Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

ပါရီအၾကမ္းဖက္မႈ အတြက္ စင္ေပၚကေန ၀မ္းနည္းျခင္းစကား ဆိုခဲ့တဲ့ Madonna



ဂႏၱ၀င္ ေပါ့ပ္အဆိုေတာ္ Madonna ဟာ ပါရီအၾကမ္းဖက္မႈ ျဖစ္ပြားၿပီး ေနာက္တစ္ေန႔ ဆြီဒင္ႏိုင္ငံ ၊ စေတာ့ဟုန္း ၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့ သူမရဲ႕ ေဖ်ာ္ေျဖပြဲအတြင္း သူမအေနနဲ႔ စိတ္မေကာင္းျဖစ္ေနတဲ့ ပရိတ္သတ္ေတြကို သီဆိုေဖ်ာ္ေျဖျပရတာ အျပစ္ရွိသလို ခံစားရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ထို ေဖ်ာ္ေျဖပြဲမွာေတာ့ ဂႏၱ၀င္ ေတးေရးေတးဆို Madonna က ႏို၀င္ဘာ ၁၃ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ပါရီအၾကမ္းဖက္မႈနဲ႔ ပတ္သက္ၿပီး ရည္ညႊန္းကာ ပရိတ္သတ္ေတြကို တိုက္ရိုက္ေျပာဆိုခဲ့တယ္လို႔ Billboard သတင္းဌာန က ေဖာ္ျပထားပါတယ္။

အသက္ ၅၇ ႏွစ္အရြယ္ အဆိုေတ္ာ Madonna ဟာ စေတာ့ဟုန္းၿမိဳ႕မွာရွိတဲ့ Tele 2 Arena မွာ ေဖ်ာ္ေျဖသီဆိုေနစဥ္မွာ သူမရဲ႕ ေဖ်ာ္ေျဖမႈကို ရပ္နားလိုက္ၿပီး လူ ၁၂၉ ေယာက္ေသဆံုးကာ လူေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာ ရခဲ့တဲ့ ျဖစ္ရပ္အတြက္ ခံစားမႈျပင္းထန္တဲ့ ၀မ္းနည္းျခင္း အထိမ္းအမွတ္ကို ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

"မေန႔ညကဘာျဖစ္ခဲ့တယ္ဆိုတညကို မေမ့ႏိုင္သလိုဒီေဖ်ာ္ေျဖပြဲကို ျပဳလုပ္ရတာလည္း ကၽြန္မအတြက္ အရမ္းခက္ခဲပါတယ္။ဒါေၾကာင့္ကၽြန္မ ဒီကိစၥနဲ႔ပတ္သက္ၿပီး အခ်ိန္ယူေျပာျပခ်င္ပါတယ္။မေန႔ညက ပါရီမွာ ျဖစ္ခဲ့တာဟာ တန္ဖိုးရွိတဲ့ဘ၀ကို အဆံုးသတ္လိုက္တဲ့ အဓိပၸာယ္မရွိတဲ့ လုပ္ရပ္ျဖစ္ၿပီး ဆံုးရံႈးမႈမ်ားခဲ့တဲ့ သတ္ျဖတ္ႀကံစည္မႈပါ။ ဒါဟာ ဒီလူေတြဘာလိုခ်င္လဲဆိုတာကိုျပတာပါ။ ဒီလူေတြက ကၽြန္မတို႔ကို ပါးစပ္ပိတ္ေနေစခ်င္တယ္။ တိတ္ဆိတ္ေနေစခ်င္တယ္။ ဒါေပမယ့္ ကၽြန္မတို႔ခြင့္မျပဳပါဘူး။ကၽြန္မတို႔ခ်စ္တာကို ကၽြန္မတို႔လုပ္ေနျခင္းအား ရပ္တန္႔ဖို႔ ဒီကမာၻေပၚမွာ ဘယ္သူမွ အခြင့္အေရး မရွိပါဘူး။" လို႔ Madonna က ဆိုပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Starpulse
................................................

ပါရီအကြမ်းဖက်မှု အတွက် စင်ပေါ်ကနေ ၀မ်းနည်းခြင်းစကား ဆိုခဲ့တဲ့ Madonna



ဂန္တဝင် ပေါ့ပ်အဆိုတော် Madonna ဟာ ပါရီအကြမ်းဖက်မှု ဖြစ်ပွားပြီး နောက်တစ်နေ့ ဆွီဒင်နိုင်ငံ ၊ စတော့ဟုန်း မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သူမရဲ့ ဖျော်ဖြေပွဲအတွင်း သူမအနေနဲ့ စိတ်မကောင်းဖြစ်နေတဲ့ ပရိတ်သတ်တွေကို သီဆိုဖျော်ဖြေပြရတာ အပြစ်ရှိသလို ခံစားရတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ထို ဖျော်ဖြေပွဲမှာတော့ ဂန္တဝင် တေးရေးတေးဆို Madonna က နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပါရီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ရည်ညွှန်းကာ ပရိတ်သတ်တွေကို တိုက်ရိုက်ပြောဆိုခဲ့တယ်လို့ Billboard သတင်းဌာန က ဖော်ပြထားပါတယ်။

အသက် ၅၇ နှစ်အရွယ် အဆိုတေ်ာ Madonna ဟာ စတော့ဟုန်းမြို့မှာရှိတဲ့ Tele 2 Arena မှာ ဖျော်ဖြေသီဆိုနေစဉ်မှာ သူမရဲ့ ဖျော်ဖြေမှုကို ရပ်နားလိုက်ပြီး လူ ၁၂၉ ယောက်သေဆုံးကာ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ဖြစ်ရပ်အတွက် ခံစားမှုပြင်းထန်တဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"မနေ့ညကဘာဖြစ်ခဲ့တယ်ဆိုတညကို မမေ့နိုင်သလိုဒီဖျော်ဖြေပွဲကို ပြုလုပ်ရတာလည်း ကျွန်မအတွက် အရမ်းခက်ခဲပါတယ်။ဒါကြောင့်ကျွန်မ ဒီကိစ္စနဲ့ပတ်သက်ပြီး အချိန်ယူပြောပြချင်ပါတယ်။မနေ့ညက ပါရီမှာ ဖြစ်ခဲ့တာဟာ တန်ဖိုးရှိတဲ့ဘဝကို အဆုံးသတ်လိုက်တဲ့ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်ပြီး ဆုံးရှုံးမှုများခဲ့တဲ့ သတ်ဖြတ်ကြံစည်မှုပါ။ ဒါဟာ ဒီလူတွေဘာလိုချင်လဲဆိုတာကိုပြတာပါ။ ဒီလူတွေက ကျွန်မတို့ကို ပါးစပ်ပိတ်နေစေချင်တယ်။ တိတ်ဆိတ်နေစေချင်တယ်။ ဒါပေမယ့် ကျွန်မတို့ခွင့်မပြုပါဘူး။ကျွန်မတို့ချစ်တာကို ကျွန်မတို့လုပ်နေခြင်းအား ရပ်တန့်ဖို့ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ အခွင့်အရေး မရှိပါဘူး။" လို့ Madonna က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment