Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

တရုတ္လူမ်ိဳးဓားစာခံတစ္ဦးကို ISIS က ကြပ္မ်က္လုိက္ျပီးေနာက္ တရုတ္ႏိုင္ငံကပါ ISIS အဖြဲ ့ကို စစ္ေၾကျငာ




လြန္ခဲ့တဲ့တစ္ပတ္အတြင္း အစၥလာမစ္စစ္ေသြးၾကြအဖြဲ ့ရဲ့ တုိက္ခုိက္မွဳႏွစ္ခုမွာ တရုတ္ႏုိင္ငံသားေလးဦး ေသဆုံးခဲ့ရျပီးေနာက္မွာ တရုတ္ႏုိင္ငံဟာ ISIS ကို ေခ်မွဳန္းတဲ့တိုက္ပြဲမွာ အေနာက္ႏိုင္ငံေတြနဲ ့အတူ ပူးေပါင္းသြားမွာျဖစ္ပါတယ္။

စက္တင္ဘာလတုန္းက ဓားစာခံအျဖစ္ဖမ္းေခၚခံခဲ့ရသူ ေနာ္ေ၀းလူမ်ိဳး Ole Johan Grimsgaard-Ofstad ၊ အသက္ ၄၈ ႏွစ္နဲ ့ေဘဂ်င္းျမိဳ ့သား အသက္ ၅၀ ႏွစ္အရြယ္၊ Fan Jinghui တုိ ့ကို သတ္ျဖတ္လုိက္ျပီ ျဖစ္ေၾကာင္း ISIS က အခုိင္အမာဆုိျပီးေနာက္မွာ တရုတ္ႏိုင္ငံက ISIS ကို ေခ်မွဳန္းသြားဖုိ ့သႏၷိဌာန္ခ်လုိက္တာ ျဖစ္ပါတယ္။

တရုတ္သမၼတ Xi Jinping က “ ကမၻာ့ျငိမ္းခ်မ္းေရးနဲ ့လုံျခဳံမွဳကို ကာကြယ္ဖုိ ့နဲ ့ အျပစ္မဲ့ျပည္သူေတြရဲ့အသက္ ေပါင္းမ်ားစြာကို အၾကီးအက်ယ္ေျခမြခဲ့တဲ့ ရက္စက္တဲ့ အၾကမ္းဖက္လုပ္ရပ္ေတြကို ျပတ္ျပတ္သားသား ေခ်မွဳန္းသြားဖုိ ့အတြက္ တရုတ္ႏိုင္ငံေတာ္ဟာ ႏိုင္ငံတကာအသိုင္းအ၀ုိင္းနဲ ့ပူးေပါင္းေဆာင္ရြက္မွဳေတြကို ပုိမုိ အားျဖည့္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္” လုိ ့ေျပာၾကားခဲ့ပါတယ္။

ISIS ဟာ ၎တို ့ပုိင္ ၀ါဒျဖန္ ့ခ်ိေရးမဂၢဇင္း  Dabiq မွာ အမ်ိဳးသားႏွစ္ဦးရဲ့ ပုံအျပည့္ႏွစ္ပုံပုိစတာကို ‘ေရာင္းရန္ရွိသည္’ ဆုိတဲ့ စာသားနဲ ့ေဖာ္ျပခဲ့ျပီးေနာက္ ေနာက္ဆုံးထြက္ မဂၢဇင္းမွာေတာ့ အဆုိပါ အမ်ိဳးသားႏွစ္ေယာက္ကို မူဆလင္မဟုတ္တဲ့ႏိုင္ငံေတြနဲ ့အဖြဲ ့အစည္းေတြက လ်စ္လ်ဴရွဳျပီးေနာက္ ISIS အဖြဲ ့က ပစ္သတ္လုိက္ျပီလုိ ့ဆုိတဲ့ ဓာတ္ပုံေတြေဖာ္ျပခဲ့ပါတယ္။

တရုတ္သမၼတ Xi ဟာ Mali ႏိုင္ငံျမိဳ ့ေတာ္ ဟိုတယ္မွာ စစ္ေသြးၾကြေတြရဲ့တုိက္ခုိက္မွဳေၾကာင့္ လူေပါင္းမ်ားစြာ အသက္ဆုံးရွဳံးခဲ့ရျပီး တရုတ္မီးရထား ကုမၸဏီက အလုပ္အမွဳေဆာင္အရာရွိသုံးဦးကိုပါ ဖမ္းေခၚသြားခဲ့မွဳကို လည္း အျပင္းအထန္ရွဳတ္ခ်ခဲ့ပါတယ္။

“ လူ ့အသိစိတ္နဲ ့လူ ့က်င့္၀တ္စည္းကမ္းေတြ လုံး၀မရွိဘဲ၊ ISIS အၾကမ္းဖက္အဖြဲ ့အစည္းဟာ ယခုလိုေသြးေအးရက္စက္ၾကမ္းၾကဳတ္တဲ့လုပ္ရပ္ေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္။ တရုတ္အစိုးရဟာ ဒီလုိ လူသားမဆန္တဲ့လူရပ္မ်ိဳးကို အျပင္းအထန္ရွဳတ္ခ်ျပီး ဒီရာဇ၀တ္သမားေတြဟာ သူတုိ ့ရဲ့ လုပ္ရပ္ကို သူတုိ ့ ျပန္တာ၀န္ယူသြားရမွာျဖစ္ပါတယ္” လုိ ့ သမၼတက မိန္ ့ခြန္းမွာေျပာၾကားခဲ့ပါတယ္။

လက္ရွိတာ၀န္ထမ္းေဆာင္ေနသူ စစ္သည္ေပါင္း ႏွစ္သန္းေက်ာ္ရွိတဲ့ စစ္တပ္ကို ပုိင္ဆုိင္ထားတဲ့ တရုတ္ႏိုင္ငံက ISIS ကို စစ္ေၾကျငာလုိက္တဲ့ သတင္းဟာ ISIS တုိ ့အတြက္ေတာ့ သတင္းဆုိးတစ္ခုျဖစ္ပါတယ္။

( Ye Wint )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror

.........................................

တရုတ်လူမျိုးဓားစာခံတစ်ဦးကို ISIS က ကွပ်မျက်လိုက်ပြီးနောက် တရုတ်နိုင်ငံကပါ ISIS အဖွဲ ့ကို စစ်ကြေငြာ


လွန်ခဲ့တဲ့တစ်ပတ်အတွင်း အစ္စလာမစ်စစ်သွေးကြွအဖွဲ ့ရဲ့ တိုက်ခိုက်မှုနှစ်ခုမှာ တရုတ်နိုင်ငံသားလေးဦး သေဆုံးခဲ့ရပြီးနောက်မှာ တရုတ်နိုင်ငံဟာ ISIS ကို ချေမှုန်းတဲ့တိုက်ပွဲမှာ အနောက်နိုင်ငံတွေနဲ ့အတူ ပူးပေါင်းသွားမှာဖြစ်ပါတယ်။

စက်တင်ဘာလတုန်းက ဓားစာခံအဖြစ်ဖမ်းခေါ်ခံခဲ့ရသူ နော်ဝေးလူမျိုး Ole Johan Grimsgaard-Ofstad ၊ အသက် ၄၈ နှစ်နဲ ့ဘေဂျင်းမြို ့သား အသက် ၅၀ နှစ်အရွယ်၊ Fan Jinghui တို ့ကို သတ်ဖြတ်လိုက်ပြီ ဖြစ်ကြောင်း ISIS က အခိုင်အမာဆိုပြီးနောက်မှာ တရုတ်နိုင်ငံက ISIS ကို ချေမှုန်းသွားဖို ့သန္နိဌာန်ချလိုက်တာ ဖြစ်ပါတယ်။

တရုတ်သမ္မတ Xi Jinping က “ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ ့လုံခြုံမှုကို ကာကွယ်ဖို ့နဲ ့ အပြစ်မဲ့ပြည်သူတွေရဲ့အသက် ပေါင်းများစွာကို အကြီးအကျယ်ခြေမွခဲ့တဲ့ ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြတ်ပြတ်သားသား ချေမှုန်းသွားဖို ့အတွက် တရုတ်နိုင်ငံတော်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ ့ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမို အားဖြည့်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို ့ပြောကြားခဲ့ပါတယ်။

ISIS ဟာ ၎င်းတို ့ပိုင် ၀ါဒဖြန် ့ချိရေးမဂ္ဂဇင်း  Dabiq မှာ အမျိုးသားနှစ်ဦးရဲ့ ပုံအပြည့်နှစ်ပုံပိုစတာကို ‘ရောင်းရန်ရှိသည်’ ဆိုတဲ့ စာသားနဲ ့ဖော်ပြခဲ့ပြီးနောက် နောက်ဆုံးထွက် မဂ္ဂဇင်းမှာတော့ အဆိုပါ အမျိုးသားနှစ်ယောက်ကို မူဆလင်မဟုတ်တဲ့နိုင်ငံတွေနဲ ့အဖွဲ ့အစည်းတွေက လျစ်လျူရှုပြီးနောက် ISIS အဖွဲ ့က ပစ်သတ်လိုက်ပြီလို ့ဆိုတဲ့ ဓာတ်ပုံတွေဖော်ပြခဲ့ပါတယ်။

တရုတ်သမ္မတ Xi ဟာ Mali နိုင်ငံမြို ့တော် ဟိုတယ်မှာ စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး တရုတ်မီးရထား ကုမ္ပဏီက အလုပ်အမှုဆောင်အရာရှိသုံးဦးကိုပါ ဖမ်းခေါ်သွားခဲ့မှုကို လည်း အပြင်းအထန်ရှုတ်ချခဲ့ပါတယ်။

“ လူ ့အသိစိတ်နဲ ့လူ ့ကျင့်ဝတ်စည်းကမ်းတွေ လုံးဝမရှိဘဲ၊ ISIS အကြမ်းဖက်အဖွဲ ့အစည်းဟာ ယခုလိုသွေးအေးရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ တရုတ်အစိုးရဟာ ဒီလို လူသားမဆန်တဲ့လူရပ်မျိုးကို အပြင်းအထန်ရှုတ်ချပြီး ဒီရာဇဝတ်သမားတွေဟာ သူတို ့ရဲ့ လုပ်ရပ်ကို သူတို ့ ပြန်တာဝန်ယူသွားရမှာဖြစ်ပါတယ်” လို ့ သမ္မတက မိန် ့ခွန်းမှာပြောကြားခဲ့ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေသူ စစ်သည်ပေါင်း နှစ်သန်းကျော်ရှိတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံက ISIS ကို စစ်ကြေငြာလိုက်တဲ့ သတင်းဟာ ISIS တို ့အတွက်တော့ သတင်းဆိုးတစ်ခုဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment