Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

၀ါရွင္တန္ကုိ တုိက္ခုိက္ဖုိ႔ IS ၿခိမ္းေျခာက္


IS အစၥလာမ္မစ္ အစြန္းေရာက္အဖြဲ႔ကလို႔ မွတ္ယူရတဲ့ ဗြီဒီယိုမွတ္တမ္းေခြတခုထဲမွာ ပါရီၿမိဳ႕မွာ တိုက္ခိုက္ခံရတဲ့ပံုစံမ်ိဳးနဲ႔ အေမရိကန္ ၀ါရွင္တန္ၿမိဳ႕ေတာ္ကို တိုက္ခိုက္မယ္လို႔ ၿခိမ္းေျခာက္ထားပါတယ္။

ဒီကေန႔ လူမႈကြန္ရက္ေတြေပၚတက္လာတဲ့ ဗြီဒီယိုထဲမွာေတာ့ စစ္ေသြးၾကြ ေခ်မႈန္းေရး စစ္ဆင္ေရးလုပ္ငန္းေတြမွာ ပါ၀င္ေနၾကတဲ့ ႏုိင္ငံအားလံုးကို ျပင္သစ္ႏုိင္ငံ ႀကံဳေတြ႔ခဲ့ရသလို ကံၾကမၼာမ်ိဳးနဲ႔ ႀကံဳရေစမယ္လို႔ ၿခိမ္းေျခာက္ထားပါတယ္။

ဒီဗြီဒီယိုေခြထဲမွာ ၿခိမ္းေျခာက္ေျပာဆိုေနတဲ့သူကေတာ့ အထူးသျဖင့္ အေမရိကန္ႏိုင္ငံ ၿမိဳ႕ေတာ္ကို တိုက္ခိုက္မယ္လို႔ ေျပာဆိုထားပါတယ္။ ဒီဗြီဒီယိုေခြ ဘယ္ေလာက္အထိ စစ္မွန္မႈရွိသလဲ ဆုိတာေတာ့ ဗြီအိုေအက သီးျခား အတည္မျပဳႏုိင္ေသးပါဘူး။ ဒီကိစၥနဲ႔ ပတ္သက္လို႔ အေမရိကန္ အစိုးရအရာရွိေတြက မွတ္ခ်က္ေပးေျပာဆိုတာလည္း မရွိေသးပါဘူး။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.......................................................

၀ါရှင်တန်ကို တိုက်ခိုက်ဖို့ IS ခြိမ်းခြောက်

IS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ကလို့ မှတ်ယူရတဲ့ ဗွီဒီယိုမှတ်တမ်းခွေတခုထဲမှာ ပါရီမြို့မှာ တိုက်ခိုက်ခံရတဲ့ပုံစံမျိုးနဲ့ အမေရိကန် ၀ါရှင်တန်မြို့တော်ကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒီကနေ့ လူမှုကွန်ရက်တွေပေါ်တက်လာတဲ့ ဗွီဒီယိုထဲမှာတော့ စစ်သွေးကြွ ချေမှုန်းရေး စစ်ဆင်ရေးလုပ်ငန်းတွေမှာ ပါ၀င်နေကြတဲ့ နိုင်ငံအားလုံးကို ပြင်သစ်နိုင်ငံ ကြုံတွေ့ခဲ့ရသလို ကံကြမ္မာမျိုးနဲ့ ကြံုရစေမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒီဗွီဒီယိုခွေထဲမှာ ခြိမ်းခြောက်ပြောဆိုနေတဲ့သူကတော့ အထူးသဖြင့် အမေရိကန်နိုင်ငံ မြို့တော်ကို တိုက်ခိုက်မယ်လို့ ပြောဆိုထားပါတယ်။ ဒီဗွီဒီယိုခွေ ဘယ်လောက်အထိ စစ်မှန်မှုရှိသလဲ ဆိုတာတော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရအရာရှိတွေက မှတ်ချက်ပေးပြောဆိုတာလည်း မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment