Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 5, 2015

‘Military Ideology မွာ တပ္မေတာ္က အုပ္ခ်ဳပ္ေရးက႑ကေန စြန္႔ခြာရမယ္ဆိုတာကို သူတို႔လက္ခံထားၿပီးသားလို႔ ေမွ်ာ္လင့္တယ္’’

မဆုမြန္သဇင္ေအာင္သည္လက္ရွိတြင္ ေဟာင္ေကာင္တကၠ သိုလ္ ၌ ႏိုင္ငံေရးႏွင့္ ျပည္သူ႕အုပ္ခ်ဳပ္ ေရးဆိုင္ရာဘာသာရပ္အတြက္ က်မ္းျပဳစုေနသည့္ Ph.D ေက်ာင္း သူတစ္ဦးျဖစ္ၿပီး စင္ကာပူႏိုင္ငံ နန္႔ယန္းနည္းပညာ တကၠသိုလ္တြင္ International Political Economy ဘာသာရပ္ျဖင့္ မဟာဘြဲ႕ရရွိထားသူ ျဖစ္သည္။ ျမန္မာႏိုင္ငံ အပါအ၀င္ အေရွ႕ေတာင္အာရွေဒသတြင္းႏိုင္ငံမ်ား၏ အသြင္ကူးေျပာင္းေရးကာလ အုပ္ခ်ဳပ္သူလူတန္းစားမ်ား
၏ ႏိုင္ငံေရးျပဳျပင္ ေျပာင္းလဲမႈႏွင့္အစိုးရအဖြဲ႕၏ မူ၀ါဒပိုင္းဆိုင္ရာမ်ားကို အဓိကဦးတည္၍ စာတမ္းျပဳစုေနသူလည္း ျဖစ္သည္။

ထို႔ျပင္ မဆုမြန္သဇင္ေအာင္ သည္ ၾသဇာႀကီးမားသည့္ Foreign Policy မဂၢဇင္းတြင္လည္း အခါ အားေလ်ာ္စြာ ျမန္မာ့အသြင္ကူး ေျပာင္းေရးႏွင့္ တပ္မေတာ္တို႔၏ အခန္းက႑မ်ားကို ေရးသားေနသူ
ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ မၾကာမီက်င္းပေတာ့မည့္ ၂၀၁၅ ေရြးေကာက္ပြဲအပါအ၀င္ တပ္မေတာ္၏ အခန္းက႑၊ ျမန္မာႏိုင္ငံ၏ အသြင္ကူးေျပာင္းေရးအပါအ၀င္ တိုင္းရင္းသားႏွင့္ လက္နက္ကိုင္ပဋိပကၡအေရးစသည့္ မ်က္ေမွာက္
ျမန္မာ့ႏိုင္ငံေရးရာတို႔ကို ေတြ႕ဆံုေမးျမန္းခဲ့ပါသည္။

လက္ရွိျမန္မာႏုိင္ငံရဲ႕ အသြင္ကူးေျပာင္းမႈပံုစံက ကမၻာေပၚမွာရွိတဲ့ တျခားေသာ အသြင္ကူးေျပာင္း မႈႏိုင္ငံမ်ားနဲ႔ ႏိႈင္းယွဥ္ရင္ ဘယ္လို လမ္းေၾကာင္းမ်ဳိးကို သြားေနတယ္ လို႔ သံုးသပ္မိပါသလဲ။

အာဏာရွင္စနစ္ကေန ဒီမို ကေရစီစနစ္ကို ကူးေျပာင္းတဲ့အခါမွာ အသြင္ကူးေျပာင္းတဲ့ပံုစံက တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံမတူႏုိင္ပါ ဘူး။ တခ်ဳိ႕ႏိုင္ငံေတြမွာလို ညင္ ညင္သာသာနဲ႔ ေျပာင္းသြားတဲ့ ႏိုင္ငံေတြလည္း ရွိတယ္။ ဥပမာ ေတာင္ကိုရီးယား၊ အင္ဒိုနီးရွားတို႔လို တပ္မေတာ္က တျဖည္းျဖည္းနဲ႔ ေနာက္ ဆုတ္သြားတာမ်ဳိးေလးေတြရွိသ လို တခ်ဳိ႕ႏုိင္ငံေတြမွာက်ေတာ့ လည္း မ႑ိဳင္တစ္ခုခုက လႊမ္းမိုးသြားတဲ့ ဥပမာ ႐ုရွား၊
ယူကရိန္းတို႔လိုမ်ဳိး Executive Authoritarian လို႔ ေခၚတဲ့ အုပ္ခ်ဳပ္ေရးက လႊမ္းမိုး သြားတဲ့ အာဏာရွင္ပံုစံတစ္မ်ဳိးမ်ဳိး မွာ ရပ္သြားတာမ်ဳိးလည္း ရွိပါ တယ္။ သုေတသီေတြရဲ႕ ေတြ႕ရွိ ခ်က္က ၂၁ ရာစုေနာက္ပိုင္းအ သြင္ကူးေျပာင္းေရး လုပ္တဲ့ ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ ဒီမိုကေရစီ စနစ္ကို လံုး၀ကူးေျပာင္းတာထက္ စာရင္ Hybrid Regime မွာ Authoritian ပံုစံတစ္မ်ဳိးမ်ဳိးမွာ အာဏာကို အခ်ိန္ကာလတစ္ခုအထိ ၾကာၾကာ ထိန္းသိမ္းထားႏိုင္တယ္ လို႔ ေျပာၾကတယ္။ သူတို႔ဟာ ေရြး ေကာက္ပြဲကိုလည္း က်င္းပႏိုင္ တယ္။ လႊတ္ေတာ္ေတြကိုလည္း ပံုမွန္ေခၚႏိုင္တယ္။ မီဒီယာကို လည္း တတ္ႏိုင္သေလာက္ ေျဖ ေလွ်ာ့ေပးႏိုင္တယ္ေပါ့။ ဒါေၾကာင့္၂၁ ရာစုမွာ အာဏာရွင္စနစ္ဟာ ပံုစံတစ္မ်ဳိးမ်ဳိးနဲ႔ နည္းနည္းေလး ေရရွည္တည္တံ့ေနတာကို ေတြ႕ရတယ္။

ဒါေၾကာင့္ Hybrid Regime ပံုစံျဖစ္ေနတဲ့ ျမန္မာႏိုင္ငံမွာ အသြင္ကူးေျပာင္းေရးမွာ ၿပီးခဲ့တဲ့ ငါးႏွစ္သက္တမ္းကို ျပန္ၾကည့္ရင္ အဓိကအဟန္႔အတားက အာဏာ ျပႆနာေပါ့ေနာ္။ Power Game ေၾကာင့္
ႏိုင္ငံေရးအက်ပ္အတည္း ကို ေရာက္ေစတာဆိုတဲ့ သံုးသပ္ ခ်က္ေတြက အျပည့္အ၀မွန္ပါ တယ္။ ဒီအျပင္ ကြၽန္မထင္တာက လုပ္ထံုးလုပ္နည္းျပႆနာက လည္း အရမ္းအေရးပါပါတယ္။ လုပ္ထံုးလုပ္နည္းျပႆနာ (Insti-tutional Problem) ေၾကာင့္မို႔လို႔ အာဏာျပႆနာကို ဘူးေလးရာ ဖ႐ုံဆင့္ဆိုသလို ပိုၿပီးခက္ခဲၾကန္႔ ၾကာသြားေစတာလည္း ျဖစ္ပါတယ္။

ျမန္မာ့ႏုိင္ငံေရးမွာ အေရး ႀကီးဆံုး လုပ္ထံုးလုပ္နည္းျပႆနာကေတာ့ Constitution လို႔ေခၚတဲ့ ဖြဲ႕စည္းပံုအေျခခံဥပေဒျပႆနာ ေပါ့။ အဲဒီျပႆနာက ၂၀၁၂ ခုႏွစ္မွာ ဖြဲ႕စည္းပံုအေျခခံဥပေဒခံု႐ုံးျပ ႆနာျဖစ္တဲ့ ကာလကေနစၿပီးေတာ့ မၾကာေသးခင္ကာလအထိ အုပ္ခ်ဳပ္ေရးကေနၿပီးေတာ့ အာ ဏာရပါတီတစ္ခုအတြင္းမွာ ေခါင္းေဆာင္မႈအေျပာင္းအလဲကို စီမံ ကြပ္ကဲမႈရွိတယ္။ လႊမ္းမိုးမႈရွိတယ္ ဆိုတဲ့ စြပ္စြဲခ်က္ေတြ၊ ေျပာဆိုခ်က္ေလးေတြရွိလာပါတယ္။ အုပ္စိုးသူေတြၾကားထဲမွာပင္လွ်င္ လက္ရွိ စည္းမ်ဥ္းဥပေဒေတြက ဒြိဟျဖစ္ စရာ၊ ၀ိ၀ါဒကြဲျပားတာေတြ ရွိလာ တယ္။ ဒါဟာ အႀကီးက်ယ္ဆံုးလုပ္ထံုးလုပ္နည္းျပႆနာကို ေဖာ္ျပ တာပါ။

ျမန္မာ့အသြင္ ကူးေျပာင္းေရးကို အာရပ္ေႏြဦးနဲ႔ အစိုးရဘက္က မၾကာခဏႏိႈင္းယွဥ္ေျပာၾကားတာ လည္းရွိတယ္။ အာရပ္ေႏြဦးနဲ႔စာ ရင္ အသြင္ကူးေျပာင္းေရးက ပို ေအာင္ျမင္တယ္လို႔လည္း ေျပာၾက
တာေပါ့။ အဲဒီအေပၚမွာ ဘယ္လို မ်ားသံုးသပ္လိုပါသလဲ။

အသြင္ကူးေျပာင္းေရးကို ႏိႈင္းယွဥ္တဲ့အခါ ဘယ္စံခ်ိန္စံႏႈန္းေပၚ အေျခခံမလဲဆိုတာ မူတည္ပါ တယ္။ ဥပမာ- အီဂ်စ္လိုႏိုင္ငံေတြ မွာျဖစ္ခဲ့တဲ့ Trasition နဲ႔ ႏိႈင္းယွဥ္ ေလ့လာရင္ ပိုေအာင္ျမင္တယ္လို႔ ေျပာလည္းရပါတယ္။ တခ်ဳိ႕ ArabSpring မွာပဲ ေအာင္ေအာင္ျမင္ျမင္ကူးေျပာင္းတဲ့ (ဥပမာ- တူနီးရွား)ႏုိင္ငံေတြနဲ႔ ခ်ိန္ထိုးၿပီးၾကည့္ ရင္ ျမန္မာႏိုင္ငံရဲ႕ ကူးေျပာင္းေရး က လိုေသးတယ္လို႔ ေျပာရင္လည္း ရပါတယ္။

ဒီလိုအေျခအေနက က်င္းပမယ့္ ျမန္မာႏိုင္ငံရဲ႕ ေရြးေကာက္ပြဲဟာ အေျပာင္းအလဲကို ေဖာ္ေဆာင္ႏိုင္ မယ္လို႔ ထင္ပါသလား။

ေရြးေကာက္ပြဲကို တခ်ဳိ႕ကFree and Fair (လြတ္လပ္ၿပီး တရားမွ်တမႈရွိ၊ မရွိ)ဆိုတဲ့ ပံုစံနဲ႔ တိုင္းတာတယ္။ ကြၽန္မကေတာ့ ေရြးေကာက္ပြဲကို အေျခခံမူသံုးမ်ဳိးနဲ႔ ၾကည့္ခ်င္ တယ္။ Principle of Competition
ပါ၀င္ယွဥ္ၿပိဳင္သူေတြ လြတ္လပ္ စြာပါ၀င္ယွဥ္ၿပိဳင္ခြင့္ရ၊ မရ၊ Principle of Participation ပါ၀င္တဲ့ သူေတြက တကယ္ပဲ တရားမွ်တစြာ တန္းတူညီမွ်ပါ၀င္ႏုိင္ခြင့္ရွိသလား။ မဲေပးမယ့္ မဲဆႏၵရွင္ေတြ ေပါ့။ Principle of Accountability ေပါ့။ တာ၀န္ယူမႈ၊ တာ၀န္ခံႏုိင္မႈ ဘယ္ေလာက္ရွိမလဲဆိုတာကို တိုင္းတာတာေပါ့။ အခု မဲဆြယ္ပြဲ တခ်ဳိ႕မွာ ပဋိပကၡေတြျဖစ္တယ္၊ ေသြးထြက္သံယိုေတြ ျဖစ္တယ္ဆို တာ ဒါကိုဘယ္လိုကိုင္တြယ္ေျဖ ရွင္းမလဲ။ ဘယ္ေလာက္ထိ မွ်မွ်တတနဲ႔ ေျဖရွင္းမလဲ။ ေနာက္ၿပီး ေတာ့လည္း ေရြးေကာက္ပြဲရလဒ္ ကို အသိအမွတ္ျပဳတဲ့အခါ ဘယ္ေလာက္ထိ ရွင္းရွင္းလင္းလင္းနဲ႔ အသိအမွတ္ျပဳမလဲဆိုတဲ့အေပၚ မူတည္တယ္။ ယွဥ္ၿပိဳင္သူေတြ လြတ္
လပ္စြာ ပါ၀င္ယွဥ္ၿပိဳင္ခြင့္ရ၊ မရ ၾကည့္ရင္ အဓိကၿပိဳင္ဘက္ပါတီ ျဖစ္တဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ရဲ႕ ေခါင္းေဆာင္ ေဒၚေအာင္ ဆန္းစုၾကည္ အေနနဲ႔ ေရြးေကာက္ ပြဲမွာ ပါ၀င္ႏိုင္တယ္။ သမၼတျဖစ္ဖို႔ ကိုေတာ့ Constitution အရ အဟန္႔အတားျဖစ္ေနတယ္။ ေနာက္တစ္ခုက ဥပေဒပိုင္းဆိုင္ရာျပႆနာ ရွိတယ္။ အစိုးရအဖြဲ႕၀င္ေတြဟာ ေရြးေကာက္ပြဲမွာ ပါ၀င္ခြင့္ရွိ၊ မရွိ ဆိုတဲ့ ဟာေလးေတြေပါ့။ ဖြဲ႕စည္းပံု အေျခခံဥပေဒမွာေတာ့ အစိုးရ အဖြဲ႕၀င္ေတြသည္ ပါတီလုပ္ငန္း လုပ္ေဆာင္ခြင့္မရွိဘူး။ ေျပာၿပီးသား။ အစိုးရအဖြဲ႕ ဥပေဒမွာက်ေတာ့ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြ လုပ္ကိုင္ခြင့္ရွိတယ္။ ဒါေတြက ဒိြဟျဖစ္စရာေလးေတြရွိတယ္။

တကယ္တမ္းေနာက္ဆံုးက်ေတာ့ ေရြးေကာက္ပြဲေကာ္မရွင္က အစိုးရအဖြဲ႕ရဲ႕ ဥပေဒကို လက္ခံလိုက္ပံု ရတယ္။ ဒါဆိုရင္ ဘယ္ဥပေဒက ပိုၿပီးအာဏာသက္၀င္မႈရွိလဲဆို တာကလည္း ေျဖရွင္းရမယ့္ ျပႆနာပဲ။

Principle of Participation မဲဆႏၵရွင္ေတြ တန္းတူညီမွ်ပါ၀င္ ႏုိင္မလားဆိုတဲ့ ျပႆနာ။ မဲဆႏၵ ရွင္ေတြရဲ႕ စာရင္းျပဳစုတဲ့အခါမွာ မဲစာရင္းအမွားေလးေတြရွိပါတယ္ လို႔ ေျပာထားပါတယ္။ လုပ္ထံုး လုပ္နည္းအမွား ဆိုေပမယ့္ ေတာ္ေတာ္သိသာတဲ့ အေရအတြက္ျဖစ္ လာမယ္ဆိုရင္ တခ်ဳိ႕ေနရာေတြ မွာ ေရြးေကာက္ပြဲမက်င္းပႏိုင္တဲ့ ေနရာေတြနဲ႔ ေပါင္းသြားခဲ့ရင္ ႏုိင္ငံေရး ပါတီတစ္ခုခု အေနနဲ႔ပဲျဖစ္ျဖစ္ အစိုးရဖြဲ႕ႏိုင္တဲ့အထိကို ထိခိုက္ၿပီး အတိမ္းအေစာင္းျဖစ္မယ္ဆိုရင္ ဒါက မေကာင္းဘူး။ အဲဒါေတြက စိုးရိမ္ေၾကာင့္ၾကစရာ ရွိပါတယ္။

အတိုက္အခံပါတီအေနနဲ႔ အစိုးရ ဖြဲ႕ႏိုင္တဲ့ အထိ ႏိုင္မယ္ဆိုရင္ေကာ အာဏာလႊဲေျပာင္းမႈ ညင္သာဖို႔ အတိုက္အခံဘက္ကို ဘယ္လို အႀကံျပဳခ်င္လဲ။

တကယ္လို႔သာ အသြင္ကူး ေျပာင္းေရးကာလမွာျဖစ္တဲ့ ဒီေရြး ေကာက္ပြဲမွာ အတိုက္အခံပါတီအ ေနနဲ႔ႏုိင္ခဲ့ရင္ တစ္ဖက္နဲ႔ တစ္ဖက္တင္းခံမႈေတြ၊ မတည္မၿငိမ္မႈေတြ လည္း ရွိလာမွာပဲ။ တခ်ဳိ႕အဖြဲ႕အစည္းေတြရဲ႕
ေထာက္ခံမႈကိုလည္း ယူရမွာပဲ။ ဒီအဖြဲ႕ေတြနဲ႔ ဘယ္ေလာက္ထိ ခ်ိတ္ဆက္ၿပီး ေျပလည္ေအာင္ ညႇိႏိႈင္းႏုိင္မလဲေပၚ လည္း မူတည္တယ္။ တိုင္းရင္းသားပါတီေတြ၊ အဖြဲ႕အစည္းေတြ၊ လူမ်ဳိးစုေတြရဲ႕ ေထာက္ခံမႈကိုရဖို႔ ကလည္း အေရးႀကီးတယ္။

တကယ္လို႔ ေရြးေကာက္ပြဲမွာ ျပည္ခိုင္ၿဖိဳးအေနနဲ႔ လူထုေထာက္ခံမႈ မရရခဲ့ရင္ တပ္မေတာ္အေနနဲ႔ ျပည္ခိုင္ၿဖိဳးကို လက္တြဲျဖဳတ္ခဲ့ႏိုင္ဖို႔ စဥ္းစားခ်က္ရွိႏိုင္ပါသလား။

ျပည္ေထာင္စုႀကံ႕ခိုင္ေရးပါ တီကိုယ္တိုင္က မည္သည့္အဖြဲ႕ အစည္းႏွင့္မဆို အေျပာင္းအလဲကို လက္တြဲလုပ္ေဆာင္သြားမယ္လို႔ ေျပာထားတာေတာ့ ရွိပါတယ္။ ျပည္ခိုင္ၿဖိဳးက တကယ္တမ္းေရြး ေကာက္ပြဲမွာ ထင္သေလာက္ ေထာက္ခံမႈမရခဲ့လို႔ တပ္မေတာ္ကလက္တြဲျဖဳတ္မလားဆိုတာက တပ္မေတာ္ရဲ႕ ေသြးသစ္ေလာင္း ထားမႈက ဒီပါတီထဲမွာ ဘယ္ ေလာက္ထိ အားရွိသလဲဆိုတဲ့အ ေပၚ မူတည္တယ္။

အရင္ေခတ္ေတြကလို တစညကို လက္တြဲျဖဳတ္ခဲ့တာမ်ဳိးေပါ့။ ဒီဘက္ေခတ္မွာ တပ္မေတာ္နဲ႔ ပါတီဘယ္ေလာက္ စည္းလံုးမလဲ၊ တပ္က အရပ္၀တ္လဲၿပီး အာဏာ ရပါတီထဲမွာ တာ၀န္ထမ္းေဆာင္ ၿပီးေတာ့ ပါတီကိစၥေတြကို ဘယ္ေလာက္အထိ အေရးႀကီးတဲ့ေနရာမွာ အတြင္းက်က်လႊမ္းမိုးမႈ လုပ္ ႏုိင္မလဲဆိုတာ ရွိတယ္။ သူတို႔သာ ပါတီတြင္းမွာ စိတ္ႀကိဳက္အေျပာင္းအလဲလုပ္ခြင့္ရတယ္ဆိုရင္ ပါတီ ကိုထားသြားဖို႔ အလားအလာနည္း ပါတယ္။ ဒါေပမဲ့ ပါတီထဲမွာ ေခါင္းေဆာင္ပိုင္းအတြင္းမွာ အတိုက္အ ခိုက္ေတြရွိလာမယ္ဆိုရင္ေတာ့ ဒါက ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

အသြင္ကူးေျပာင္းေရးသြားေနတဲ့ တစ္ခ်ိန္တည္းမွာပဲ လက္နက္ကိုင္ ပဋိပကၡေတြက တိုးလာေနၿပီး ျမန္မာႏိုင္ငံမွာ စစ္တလင္းေတြက ပို မ်ားလာပါတယ္။ ဒီအေရးကိစၥ ေတြဟာ အသြင္ကူးေျပာင္းေရးမွာ ဘယ္လို အက်ဳိးသက္ေရာက္မႈ ရွိႏိုင္ပါသလဲ။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီအ ေရးနဲ႔ တိုင္းရင္းသားေရးသက အၿမဲတမ္း ဒြန္တြဲေနတယ္။ ၁၉၈၈ လို မ်ဳိး အရမ္းကိုလူထုအံုႂကြမႈျဖစ္ခဲ့တဲ့ အခ်ိန္မွာ တပ္က တစ္ဖက္မွာ တိုက္ပြဲေတြကို ကိုင္တြယ္ခဲ့တယ္။ အခု အသြင္ ကူးေျပာင္းေရးကိုလည္း အာ႐ုံစိုက္တယ္ဆိုတာနဲ႔ သြားေန တယ္။ အခုတစ္ဖက္မွာ ၿငိမ္းခ်မ္း ေရးလည္းလုပ္တယ္။ NCA မွာ လက္မွတ္ေရးထိုးလိုက္တဲ့အဖြဲ႕ေတြနဲ႔ လက္မွတ္မေရးထိုးထားတဲ့ အဖြဲ႕ေတြ ၾကား ခြဲျခားဆက္ဆံမႈ ရွိမလားဆိုတာ ေစာင့္ၾကည့္ရမယ္။ ဒီ NCA က Divide and Rule Tactics (ခြဲျခားအုပ္ခ်ဳပ္)တဲ့စနစ္ကို ျပန္သြားမလားေပါ့။ တပ္မေတာ္အစိုးရ လက္ထက္မွာ ဒီစနစ္ကို သံုးခဲ့တယ္လို႔ စြပ္စြဲခ်က္ေတြရွိတယ္။ တခ်ဳိ႕အဖြဲ႕ကို ဆုေပးၿပီး တခ်ဳိ႕အ ဖြဲ႕ကို ဒဏ္ေပးတဲ့ဟာမ်ဳိးရွိတယ္ ေပါ့။ အခုအပစ္ရပ္စာခ်ဳပ္လက္ မွတ္ေရးထိုးၿပီးတဲ့အခါမွာ ဒီနည္းက တကယ္ျပန္ျဖစ္ေပၚလာမလား။ မေရးထိုးထားတဲ့ အဖြဲ႕ေတြကို ဒီျဖစ္စဥ္ေတြထဲမွာ တစ္ပါတည္း ပါေအာင္ ဘယ္လိုဆြဲေခၚသြားမလဲဆိုတာၾကည့္ရမွာပါ။ ဒီအသြင္ကူးေျပာင္းေရးဆိုတာ တကယ္တမ္းေတာ့ အုပ္စိုးသူလူတန္းစားကေနစခဲ့တဲ့ အသြင္ကူးေျပာင္းေရးပါပဲ။ ဒီလိုေျပာရင္ လူထုက ေတာ့ သိပ္ႀကိဳက္မွာ မဟုတ္ဘူး။ ဘာလို႔လဲဆို ၂၀၀၇ က လုထုအံုႂကြ မႈေၾကာင့္ ဒီေန႔အသြင္ကူးေျပာင္း ေရးျဖစ္လာတာလို႔လည္း ေျပာၾက တယ္။ ဒါေပမဲ့ အဲဒီအခ်ိန္က တပ္ မေတာ္က အာဏာဆက္ယူမယ္ ဆို ယူလို႔ရေသးတဲ့အေနအထား ကို ၂၀၁၁ မွာ အသြင္ကူးေျပာင္းေရးကို စခဲ့တာ။ ဒါေၾကာင့္ Military Ideology မွာ တပ္မေတာ္က အုပ္ ခ်ဳပ္ေရးက႑ကေန စြန္႔ခြာရမယ္ ဆိုတာကို သူတို႔လက္ခံထားၿပီး သားလို႔ ေမွ်ာ္လင့္တယ္။ သူတို႔အ တြက္ ဘယ္ေလာက္လံုၿခံဳမႈရွိေစ မလဲေပၚမူတည္ၿပီးေတာ့ အုပ္ခ်ဳပ္ ေရးပိုင္းကေနလည္း သူတို႔စြန္႔ခြာသြားႏိုင္တယ္။

ျမန္မာ့ႏိုင္ငံေရးအတြက္ အ ေရးႀကီးတဲ့ကိစၥသံုးရပ္ကေတာ့ ဒီမိုကေရစီခိုင္မာေရး၊ တိုင္းရင္းသား အေရး၊ စစ္ဘက္အရပ္ဘက္ဆက္ ဆံေရးပါ။ ၿပီးေတာ့ ဆင္းရဲမြဲေတ မႈေလွ်ာ့ခ်ေရးနဲ႔ ကြဲျပားျခားနားေနတဲ့ လူမႈအသိုက္အ၀န္း
ေတြၾကား ဆက္စပ္ေပးႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။ ဘယ္အဖြဲ႕အစည္းပဲ တက္တက္ ဥပေဒနဲ႔ လုပ္ထံုးလုပ္နည္းေတြကို ေမွ်ာ့ႀကိဳးသကဲ့သို႔ လိုလွ်င္လိုသလို အသက္သြင္းတဲ့ Selective En-forcement ကို ေရွာင္ရွား သြားသင့္ပါတယ္။ ဒါမွသာ အုပ္စိုးသူအ တြင္းမွာလည္းရွိဆဲ လုပ္ထံုးလုပ္နည္းေတြမွာရွိႏိုင္တဲ့ ႏိုင္ငံေရးမေသခ်ာမႈ Political Uncertainty ကို ေလွ်ာ့ခ်ႏိုင္ၿပီး အကြဲအၿပဲနည္းတဲ့ အေျပာင္းအလဲကို ေခ်ာေမြ႕ညင္သာေအာင္ လုပ္ႏိုင္မယ္။ တစ္ဖက္မွာလည္း ႏိုင္ငံေရးပါတီနဲ႔ ျပည္သူလူထုက ရွိဆဲဥပေဒအ ေပၚ ယံုၾကည္မႈပိုရွိလာႏုိင္မယ္။

ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္။

7day daily
.................
‘‘Military Ideology မှာ တပ်မတော်က အုပ်ချုပ်ရေးကဏ္ဍကနေ စွန့်ခွာရမယ်ဆိုတာကို သူတို့လက်ခံထားပြီးသားလို့ မျှော်လင့်တယ်’’

မဆုမွန်သဇင်အောင်သည်လက်ရှိတွင် ဟောင်ကောင်တက္က သိုလ် ၌ နိုင်ငံရေးနှင့် ပြည်သူ့အုပ်ချုပ် ရေးဆိုင်ရာဘာသာရပ်အတွက် ကျမ်းပြုစုနေသည့် Ph.D ကျောင်း သူတစ်ဦးဖြစ်ပြီး စင်ကာပူနိုင်ငံ နန့်ယန်းနည်းပညာ တက္ကသိုလ်တွင် International Political Economy ဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိထားသူ ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများ၏ အသွင်ကူးပြောင်းရေးကာလ အုပ်ချုပ်သူလူတန်းစားများ
၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနှင့်အစိုးရအဖွဲ့၏ မူဝါဒပိုင်းဆိုင်ရာများကို အဓိကဦးတည်၍ စာတမ်းပြုစုနေသူလည်း ဖြစ်သည်။

ထို့ပြင် မဆုမွန်သဇင်အောင် သည် သြဇာကြီးမားသည့် Foreign Policy မဂ္ဂဇင်းတွင်လည်း အခါ အားလျော်စွာ မြန်မာ့အသွင်ကူး ပြောင်းရေးနှင့် တပ်မတော်တို့၏ အခန်းကဏ္ဍများကို ရေးသားနေသူ
ဖြစ်ပြီး မြန်မာနိုင်ငံတွင် မကြာမီကျင်းပတော့မည့် ၂၀၁၅ ရွေးကောက်ပွဲအပါအဝင် တပ်မတော်၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးအပါအဝင် တိုင်းရင်းသားနှင့် လက်နက်ကိုင်ပဋိပက္ခအရေးစသည့် မျက်မှောက်
မြန်မာ့နိုင်ငံရေးရာတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

လက်ရှိမြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုပုံစံက ကမ္ဘာပေါ်မှာရှိတဲ့ တခြားသော အသွင်ကူးပြောင်း မှုနိုင်ငံများနဲ့ နှိုင်းယှဉ်ရင် ဘယ်လို လမ်းကြောင်းမျိုးကို သွားနေတယ် လို့ သုံးသပ်မိပါသလဲ။

အာဏာရှင်စနစ်ကနေ ဒီမို ကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ အသွင်ကူးပြောင်းတဲ့ပုံစံက တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူနိုင်ပါ ဘူး။ တချို့နိုင်ငံတွေမှာလို ညင် ညင်သာသာနဲ့ ပြောင်းသွားတဲ့ နိုင်ငံတွေလည်း ရှိတယ်။ ဥပမာ တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့လို တပ်မတော်က တဖြည်းဖြည်းနဲ့ နောက် ဆုတ်သွားတာမျိုးလေးတွေရှိသ လို တချို့နိုင်ငံတွေမှာကျတော့ လည်း မဏ္ဍိုင်တစ်ခုခုက လွှမ်းမိုးသွားတဲ့ ဥပမာ ရုရှား၊
ယူကရိန်းတို့လိုမျိုး Executive Authoritarian လို့ ခေါ်တဲ့ အုပ်ချုပ်ရေးက လွှမ်းမိုး သွားတဲ့ အာဏာရှင်ပုံစံတစ်မျိုးမျိုး မှာ ရပ်သွားတာမျိုးလည်း ရှိပါ တယ်။ သုတေသီတွေရဲ့ တွေ့ရှိ ချက်က ၂၁ ရာစုနောက်ပိုင်းအ သွင်ကူးပြောင်းရေး လုပ်တဲ့ နိုင်ငံ တော်တော်များများမှာ ဒီမိုကရေစီ စနစ်ကို လုံးဝကူးပြောင်းတာထက် စာရင် Hybrid Regime မှာ Authoritian ပုံစံတစ်မျိုးမျိုးမှာ အာဏာကို အချိန်ကာလတစ်ခုအထိ ကြာကြာ ထိန်းသိမ်းထားနိုင်တယ် လို့ ပြောကြတယ်။ သူတို့ဟာ ရွေး ကောက်ပွဲကိုလည်း ကျင်းပနိုင် တယ်။ လွှတ်တော်တွေကိုလည်း ပုံမှန်ခေါ်နိုင်တယ်။ မီဒီယာကို လည်း တတ်နိုင်သလောက် ဖြေ လျှော့ပေးနိုင်တယ်ပေါ့။ ဒါကြောင့်၂၁ ရာစုမှာ အာဏာရှင်စနစ်ဟာ ပုံစံတစ်မျိုးမျိုးနဲ့ နည်းနည်းလေး ရေရှည်တည်တံ့နေတာကို တွေ့ရတယ်။

ဒါကြောင့် Hybrid Regime ပုံစံဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေးမှာ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းကို ပြန်ကြည့်ရင် အဓိကအဟန့်အတားက အာဏာ ပြဿနာပေါ့နော်။ Power Game ကြောင့်
နိုင်ငံရေးအကျပ်အတည်း ကို ရောက်စေတာဆိုတဲ့ သုံးသပ် ချက်တွေက အပြည့်အဝမှန်ပါ တယ်။ ဒီအပြင် ကျွန်မထင်တာက လုပ်ထုံးလုပ်နည်းပြဿနာက လည်း အရမ်းအရေးပါပါတယ်။ လုပ်ထုံးလုပ်နည်းပြဿနာ (Insti-tutional Problem) ကြောင့်မို့လို့ အာဏာပြဿနာကို ဘူးလေးရာ ဖရုံဆင့်ဆိုသလို ပိုပြီးခက်ခဲကြန့် ကြာသွားစေတာလည်း ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အရေး ကြီးဆုံး လုပ်ထုံးလုပ်နည်းပြဿနာကတော့ Constitution လို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ပေါ့။ အဲဒီပြဿနာက ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးပြ ဿနာဖြစ်တဲ့ ကာလကနေစပြီးတော့ မကြာသေးခင်ကာလအထိ အုပ်ချုပ်ရေးကနေပြီးတော့ အာ ဏာရပါတီတစ်ခုအတွင်းမှာ ခေါင်းဆောင်မှုအပြောင်းအလဲကို စီမံ ကွပ်ကဲမှုရှိတယ်။ လွှမ်းမိုးမှုရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေ၊ ပြောဆိုချက်လေးတွေရှိလာပါတယ်။ အုပ်စိုးသူတွေကြားထဲမှာပင်လျှင် လက်ရှိ စည်းမျဉ်းဥပဒေတွေက ဒွိဟဖြစ် စရာ၊ ၀ိ၀ါဒကွဲပြားတာတွေ ရှိလာ တယ်။ ဒါဟာ အကြီးကျယ်ဆုံးလုပ်ထုံးလုပ်နည်းပြဿနာကို ဖော်ပြ တာပါ။

မြန်မာ့အသွင် ကူးပြောင်းရေးကို အာရပ်နွေဦးနဲ့ အစိုးရဘက်က မကြာခဏနှိုင်းယှဉ်ပြောကြားတာ လည်းရှိတယ်။ အာရပ်နွေဦးနဲ့စာ ရင် အသွင်ကူးပြောင်းရေးက ပို အောင်မြင်တယ်လို့လည်း ပြောကြ
တာပေါ့။ အဲဒီအပေါ်မှာ ဘယ်လို များသုံးသပ်လိုပါသလဲ။

အသွင်ကူးပြောင်းရေးကို နှိုင်းယှဉ်တဲ့အခါ ဘယ်စံချိန်စံနှုန်းပေါ် အခြေခံမလဲဆိုတာ မူတည်ပါ တယ်။ ဥပမာ- အီဂျစ်လိုနိုင်ငံတွေ မှာဖြစ်ခဲ့တဲ့ Trasition နဲ့ နှိုင်းယှဉ် လေ့လာရင် ပိုအောင်မြင်တယ်လို့ ပြောလည်းရပါတယ်။ တချို့ ArabSpring မှာပဲ အောင်အောင်မြင်မြင်ကူးပြောင်းတဲ့ (ဥပမာ- တူနီးရှား)နိုင်ငံတွေနဲ့ ချိန်ထိုးပြီးကြည့် ရင် မြန်မာနိုင်ငံရဲ့ ကူးပြောင်းရေး က လိုသေးတယ်လို့ ပြောရင်လည်း ရပါတယ်။

ဒီလိုအခြေအနေက ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အပြောင်းအလဲကို ဖော်ဆောင်နိုင် မယ်လို့ ထင်ပါသလား။

ရွေးကောက်ပွဲကို တချို့ကFree and Fair (လွတ်လပ်ပြီး တရားမျှတမှုရှိ၊ မရှိ)ဆိုတဲ့ ပုံစံနဲ့ တိုင်းတာတယ်။ ကျွန်မကတော့ ရွေးကောက်ပွဲကို အခြေခံမူသုံးမျိုးနဲ့ ကြည့်ချင် တယ်။ Principle of Competition
ပါ၀င်ယှဉ်ပြိုင်သူတွေ လွတ်လပ် စွာပါ၀င်ယှဉ်ပြိုင်ခွင့်ရ၊ မရ၊ Principle of Participation ပါ၀င်တဲ့ သူတွေက တကယ်ပဲ တရားမျှတစွာ တန်းတူညီမျှပါ၀င်နိုင်ခွင့်ရှိသလား။ မဲပေးမယ့် မဲဆန္ဒရှင်တွေ ပေါ့။ Principle of Accountability ပေါ့။ တာဝန်ယူမှု၊ တာဝန်ခံနိုင်မှု ဘယ်လောက်ရှိမလဲဆိုတာကို တိုင်းတာတာပေါ့။ အခု မဲဆွယ်ပွဲ တချို့မှာ ပဋိပက္ခတွေဖြစ်တယ်၊ သွေးထွက်သံယိုတွေ ဖြစ်တယ်ဆို တာ ဒါကိုဘယ်လိုကိုင်တွယ်ဖြေ ရှင်းမလဲ။ ဘယ်လောက်ထိ မျှမျှတတနဲ့ ဖြေရှင်းမလဲ။ နောက်ပြီး တော့လည်း ရွေးကောက်ပွဲရလဒ် ကို အသိအမှတ်ပြုတဲ့အခါ ဘယ်လောက်ထိ ရှင်းရှင်းလင်းလင်းနဲ့ အသိအမှတ်ပြုမလဲဆိုတဲ့အပေါ် မူတည်တယ်။ ယှဉ်ပြိုင်သူတွေ လွတ်
လပ်စွာ ပါ၀င်ယှဉ်ပြိုင်ခွင့်ရ၊ မရ ကြည့်ရင် အဓိကပြိုင်ဘက်ပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အနေနဲ့ ရွေးကောက် ပွဲမှာ ပါ၀င်နိုင်တယ်။ သမ္မတဖြစ်ဖို့ ကိုတော့ Constitution အရ အဟန့်အတားဖြစ်နေတယ်။ နောက်တစ်ခုက ဥပဒေပိုင်းဆိုင်ရာပြဿနာ ရှိတယ်။ အစိုးရအဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲမှာ ပါ၀င်ခွင့်ရှိ၊ မရှိ ဆိုတဲ့ ဟာလေးတွေပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ အစိုးရ အဖွဲ့ဝင်တွေသည် ပါတီလုပ်ငန်း လုပ်ဆောင်ခွင့်မရှိဘူး။ ပြောပြီးသား။ အစိုးရအဖွဲ့ ဥပဒေမှာကျတော့ ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရှိတယ်။ ဒါတွေက ဒွိဟဖြစ်စရာလေးတွေရှိတယ်။

တကယ်တမ်းနောက်ဆုံးကျတော့ ရွေးကောက်ပွဲကော်မရှင်က အစိုးရအဖွဲ့ရဲ့ ဥပဒေကို လက်ခံလိုက်ပုံ ရတယ်။ ဒါဆိုရင် ဘယ်ဥပဒေက ပိုပြီးအာဏာသက်ဝင်မှုရှိလဲဆို တာကလည်း ဖြေရှင်းရမယ့် ပြဿနာပဲ။

Principle of Participation မဲဆန္ဒရှင်တွေ တန်းတူညီမျှပါ၀င် နိုင်မလားဆိုတဲ့ ပြဿနာ။ မဲဆန္ဒ ရှင်တွေရဲ့ စာရင်းပြုစုတဲ့အခါမှာ မဲစာရင်းအမှားလေးတွေရှိပါတယ် လို့ ပြောထားပါတယ်။ လုပ်ထုံး လုပ်နည်းအမှား ဆိုပေမယ့် တော်တော်သိသာတဲ့ အရေအတွက်ဖြစ် လာမယ်ဆိုရင် တချို့နေရာတွေ မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေနဲ့ ပေါင်းသွားခဲ့ရင် နိုင်ငံရေး ပါတီတစ်ခုခု အနေနဲ့ပဲဖြစ်ဖြစ် အစိုးရဖွဲ့နိုင်တဲ့အထိကို ထိခိုက်ပြီး အတိမ်းအစောင်းဖြစ်မယ်ဆိုရင် ဒါက မကောင်းဘူး။ အဲဒါတွေက စိုးရိမ်ကြောင့်ကြစရာ ရှိပါတယ်။

အတိုက်အခံပါတီအနေနဲ့ အစိုးရ ဖွဲ့နိုင်တဲ့ အထိ နိုင်မယ်ဆိုရင်ကော အာဏာလွှဲပြောင်းမှု ညင်သာဖို့ အတိုက်အခံဘက်ကို ဘယ်လို အကြံပြုချင်လဲ။

တကယ်လို့သာ အသွင်ကူး ပြောင်းရေးကာလမှာဖြစ်တဲ့ ဒီရွေး ကောက်ပွဲမှာ အတိုက်အခံပါတီအ နေနဲ့နိုင်ခဲ့ရင် တစ်ဖက်နဲ့ တစ်ဖက်တင်းခံမှုတွေ၊ မတည်မငြိမ်မှုတွေ လည်း ရှိလာမှာပဲ။ တချို့အဖွဲ့အစည်းတွေရဲ့
ထောက်ခံမှုကိုလည်း ယူရမှာပဲ။ ဒီအဖွဲ့တွေနဲ့ ဘယ်လောက်ထိ ချိတ်ဆက်ပြီး ပြေလည်အောင် ညှိနှိုင်းနိုင်မလဲပေါ် လည်း မူတည်တယ်။ တိုင်းရင်းသားပါတီတွေ၊ အဖွဲ့အစည်းတွေ၊ လူမျိုးစုတွေရဲ့ ထောက်ခံမှုကိုရဖို့ ကလည်း အရေးကြီးတယ်။

တကယ်လို့ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးအနေနဲ့ လူထုထောက်ခံမှု မရရခဲ့ရင် တပ်မတော်အနေနဲ့ ပြည်ခိုင်ဖြိုးကို လက်တွဲဖြုတ်ခဲ့နိုင်ဖို့ စဉ်းစားချက်ရှိနိုင်ပါသလား။

ပြည်ထောင်စုကြံ့ခိုင်ရေးပါ တီကိုယ်တိုင်က မည်သည့်အဖွဲ့ အစည်းနှင့်မဆို အပြောင်းအလဲကို လက်တွဲလုပ်ဆောင်သွားမယ်လို့ ပြောထားတာတော့ ရှိပါတယ်။ ပြည်ခိုင်ဖြိုးက တကယ်တမ်းရွေး ကောက်ပွဲမှာ ထင်သလောက် ထောက်ခံမှုမရခဲ့လို့ တပ်မတော်ကလက်တွဲဖြုတ်မလားဆိုတာက တပ်မတော်ရဲ့ သွေးသစ်လောင်း ထားမှုက ဒီပါတီထဲမှာ ဘယ် လောက်ထိ အားရှိသလဲဆိုတဲ့အ ပေါ် မူတည်တယ်။

အရင်ခေတ်တွေကလို တစညကို လက်တွဲဖြုတ်ခဲ့တာမျိုးပေါ့။ ဒီဘက်ခေတ်မှာ တပ်မတော်နဲ့ ပါတီဘယ်လောက် စည်းလုံးမလဲ၊ တပ်က အရပ်ဝတ်လဲပြီး အာဏာ ရပါတီထဲမှာ တာဝန်ထမ်းဆောင် ပြီးတော့ ပါတီကိစ္စတွေကို ဘယ်လောက်အထိ အရေးကြီးတဲ့နေရာမှာ အတွင်းကျကျလွှမ်းမိုးမှု လုပ် နိုင်မလဲဆိုတာ ရှိတယ်။ သူတို့သာ ပါတီတွင်းမှာ စိတ်ကြိုက်အပြောင်းအလဲလုပ်ခွင့်ရတယ်ဆိုရင် ပါတီ ကိုထားသွားဖို့ အလားအလာနည်း ပါတယ်။ ဒါပေမဲ့ ပါတီထဲမှာ ခေါင်းဆောင်ပိုင်းအတွင်းမှာ အတိုက်အ ခိုက်တွေရှိလာမယ်ဆိုရင်တော့ ဒါက ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အသွင်ကူးပြောင်းရေးသွားနေတဲ့ တစ်ချိန်တည်းမှာပဲ လက်နက်ကိုင် ပဋိပက္ခတွေက တိုးလာနေပြီး မြန်မာနိုင်ငံမှာ စစ်တလင်းတွေက ပို များလာပါတယ်။ ဒီအရေးကိစ္စ တွေဟာ အသွင်ကူးပြောင်းရေးမှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအ ရေးနဲ့ တိုင်းရင်းသားရေးသက အမြဲတမ်း ဒွန်တွဲနေတယ်။ ၁၉၈၈ လို မျိုး အရမ်းကိုလူထုအုံကြွမှုဖြစ်ခဲ့တဲ့ အချိန်မှာ တပ်က တစ်ဖက်မှာ တိုက်ပွဲတွေကို ကိုင်တွယ်ခဲ့တယ်။ အခု အသွင် ကူးပြောင်းရေးကိုလည်း အာရုံစိုက်တယ်ဆိုတာနဲ့ သွားနေ တယ်။ အခုတစ်ဖက်မှာ ငြိမ်းချမ်း ရေးလည်းလုပ်တယ်။ NCA မှာ လက်မှတ်ရေးထိုးလိုက်တဲ့အဖွဲ့တွေနဲ့ လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေ ကြား ခွဲခြားဆက်ဆံမှု ရှိမလားဆိုတာ စောင့်ကြည့်ရမယ်။ ဒီ NCA က Divide and Rule Tactics (ခွဲခြားအုပ်ချုပ်)တဲ့စနစ်ကို ပြန်သွားမလားပေါ့။ တပ်မတော်အစိုးရ လက်ထက်မှာ ဒီစနစ်ကို သုံးခဲ့တယ်လို့ စွပ်စွဲချက်တွေရှိတယ်။ တချို့အဖွဲ့ကို ဆုပေးပြီး တချို့အ ဖွဲ့ကို ဒဏ်ပေးတဲ့ဟာမျိုးရှိတယ် ပေါ့။ အခုအပစ်ရပ်စာချုပ်လက် မှတ်ရေးထိုးပြီးတဲ့အခါမှာ ဒီနည်းက တကယ်ပြန်ဖြစ်ပေါ်လာမလား။ မရေးထိုးထားတဲ့ အဖွဲ့တွေကို ဒီဖြစ်စဉ်တွေထဲမှာ တစ်ပါတည်း ပါအောင် ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာကြည့်ရမှာပါ။ ဒီအသွင်ကူးပြောင်းရေးဆိုတာ တကယ်တမ်းတော့ အုပ်စိုးသူလူတန်းစားကနေစခဲ့တဲ့ အသွင်ကူးပြောင်းရေးပါပဲ။ ဒီလိုပြောရင် လူထုက တော့ သိပ်ကြိုက်မှာ မဟုတ်ဘူး။ ဘာလို့လဲဆို ၂၀၀၇ က လုထုအုံကြွ မှုကြောင့် ဒီနေ့အသွင်ကူးပြောင်း ရေးဖြစ်လာတာလို့လည်း ပြောကြ တယ်။ ဒါပေမဲ့ အဲဒီအချိန်က တပ် မတော်က အာဏာဆက်ယူမယ် ဆို ယူလို့ရသေးတဲ့အနေအထား ကို ၂၀၁၁ မှာ အသွင်ကူးပြောင်းရေးကို စခဲ့တာ။ ဒါကြောင့် Military Ideology မှာ တပ်မတော်က အုပ် ချုပ်ရေးကဏ္ဍကနေ စွန့်ခွာရမယ် ဆိုတာကို သူတို့လက်ခံထားပြီး သားလို့ မျှော်လင့်တယ်။ သူတို့အ တွက် ဘယ်လောက်လုံခြုံမှုရှိစေ မလဲပေါ်မူတည်ပြီးတော့ အုပ်ချုပ် ရေးပိုင်းကနေလည်း သူတို့စွန့်ခွာသွားနိုင်တယ်။

မြန်မာ့နိုင်ငံရေးအတွက် အ ရေးကြီးတဲ့ကိစ္စသုံးရပ်ကတော့ ဒီမိုကရေစီခိုင်မာရေး၊ တိုင်းရင်းသား အရေး၊ စစ်ဘက်အရပ်ဘက်ဆက် ဆံရေးပါ။ ပြီးတော့ ဆင်းရဲမွဲတေ မှုလျှော့ချရေးနဲ့ ကွဲပြားခြားနားနေတဲ့ လူမှုအသိုက်အဝန်း
တွေကြား ဆက်စပ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းပဲ တက်တက် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မျှော့ကြိုးသကဲ့သို့ လိုလျှင်လိုသလို အသက်သွင်းတဲ့ Selective En-forcement ကို ရှောင်ရှား သွားသင့်ပါတယ်။ ဒါမှသာ အုပ်စိုးသူအ တွင်းမှာလည်းရှိဆဲ လုပ်ထုံးလုပ်နည်းတွေမှာရှိနိုင်တဲ့ နိုင်ငံရေးမသေချာမှု Political Uncertainty ကို လျှော့ချနိုင်ပြီး အကွဲအပြဲနည်းတဲ့ အပြောင်းအလဲကို ချောမွေ့ညင်သာအောင် လုပ်နိုင်မယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးပါတီနဲ့ ပြည်သူလူထုက ရှိဆဲဥပဒေအ ပေါ် ယုံကြည်မှုပိုရှိလာနိုင်မယ်။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

7day daily

No comments:

Post a Comment