဆက်လက် ကျင့်သုံးမည် ဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးနှင့်ပတ်သက်ပြီး အဟန့်အတား ဖြစ်စေမည့် အချက်များကို ဖယ်ရှားသွားမည်ဟု ဦးဝင်းထိန်က ဆိုသည်။

ဦးဝင်းထိန်က“NLD က အစိုးရဖွဲ့မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ NLD အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နောင်လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မယ်။ ဘယ်လို ဦးဆောင်မယ် ဆိုတာကိုတော့ မပြောသေးဘူး။ မဆွေးနွေးရသေးဘူး။ သို့သော် ပြောနိုင်တာက အခုလက်ရှိလုပ်ထားတဲ့ NCA မှာ ကောင်းတဲ့အချက်တွေ ကျွန်တော်တို့ ဆက်သုံးမယ်။ ဒီမိုကရေစီ မဆန်ဘူး။ ဖက်ဒရယ် ဒီမိုကရေစီနဲ့ ပတ်သက်လို့ အဟန့်အတားဖြစ်မယ့် အချက်တွေဆိုရင် ကျွန်တော်တို့ ဖယ်မယ်။ ဒါက ကျွန်တော်တို့ သဘောထားပဲ။ ဒီကိစ္စ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ပြီးပြီ။ သူကိုယ်တိုင်လည်း သဘောတူတယ်” ဟု နို၀င်ဘာ ၂၀ ရက်က ပြောကြားသည်။

လက်ရှိ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် NCA လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ထိုသို့ တိုက်ပွဲဖြစ်ပွားမှုများ မရှိသင့်ကြောင်း ၊NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းမှု ရစေမည့် အခြေအနေ တစ်ရပ်ကို ဖော်ဆောင်နိုင်ရေး ကြိုးစားသွားမည် ဖြစ်ကြောင်း ဦးဝင်းထိန်က ဆိုသည်။

ဦးဝင်းထိန်က“ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့လုပ်တဲ့ ဆွေးနွေးပွဲတွေကို ကျွန်တော် တက်တာရှိတယ်။ ဦးထွန်းထွန်းဟိန် တက်တာရှိတယ်။ ရွေးကောက်ပွဲ မတိုင်ခင် တုန်းကပေါ့။ အဲဒီတက်တဲ့အခါမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က မေးခွန်းထုတ်တယ်။ ခေါင်းစဉ်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်။ တစ်နိုင်ငံလုံးမှာ ဖြစ်တဲ့အဖွဲ့တွေက အများကြီး လက်မှတ်ထိုးတာက ရှစ်ခုတည်း။ အဲဒါကိုက သဘာဝ မကျဘူး။ တစ်နိုင်ငံလုံး မဟုတ်ဘူး။လက်မှတ်ထိုးတဲ့ သူတွေကို ပစားပေးပြီး လက်မှတ်မထိုးတဲ့ သူတွေကို ဖိတိုက်မယ်။ အဲဒါမျိုးတွေ ကျွန်တော်တို့ စိုးရိမ်ခဲ့တယ်။ အဲဒါမျိုးတွေ ကျွန်တော်တို့ ဖွင့်ပြောခဲ့တယ်။ အခုဖြစ်နေတာလည်း အဲဒီအတိုင်းပဲ ဖြစ်နေတာ လက်မှတ်ထိုးတဲ့ သူကျတော့ တရားမဝင် အဖွဲ့အစည်း အဖြစ်ကနေ ပယ်ဖျက်လိုက်ပြီဆိုပြီး တရားဝင် အဖွဲ့အစည်း ဖြစ်သွားပြီ။ ကျန်တဲ့ မဖြစ်တဲ့ အဖွဲ့တွေကျတော့ ဖိတိုက်နေတာပေါ့။ ဒါမဖြစ်သင့်တဲ့ ကိစ္စ” ဟု ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ရေးဆွဲခြင်းနှင့် ပတ်သက်ပြီး အားလုံးပါ၀င်ရေး ဆိုရာတွင် ရွေးကောက်ပွဲ၌ လူထုထောက်ခံသည့် ပါတီများကိုသာ စဉ်းစားသင့်ပြီး ရွေးကောက်ပွဲတွင် တစ်ယောက်မှ အနိုင်မရသည့် ပါတီများကို မစဉ်းစားသင့်ဟု ၎င်းက ဆိုသည်။

“နိုင်ငံရေး မူဘောင်ချမှတ်ရေး ကိစ္စ။ သူတို့က ၉၂ ပါတီ အားလုံး ပါစေချင်တယ်။ အဲဒီမှာတုန်းက ကျွန်တော်ပြောခဲ့တယ်။ သူတို့က ပါတီကြီးမို့လို့ ပါတီငယ်တွေကို နှိမ်လည်း မနှိမ်ချင်ဘူး။ ကဲ့ရဲ့တဲ့ စကားလည်း မပြောချင်ဘူး။ သို့သော်လည်းပဲ လက်တွေ့ အလုပ်ဖြစ်တဲ့ဘက်က စဉ်းစားမယ်ဆိုရင် သဘာဝ မကျဘူး။ ဘာကြောင့် သဘာဝမကျလဲဆိုရင် ၉၂ ပါတီဆိုရင် တစ်ပါတီ တစ်ယောက်ပဲ ထားဦး ၉၂ ယောက်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပါမယ်။ တစ်ရာကျော်မယ်။ ဘယ်လိုနည်းနဲ့မှ ဒီရေရာတဲ့အဖြေ ရစရာ အကြောင်း မရှိဘူး” ဟု ဦးဝင်းထိန်က ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် အဖွဲ့ရှစ်ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစိုးရနှင့် အောက်တိုဘာ ၁၅ ရက်က လက်မှတ် ရေးထိုးခဲ့ရာ အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား အသိသက်သေအဖြစ် တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါ၀င်နိုင်ခြင်း မရှိ၍ တက်ရောက်ခဲ့ခြင်း မရှိပေ။

လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီးလည်း ပြန်လည် သုံးသပ်ရမည်ဟု ဦးဝင်းထိန်က ပြောကြားသည်။

“နောက်တစ်ခုက MPC ဆိုတာ တော်တော်များများက မလေးစားတဲ့ အဖွဲ့အစည်းတစ်ခု။ အဲဒီအဖွဲ့အစည်းကို ဖျက်ပစ်ဖို့တော့ မရည်ရွယ်ပါဘူး။ သို့သော်လည်းပဲ အဲဒီ လုပ်ငန်းဆောင်တာတွေကိုတော့ ပြန်ပြီး သုံးသပ်ရမယ်” ဟု ၎င်းက ဆိုသည်။

NLD အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရ ဖြစ်ပါက ပထမ ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စများထဲတွင် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ ပါ၀င်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ် စည်းရုံးရေး ခရီးစဉ်များတွင် ထုတ်ဖော် ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်က“တိုင်းရင်းသား အရေးတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ပြောင်းသင့်တာတွေကို ပြောင်းရပါလိမ့်မယ်။ ဒီလို ပြောင်းသင့်တာတွေ ပြောင်းမှ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ ရမှာပါ။  ဒုတိယ ပင်လုံညီလာခံလိုဟာမျိုး ညီလာခံတစ်ခု ခေါ်ပြီးတော့ အဲဒီလို ခေါ်တဲ့အခါမှာ ကျွန်မတို့ ထာဝရငြိမ်းချမ်းရေးအတွက် ဘာတွေ လိုအပ်တယ်ဆိုတာ ကျွန်မတို့ ကြည့်ရမှာပါ။ ထာဝရ ငြိမ်းချမ်းရေးအတွက် အခြေခံ လိုအပ်ချက်က တိုင်းရင်းသား ပြည်သူအားလုံးရဲ့ ကျေနပ်မှုပါပဲ။ ကျေနပ်မှု၊ လုံခြုံမှု၊ ချစ်ခင်မှု အဲဒီဟာတွေကို ဘယ်နည်းနဲ့ ကျွန်မတို့ ပြုစုပျိုးထောင်မလဲ ဆိုတာဟာ ညီလာခံခေါ်ပြီးတော့ ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပါတယ်” ဟု ပြောကြားထားသည်။

ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိမှုနှင့် ပတ်သက်ပြီး အစိုးရနှင့် NCA လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရော၊ လက်မှတ် မထိုးရသေးသည့် အဖွဲ့များပါ ဂုဏ်ပြုစကား ပြောကြားခဲ့ကြသည်။

အစိုးရ အဖွဲ့သစ် အနေဖြင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆက်လက်ပြီး အလေးထား ဆောင်ရွက်သွားလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း၊ ဘဝတူ ညီနောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အားလုံးအနေဖြင့် ဘုံနိုင်ငံရေး ရည်မှန်းချက် ဖြစ်သော “နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများမှတစ်ဆင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်သို့” ညီညီညွတ်ညွတ် ဆက်လက် ချီတက်ကြရန် တိုက်တွန်းကြောင်း NCA လက်မှတ်ထိုးပြီးသည့် အဖွဲ့ရှစ်ဖွဲ့က နို၀င်ဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။

NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ပါ၀င်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လည်း NKD အနေဖြင့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီးသည့်နောက် နိုင်ငံအတွင်း ဖြစ်ရှိနေသော ပြဿနာများစွာအနက် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ တိုင်းရင်းသား လူမျိုးများအကြား ပြန်လည် ရင်ကြားစေ့ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဦးစားပေး လုပ်ငန်းစဉ်များအဖြစ် သက်ဆိုင်ရာ အင်အားစု ပါတီအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဖော်ဆောင်သွားရန် တိုက်တွန်းခဲ့ပြီး  ပြည်တွင်း ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်ရှိ အစိုးရနှင့် လည်းကောင်း၊ နောက်တက်လာမည့် အစိုးရနှင့်လည်းကောင်း UNFC အနေဖြင့် ဆက်လက် ဆွေးနွေး ညှိနှိုင်း အဖြေရှာသွားရန် အဆင်သင့်ရှိသည်ဟု နို၀င်ဘာ ၁၂ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။
Writer:
အောင်ဇော်ထွန်း
EMG

No comments:

Post a Comment