Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 24, 2015

လူငယ္မ်ားအတြက္ ကမၻာေက်ာ္ စြန္႔ဦးတီထြင္သူ Jack Maရဲ႕ အမွာစကား

"ခင္ဗ်ား အခု အသက္ ၂၅ ႏွစ္ရွိျပီ ဟုတ္လား...။ မစုိးရိမ္နဲ႔။ အဲ့ဒါ အေကာင္းဆံုးအခ်ိန္ပဲ။ ကြ်န္ေတာ့ရဲ႕ ေလွ်ာက္လမ္းမွု နည္းလမ္းေလးနဲ႔ အၾကံေပးခ်င္တယ္။

အသက္ ၂၀ မျပည့္ခင္အထိ အခ်ိန္ကာလက သင္ၾကားမွု အခ်ိန္ကာလ ျဖစ္ပါတယ္။ ကိုယ္ဟာ စြန္႔ဦးတီထြင္သူ တစ္ေယာက္ျဖစ္တယ္။ ကိုယ္ဟာ စြန္႔ဦးတီထြင္သူ တစ္ေယာက္ ျဖစ္ခ်င္တယ္ဆုိရင္ အသက္ ၂၀ ေအာက္မွာ ဒါကို ေသခ်ာ ေလ့လာ ဆည္းပူးထားရန္လုိအပ္ပါတယ္။

အသက္ ၂၀ နဲ႔ ၃၀ ၾကား ေရာက္ျပီဆုိပါစို႔။ ယင္းအခ်ိန္ဟာ အလုပ္တစ္ခုကို ေရြးခ်ယ္ျပီးေတာ့ လုပ္ကိုင္ရမယ့္ အခ်ိန္အခါ ျဖစ္ပါတယ္။ ကုမၺဏီၾကီးမွာ လုပ္တယ္ဆုိရင္ သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ အဆင့္ဆင့္ကို ေလ့လာခြင့္ရမယ္။ ကိုယ္ဟာ စက္ၾကီးတစ္ခုရဲ႕ အစိတ္အပိုင္း ျဖစ္လာမယ္။ အကယ္၍ company ေသးေသးေလး မွာ စလုပ္ျဖစ္တယ္ဆုိပါစို႔။ သူတို႔ရဲ႕ ေအာင္ျမင္လုိစိတ္ေတြ၊ ဝါသနာ ပါမွုေတြကို ေလ့လာခြင့္ရမယ္။ ဒီေတာ့ ဘယ္ကုမၺဏီေရြးလုပ္လုပ္ အဓိကကေတာ့ ကုိယ္ ဘယ္ boss ေနာက္ကို လိုက္တယ္ဆုိတဲ့အခ်က္ပဲ။ သူဟာ ကိုယ့္ကို လုပ္ငန္းခြင္မွာ အမ်ားၾကီးသင္ေပးသြားမယ့္သူ။ ကုမၺဏီၾကီးတယ္၊ ေသးတယ္ဆုိတာထက္ ဘယ္ လုပ္ငန္းရွင္ေကာင္းေနာက္ကို လုိက္တယ္ဆုိတာ အင္မတန္ အေရးၾကီးပါတယ္။

အသက္ ၃၀ နဲ႔ ၄၀ ၾကား ေရာက္ျပီ ဆုိပါစို႔။ ကုိယ့္ကိုယ္ကို လုပ္ငန္းတစ္ခုစဖုိ႔ စဥ္းစားေတာ့။ စဥ္းစားတဲ့အခါ ကိုယ္ဘယ္ေနရာမွာ ထူးခြ်န္ကြ်မ္းက်င္လဲဆုိတာကို ေလ့လာ။ အဲ့အခ်ိန္ေရာက္မွာ ကိုယ္မကြ်မ္းတဲ့ နယ္ပယ္ထဲ ဝင္ဖို႔ မစဥ္းစားနဲ႔ေတာ့။ ေအာင္ျမင္ေကာင္းေအာင္ျမင္လိမ့္မယ္။ ဒါေပမယ့္ က်ရွံုးႏုိင္ေခ် အရမ္းမ်ားပါတယ္။ ဒီေတာ့ ကုိယ္လုပ္ႏိုင္တာနဲ႔ လုပ္ခ်င္တာကို ေသခ်ာ ေရြးခ်ယ္ပါ။

အသက္ ၄၀ ကေန ၅၀ ၾကား ေရာက္ျပဆုိပါစုိ႔။ အဲ့အရြယ္က်ရင္ ကိုယ္လုပ္ေနတဲ့ဟာကိုပဲ ဘယ္လို အေကာင္းဆံုး ျဖစ္ေအာင္ လုပ္ႏိုင္မလဲဆုိတာ ေသခ်ာ စဥ္းစားပါ။ လုပ္ပါ။ ဘယ္လို ဆက္ျပီးေတာ့ ေအာင္ျမင္ေအာင္၊ အေကာင္းဆံုး ျဖစ္ေအာင္ ဘာလုပ္ရမလဲ ဆုိတာေပါ့။

အသက္ ၅၀ နဲ႔ ၆၀ ၾကား ေရာက္ျပီ ဆုိရင္ မ်ိဳးဆက္သစ္ လူငယ္ေတြအေပၚမွာ စတင္ ရင္းႏွီးျမွဳပ္ႏွံေတာ့။ ဘာလို႔လဲဆုိ သူတို႔ဟာ ခင္ဗ်ားတို႔ထက္ ပုိျပီးေတာ့ လုပ္ႏိုင္တယ္။ ခင္ဗ်ားတို႔၊ ကြ်န္ေတာ္တုိ႔ လုပ္ႏုိင္ေတာ့မွာ မဟုတ္ဘူး။ အဲ့အခ်ိန္က်ရင္လုပ္မယ့္အစား ရင္းႏွီးျမွဳပ္ႏွံဖုိ႔ပဲ စဥ္းစားပါ။

အသက္ ၆၀ ေက်ာ္လာျပီ ဆုိပါစုိ႔။ အဲ့အခ်ိန္က်ရင္ ဘာမွ မလုပ္နဲ႔ေတာ့။ ကမ္းေျခမွာပဲ ျဖစ္ျဖစ္ ေနေရာင္နဲ႔ လိုင္းရိုက္ခတ္မွုကိုခံစားေတာ့။ အဲ့အရြယ္ဟာ ကိုယ့္ဘဝရဲ႕ ျပဳျပီး ျဖစ္ခဲ့ျပီးတို႔ကို ျပန္လည္ ခံစား ေအးေဆး ေနရေတာ့မယ္ အခ်ိန္ ျဖစ္ပါတယ္။

ဒီေတာ့ အခု အသက္ ၂၅ ႏွစ္အရြယ္မွာ ဘာမွ ျဖစ္မလာေသးပါလားဆုိျပီးေတာ့ မစိုးရိမ္နဲ႔။ အမွားေတြ လုပ္ျဖစ္မယ္။ အမွားေတြပါမယ္။ အမွားလုပ္ျဖစ္တာဟာ ကိုယ့္ဘဝအတြက္ ၾကီးမားတဲ့ အျမတ္ေတြပါပဲ။ သူတုိ႔ဆီကေန အေတြ႔အၾကံဳေတြ၊ အသိေတြ ျပန္ရတာကိုး။ ဒီေတာ့ လွဲက်တိုင္း ျပန္ထဖုိ႔ ၾကိဳးစားပါ။ အရွံုးမေပးပါနဲ႔”

ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#inspiration_yyl
www.yoyarlay.com

(Unicode version)
လူငယ်များအတွက် ကမ္ဘာကျော် စွန့်ဦးတီထွင်သူ Jack Maရဲ့ အမှာစကား

"ခင်ဗျား အခု အသက် ၂၅ နှစ်ရှိပြီ ဟုတ်လား...။ မစိုးရိမ်နဲ့။ အဲ့ဒါ အကောင်းဆုံးအချိန်ပဲ။ ကျွန်တော့ရဲ့ လျှောက်လမ်းမှု နည်းလမ်းလေးနဲ့ အကြံပေးချင်တယ်။

အသက် ၂၀ မပြည့်ခင်အထိ အချိန်ကာလက သင်ကြားမှု အချိန်ကာလ ဖြစ်ပါတယ်။ ကိုယ်ဟာ စွန့်ဦးတီထွင်သူ တစ်ယောက်ဖြစ်တယ်။ ကိုယ်ဟာ စွန့်ဦးတီထွင်သူ တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် အသက် ၂၀ အောက်မှာ ဒါကို သေချာ လေ့လာ ဆည်းပူးထားရန်လိုအပ်ပါတယ်။

အသက် ၂၀ နဲ့ ၃၀ ကြား ရောက်ပြီဆိုပါစို့။ ယင်းအချိန်ဟာ အလုပ်တစ်ခုကို ရွေးချယ်ပြီးတော့ လုပ်ကိုင်ရမယ့် အချိန်အခါ ဖြစ်ပါတယ်။ ကုမ္ဗဏီကြီးမှာ လုပ်တယ်ဆိုရင် သူတို့ရဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်ကို လေ့လာခွင့်ရမယ်။ ကိုယ်ဟာ စက်ကြီးတစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်လာမယ်။ အကယ်၍ company သေးသေးလေး မှာ စလုပ်ဖြစ်တယ်ဆိုပါစို့။ သူတို့ရဲ့ အောင်မြင်လိုစိတ်တွေ၊ ဝါသနာ ပါမှုတွေကို လေ့လာခွင့်ရမယ်။ ဒီတော့ ဘယ်ကုမ္ဗဏီရွေးလုပ်လုပ် အဓိကကတော့ ကိုယ် ဘယ် boss နောက်ကို လိုက်တယ်ဆိုတဲ့အချက်ပဲ။ သူဟာ ကိုယ့်ကို လုပ်ငန်းခွင်မှာ အများကြီးသင်ပေးသွားမယ့်သူ။ ကုမ္ဗဏီကြီးတယ်၊ သေးတယ်ဆိုတာထက် ဘယ် လုပ်ငန်းရှင်ကောင်းနောက်ကို လိုက်တယ်ဆိုတာ အင်မတန် အရေးကြီးပါတယ်။

အသက် ၃၀ နဲ့ ၄၀ ကြား ရောက်ပြီ ဆိုပါစို့။ ကိုယ့်ကိုယ်ကို လုပ်ငန်းတစ်ခုစဖို့ စဉ်းစားတော့။ စဉ်းစားတဲ့အခါ ကိုယ်ဘယ်နေရာမှာ ထူးချွန်ကျွမ်းကျင်လဲဆိုတာကို လေ့လာ။ အဲ့အချိန်ရောက်မှာ ကိုယ်မကျွမ်းတဲ့ နယ်ပယ်ထဲ ဝင်ဖို့ မစဉ်းစားနဲ့တော့။ အောင်မြင်ကောင်းအောင်မြင်လိမ့်မယ်။ ဒါပေမယ့် ကျရှုံးနိုင်ချေ အရမ်းများပါတယ်။ ဒီတော့ ကိုယ်လုပ်နိုင်တာနဲ့ လုပ်ချင်တာကို သေချာ ရွေးချယ်ပါ။

အသက် ၄၀ ကနေ ၅၀ ကြား ရောက်ပြဆိုပါစို့။ အဲ့အရွယ်ကျရင် ကိုယ်လုပ်နေတဲ့ဟာကိုပဲ ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်မလဲဆိုတာ သေချာ စဉ်းစားပါ။ လုပ်ပါ။ ဘယ်လို ဆက်ပြီးတော့ အောင်မြင်အောင်၊ အကောင်းဆုံး ဖြစ်အောင် ဘာလုပ်ရမလဲ ဆိုတာပေါ့။

အသက် ၅၀ နဲ့ ၆၀ ကြား ရောက်ပြီ ဆိုရင် မျိုးဆက်သစ် လူငယ်တွေအပေါ်မှာ စတင် ရင်းနှီးမြှုပ်နှံတော့။ ဘာလို့လဲဆို သူတို့ဟာ ခင်ဗျားတို့ထက် ပိုပြီးတော့ လုပ်နိုင်တယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲ့အချိန်ကျရင်လုပ်မယ့်အစား ရင်းနှီးမြှုပ်နှံဖို့ပဲ စဉ်းစားပါ။

အသက် ၆၀ ကျော်လာပြီ ဆိုပါစို့။ အဲ့အချိန်ကျရင် ဘာမှ မလုပ်နဲ့တော့။ ကမ်းခြေမှာပဲ ဖြစ်ဖြစ် နေရောင်နဲ့ လိုင်းရိုက်ခတ်မှုကိုခံစားတော့။ အဲ့အရွယ်ဟာ ကိုယ့်ဘဝရဲ့ ပြုပြီး ဖြစ်ခဲ့ပြီးတို့ကို ပြန်လည် ခံစား အေးဆေး နေရတော့မယ် အချိန် ဖြစ်ပါတယ်။

ဒီတော့ အခု အသက် ၂၅ နှစ်အရွယ်မှာ ဘာမှ ဖြစ်မလာသေးပါလားဆိုပြီးတော့ မစိုးရိမ်နဲ့။ အမှားတွေ လုပ်ဖြစ်မယ်။ အမှားတွေပါမယ်။ အမှားလုပ်ဖြစ်တာဟာ ကိုယ့်ဘဝအတွက် ကြီးမားတဲ့ အမြတ်တွေပါပဲ။ သူတို့ဆီကနေ အတွေ့အကြုံတွေ၊ အသိတွေ ပြန်ရတာကိုး။ ဒီတော့ လှဲကျတိုင်း ပြန်ထဖို့ ကြိုးစားပါ။ အရှုံးမပေးပါနဲ့”

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment