Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 12, 2015

ေရြးေကာက္ပြဲႏွင့္ ပတ္သက္ျပီး ရဲ၀ံ့စြာ သတင္းရယူခဲ့ေသာ Eleven Media Group သတင္းေထာက္မ်ားကို ဂုဏ္ျပဳ



၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲႏွင့္ ပတ္သက္ျပီး ရဲ၀ံ့စြာ သတင္းရယူခဲ့ေသာ Eleven Media Group သတင္းေထာက္မ်ားကို ဂုဏ္ျပဳျခင္းအား ႏို၀င္ဘာ ၁၂ ရက္က Eleven Media Group ရံုးခ်ဳပ္တြင္ ျပဳလုပ္ခဲ့ကာ CEO ေဒါက္တာ သန္းထြဋ္ေအာင္က ခ်ီးက်ဴးစကား ေျပာၾကားခဲ့ျပီး မန္ေနးဂ်င္း ဒါရိုက္တာ ေဒါက္တာ သိန္းျမင့္က ေျမာင္းျမ သတင္းေထာက္ ကိုမင္းသူ၀င္းထြဋ္ႏွင့္ ကယားျပည္နယ္ သတင္းေထာက္ မခိုင္တို႔ကို ဂုဏ္ျပဳဆုမ်ား ခ်ီးျမင့္ခဲ့ပါသည္။

အဆိုပါ သတင္းေထာက္မ်ားသည္ ေရြးေကာက္ပြဲ ေန႔တြင္ သာမက ေရြးေကာက္ပြဲ မတိုင္မီ လေပါင္း မ်ားစြာကတည္းကပင္ မသမာမႈ ျဖစ္စဥ္မ်ားကို ရဲ၀ံ့စြာ ေဖာ္ထုတ္ေရးသားခဲ့သည့္ အျပင္ ၎တို႔၏ သတင္းေပးပို႔မႈမ်ား ေၾကာင့္ ေရြးေကာက္ပြဲ ဆိုင္ရာ မသမာမႈျဖစ္စဥ္ႏွင့္ အျခားေသာ တရားမွ်တမႈ မရွိသည့္ ျဖစ္စဥ္မ်ားစြာကို ျပည္သူမ်ားက သတိထားမိေစခဲ့သျဖင့္ ယခုကဲ့သို႔ ဂုဏ္ျပဳခဲ့ျခင္း ျဖစ္ပါသည္။

ဂုဏ္ျပဳခံခဲ့ရသည့္ EMG သတင္းေထာက္မ်ားတြင္ မအူပင္၊ ေမာ္လျမိဳင္ကၽြန္း၊ က်ိဳက္လတ္၊ ေညာင္တုန္း၊ ပန္းတေနာ္၊ သာေပါင္း၊ ငပုေတာ၊ ေက်ာင္းကုန္း၊ ကန္ၾကီးေထာင့္၊ ေျမာင္းျမ၊ လပြတၱာ၊ ၀ါးခယ္မ၊ အိမ္မဲ အစရွိေသာ ေဒသ အမ်ားအျပားသို႔ သြားေရာက္ျပီး သတင္းမ်ား ေပးပို႔ခဲ့သူ ကိုမင္းသူ၀င္းထြဋ္၊ ျမန္ေအာင္၊ အဂၤပူ၊ ေလးမ်က္ႏွာ၊ ဟသၤာတ၊ ဇလြန္ အစရွိေသာ ျမိဳ႕နယ္ကို အေျခတည္၍ သတင္းမ်ား ေပးပို႔ခဲ့ေသာ ကိုေအာင္ေက်ာ္မ်ိဳး၊ မေကြးတိုင္းအတြင္းရွိ ျမိဳင္၊ ေရစၾကိဳ၊ ေပါက္၊ ဂန္႔ေဂါ၊ ပခုကၠဴသို႔ သြားေရာက္ျပီး သတင္းမ်ား ေပးပို႔ခဲ့သည့္ ကိုသက္ထိန္၀င္း၊ ရွမ္းျပည္နယ္ နမ့္စန္၊ ပင္လံု၊ လိြဳင္လင္၊ ေတာင္ၾကီး၊ ရြာငံ၊ ရပ္ေစာက္၊ ကေလာ၊ ေညာင္ေရႊ ျမိဳ႕နယ္မ်ားသို႔ သြားေရာက္ သတင္းရယူခဲ့သူ ခြန္စည္သာဟိန္းႏွင့္ ကယားျပည္နယ္ ေဘာလခဲ၊ ရွားေတာ၊ ဒီးေမာဆို၊ လိြဳင္ေကာ္၊ ဖရူဆို၊ ဖားေဆာင္းႏွင့္ ပတ္သက္ေသာ သတင္းမ်ားကို ေပးပို႔ခဲ့သည့္ မခိုင္တို႔ ပါ၀င္ခဲ့ပါသည္။

ထိုသတင္းေထာက္မ်ားထဲမွ ကယားျပည္နယ္ သတင္းေထာက္ မခိုင္သည္ ၂၀၁၃ ခုႏွစ္တြင္ လိြဳင္ေကာ္ခရိုင္ NLD ဥကၠ႒ (ယခု ဥကၠ႒ေဟာင္း)၏ သမီးက အိမ္ေက်ာ္နင္းမႈ အပါအ၀င္ ပုဒ္မအခ်ိဳ႕ျဖင့္ တရားစြဲဆိုခဲ့သျဖင့္ ေထာင္ဒဏ္ သံုးလ က်ခံခဲ့ရေသာ အမ်ိဳးသမီး သတင္းေထာက္ တစ္ဦးျဖစ္ပါသည္။

Eleven Media Group

...................................................
·
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရဲဝံ့စွာ သတင်းရယူခဲ့သော Eleven Media Group သတင်းထောက်များကို ဂုဏ်ပြု

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရဲဝံ့စွာ သတင်းရယူခဲ့သော Eleven Media Group သတင်းထောက်များကို ဂုဏ်ပြုခြင်းအား နိုဝင်ဘာ ၁၂ ရက်က Eleven Media Group ရုံးချုပ်တွင် ပြုလုပ်ခဲ့ကာ CEO ဒေါက်တာ သန်းထွဋ်အောင်က ချီးကျူးစကား ပြောကြားခဲ့ပြီး မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာ သိန်းမြင့်က မြောင်းမြ သတင်းထောက် ကိုမင်းသူဝင်းထွဋ်နှင့် ကယားပြည်နယ် သတင်းထောက် မခိုင်တို့ကို ဂုဏ်ပြုဆုများ ချီးမြင့်ခဲ့ပါသည်။

အဆိုပါ သတင်းထောက်များသည် ရွေးကောက်ပွဲ နေ့တွင် သာမက ရွေးကောက်ပွဲ မတိုင်မီ လပေါင်း များစွာကတည်းကပင် မသမာမှု ဖြစ်စဉ်များကို ရဲဝံ့စွာ ဖော်ထုတ်ရေးသားခဲ့သည့် အပြင် ၎င်းတို့၏ သတင်းပေးပို့မှုများ ကြောင့် ရွေးကောက်ပွဲ ဆိုင်ရာ မသမာမှုဖြစ်စဉ်နှင့် အခြားသော တရားမျှတမှု မရှိသည့် ဖြစ်စဉ်များစွာကို ပြည်သူများက သတိထားမိစေခဲ့သဖြင့် ယခုကဲ့သို့ ဂုဏ်ပြုခဲ့ခြင်း ဖြစ်ပါသည်။

ဂုဏ်ပြုခံခဲ့ရသည့် EMG သတင်းထောက်များတွင် မအူပင်၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ညောင်တုန်း၊ ပန်းတနော်၊ သာပေါင်း၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ မြောင်းမြ၊ လပွတ္တာ၊ ၀ါးခယ်မ၊ အိမ်မဲ အစရှိသော ဒေသ အများအပြားသို့ သွားရောက်ပြီး သတင်းများ ပေးပို့ခဲ့သူ ကိုမင်းသူဝင်းထွဋ်၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဟင်္သာတ၊ ဇလွန် အစရှိသော မြို့နယ်ကို အခြေတည်၍ သတင်းများ ပေးပို့ခဲ့သော ကိုအောင်ကျော်မျိုး၊ မကွေးတိုင်းအတွင်းရှိ မြိုင်၊ ရေစကြို၊ ပေါက်၊ ဂန့်ဂေါ၊ ပခုက္ကူသို့ သွားရောက်ပြီး သတင်းများ ပေးပို့ခဲ့သည့် ကိုသက်ထိန်ဝင်း၊ ရှမ်းပြည်နယ် နမ့်စန်၊ ပင်လုံ၊ လွိုင်လင်၊ တောင်ကြီး၊ ရွာငံ၊ ရပ်စောက်၊ ကလော၊ ညောင်ရွှေ မြို့နယ်များသို့ သွားရောက် သတင်းရယူခဲ့သူ ခွန်စည်သာဟိန်းနှင့် ကယားပြည်နယ် ဘောလခဲ၊ ရှားတော၊ ဒီးမောဆို၊ လွိုင်ကော်၊ ဖရူဆို၊ ဖားဆောင်းနှင့် ပတ်သက်သော သတင်းများကို ပေးပို့ခဲ့သည့် မခိုင်တို့ ပါ၀င်ခဲ့ပါသည်။

ထိုသတင်းထောက်များထဲမှ ကယားပြည်နယ် သတင်းထောက် မခိုင်သည် ၂၀၁၃ ခုနှစ်တွင် လွိုင်ကော်ခရိုင် NLD ဥက္ကဋ္ဌ (ယခု ဥက္ကဋ္ဌဟောင်း)၏ သမီးက အိမ်ကျော်နင်းမှု အပါအဝင် ပုဒ်မအချို့ဖြင့် တရားစွဲဆိုခဲ့သဖြင့် ထောင်ဒဏ် သုံးလ ကျခံခဲ့ရသော အမျိုးသမီး သတင်းထောက် တစ်ဦးဖြစ်ပါသည်။

Eleven Media Group

No comments:

Post a Comment