Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 18, 2015

New York မွာ ခ်စ္သူ သစ္ နဲ႔ ေပ်ာ္ရြင္ေနတဲ့ Selena Gomez



အဆိုေတာ္မေလး Selena Gomez ဟာ တနလၤာေန႔က သူ႔ရဲ႕အသစ္စက္စက္ ေကာင္ေလးျဖစ္တဲ့ Samuel Krost နဲ႔ ေလွ်ာက္လည္ေနပါတယ္။

Carnegie Hall မွာက်င္းပတဲ့ ၂၀၁၅ခုႏွစ္ Glamour Women of the Year ဆုေပးပြဲအခမ္းအနားအၿပီး ၂၃ ႏွစ္ရွိၿပီျဖစ္တဲ့ နာမည္ေက်ာ္အဆိုေတာ္ဟာ ႏွစ္ေယာက္စလံုးနဲ႔သူငယ္ခ်င္းေတြျဖစ္တဲ့ Gigi Hadid ရဲ႕ မိတ္ေဆြ Krost နဲ႔တြဲၿပီး ေတြ႔ခဲ့ရတာျဖစ္ပါတယ္။]

Cipriani စားေသာက္ဆိုင္မွာ Krost ေပါင္ေပၚမွာထိုင္ၿပီး ရယ္ေမာေနတဲ့ Gomez ကိုေတြ႔ခဲ့ရတာျဖစ္ၿပီး သူတို႔စံုတြဲဟာ လက္တြဲထားခဲ့ၾကတာျဖစ္ပါတယ္။ Krost က NYU မွာ ေက်ာင္းတက္ခဲ့တာျဖစ္ၿပီး Onia Clothing Company ရဲ႕ အေရာင္းကုိယ္စားလွယ္တစ္ဦးလည္း ျဖစ္ပါတယ္။

Gomez ရဲ႕ ကြဲလိုက္တြဲလိုက္ ရည္စားျဖစ္သူ Justin Bieber ကေတာ့ The Ellen DeGeneres Show ပြဲေန႔မွာေတာ့ “ ျပန္တြဲရင္လည္းတြဲမွာေပါ့ “ လုိ႔ ေျပာသြားပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္ Access Hollywood အင္တာဗ်ဴးမွာေတာ့ သူက Gomez ကို ခ်စ္ေနတာကို “ဘယ္ေတာ့မွ” ရပ္တန္႔သြားမွာမဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျဖၾကားသြားပါတယ္။

Gomez နဲ႕ Bieber တုိ႔ဟာ ၂၀၁၀ ခုႏွစ္ကေန ၂၀၁၄ခုႏွစ္ထိ တြဲခဲ့ၾကတာျဖစ္ၿပီး “Good for You” သီခ်င္းကို သီဆိုခဲ့တဲ့သူဟာ Zedd နဲ႔လည္း ပတ္သက္ခဲ့ပါေသးတယ္။ သူနဲ႔ ၂၆ ႏွစ္အရြယ္ ရုရွား-ဂ်ာမန္ ဒီေဂ်တို႔ဟာ ဒီႏွစ္အစပိုင္းမွာ တြဲခဲ့ၾကတာျဖစ္ၿပီး ေဖေဖာ္၀ါရီလက “I Want You To Know” သီိခ်င္းကိုလည္း ဖန္တီးခဲဲ့ၾကပါတယ္။

Gomez ရဲဲ႕ “Same Old Love” သီခ်င္းပါ၀င္တဲ့ ဒုတိယေတးအယ္လ္ဘမ္ Revival ကုိ ေအာက္တိုဘာလက ျဖန္႔ခ်ိခဲ့ၿပီး Billboard 200 မွာ နံပါတ္တစ္ျဖစ္ခဲ့ပါတယ္။

( Michelle )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Upi

.......................................................

New York မှာ ချစ်သူ သစ် နဲ့ ပျော်ရွင်နေတဲ့ Selena Gomez

အဆိုတော်မလေး Selena Gomez ဟာ တနင်္လာနေ့က သူ့ရဲ့အသစ်စက်စက် ကောင်လေးဖြစ်တဲ့ Samuel Krost နဲ့ လျှောက်လည်နေပါတယ်။

Carnegie Hall မှာကျင်းပတဲ့ ၂၀၁၅ခုနှစ် Glamour Women of the Year ဆုပေးပွဲအခမ်းအနားအပြီး ၂၃ နှစ်ရှိပြီဖြစ်တဲ့ နာမည်ကျော်အဆိုတော်ဟာ နှစ်ယောက်စလုံးနဲ့သူငယ်ချင်းတွေဖြစ်တဲ့ Gigi Hadid ရဲ့ မိတ်ဆွေ Krost နဲ့တွဲပြီး တွေ့ခဲ့ရတာဖြစ်ပါတယ်။]

Cipriani စားသောက်ဆိုင်မှာ Krost ပေါင်ပေါ်မှာထိုင်ပြီး ရယ်မောနေတဲ့ Gomez ကိုတွေ့ခဲ့ရတာဖြစ်ပြီး သူတို့စုံတွဲဟာ လက်တွဲထားခဲ့ကြတာဖြစ်ပါတယ်။ Krost က NYU မှာ ကျောင်းတက်ခဲ့တာဖြစ်ပြီး Onia Clothing Company ရဲ့ အရောင်းကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။

Gomez ရဲ့ ကွဲလိုက်တွဲလိုက် ရည်စားဖြစ်သူ Justin Bieber ကတော့ The Ellen DeGeneres Show ပွဲနေ့မှာတော့ “ ပြန်တွဲရင်လည်းတွဲမှာပေါ့ “ လို့ ပြောသွားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် Access Hollywood အင်တာဗျူးမှာတော့ သူက Gomez ကို ချစ်နေတာကို “ဘယ်တော့မှ” ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ဖြေကြားသွားပါတယ်။

Gomez နဲ့ Bieber တို့ဟာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၄ခုနှစ်ထိ တွဲခဲ့ကြတာဖြစ်ပြီး “Good for You” သီချင်းကို သီဆိုခဲ့တဲ့သူဟာ Zedd နဲ့လည်း ပတ်သက်ခဲ့ပါသေးတယ်။ သူနဲ့ ၂၆ နှစ်အရွယ် ရုရှား-ဂျာမန် ဒီဂျေတို့ဟာ ဒီနှစ်အစပိုင်းမှာ တွဲခဲ့ကြတာဖြစ်ပြီး ဖေဖော်ဝါရီလက “I Want You To Know” သီိချင်းကိုလည်း ဖန်တီးခဲဲ့ကြပါတယ်။

Gomez ရဲဲ့ “Same Old Love” သီချင်းပါ၀င်တဲ့ ဒုတိယတေးအယ်လ်ဘမ် Revival ကို အောက်တိုဘာလက ဖြန့်ချိခဲ့ပြီး Billboard 200 မှာ နံပါတ်တစ်ဖြစ်ခဲ့ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi

No comments:

Post a Comment