Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 21, 2015

ေရြးေကာက္ပြဲမွာ NLD ႏိုင္လို႕ ေပ်ာ္တဲ့ ခ႐ိုနီ


ႏွင္းရတနာႏွင့္ အန္တိုနီစေလာ့ကိုးစကီး / Reuters| November 21, 2015 |
ေဇကမာၻဦးခင္ေရႊ (ဓာတ္ပံု – Reuters)
ေရြးေကာက္ပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္၏ အႏိုင္ရရွိမႈက ေဇကမာၻဦးခင္ေရႊကဲ့သို႔ေသာ စီးပြားေရးသမားမ်ားအတြက္ သတင္းဆိုးတခု ျဖစ္မည္လား။ ဦးခင္ေရႊသည္ လက္ရွိ လႊတ္ေတာ္ကိုယ္စား လွယ္ေနရာကို ဆံုး႐ံႈးခဲ့ရသလို ယခင္စစ္အစိုးရႏွင့္ ဆက္စပ္မႈမ်ားရွိခဲ့သည့္ အတြက္ အေမရိကန္ႏိုင္ငံသားမ်ားႏွင့္ စီးပြားေရး လုပ္ငန္းမ်ား လုပ္ကိုင္ရန္ တားျမစ္ခံထားရဆဲ ျဖစ္ေသာေၾကာင့္ပင္။

သို႔ေသာ္ သတင္းဆိုး ဟုတ္ခ်င္မွလည္း ဟုတ္ပါလိမ့္မည္။

ရန္ကုန္ၿမိဳ႕က သူ၏ ႐ံုးခန္းတြင္း ပံုတူပန္းခ်ီကားႀကီးေရွ႕က အညိဳေရာင္ ဆိုဖာေပၚ သက္ေတာင့္သက္သာ ထိုင္ေနေသာ ဦးခင္ေရႊက ေဒၚေအာင္ဆန္းစုၾကည္၏ သန္႔ရွင္းေသာပံုရိပ္ႏွင့္ ျပဳျပင္ေျပာင္းလဲေရးမ်ား ျပန္လည္စတင္ရန္ တြန္းအားေပးမႈမ်ား၏ ဆြဲေဆာင္မႈေၾကာင့္ ေရာက္ရွိလာမည့္ ႏိုင္ငံတကာ ရင္းႏွီးျမွဳပ္ႏွံသူမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ရန္ အဓိက က်ေသာေနရာတြင္ သူ ရွိေနသည္ဟု ေျပာသည္။

“ရင္းႏွီးျမွဳပ္ႏွံမႈေတြ ၀င္လာတဲ့အခါမွာ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံသူေတြနဲ႔ တန္းတူလုပ္ႏိုင္တဲ့ သူက က်ေနာ္တို႔ ခ႐ိုနီေတြက လြဲရင္ တျခားသူ မရွိဘူး” ဟု ဦးခင္ေရႊက ႐ိုက္တာသတင္းဌာနသို႔ ေျပာသည္။ သူက ႏိုင္ငံတကာမီဒီယာမ်ား ေတြ႔ဆံု ေမးျမန္းျခင္းကို လက္ခံေလ့ မရွိသူ ျဖစ္သည္။

၂၀၁၁ ခုႏွစ္တြင္ စစ္အစိုးရက သမၼတဦးသိန္းစိန္ ဦးေဆာင္သည့္ အရပ္သား တပိုင္း အစိုးရသို႔ အာဏာလႊဲေျပာင္းေပးခဲ့ သည့္ အခ်ိန္မွစ၍ ျပဳျပင္ေျပာင္းလဲေရးမ်ား စတင္လုပ္ေဆာင္ခဲ့သည့္ အတြက္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈမ်ား ရရွိခဲ့သလို စီးပြား ေရး၏ အေရးပါသည့္ က႑မ်ားတြင္လည္း တုိးတက္မႈမ်ား ရွိလာခဲ့သည္။

သို႔ေသာ္ ေနာက္ထပ္ ၄ ႏွစ္ၾကာခဲ့သည့္တိုင္ ျမန္မာႏိုင္ငံ၏ တယ္လီဖုန္းဆက္သြယ္ေရး၊ ခရီးသြားလုပ္ငန္း၊ ေဆာက္ လုပ္ေရးႏွင့္ ဘဏ္လုပ္ငန္း က႑မ်ားက ခ်မ္းသာ ၾကြယ္၀သူ ၂၀ ခန္႔ႏွင့္ စစ္တပ္ ေက်ာေထာက္ေနာက္ခံ စီးပြားေရး လုပ္ငန္း မ်ားႏွင့္ ဆက္စပ္ေနသည့္ အဆက္အသြယ္ေကာင္းေသာ မိသားစုမ်ားလက္တြင္း၌သာ အမ်ားအျပားရွိေနပါ ေသး သည္။

ရင္းႏွီးျမွဳပ္ႏွံမႈမ်ား အသစ္ထပ္မံ၍ အစုအၿပံဳလိုက္ ၀င္ေရာက္လာျခင္းက သူတို႔၏ ဘ႑ာတိုက္မ်ားကို ပိုမိုအင္အားေတာင့္တင္း သြားေစႏိုင္ပါသည္။ စီးပြားေရးေလာကမွ လူသစ္မ်ားႏွင့္ တိုးတက္ေရးအတြက္ ယွဥ္ၿပိဳင္ေနသည့္ စြမ္းေဆာင္ရည္ ေကာင္းမြန္သူမ်ားအတြက္ အတားအဆီးတခု ျဖစ္လာႏိုင္ေသာ္လည္း စီပြားေရး ပိတ္ဆို႔မႈ ႀကီးမားစြာရွိခဲ့ခ်ိန္မွာပင္ ၎တို႔၏ အေျခအေနကို ထိန္းသိမ္းထားႏိုင္ခဲ့သူမ်ားအတြက္ လႊတ္ေတာ္တြင္ ႏိုင္ငံေရး အရ ပါ၀င္ေနမႈမ်ား ဖယ္ရွားခံရၿပီးေနာက္ပိုင္းမွာပင္ ေသခ်ာမႈမ်ား ရွိေနသည္။

လက္ရွိ အာဏာရ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီကို ကိုယ္စားျပဳ၍ ေနာက္တႀကိမ္ ေရြးေကာက္ပြဲ၀င္ခဲ့ရာတြင္ အ႐ံႈးႏွင့္ ရင္ဆိုင္ခဲ့ရေသာ ဦးခင္ေရႊသည္ တခ်ိန္က လူတိုင္းေၾကာက္ရြံ႔ခဲ့ရသည့္ စစ္ေထာက္လွမ္းေရး အႀကီးအကဲႏွင့္ ၀န္ ႀကီးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ခင္ညႊန္႔ႏွင့္ ပတ္သက္ေနျခင္းေၾကာင့္ အေမရိကန္ အစိုးရ၏ အေရးယူပိတ္ဆို႔မႈ စာရင္းတြင္ ပါ၀င္ေနသူျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးကို ေထာက္ခံအားေပးသည့္ ႏိုင္ငံျခားေရး မူ၀ါဒ၏ တစိတ္တပိုင္းအေနျဖင့္ အေမရိကန္ သမၼတ အိုဘားမားက ယခုအခါ က်န္ရွိေနေသးသည့္ အေရးယူပိတ္ဆို႔မႈ အခ်ိဳ႕ကို ေျဖေလွ်ာ့ေပးဖြယ္ရာ ရွိေနသည္။

ေရႊေရာင္႐ုပ္ထုမ်ားႏွင့္ ႐ႈပ္ပြေနၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားျဖင့္ ၀ိုင္းရံထားသည့္ စားပြဲတလံုးေနာက္တြင္ ထိုင္ေနေသာ ဦးခင္ေရႊက အေရးယူပိတ္ဆို႔မႈမ်ားကို ေျဖေလွ်ာ့ေပးမည္ဟု သူေမွ်ာ္လင့္ေၾကာင္း ေျပာသည္။

“သူတို႔က အေရးယူပိတ္ဆို႔မႈေတြကို ဆက္ၿပီးထားမယ္ဆိုရင္ သူတို႔ေရာက္လာတဲ့အခါ ဘယ္သူက သူတို႔နဲ႔ ဖက္စပ္လုပ္ မွာလဲ။ ရင္းႏွီးျမွဳပ္ႏွံသူေတြက စီးပြားေရးနဲ႔ ပတ္သက္လို႔ လမ္းေဘးေစ်းသည္ေတြနဲ႔ လာညွိလို႔ မရဘူး။ သူတို႔က က်ေနာ္ တို႔ကို နာမည္ပ်က္စာရင္းက ေနဖ်က္ေပးမွ ရမယ္” ဟု သူကေျပာသည္။

ျမင္ေနရတဲ့ သန္မာေသာ ဖြံ႕ျဖိဳးမႈ

အေနာက္တိုင္းမွ ရင္းႏွီးျမွဳပ္ႏွံသူ အမ်ားစုက ေစာင့္ၾကည့္ေနၾကဆဲျဖစ္ေသာ္လည္း အာရွမွ ကုမၸဏီမ်ားက ျမန္မာႏိုင္ငံသို႔ စတင္၀င္ေရာက္ေနၾကၿပီ ျဖစ္ေသာေၾကာင့္ ၂၀၁၄-၁၅ ဘ႑ာေရးႏွစ္ အတြင္းတြင္ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမွဳပ္ႏွံမႈ (FDI) က အေမရိကန္ ေဒၚလာ ၈ ဘီလီယံအထိ ျမင့္တက္သြားေစခဲ့သည္။ လြန္ခဲ့ေသာ ၂ ႏွစ္က ႏွင့္စာလွ်င္ ၅ ဆေက်ာ္ တိုးလာ ျခင္းျဖစ္သည္။

ႏို၀င္ဘာလ ၈ ရက္ က တိုင္းျပည္တြင္ ၂၅ ႏွစ္ အတြင္း ပထမဆံုးက်င္းပႏိုင္ခဲ့သည့္ လြတ္လပ္ေသာေရြးေကာက္ပြဲက အေျပာင္းအလဲအတြက္ ရွင္းလင္းေသာ အာမခံခ်က္မ်ားေပးႏိုင္ခဲ့လွ်င္ ရင္းႏွီးျမွဳပ္ႏွံမႈ အလွ်င္အျမန္ တိုးတက္လာႏိုင္သည္။

“ေရြးေကာက္ပြဲမတိုင္မီမွာ ရင္းႏွီးျမွဳပ္ႏွံသူ အမ်ားအျပားက ရင္းႏွီးျမွဳပ္ႏွံမႈ အရွိန္ေလွ်ာ့ခ်ခဲ့ၾကတယ္” ဟု ထိုင္းႏိုင္ငံ အေျခစိုက္ General Engineering Pcl မွ အမႈေဆာင္ အရာရွိခ်ဳပ္ Thitipong Tangpoonphonvivat ကေျပာသည္။ General Engineering သည္ Millcon Steel ႏွင့္ ပူးေပါင္း၍ ျမန္မာႏိုင္ငံတြင္ စတီးလ္ပိုက္မ်ား ထုတ္လုပ္သည့္ စက္႐ံုတခု တည္ေဆာင္ေနသည္။ အေျခခံ အေဆာက္အဦး စီမံကိန္းမ်ားေၾကာင့္ ၀ယ္လိုအား ျမင့္တက္လာႏိုင္သည္ကို ေမွ်ာ္လင့္၍ ရင္းႏွီး ျမွဳပ္ႏွံခဲ့ျခင္း ျဖစ္သည္။

“ဒါေပမယ့္ ေရြးေကာက္ပြဲၿပီးတဲ့ ေနာက္မွာေတာ့ ျမန္မာႏိုင္ငံက တိုင္းျပည္ကို တံခါးဖြင့္ဖို႔ ဆႏၵရွိေနတယ္ ဆိုတာကို ေရာင္ျပန္ဟပ္ျပေနတဲ့ ႏိုင္ငံေရး အေျခအေနက ပိုၿပီးထင္ရွားလာပါတယ္။ GDP နဲ႔ ကုန္သြယ္မႈ အင္အားေကာင္းေကာင္းနဲ႔ တုိးတက္လာတာကို က်ေနာ္တို႔ ျမင္ေတြ႔ရႏိုင္ပါတယ္” ဟု သူက ေျပာသည္။

Pepsi၊ Coca-Cola ႏွင့္ GE တို႔ အပါအ၀င္ အေနာက္တိုင္းမွ ႏိုင္ငံတကာ ကုမၸဏီ အနည္းငယ္က ျမန္မာႏိုင္ငံတြင္ လုပ္ငန္းမ်ား ထူေထာင္ခဲ့ၾကၿပီး ျပည္တြင္းမွ ျဖန္႔ျဖဴးေရးဆိုင္ရာ စီးပြားဖက္မ်ားႏွင့္ အတူ လုပ္ကိုင္ေနၾကသည္။ မၾကာမီ ပိုမို ေရာက္လာၾကဖြယ္လည္း ရွိသည္။

သို႔ေသာ္လည္း အလားအလာရွိသည့္ ရင္းႏွီးျမွဳပ္ႏွံသူ အမ်ားအျပားမွာ ေဒၚေအာင္ဆန္းစုၾကည္၏ စီးပြားေရး မူ၀ါဒကို ေရေရ ရာရာ မသိၾကေသးပါ။

Carlsberg Myanmar ၏ အမႈေဆာင္ ဒါ႐ိုက္တာႏွင့္ ျမန္မာႏိုင္ငံတြင္ Pepsi အခ်ိဳရည္ ထုတ္လုပ္ေနသည့္ LOTTE MGS Beverage Co ၏ ဒါ႐ိုက္တာ ဦးသန္႔ဇင္ထြန္းက ေဒၚေအာင္ဆန္းစုၾကည္၏ အစိုးရအဖြဲ႔က စီးပြားေရး အေတြ႔အႀကံဳ မရွိ မ ျခင္းကို စိုးရိမ္မႈမ်ား ရွိေနေၾကာင္း ေျပာသည္။

“သူက သူ႔အဖြဲ႔နဲ႔ သူ လုပ္မယ္။ သူ႔ရဲ႕ ကိုယ္ပိုင္ အစိုးရနဲ႔ အလုပ္လုပ္မယ္။ သူက ထိပ္တန္းစီမံခန္႔ခြဲေရး သမားေတြနဲ႔ အလုပ္လုပ္လိမ့္မယ္။ ဒါေပမယ့္ သူ႔မွာ အဲဒီလို လူေတြ ဘယ္ေလာက္ရွိမယ္ ဆိုတာကိုေတာ့ က်ေနာ္သိခ်င္တယ္” ဟု သူက ဆိုသည္။

သို႔ေသာ္လည္း ဆစ္ဒနီရွိ Macquarie တကၠသိုလ္ မွ ျမန္မာ့အေရးကၽြမ္း က်င္သူတဦး ျဖစ္သည့္ Sean Turnell က ေဒၚေအာင္ဆန္းစု ၾကည္၏ ျပတ္သားေသာ အႏိုင္ရရွိမႈေၾကာင့္ မဟာမိတ္ဖြဲ႔ရန္၊ ညႊန္႔ေပါင္းဖြဲ႔ရန္ မလိုဘဲ အုပ္ခ်ဳပ္ခြင့္ ရႏိုင္မည္ ျဖစ္သည့္ အတြက္ ေကာင္းေသာ သက္ေရာက္မႈမ်ား ႀကီးမားစြာ ရရွိႏိုင္သည္ဟု ယူဆသည္။

“သူက အေနာက္တိုင္းသားေတြလို စဥ္းစားတတ္တဲ့ သူတေယာက္ပါ။ တရားဥပေဒစိုးမိုးေရး၊ ေကာင္းမြန္တဲ့ အဖြဲ႔အစည္း ေတြ၊ ပိုင္ဆိုင္မႈ အခြင့္အေရး ေတြကို ပိုၿပီး အေလးထားပါတယ္။ အခုလည္း အဲဒါေတြကို ေတာင္းဆိုေနခဲ့ပါတယ္” Sean Turnell က ေျပာသည္။ သူက ေဒၚေအာင္ဆန္းစုၾကည္၏ NLD ပါတီအတြက္ စီးပြားေရး မူ၀ါဒမ်ား ႏွင့္ ပတ္သက္၍ အႀကံ ေပးခဲ့သူ တဦးျဖစ္သည္။

“တည္ၿငိမ္မႈေတြ ရွိလာပါလိမ့္မယ္။ အဲဒါေၾကာင့္ အခုအခ်ိန္အထိ ေဘးက ၾကည့္ေနၾကဆဲျဖစ္တဲ့ ရင္းႏွီးျမွဳပ္ႏွံသူေတြ သေဘာက်စရာ ျဖစ္လာပါလိမ့္မယ္” ဟု သူက ဆိုသည္။

တံတားထိုးျခင္း

ဦးခင္ေရႊ၏ ေဇကမာၻ ကုမၸဏီ အုပ္စုက ၿပီးခဲ့သည့္ ႏွစ္ အတြင္းတြင္ အျမတ္အစြန္း ေဒၚလာ သန္း ၂၀ ရရွိခဲ့သည္ဟု သိရၿပီး ရန္ကုန္ၿမိဳ႕တြင္ အထပ္ျမင့္ ႐ံုးသစ္တခုကို ေရြးေကာက္ပြဲမတိုင္မီ ၁ လ အလိုတြင္ ဖြင့္လွစ္ခဲ့သည္။

အဆင့္ျမင့္ အိမ္ၿခံေျမမ်ား ပိုင္ဆိုင္ထားျခင္းအျပင္ ေဇကမာၻကုမၸဏီက ရန္ကုန္ၿမိဳ႕၏ အထင္ကရ ေနရာတခုျဖစ္သည့္ ကန္ေတာ္ႀကီး ကန္အတြင္းမွ ကရ၀ိတ္နန္းေတာ္ ကဲ့သို႔ေသာ တန္ဘိုးႀကီးသည့္ လုပ္ငန္းမ်ားကို လုပ္ကိုင္လွ်က္ရွိသည္။ ကရ၀ိတ္သည္ စစ္အစိုးရေခတ္က ဗိုလ္ခ်ဳပ္ႀကီးမ်ား သေဘာက်ခဲ့သည့္ စားေသာက္ဆိုင္ တခုလည္း ျဖစ္ပါသည္။

ဦးခင္ေရႊက အာဏာရ ႀကံ့ခိုင္ေရး ပါတီဥကၠဌေဟာင္း ဦးေရႊမန္းႏွင့္လည္း ခမည္းခမက္ ေတာ္စပ္သူျဖစ္သည္။ ၾသဂုတ္လ အတြင္းတြင္ သမၼတဦးသိန္းစိန္က ရာထူးမွ ဖယ္ရွားျခင္းခံခဲ့ရေသာ ဦးေရႊမန္းႏွင့္ ဦးခင္ေရႊက စီးပြားေရး အရလည္း ပတ္သက္ေနသူမ်ားလည္း ျဖစ္သည္။

ဦးေရႊမန္းကဲ့သို႔ပင္ ယခုအခါ ဦးခင္ေရႊသည္လည္း ရာထူးမွ စြန္႔ခြာရေတာ့မည့္ သမၼတႏွင့္ ေ၀းေ၀းေနဖို႔ ႀကိဳးစားေနသူ ျဖစ္သည္။ ေဒၚေအာင္ဆန္းစုၾကည္ကို “အမႀကီး” ဟု ေခၚရင္း ဒီမိုကေရစီ ေခါင္းေဆာင္ႏွင့္ ဆက္ဆံေရး တံတားထိုးရန္ သူ ႀကိဳးစားေနသည္။

“ရင္းႏွီးျမွဳပ္ႏွံမႈေတ ြ၀င္ေရာက္လာတဲ့အခ်ိန္မွာ ဒါက က်ေနာ္တို႔ရဲ႕ ပံုရိပ္ေတြကို ျပန္လည္ျပင္ဆင္ဖို႔ မရွိမျဖစ္ လိုအပ္တဲ့ အခြင့္အေရးျဖစ္ပါတယ္။ ကမာၻေပၚမွာ ရွိတဲ့သူတိုင္းက သူ႔ကို သိၾကတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ဒီအခြင့္အေရးကို အလြတ္မခံႏိုင္ပါဘူး” ဟု ဦးခင္ေရႊက ေျပာသည္။

“ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ကို က်ေနာ္ ယံုၾကည္လိုက္တာပါ။ NLD က အစိုးရသစ္ ဖြဲ႔စည္းေတာ့မွာ ျဖစ္တဲ့အတြက္ က်ေနာ္ အမွန္တကယ္ကို ေပ်ာ္ပါတယ္။”
Irrawaddy
.............
ရွေးကောက်ပွဲမှာ NLD နိုင်လို့ ပျော်တဲ့ ခရိုနီ
နှင်းရတနာနှင့် အန်တိုနီစလော့ကိုးစကီး / Reuters| November 21, 2015 |
ဇေကမ္ဘာဦးခင်ရွှေ (ဓာတ်ပုံ – Reuters)
ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အနိုင်ရရှိမှုက ဇေကမ္ဘာဦးခင်ရွှေကဲ့သို့သော စီးပွားရေးသမားများအတွက် သတင်းဆိုးတခု ဖြစ်မည်လား။ ဦးခင်ရွှေသည် လက်ရှိ လွှတ်တော်ကိုယ်စား လှယ်နေရာကို ဆုံးရှုံးခဲ့ရသလို ယခင်စစ်အစိုးရနှင့် ဆက်စပ်မှုများရှိခဲ့သည့် အတွက် အမေရိကန်နိုင်ငံသားများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် တားမြစ်ခံထားရဆဲ ဖြစ်သောကြောင့်ပင်။

သို့သော် သတင်းဆိုး ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မည်။

ရန်ကုန်မြို့က သူ၏ ရုံးခန်းတွင်း ပုံတူပန်းချီကားကြီးရှေ့က အညိုရောင် ဆိုဖာပေါ် သက်တောင့်သက်သာ ထိုင်နေသော ဦးခင်ရွှေက ဒေါ်အောင်ဆန်းစုကြည်၏ သန့်ရှင်းသောပုံရိပ်နှင့် ပြုပြင်ပြောင်းလဲရေးများ ပြန်လည်စတင်ရန် တွန်းအားပေးမှုများ၏ ဆွဲဆောင်မှုကြောင့် ရောက်ရှိလာမည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဓိက ကျသောနေရာတွင် သူ ရှိနေသည်ဟု ပြောသည်။

“ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတဲ့အခါမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ တန်းတူလုပ်နိုင်တဲ့ သူက ကျနော်တို့ ခရိုနီတွေက လွဲရင် တခြားသူ မရှိဘူး” ဟု ဦးခင်ရွှေက ရိုက်တာသတင်းဌာနသို့ ပြောသည်။ သူက နိုင်ငံတကာမီဒီယာများ တွေ့ဆုံ မေးမြန်းခြင်းကို လက်ခံလေ့ မရှိသူ ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် စစ်အစိုးရက သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား တပိုင်း အစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့ သည့် အချိန်မှစ၍ ပြုပြင်ပြောင်းလဲရေးများ စတင်လုပ်ဆောင်ခဲ့သည့် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သလို စီးပွား ရေး၏ အရေးပါသည့် ကဏ္ဍများတွင်လည်း တိုးတက်မှုများ ရှိလာခဲ့သည်။

သို့သော် နောက်ထပ် ၄ နှစ်ကြာခဲ့သည့်တိုင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဆောက် လုပ်ရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများက ချမ်းသာ ကြွယ်ဝသူ ၂၀ ခန့်နှင့် စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေး လုပ်ငန်း များနှင့် ဆက်စပ်နေသည့် အဆက်အသွယ်ကောင်းသော မိသားစုများလက်တွင်း၌သာ အများအပြားရှိနေပါ သေး သည်။

ရင်းနှီးမြှုပ်နှံမှုများ အသစ်ထပ်မံ၍ အစုအပြုံလိုက် ၀င်ရောက်လာခြင်းက သူတို့၏ ဘဏ္ဍာတိုက်များကို ပိုမိုအင်အားတောင့်တင်း သွားစေနိုင်ပါသည်။ စီးပွားရေးလောကမှ လူသစ်များနှင့် တိုးတက်ရေးအတွက် ယှဉ်ပြိုင်နေသည့် စွမ်းဆောင်ရည် ကောင်းမွန်သူများအတွက် အတားအဆီးတခု ဖြစ်လာနိုင်သော်လည်း စီပွားရေး ပိတ်ဆို့မှု ကြီးမားစွာရှိခဲ့ချိန်မှာပင် ၎င်းတို့၏ အခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့သူများအတွက် လွှတ်တော်တွင် နိုင်ငံရေး အရ ပါ၀င်နေမှုများ ဖယ်ရှားခံရပြီးနောက်ပိုင်းမှာပင် သေချာမှုများ ရှိနေသည်။

လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ နောက်တကြိမ် ရွေးကောက်ပွဲဝင်ခဲ့ရာတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော ဦးခင်ရွှေသည် တချိန်က လူတိုင်းကြောက်ရွံ့ခဲ့ရသည့် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ၀န် ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် ပတ်သက်နေခြင်းကြောင့် အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ပါ၀င်နေသူဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံအားပေးသည့် နိုင်ငံခြားရေး မူဝါဒ၏ တစိတ်တပိုင်းအနေဖြင့် အမေရိကန် သမ္မတ အိုဘားမားက ယခုအခါ ကျန်ရှိနေသေးသည့် အရေးယူပိတ်ဆို့မှု အချို့ကို ဖြေလျှော့ပေးဖွယ်ရာ ရှိနေသည်။

ရွှေရောင်ရုပ်ထုများနှင့် ရှုပ်ပွနေပြီး ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ၀ိုင်းရံထားသည့် စားပွဲတလုံးနောက်တွင် ထိုင်နေသော ဦးခင်ရွှေက အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ပေးမည်ဟု သူမျှော်လင့်ကြောင်း ပြောသည်။

“သူတို့က အရေးယူပိတ်ဆို့မှုတွေကို ဆက်ပြီးထားမယ်ဆိုရင် သူတို့ရောက်လာတဲ့အခါ ဘယ်သူက သူတို့နဲ့ ဖက်စပ်လုပ် မှာလဲ။ ရင်းနှီးမြှုပ်နှံသူတွေက စီးပွားရေးနဲ့ ပတ်သက်လို့ လမ်းဘေးစျေးသည်တွေနဲ့ လာညှိလို့ မရဘူး။ သူတို့က ကျနော် တို့ကို နာမည်ပျက်စာရင်းက နေဖျက်ပေးမှ ရမယ်” ဟု သူကပြောသည်။

မြင်နေရတဲ့ သန်မာသော ဖွံ့ဖြိုးမှု

အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံသူ အများစုက စောင့်ကြည့်နေကြဆဲဖြစ်သော်လည်း အာရှမှ ကုမ္ပဏီများက မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်နေကြပြီ ဖြစ်သောကြောင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် အတွင်းတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) က အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ မြင့်တက်သွားစေခဲ့သည်။ လွန်ခဲ့သော ၂ နှစ်က နှင့်စာလျှင် ၅ ဆကျော် တိုးလာ ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၈ ရက် က တိုင်းပြည်တွင် ၂၅ နှစ် အတွင်း ပထမဆုံးကျင်းပနိုင်ခဲ့သည့် လွတ်လပ်သောရွေးကောက်ပွဲက အပြောင်းအလဲအတွက် ရှင်းလင်းသော အာမခံချက်များပေးနိုင်ခဲ့လျှင် ရင်းနှီးမြှုပ်နှံမှု အလျှင်အမြန် တိုးတက်လာနိုင်သည်။

“ရွေးကောက်ပွဲမတိုင်မီမှာ ရင်းနှီးမြှုပ်နှံသူ အများအပြားက ရင်းနှီးမြှုပ်နှံမှု အရှိန်လျှော့ချခဲ့ကြတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် General Engineering Pcl မှ အမှုဆောင် အရာရှိချုပ် Thitipong Tangpoonphonvivat ကပြောသည်။ General Engineering သည် Millcon Steel နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် စတီးလ်ပိုက်များ ထုတ်လုပ်သည့် စက်ရုံတခု တည်ဆောင်နေသည်။ အခြေခံ အဆောက်အဦး စီမံကိန်းများကြောင့် ၀ယ်လိုအား မြင့်တက်လာနိုင်သည်ကို မျှော်လင့်၍ ရင်းနှီး မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

“ဒါပေမယ့် ရွေးကောက်ပွဲပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံက တိုင်းပြည်ကို တံခါးဖွင့်ဖို့ ဆန္ဒရှိနေတယ် ဆိုတာကို ရောင်ပြန်ဟပ်ပြနေတဲ့ နိုင်ငံရေး အခြေအနေက ပိုပြီးထင်ရှားလာပါတယ်။ GDP နဲ့ ကုန်သွယ်မှု အင်အားကောင်းကောင်းနဲ့ တိုးတက်လာတာကို ကျနော်တို့ မြင်တွေ့ရနိုင်ပါတယ်” ဟု သူက ပြောသည်။

Pepsi၊ Coca-Cola နှင့် GE တို့ အပါအဝင် အနောက်တိုင်းမှ နိုင်ငံတကာ ကုမ္ပဏီ အနည်းငယ်က မြန်မာနိုင်ငံတွင် လုပ်ငန်းများ ထူထောင်ခဲ့ကြပြီး ပြည်တွင်းမှ ဖြန့်ဖြူးရေးဆိုင်ရာ စီးပွားဖက်များနှင့် အတူ လုပ်ကိုင်နေကြသည်။ မကြာမီ ပိုမို ရောက်လာကြဖွယ်လည်း ရှိသည်။

သို့သော်လည်း အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူ အများအပြားမှာ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး မူဝါဒကို ရေရေ ရာရာ မသိကြသေးပါ။

Carlsberg Myanmar ၏ အမှုဆောင် ဒါရိုက်တာနှင့် မြန်မာနိုင်ငံတွင် Pepsi အချိုရည် ထုတ်လုပ်နေသည့် LOTTE MGS Beverage Co ၏ ဒါရိုက်တာ ဦးသန့်ဇင်ထွန်းက ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့က စီးပွားရေး အတွေ့အကြံု မရှိ မ ခြင်းကို စိုးရိမ်မှုများ ရှိနေကြောင်း ပြောသည်။

“သူက သူ့အဖွဲ့နဲ့ သူ လုပ်မယ်။ သူ့ရဲ့ ကိုယ်ပိုင် အစိုးရနဲ့ အလုပ်လုပ်မယ်။ သူက ထိပ်တန်းစီမံခန့်ခွဲရေး သမားတွေနဲ့ အလုပ်လုပ်လိမ့်မယ်။ ဒါပေမယ့် သူ့မှာ အဲဒီလို လူတွေ ဘယ်လောက်ရှိမယ် ဆိုတာကိုတော့ ကျနော်သိချင်တယ်” ဟု သူက ဆိုသည်။

သို့သော်လည်း ဆစ်ဒနီရှိ Macquarie တက္ကသိုလ် မှ မြန်မာ့အရေးကျွမ်း ကျင်သူတဦး ဖြစ်သည့် Sean Turnell က ဒေါ်အောင်ဆန်းစု ကြည်၏ ပြတ်သားသော အနိုင်ရရှိမှုကြောင့် မဟာမိတ်ဖွဲ့ရန်၊ ညွှန့်ပေါင်းဖွဲ့ရန် မလိုဘဲ အုပ်ချုပ်ခွင့် ရနိုင်မည် ဖြစ်သည့် အတွက် ကောင်းသော သက်ရောက်မှုများ ကြီးမားစွာ ရရှိနိုင်သည်ဟု ယူဆသည်။

“သူက အနောက်တိုင်းသားတွေလို စဉ်းစားတတ်တဲ့ သူတယောက်ပါ။ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အဖွဲ့အစည်း တွေ၊ ပိုင်ဆိုင်မှု အခွင့်အရေး တွေကို ပိုပြီး အလေးထားပါတယ်။ အခုလည်း အဲဒါတွေကို တောင်းဆိုနေခဲ့ပါတယ်” Sean Turnell က ပြောသည်။ သူက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအတွက် စီးပွားရေး မူဝါဒများ နှင့် ပတ်သက်၍ အကြံ ပေးခဲ့သူ တဦးဖြစ်သည်။

“တည်ငြိမ်မှုတွေ ရှိလာပါလိမ့်မယ်။ အဲဒါကြောင့် အခုအချိန်အထိ ဘေးက ကြည့်နေကြဆဲဖြစ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ သဘောကျစရာ ဖြစ်လာပါလိမ့်မယ်” ဟု သူက ဆိုသည်။

တံတားထိုးခြင်း

ဦးခင်ရွှေ၏ ဇေကမ္ဘာ ကုမ္ပဏီ အုပ်စုက ပြီးခဲ့သည့် နှစ် အတွင်းတွင် အမြတ်အစွန်း ဒေါ်လာ သန်း ၂၀ ရရှိခဲ့သည်ဟု သိရပြီး ရန်ကုန်မြို့တွင် အထပ်မြင့် ရုံးသစ်တခုကို ရွေးကောက်ပွဲမတိုင်မီ ၁ လ အလိုတွင် ဖွင့်လှစ်ခဲ့သည်။

အဆင့်မြင့် အိမ်ခြံမြေများ ပိုင်ဆိုင်ထားခြင်းအပြင် ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်မြို့၏ အထင်ကရ နေရာတခုဖြစ်သည့် ကန်တော်ကြီး ကန်အတွင်းမှ ကရဝိတ်နန်းတော် ကဲ့သို့သော တန်ဘိုးကြီးသည့် လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိသည်။ ကရဝိတ်သည် စစ်အစိုးရခေတ်က ဗိုလ်ချုပ်ကြီးများ သဘောကျခဲ့သည့် စားသောက်ဆိုင် တခုလည်း ဖြစ်ပါသည်။

ဦးခင်ရွှေက အာဏာရ ကြံ့ခိုင်ရေး ပါတီဥက္ကဌဟောင်း ဦးရွှေမန်းနှင့်လည်း ခမည်းခမက် တော်စပ်သူဖြစ်သည်။ သြဂုတ်လ အတွင်းတွင် သမ္မတဦးသိန်းစိန်က ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသော ဦးရွှေမန်းနှင့် ဦးခင်ရွှေက စီးပွားရေး အရလည်း ပတ်သက်နေသူများလည်း ဖြစ်သည်။

ဦးရွှေမန်းကဲ့သို့ပင် ယခုအခါ ဦးခင်ရွှေသည်လည်း ရာထူးမှ စွန့်ခွာရတော့မည့် သမ္မတနှင့် ဝေးဝေးနေဖို့ ကြိုးစားနေသူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို “အမကြီး” ဟု ခေါ်ရင်း ဒီမိုကရေစီ ခေါင်းဆောင်နှင့် ဆက်ဆံရေး တံတားထိုးရန် သူ ကြိုးစားနေသည်။

“ရင်းနှီးမြှုပ်နှံမှုတေ ွဝင်ရောက်လာတဲ့အချိန်မှာ ဒါက ကျနော်တို့ရဲ့ ပုံရိပ်တွေကို ပြန်လည်ပြင်ဆင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့သူတိုင်းက သူ့ကို သိကြတယ်။ ဒါကြောင့် ကျနော်တို့ ဒီအခွင့်အရေးကို အလွတ်မခံနိုင်ပါဘူး” ဟု ဦးခင်ရွှေက ပြောသည်။

“ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် ယုံကြည်လိုက်တာပါ။ NLD က အစိုးရသစ် ဖွဲ့စည်းတော့မှာ ဖြစ်တဲ့အတွက် ကျနော် အမှန်တကယ်ကို ပျော်ပါတယ်။”
Irrawaddy

No comments:

Post a Comment