Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

ISIS အဖြဲ႕က ၀ါရွင္တန္ဒီစီ ကို တိုက္ခိုက္မယ္လို႔ သတိေပး


တနလၤာေန႔မွာ ISIS အဖြဲ႕က ဗီဒီယို တစ္ခု နဲ႔အတူ သတိေပးလိုက္တာကေတာ့ သူတို႔ဟာ အေမရိကန္ျပည္ေထာင္စု ရဲ႕ ၀ါရွင္တန္ဒီစီကို တိုက္ခိုက္သြားမယ္ဆိုတာပဲ ျဖစ္တယ္လို႔ Reuters သတင္းဌာနက ေဖာ္ျပထားပါတယ္။

ထို ဗီဒီယိုထဲမွာေတာ့ အၾကမ္းဖက္ အဖြဲ႕အစည္း ISIS က ဆီးရီးယားကို ေလေၾကာင္းတိုက္ခိုက္မႈ မွာပါ၀င္ခဲ့တဲ့ ႏိုင္ငံအားလံုးကို ပစ္မွတ္ထားသြားမွာျဖစ္ၿပီး ျပင္သစ္လို ကံၾကမၼာ မ်ိဳးကို ခံစားေစရမယ္လို႔ ဆိုလိုက္ပါတယ္။

ဒါဟာ လူဦးေရ ၁၂၉ ေယာက္ေသဆံုးၿပီး လူေပါင္းမ်ားစြာ ဒဏ္ရာရခဲ့တဲ့ ပါရီ အၾကမ္းဖက္မႈ ျဖစ္ပြားအၿပီး ရက္အနည္းငယ္ အၾကာမွာ ထြက္ေပၚလာခဲ့တာပါ။ ပါရီအၾကမ္းဖက္မႈ ျဖစ္ပြားၿပီး ေနာက္တစ္ေန႔မွာေတာ့ ျပင္သစ္ႏိုင္ငံ အစိုးရ က ဆီးရီးယား ႏိုင္ငံ ရက္ကာ ၿမိဳ႕ကို ေလေၾကာင္းတိုက္ခိုက္မႈ ေတြစတင္ခဲ့ၿပီး ဗံုးအလံုး ၂၀ ခန္႔ ႀကဲခ်ခဲ့တယ္လို႔လည္း သိရပါတယ္။

ျပင္သစ္ႏိုင္ငံရဲ႕ သမၼတ Francois Hollande ကေတာ့ ပါရီတိုက္ခိုက္မႈဟာ စစ္ေၾကညာမႈ တစ္ခုျဖစ္ၿပီး ျပင္သစ္ႏိုင္ငံရဲ႕ လက္တံု႔ျပန္မႈမွာ သနားညွာတာမႈ မရွိတာကို ျပသသြားမယ္လို႔ ဆိုထားပါတယ္။

အေမရိကန္ အပါအ၀င္ မဟာမိတ္ႏိုင္ငံေတြ ISIS အဖြဲ႕ကို ၂၀၁၄ ခုႏွစ္ ၾသဂုတ္လကစတင္ၿပီး ေလေၾကာင္းတိုက္ခိုက္မႈ ၈၀၀၀ ခန္႔ကို ျပဳလုပ္ခဲ့ၿပီး ျဖစ္တယ္လို႔ ကာကြယ္ေရးဌာန ရဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။

( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Elite Daily

....................................................................

ISIS အဖွဲ့က ၀ါရှင်တန်ဒီစီ ကို တိုက်ခိုက်မယ်လို့ သတိပေး

တနင်္လာနေ့မှာ ISIS အဖွဲ့က ဗီဒီယို တစ်ခု နဲ့အတူ သတိပေးလိုက်တာကတော့ သူတို့ဟာ အမေရိကန်ပြည်ထောင်စု ရဲ့ ၀ါရှင်တန်ဒီစီကို တိုက်ခိုက်သွားမယ်ဆိုတာပဲ ဖြစ်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

ထို ဗီဒီယိုထဲမှာတော့ အကြမ်းဖက် အဖွဲ့အစည်း ISIS က ဆီးရီးယားကို လေကြောင်းတိုက်ခိုက်မှု မှာပါ၀င်ခဲ့တဲ့ နိုင်ငံအားလုံးကို ပစ်မှတ်ထားသွားမှာဖြစ်ပြီး ပြင်သစ်လို ကံကြမ္မာ မျိုးကို ခံစားစေရမယ်လို့ ဆိုလိုက်ပါတယ်။

ဒါဟာ လူဦးရေ ၁၂၉ ယောက်သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့ ပါရီ အကြမ်းဖက်မှု ဖြစ်ပွားအပြီး ရက်အနည်းငယ် အကြာမှာ ထွက်ပေါ်လာခဲ့တာပါ။ ပါရီအကြမ်းဖက်မှု ဖြစ်ပွားပြီး နောက်တစ်နေ့မှာတော့ ပြင်သစ်နိုင်ငံ အစိုးရ က ဆီးရီးယား နိုင်ငံ ရက်ကာ မြို့ကို လေကြောင်းတိုက်ခိုက်မှု တွေစတင်ခဲ့ပြီး ဗုံးအလုံး ၂၀ ခန့် ကြဲချခဲ့တယ်လို့လည်း သိရပါတယ်။

ပြင်သစ်နိုင်ငံရဲ့ သမ္မတ Francois Hollande ကတော့ ပါရီတိုက်ခိုက်မှုဟာ စစ်ကြေညာမှု တစ်ခုဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ လက်တုံ့ပြန်မှုမှာ သနားညှာတာမှု မရှိတာကို ပြသသွားမယ်လို့ ဆိုထားပါတယ်။

အမေရိကန် အပါအဝင် မဟာမိတ်နိုင်ငံတွေ ISIS အဖွဲ့ကို ၂၀၁၄ ခုနှစ် သြဂုတ်လကစတင်ပြီး လေကြောင်းတိုက်ခိုက်မှု ၈၀၀၀ ခန့်ကို ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ကာကွယ်ရေးဌာန ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Elite Daily

No comments:

Post a Comment