ခုတစ်လော လူတွေစိတ်ဝင်စားလာတဲ့ လူငယ်ဒီဇိုင်နာ မဆုမွန်နဲ့ အင်အားကြီးမားတဲ့ အဖွဲ့အစည်းတစ်ခု ကြားက ပြဿနာကို ပြောပြချင်ပါတယ်။
Voting Campaign မှာ ဒီမိုကရေစီမိခင်၏ပါတီကိုဝန်းရံဖို့ အများပိုင် သုံးစွဲခွင့်ပြုတဲ့ ဒီဇိုင်းတစ်ခုကို Creative Commons license နဲ့ ဒီဇိုင်နာ မဆုမွန်က ဆွဲသားခဲ့ပါတယ်။
CC license ဆိုတာကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ ဌာနရယ်လို့ မြန်မာပြည်မှာ သီးသန့်မရှိသေးပါဘူး။ ဒါပေမယ့် ပြောင်းလဲချိန်တန်လို့ ပြောင်းလဲခဲ့တဲ့ မြန်မာပြည်သားတွေရဲ့ ပင်ကိုယ်ဗီဇကောင်းတွေရဲ့ စေ့ဆော်မှုအရ ကမ္ဘာ့ အဆင့်အတန်း မှီစွာနဲ့ပဲ CC license ၏ သဘောသဘာဝတွေကို တစ်မျိုးသားလုံးက လေးစား တန်ဖိုးထား ထိန်းသိမ်းခဲ့ကြပါတယ်။
Creative Common ရဲ့ သဘောသဘာဝ အရ မူရင်း တီထွင်ဖန်တီးသူရဲ့ ဖန်တီးမှုကို အောက်ပါအတိုင်း ခံစားခွင့်ရှိပါတယ်။
- share လို့ရပါတယ်
- distribute လုပ်လို့ရပါတယ်
- adapt လုပ်လို့ရပါတယ်
- remix လုပ်လို့ရပါတယ်
- transform လုပ်လို့ရပါတယ်
သို့သော် အထက်ပါ မည်သည့် ခံစားခွင့်မဆို ခံစားတော့မည်ဆိုလျှင် မူလ ဖန်တီးသူကို credit ပေးရမယ်ဆိုတဲ့ အချက်တစ်ခုရှိပါတယ်။
=============================
ဖြစ်စဉ်အကျဉ်း
ဖြစ်စဉ်(၁)။ ။သူငယ်ချင်းတစ်ဦးမှ မဆုမွန် ဖန်တီးထားသည့် လူသိများနေပီးဖြစ်သည့် concept ကို credit မပေးပဲ အထင်ကရပွဲတစ်ခုတွင် သုံးစွဲနေကြောင်း မဆုမွန်၏ timeline တွင် သတိပေးစကားပြောသည်။
ဖြစ်စဉ်(၂)။ ။မဆုမွန်က သူမ၏ Time Line တွင် သူမ၏ အားထုတ်မှုကို credit ပေးသင့်ကြောင်း မြန်မာပြည်မှ သာမန် လူငယ် facebook user တို့ သဘာဝအတိုင်း ရေးသားသည်။
ဖြစ်စဉ်(၃)။ ။ပြိုင်ပွဲဝင်ဖက်ရှင်ဒီဇိုင်နာမှ ပြေလည်ရာပြေလည်ကြောင်း ဆက်သွယ်ပြောဆိုလာမည်ဟု မျှော်လင့်ထားပါသော်လည်း ...
ထို concept ကို အသုံးပြုနေတဲ့ အင်အားကြီးအဖွဲ့ကြီးဘက်မှ မဆုမွန်၏ concept မဟုတ်ကြောင်း၊ ပြိုင်ပွဲဝင် ဖက်ရှင်ဒီဇိုင်နာအနေနှင့်လည်း အင်တာနက်တွင် ပျံ့နှံ့ပီးသား ထို concept ကို မှီငြမ်းထားခြင်း မဟုတ်ကြောင်း၊ ဓါတ်ပုံရိုက်ရန် ပို့စ်တစ်ခုမှ လွဲ၍ အားလုံးသည် ပြိုင်ပွဲဝင် ဒီဇိုင်နာ၏ တီထွင် ဖန်တီးမှု များသာဟု သဘောပေါက်စေသည့် စကားလုံး၊ စကားရပ်များကို အသုံးပြု၍ နောက်ဆုံးစာကြောင်းတွင် "အနူးအညွတ်တောင်းပန်ပါကြောင်း" ဟူသာ စကားလုံးကို ထည့်သွင်းရေးသားသည့် ကြေငြာချက်တစ်စောင် ပေါ်ထွက်လာခဲ့ပါသည်။
ဖြစ်စဉ်(၄)။ ။နောက်ကွယ်တွင် မဆုမွန်ကို အဆိုပါ အင်အားကြီးအဖွဲ့မှ တယ်လီဖုန်း၊ ဖေ့ဘွတ် message box တို့မှ ဆက်သွယ်ပီး အပြန်အလှန် စကားပြောဆိုမှုများ ဖြစ်ပွားခဲ့ပါသည်။ မဆုမွန်အနေနဲ့ သူတတ်နိုင်သလောက် ပြန်လည်ရှင်းလင်းပြောဆိုခဲ့ပါတယ်။
အဆိုပါ အင်အားကြီး အဖွဲ့အစည်းဘက်ကနေ ရပ်တည်သောသူများကလည်း ဒီဇိုင်နာ မဆုမွန်ကို
- အချောင် နာမည်ကြီးချင်တဲ့သူ၊
- အဆိုပါ အင်အားကြီး အဖွဲ့ရဲ့ အောင်မြင်မှုကို မနာလိုတဲ့သူ
- နာမည်ကြီးအောင် တမင်လျှောက်ဖွနေတဲ့သူ
စသည်ဖြင့် ပုတ်ခတ်ပြောဆိုလာခဲ့ပါသည်။
ယခုကဲ့သို့ ပြဿနာမျိုးကို တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံဖူးသေးတဲ့ မဆုမွန်က “ကျွန်မရဲ့ အားထုတ်မှုကို အတိုင်းအတာတစ်ခုထိ အသိအမှတ်ပြု ခံချင်မိတယ်လို့ ရိုးရိုးသားသား ၀န်ခံပါရစေ” ဆိုတဲ့ အဆုံးစာသားနဲ့အတူ သူငယ်ချင်း ဒီဇိုင်နာတွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါသည်။
ဖြစ်စဉ်(၅)။ ။မဆုမွန်ဘက်ကနေ မခံမရပ်နိုင်သော ဒီဇိုင်နာများစုစည်းပီး အားငယ်နေသည့် မဆုမွန်ကို ကြိုးစား ဆက်သွယ်ကြပါသည်။ ယခုကိစ္စကို မဆုမွန် ကိုယ်တိုင် အများရှေ့တွင် ရှင်းလင်းပြောကြားရန် ၀ိုင်းဝန်းတိုက်တွန်း နေကြပါသည်။ ယခုကိစ္စများ မပြီးဆုံးမချင်း မဆုမွန်ဘက်တွင် နယ်ပယ်အသီးသီးမှ ဒီဇိုင်နာများက ၀ိုင်းဝန်းရပ်တည်ပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။
မဆုမွန်၏ ကိစ္စကို လျစ်လျှူရှုလိုက်မည်ဆိုလျှင် နောက်နောင်မှာ …
- အင်အားနည်းပီး ဖန်တီးမှုအားကောင်းတဲ့ တီထွင်ဖန်တီးရှင် ပါရမီရှင်များ မှေးမှိန် ပျောက်ကွယ်သွားပြီး နိုင်ငံရဲ့ အနာဂတ် မလှပမှာကို စိုးရိမ်မိသည်ကတစ်ကြောင်း၊
- မိမိတို့ကိုယ်တိုင်ရဲ့ တီထွင်ဖန်တီးမှုတွေ ကြိုးစားအားထုတ်မှုတွေ မှာလည်း ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း ဒဏ်မှ ကင်းဝေးစေလိုသည်က တစ်ကြောင်း၊
အထက်ပါအကြောင်းရပ်များကြောင့် မိမိတို့ကို အကာအကွယ်ပေးနိုင်သည့် အဖွဲ့အစည်း တစ်ခု မရှိမဖြစ်လိုအပ်လာပီဖြစ်သဖြင့် အမြန်ဆုံးဖွဲ့စည်းရန် ဒီဇိုင်နာများက ဆုံးဖြတ် လိုက်ကြပါသည်။
Date: 11/12/2015
Zay Ta Woon
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 26, 2015
ပိုလန် Miss. ပြိုင်ပွဲကဖက်ရှင်နဲ့ CC lincense ချိုးဖေါက်မှု ပြဿ နာ
ပိုလန် Miss. ပြိုင်ပွဲကဖက်ရှင်နဲ့ CC lincense ချိုးဖေါက်မှု ပြဿ နာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 26, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment