Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 19, 2015








( Mario )


Ref : Mirror

..............................................................................


ဗြိတိန် တော်ဝင်လေတပ် က IS အကြမ်းဖက်အဖွဲ့ ၃၀ ကျော် ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
 

ဗြိတိန် လေတပ် Royal Air Force ရဲ့ ဖိုက်တာ လေယာဉ်တွေဟာ အီရတ် နိုင်ငံ မြောက်ပိုင်းမှာ ကာဒစ်ရှ် စစ်တပ် တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ISIS အစွန်းရောက် အကြမ်းဖက်အဖွဲ့ ၃၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

GR4 patrol ဆိုတဲ့ ဒုံးကျည်တစ်စင်းဟာ အီရတ် မြောက်ပိုင်း Sinja ဒေသ နားမှာ ရှိတဲ့ စက်သေနတ် အကြီးစား တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါတယ်။

တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခု မှာလည်း ဗြိတိန် နိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှု ဟာ အီရတ်နိုင်ငံ Mosul မြို့မှာရှိတဲ့ IS တပ်ဖွဲ့တွေကို ကာဒစ်ရှစ် တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်နေမှုကိုလည်း အထောက်အပံ့ ပြုလုပ်ပေးခဲ့ပါသေးတယ်။

"ဒီစစ်ဆင်ရေးဟာ Mosul မြို့နားမှာရှိတဲ့ စက်သေနတ် အကြီးစားတစ်ခုကို ဖြိုခွင်းခဲ့ပြီး Sinjar ဒေသ ဘက်ကို ဆက်လက်ဦးတည်ခဲ့ပါတယ်။ တိမ်တိုက်ကြီးမားမှုတွေဖြစ်နေတဲ့အတွက် IS တွေက လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မရှိဘူးလို့ ယုံကြည်နေတဲ့အချိန်မှာ ကာဒစ်ရှ် တပ်ဖွဲ့တွေနဲ့ အနီးကပ် အလုပ်လုပ်ပြီး  GR4 ဒုံးကျည်တွေနဲ့ ရန်သူ အကြမ်းဖက်အဖွဲ့ ၃၀ လောက်ကို ဖြိုခွင်းနိုင်ခဲ့ပါတယ်" လို့ ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာနက ဆိုပါတယ်။

မနေ့ကလည်း RAF ရဲ့ မောင်းသူမဲ့လေယာဉ်က နေ ပစ်လွှတ် တိုက်ခိုက်မှုကြောင့် ရန်သူ့ ယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆီးရီးယား လေပိုင်နက် ထဲ ၀င်ရောက် ကာ ပြင်သစ်ရဲ့ လက်စားချေ ပြန်လည် လေကြောင်းတိုက်ခိုက်မှု နဲ့ ထိုးစစ်ဆင်နေမှုကိုလည်း အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Ramadi ဒေသ မှာ IS တွေကို တိုက်ခိုက်နေတဲ့ အီရတ် အစိုးရ ရဲ့ တပ်ဖွဲ့တွေကိုလည်း ဗြိတိန် တော်ဝင် လေတပ် က ဒုံးကျည်တွေ ပစ်လွှတ် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ISIS ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကို ခံထားရတဲ့ ပြင်သစ် အစိုးရကတော့ ယူအေအီး နဲ့ ဂျော်ဒန်နိုင်ငံတို့ကနေ လေယာဉ် ၁၀ စင်း နဲ့အတူ ဗုံးကြဲ တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ် သမ္မတ Francois Hollande ကတော့ ပြင်သစ်နိုင်ငံဟာ စစ်ပွဲ ထဲ ရောက်နေပြီလို့ ကြေညာခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment