Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 2, 2015

မဲမသမာမှုတိုးမှာ NLD စိုးရိမ်

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မဲဆန္ဒရှင်များ မိမိတို့အမည် စာရင်းမှာ ပါမပါ လာရောက်စစ်ဆေးကြည့်ရှုစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၅)
 ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ မဲစာရင်းထဲ လူပိုအမည်စာရင်းတွေပါနေဆဲဖြစ်တာကြောင့် မဲဖေါင်းပွပြီး မဲ-မသမာမှုတွေဖြစ်မှာကို စိုးရိမ်မိကြောင်း NLD ပါတီက ပြောပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် မဲရုံမှာစောင့်ကြည့်ပေးမယ့် မဲရုံကိုယ်စားလှယ် အရေအတွက်ကို တချို့မြို့နယ်တွေမှာ ကန့်သတ်နေတာကလည်း သံသယဝင်စရာဖြစ်တယ်လို့ ပြောဆိုတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ တပတ်တောင် မလိုတော့တဲ့အချိန်မှာ မဲစာရင်းထဲ လူပိုအမည်စာရင်းတွေပါနေဆဲဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းတချို့မှာ ၂ဝ% ကနေ ၄ဝ% အထိ လူပိုမဲစာရင်းတွေ ဖြစ်နေပေမယ့် ရွေးကောက်ပွဲကော်မရှင်က အခုချိန်ထိ ပြန်လည်စိစစ်လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးဘူးလို့NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောပါတယ်။

“အခု ကျနော်တို့ ရန်ကုန်မှာရော၊ မန္တလေးမှာရောတွေ့တာက တချို့ မြို့နယ်တွေမှာ မြို့နယ်မှာ တကယ်နေတဲ့လူဦးရေရဲ့ ၂၀ %၊ တချို့နေရာတွေမှာ ၄၀ % ပိုနေတယ်။ အဲဒါကို ကျနော် ပြီးခဲ့တဲ့အပတ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ကျနော်ပြောတော့ သူတို့ဆီက ဝန်ခံတယ်။ ဘာပြောလဲဆိုတော့ အဲဒီပုဂ္ဂိုလ်တွေက ပိုနေပါတယ်။ ပိုနေတဲ့ဥစ္စာက အဲဒီဒေသမှာ အရင်ကနေသွားတဲ့လူတွေလို့ သူတို့က ပြောတယ်။ ဒါပေမယ့် အဲဒီလူတွေ ဘယ်မှာနေတယ်၊ ဘယ်မှာရောက်နေတယ်ဆိုတာကို သူတို့က မပြောဘူး။ ဆိုတော့ ဒီလိပ်စာမှာ ဒီလူ မနေပါဘူးဆိုတာ မိသားစုကလည်းပြောတယ်၊ ရပ်ကွက်ကောင်စီကလည်းပြောတယ်။ အဲဒါကို မြို့နယ်ကော်မရှင်က လုပ်မပေးဘူး။ ဗဟိုကလည်း လုပ်ပေးဖို့မပြောဘူး။ ပြန်ပြင်ပေးမယ်လို့ မပြောဘူး။ ဒီအတိုင်းပဲထားတယ်။”

မဲစာရင်းထဲ လူပိုနာမည်တွေရှိနေတာကြောင့် မဲ-မသမာမှုတွေ ဖြစ်မှာကို စိုးရိမ်မိကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

“အခု မဲပေးခွင့်လက်မှတ်တွေ ထုတ်ပေးနေပြီ။ မဲပေးခွင့်လက်မှတ်က မဲစာရင်းမှာပါတဲ့လူတွေအတိုင်း ထုတ်ပေးတာ။ ..ဆိုရင် ပိုနေတဲ့လူတွေရဲ့ မဲစာရင်းလည်း ထုတ်ပေးမှာပဲ။ အဲလိုဖြစ်နေတာဆိုတော့ ကျနော်တို့က မဲစာရင်းအပိုတွေဟာ မဲအပိုတွေ ဖြစ်လာနိုင်တယ်လို့ ကျနော်တို့ ယူဆတယ်။ တခြား သူတို့- ပါတီပေါ့ဗျာ- နာမည်ကတော့ မပြောတော့ပါဘူး။ တခြား သူတို့ပေးချင်တဲ့ပါတီကိုပေးမယ့် မဲတွေ ဖြစ်ဖို့များတယ်လို့ ကျနော် သုံးသပ်မိတယ်။”

ရွေးကောက်ပွဲနေ့ကျရင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မဲရုံမှာစောင့်ကြည့်မယ့် မဲရုံကိုယ်စားလှယ် ၂ ဦးစီ ထားခွင့်ရထားပြီး ပါတီတစ်ခုအတွက်ဆိုရင် မဲရုံကိုယ်စားလှယ် ၈ ဦးအထိ ထားခွင့်ရထားပေမယ့် အခုတော့ ရန်ကုန်တိုင်းမြို့နယ်တချို့မှာ မဲရုံကိုယ်စားလှယ် ၂ ဦးတည်းသာ စောင့်ကြည့်ခွင့်ရတော့မယ်ဆိုတဲ့ကိစ္စဟာ သံသယဝင်စရာဖြစ်လာကြောင်း ဦးဝင်းထိန်က ထောက်ပြပါတယ်။

“မဲရုံစောင့်တွေနဲ့ပတ်သက်လို့ အခု ရန်ကုန်မှာ ကျနော်တို့ တော်တော် စကား အခြေအတင် ပြောနေရတယ်။ ဥပဒေအရဆိုလို့ရှိရင် ကိုယ်စားလှယ်လောင်း တစ်ယောက်ဟာ မဲရုံမှာထားဖို့အတွက် ၂ ယောက် ထားခွင့်ရှိတယ်။ အဲဒီတော့ တမြို့နယ်ဆိုရင် အမျိုးသား၊ ပြည်သူ့၊ တိုင်းဒေသကြီး၊ - ဆိုတော့ အားလုံး လေးယောက်ရှိတယ်။ ၄ ယောက်ဆိုတော့ ၈ ယောက် ထားခွင့်ရှိတယ်။ အဲဒါကို ကျနော်တို့ အစည်းအဝေးမှာ ညှိလိုက်တဲ့အခါကျတော့ ၈ ယောက်ဆိုရင် သိပ်တော့များတယ်။ နောက်တခုက မဲရုံကကျဉ်းတော့ ဆန့်ချင်မှလည်းဆန့်မယ်။ အဲဒီတော့ အနည်းဆုံး သုံးယောက်နဲ့ လေးယောက်ထားရင် လုံလောက်ပြီ။ အဲလိုဆုံးဖြတ်ပြီးတော့ ကျနော်တို့ သုံးယောက်နဲ့ လေးယောက်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။ အခု ရန်ကုန်တိုင်း တချို့မြို့နယ်တွေမှာ ၂ ယောက်ပဲထားခွင့်ပြုမယ်။ အဲဒီ ၂ ယောက်တောင်မှ မဲရုံထဲမှာတစ်ယောက်၊ အပြင်မှာတစ်ယောက်၊ ဒါက ဥပဒေနဲ့မညီတဲ့ဟာတွေကို သူတို့လုပ်နေတာ။ မဲရုံစောင့်ထားတဲ့ရည်ရွယ်ချက်က မဲပေးတာမှာ ပုံမှန်ဟုတ်မဟုတ်ရယ်။ တရားဝင်ဟုတ်မဟုတ်ရယ်၊ မသမာတာတွေ ကာကွယ်နိုင်ဖို့ထားတာ။ ဒီလူတွေကို မဲစာရင်း ...ပိတ်.ပြီးတော့ ထိုင်ခိုင်းတဲ့ကိစ္စ၊ ဘယ်လိုလုပ် check လုပ်လို့ရမလဲ။ အကုန်လုံးက သူလုပ်ချင်သလို လုပ်သွားမှာ။”

အခုဆိုရင် ရွေးကောက်ပွဲကော်မရှင်က ရိုက်ထားတဲ့မဲလက်မှတ်တွေဟာ နဂိုရ်မူလအရောင်နဲ့ လွဲနေတာကြောင့် ဒီအချက်ဟာ မဲပေးမယ့်ပြည်သူတွေကို ထင်ယောင်ထင်မှား လွဲမှားစေနိုင်တယ်လို့ NLD ပါတီ ပြောခွင့်ရ ဦးဝင်းထိန်က ထောက်ပြပါတယ်။

"နောက်တခုက ပြဿနာတက်နေတာတစ်ခုရှိတယ်။ ကျနော်တို့ပါတီရဲ့logo က အနီရောင်ရယ်၊ ခွပ်ဒေါင်းရယ်၊ ကြယ်အဖြူရယ်။ အခုဟာက မဲစာရင်းတွေ နမူနာရတဲ့အခါမှာ အနီရောင်ရယ်၊ ခွပ်ဒေါင်းရယ်၊ ကြယ်ဖြူမဟုတ်တော့ဘူး၊ ကြယ်ဝါတွေဖြစ်နေတယ်။ သူတို့ အင်ဒိုနီးရှားကမှာတဲ့စက္ကူတွေက အဝါရောင်တွေ။ အဲဒီနေရာမှာ blank ပုံနှိပ်တဲ့အခါကျတော့ စက္ကူအဖြူရောင်မဟုတ်တော့ဘဲနဲ့ အဝါရောင်တွေဖြစ်နေတယ်။ ကြယ်ဖြူမဟုတ်တော့ဘူး၊ ကြယ်ဝါတွေဖြစ်နေတယ်။ အဲဒါက တော်တော်ကို ရှုပ်ရှုပ်ထွေးထွေးဖြစ်မယ့်ကိစ္စ။ တောသူတောင်သားတွေရှိတယ်။ တိုင်းရင်းသားတွေရှိတယ်။ သူတို့ကို ခွပ်ဒေါင်း၊ ကြယ်ဖြူ  - ခွပ်ဒေါင်း၊ ကြယ်ဖြူ - အဲဒါကို သင်ထားပေးတာ။ ခွပ်ဒေါင်း-ကြယ်ဖြူမဟုတ်ဘဲ ခွပ်ဒေါင်း- ကြယ်ဝါဆို ရှုပ်ထွေးကုန်မှာပေါ့။ မဲဆန္ဒရှင်တွေ အထူးသဖြင့် တောသူတောင်သားတွေက ပြဿနာတက်မှာပေါ့။"

ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂ ရက်နေ့မှာ တတိယအကြိမ် အပြီးသတ်မဲစာရင်း ထုတ်ပြန်ခဲ့ပေမယ့် မဲရုံတစ်ခုချင်းစီရဲ့ မဲဆန္ဒရှင်စာရင်းကို ခွဲပြီးကပ်တာကြောင့် စိစစ်ဖို့ ပိုပြီးခက်သွားတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

........................................

မဲမသမာမှုတိုးမွာ NLD စိုးရိမ်

နျေပည်တော်၊ ဇဗ္ဗူသီရိမြို့နယ္မဲဆန္ဒရွင္မ်ား မိမိတို့အမည် စာရင်းမွာ ပါမပါ လာရောက္စစ်ဆေးကြည့်ရှုစဉ်။ (နိုဝင္ဘာ ၂၊ ၂၀၁၅)
 ရြေးကောက္ပြဲက်င်းပဖို့ ရက္ပိုင်းပဲလိုတော့တဲ့အခိန္မွာ မဲစာရင်းထဲ လူပိုအမည္စာရင်းတြေပါနေဆျဲဖစ္တာကြောင့် မဲဖေါင်းပြပြီး မဲ-မသမာမှုတျြေဖစ္မွာကို စိုးရိမ္မိကြောင်း NLD ပါတီကျေပာပါတယ်။ ဒါ့အျပင် လွှတ်တ္ကောိုယ္စားလွယ်လောင်းတြေအတြက် မဲရုံမွာစောင့်ကြည့်ပေးမယ့် မဲရုံကိုယ္စားလွယ် အေရအတြက္ကို တခို့မြို့နယ်တြေမွာ ကန့်သတ်နေတာကလည်း သံသယဝင္စရျာဖစ္တယ္လို့ျေပာဆိုတာပါ။ အျပည့်အစုံကို ကိုဉာဏ်ဝင်းအောင္က တင်ျပထားပါတယ်။

ရြေးကောက္ပြဲက်င်းပဖို့ တပတ်တောင် မလိုတော့တဲ့အခိန္မွာ မဲစာရင်းထဲ လူပိုအမည္စာရင်းတြေပါနေဆျဲဖစ္ပါတယ်။ျပည္နယ္နဲ့တိုင်းတခို့မွာ ၂ဝ% ကေန ၄ဝ% အထိ လူပိုမဲစာရင်းတျြေဖစ်နေပမယ့် ရြေးကောက္ပြဲက္မောရွင္က အခုခိန္ထျိပန္လည္စိစစ္လုပ်ဆောင်ပေးနိုင်ျခင်း မရွိသေးဘူးလို့NLD ပါတီျေပာခြင့်ရပုဂ္ဂိုလ် ဦးဝင်းထိန္ကျေပာပါတယ်။

“အခု က်န္တောို့ ရန္ကုန္မွာရော၊ မန္တလေးမွာရောတြေ့တာက တခို့ မြို့နယ်တြေမွာ မြို့နယ္မွာ တကယ်နေတဲ့လူဦးရေရဲ့ ၂၀ %၊ တခို့နေရာတြေမွာ ၄၀ % ပိုနေတယ်။ အဲဒါကို က်နော် ပြီးခဲ့တဲ့အပတ္ကျပည်ထောင္စုရြေးကောက္ပြဲက္မောရွင္မွာ က်နော်ျေပာတော့ သူတို့ဆီက ဝန္ခံတယ်။ ဘျာေပာလဲဆိုတော့ အဲဒီပုဂ္ဂိုလ်တြေက ပိုနေပါတယ်။ ပိုနေတဲ့ဥစ္စာက အဲဒီဒေသမွာ အရင္ကေနသြားတဲ့လူတြေလို့ သူတို့ကျေပာတယ်။ ဒါပေမယ့် အဲဒီလူတြေ ဘယ္မွာနေတယ်၊ ဘယ္မွာရောက်နေတယ္ဆိုတာကို သူတို့က မျေပာဘူး။ ဆိုတော့ ဒီလိပ္စာမွာ ဒီလူ မေနပါဘူးဆိုတာ မိသားစုကလည်ျးေပာတယ်၊ ရပ္ကြက်ကောင္စီကလည်ျးေပာတယ်။ အဲဒါကို မြို့နယ်က္မောရွင္က လုပ္မေပးဘူး။ ဗဟိုကလည်း လုပ်ပေးဖို့မျေပာဘူး။ျပန်ျပင်ပေးမယ္လို့ မျေပာဘူး။ ဒီအတိုင်းပဲထားတယ်။”

မဲစာရင်းထဲ လူပိုနာမည်တြေရွိနေတာကြောင့် မဲ-မသမာမှုတျြေဖစ္မွာကို စိုးရိမ္မိကြောင်း ဦးဝင်းထိန္ကျေပာပါတယ်။

“အခု မဲပေးခြင့်လက္မွတ်တြေ ထုတ်ပေးနေပြီ။ မဲပေးခြင့်လက္မွတ္က မဲစာရင်းမွာပါတဲ့လူတြေအတိုင်း ထုတ်ပေးတာ။ ..ဆိုရင် ပိုနေတဲ့လူတြေရဲ့ မဲစာရင်းလည်း ထုတ်ပေးမွာပဲ။ အဲလျိုဖစ်နေတာဆိုတော့ က်န္တောို့က မဲစာရင်းအပိုတြေဟာ မဲအပိုတျြေဖစ္လာနိုင္တယ္လို့ က်န္တောို့ ယူဆတယ်။ တျခား သူတို့- ပါတီပေါ့ဗ်ာ- နာမည္ကေတာ့ မျေပာတော့ပါဘူး။ တျခား သူတို့ပေးခ်င္တဲ့ပါတီကိုပေးမယ့် မဲတျြေဖစ္ဖို့မ်ားတယ္လို့ က်နော် သုံးသပ္မိတယ်။”

ရြေးကောက္ပြဲနေ့က်ရင် လွှတ်တ္ကောိုယ္စားလွယ်လောင်း တစ်ဦးအတြက် မဲရုံမွာစောင့်ကြည့်မယ့် မဲရုံကိုယ္စားလွယ် ၂ ဦးစီ ထားခြင့်ရထားပြီး ပါတီတစ္ခုအတြက္ဆိုရင် မဲရုံကိုယ္စားလွယ် ၈ ဦးအထိ ထားခြင့်ရထားပေမယ့် အခုတော့ ရန္ကုန္တိုင်းမြို့နယ္တခို့မွာ မဲရုံကိုယ္စားလွယ် ၂ ဦးတည်းသာ စောင့်ကြည့်ခြင့်ရေတာ့မယ္ဆိုတဲ့ကိစ္စဟာ သံသယဝင္စရျာဖစ္လာကြောင်း ဦးဝင်းထိန္က ထောက်ျပပါတယ်။

“မဲရုံစောင့်တြေနဲ့ပတ်သက္လို့ အခု ရန္ကုန္မွာ က်န္တောို့ တော်တော် စကား အျေခအတင်ျေပာနေရတယ်။ ဥပေဒအရဆိုလို့ရွိရင် ကိုယ္စားလွယ်လောင်း တစ်ယောက်ဟာ မဲရုံမွာထားဖို့အတြက် ၂ ယောက် ထားခြင့်ရွိတယ်။ အဲဒီတော့ တမြို့နယ္ဆိုရင် အမိုးသား၊ျပည်သူ့၊ တိုင်းဒေသကြီး၊ - ဆိုတော့ အားလုံး လေးယောက်ရွိတယ်။ ၄ ယောက္ဆိုတော့ ၈ ယောက် ထားခြင့်ရွိတယ်။ အဲဒါကို က်န္တောို့ အစည်းအေဝးမွာ ညှိလိုက္တဲ့အခါက်တော့ ၈ ယောက္ဆိုရင် သိပ်တော့မ်ားတယ်။ နောက္တခုက မဲရုံကက်ဉ်းတော့ ဆန့်ခ်င္မွလည်းဆန့်မယ်။ အဲဒီတော့ အနည်းဆုံး သုံးယောက္နဲ့ လေးယောက္ထားရင် လုံလောက်ပြီ။ အဲလိုဆုံျးဖတ်ပြီးတော့ က်န္တောို့ သုံးယောက္နဲ့ လေးယောက္ထားဖို့ ဆုံျးဖတ္ခဲ့တယ်။ အခု ရန္ကုန္တိုင်း တခို့မြို့နယ်တြေမွာ ၂ ယောက္ပဲထားခြင့်ျပုမယ်။ အဲဒီ ၂ ယောက်တောင္မွ မဲရုံထဲမွာတစ်ယောက်၊ အျပင္မွာတစ်ယောက်၊ ဒါက ဥပေဒနဲ့မညီတဲ့ဟာတြေကို သူတို့လုပ်နေတာ။ မဲရုံစောင့်ထားတဲ့ရည်ြရယ္ခ်က္က မဲပေးတာမွာ ပုံမွန်ဟုတ္မဟုတ်ရယ်။ တရားဝင်ဟုတ္မဟုတ်ရယ်၊ မသမာတာတြေ ကာကြယ်နိုင္ဖို့ထားတာ။ ဒီလူတြေကို မဲစာရင်း ...ပိတ်.ပြီးတော့ ထိုင္ခိုင်းတဲ့ကိစ္စ၊ ဘယ္လိုလုပ် check လုပ္လို့ရမလဲ။ အကုန္လုံးက သူလုပ္ခ်င်သလို လုပ်ြသားမွာ။”

အခုဆိုရင် ရြေးကောက္ပြဲက္မောရွင္က ရိုက္ထားတဲ့မဲလက္မွတ်တြေဟာ နဂိုရ္မူလအေရာင္နဲ့ လြဲနေတာကြောင့် ဒီအခ်က်ဟာ မဲပေးမယ့်ျပည်သူတြေကို ထင်ယောင္ထင္မွား လြဲမွားစေနိုင္တယ္လို့ NLD ပါတီျေပာခြင့်ရ ဦးဝင်းထိန္က ထောက်ျပပါတယ်။

"နောက္တခုကျပဿနာတက်နေတာတစ္ခုရွိတယ်။ က်န္တောို့ပါတီရဲ့logo က အနီရောင်ရယ်၊ ခြပ်ဒေါင်းရယ်၊ ကြယ်အျဖူရယ်။ အခုဟာက မဲစာရင်းတြေ နမူနာရတဲ့အခါမွာ အနီရောင်ရယ်၊ ခြပ်ဒေါင်းရယ်၊ ကြယ်ျဖူမဟုတ်တော့ဘူး၊ ကြယ်ဝါတျြေဖစ်နေတယ်။ သူတို့ အင္ဒိုနီးရွားကမွာတဲ့စက္ကူတြေက အဝါရောင်တြေ။ အဲဒီနေရာမွာ blank ပုံနွိပ္တဲ့အခါက်တော့ စက္ကူအျဖူရောင္မဟုတ်တော့ဘဲနဲ့ အဝါရောင်တျြေဖစ်နေတယ်။ ကြယ်ျဖူမဟုတ်တော့ဘူး၊ ကြယ်ဝါတျြေဖစ်နေတယ်။ အဲဒါက တော်တ္ကောို ရှုပ်ရှုပ်ထြေးထြေျးဖစ္မယ့်ကိစ္စ။ တောသူတောင်သားတြေရွိတယ်။ တိုင်းရင်းသားတြေရွိတယ်။ သူတို့ကို ခြပ်ဒေါင်း၊ ကြယ်ျဖူ  - ခြပ်ဒေါင်း၊ ကြယ်ျဖူ - အဲဒါကို သင္ထားပေးတာ။ ခြပ်ဒေါင်း-ကြယ်ျဖူမဟုတ္ဘဲ ခြပ်ဒေါင်း- ကြယ်ဝါဆို ရှုပ်ထြေးကုန္မွာပေါ့။ မဲဆန္ဒရွင်တြေ အထူးသျဖင့် တောသူတောင်သားတြေကျပဿနာတက္မွာပေါ့။"

ရြေးကောက္ပြဲက္မောရွင္က နိုဝင္ဘာ ၂ ရက်နေ့မွာ တတိယအကြိမ် အပြီးသတ္မဲစာရင်း ထုတ်ျပန္ခဲ့ပေမယ့် မဲရုံတစ္ခုခ်င်းစီရဲ့ မဲဆန္ဒရွင္စာရင်းကို ခြဲပြီးကပ္တာကြောင့် စိစစ္ဖို့ ပိုပြီးခက်ြသားတယ္ဆိုတဲ့ ဝေဖန္မှုတြေလည်း ထြက်ပေါ်နေပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment