Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 19, 2015








( Skyler )



Ref: Daily Mail

.......................................................

နယူးယောက်မြို့ကို တိုက်ခိုင်ဦးမည်ဟု ISIS ခြိမ်းခြောက်


အသစ်ထွက်ရှိလာတဲ့ ဗီဒီယိုဖိုင်မှာ နယူးယောက်မြို့ကို ဗုံးခွဲတိုက်ခိုက်မယ်လို့ ISIS က ခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဝါရှင်တန် ဒီ၊စီ၊ ကို တိုက်မယ်ဆိုပြီး ပြောခဲ့ပါသေးတယ်။

ဒီကြည်လင်ပြတ်သားတဲ့ ဗီဒီယိုဖိုင်ကတော့ မန်ဟက်တန် မှာရှိတဲ့ တိုင်းမ် ရင်ပြင်နဲ့ ဟီရယ်လ် ရင်ပြင်တို့မှာ အဝါရောင်တက္ကစီတွေ၊ လူအုပ်ကြီးတွေကို ရိုက်ပြထားတာပါ။ သည်းထိတ်ရင်ဖိုကောင်းတဲ့ ပြင်သစ် ဂီတကိုလည်း နောက်ခံအဖြစ် လုပ်ထားပါသေးတယ်။

အဲ့ဒီ့နောက်တော့ လူတစ်ယောက်က လူအုပ်ထဲကိုဝင်ပြီး ဗုံးမဖောက်ခင် သူ့ ခါးမှာ ဗုံးပတ်ထားကို ရိုက်ပြထားပါတယ်။ ဒီဗီဒီယိုဖိုင်ကို သတိထားနေကြောင်း နယူးယောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီမြို့ကို တိုက်ရိုက်ခြိမ်းခြောက်ထားတာမျိုး မရှိပေမဲ့၊ စောင့်ကြည့်သတိထားဖို့ရာ အသားပေးဖော်ပြထားတဲ့ အခြေအနေရှိကြောင်း နယူးယောက်ရဲတွေက ထပ်မံပြောကြားခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်မှာ၊ အသေခံဗုံးခွဲဖို့အတွက် ကြိုတင်ပြင်ဆင်ကာ၊ အပေါ်မှ ဂျာကင်အကျီင်္ကို ထပ်ဝတ်တာ၊ လက်ပစ်ဗုံးလို့ထင်ရတဲ့ သော့ချိတ်လိုလိုအရာကို စနက်တန်ဖြုတ်နေတာ၊ စတဲ့ ရိုက်ကွက်တွေ ပါဝင်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Daily Mail

No comments:

Post a Comment