Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

ရုပ္ရွင္မင္းသား အျဖစ္ မရပ္တည္ခင္က စိတ္ဖိစီးမႈေတြခံစားခဲ့ရတယ္ ဆိုတဲ့ Dwayne Johnson


နပန္း သမားေဟာင္းတစ္ေယာက္ျဖစ္တဲ့ ရုပ္ရွင္မင္းသား Dwayne Johnson ဟာ စိတ္ဖိစီးမႈေတြ ကို ခံစားခဲ့ရတဲ့အေၾကာင္းေတြကို ဖြင့္ဟ ေျပာၾကားလာပါတယ္။

မၾကာေသးမီကပဲ San Andreas ဇာတ္လမ္း နဲ႔ ေအာင္ျမင္မႈ ရထားတဲ့ Dwayne Johnson ဟာ Oprah's Master Class ဆိုတဲ့အစီအစဥ္မွာ သူ႔ရဲ႕ စိတ္ဖိစီးမႈေတြနဲ႔ ႀကံဳေတြ႕ခဲ့ရတဲ့အေၾကာင္းေတြကို ဖြင့္ဟေျပာျပခဲ့ၿပီး သူ႔အေနနဲ႔ အခုလို နပန္းသမား တစ္ေယာက္ဘ၀ကေန ရုပ္ရွင္မင္းသားတစ္ေယာက္အျဖစ္ ဘ၀ ရပ္တည္မႈ ေျပာင္းလဲခဲ့ရျခင္းနဲ႔ ပတ္သက္ၿပီး ေတာ့လည္း ေျပာျပခဲ့ပါတယ္။

"ကၽြန္ေတာ္ဟာ စိတ္ဖိစီးမႈ ေတြခံစားေနရတဲ့အခ်ိန္မွာ တစ္ေယာက္ေယာက္က ကၽြန္ေတာ့္ကို အဲဒီ စိတ္ဖိစီးမႈ ေတြထဲကေန ဆြဲထုတ္ေပးေနဖို႔ ေမွ်ာ္လင့္ခဲ့မိတယ္။ ၿပီးေတာ့ ေဟး အဆင္ေျပသြားမွာပါလို႔ ေျပာရင္းနဲ႔ေပါ့" လို႔ Dwayne Johnson က ေျပာျပခဲ့ပါတယ္။ သူ႔လိုပဲ စိတ္ဖိစီးမႈ ကို ႀကံဳေတြ႕ေနရသူေတြကိုလည္း Dwayne Johnson က "သူတို႔အေနနဲ႔ ေရွ႕ဆက္ ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားသင့္ပါတယ္။ ဘာလုိ႔လည္းဆိုေတာ့ မၾကာခင္မွာ အဆိုးၿပီးရင္ အေကာင္းေရာက္လာဦးမွာေသခ်ာပါတယ္" လို႔လည္း တိုက္တြန္းခဲ့ျပန္ပါတယ္။

Dwayne Johnson ဟာ သူ႔ရဲ႕ နပန္း အဖြဲ႕ရဲ႕ နည္းျပဆရာက သူ႔ကို ေနရာဖယ္ရွားၿပီးတဲ့ေနာက္ စိတ္ဖိစီးမႈ ေတြခံေနရစဥ္မွာ ျပန္လည္ဆက္သြယ္ၿပီး နပန္းျပန္လည္ ကစားဖို႔ ေျပာခဲ့တယ္လို႔ဆိုပါတယ္။ အဲဒီအခ်ိန္ေတြဟာ သု႔အတြက္ ဆံုးျဖတ္ခ်က္ခ်ဖို႔ အခက္ခဲဆံုးျဖစ္ခဲ့သလို သူ႔ရဲ႕ ဖခင္ကေတာ့ နပန္း ျပန္ကစားမွာကို မလိုခ်င္ခဲ့ပါဘူး။

အဲဒီအတြက္လည္း သူ႔အေနနဲ႔ ရုပ္ရွင္ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ရပ္တည္လာခ်ိန္မွာ တစ္ခဲနက္အားေပးခဲ့တဲ့ ပရိတ္သတ္ေတြကိုလည္း ေက်းဇူးတင္တဲ့အေၾကာင္း ေျပာျပခဲ့သလို သူ႔ရဲ႕ အသက္ ၁၄ ႏွစ္အရြယ္ သမီးေလးနဲ႔ သူနဲ႔ ၾကားက သားအဖ သံေယာဇဥ္ အေၾကာင္းလည္း ေျပာျပခဲ့ပါေသးတယ္။

လက္ရွိမွာေတာ့ Dwayne Johnson ရဲ႕ ခ်စ္သူဟာ ဒုတိယ ေျမာက္ရင္ေသြးကို လြယ္ထားရၿပီး The Rock အေနနဲ႔ စစ္မွန္တဲ့ ေပ်ာ္ရႊင္မႈေတြကို ေတြ႕ရွိေနၿပီလို႔ ဆိုႏိုင္မွာ ျဖစ္ပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : E! Online

.............................................................

ရုပ်ရှင်မင်းသား အဖြစ် မရပ်တည်ခင်က စိတ်ဖိစီးမှုတွေခံစားခဲ့ရတယ် ဆိုတဲ့ Dwayne Johnson


နပန်း သမားဟောင်းတစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်မင်းသား Dwayne Johnson ဟာ စိတ်ဖိစီးမှုတွေ ကို ခံစားခဲ့ရတဲ့အကြောင်းတွေကို ဖွင့်ဟ ပြောကြားလာပါတယ်။

မကြာသေးမီကပဲ San Andreas ဇာတ်လမ်း နဲ့ အောင်မြင်မှု ရထားတဲ့ Dwayne Johnson ဟာ Oprah's Master Class ဆိုတဲ့အစီအစဉ်မှာ သူ့ရဲ့ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကို ဖွင့်ဟပြောပြခဲ့ပြီး သူ့အနေနဲ့ အခုလို နပန်းသမား တစ်ယောက်ဘဝကနေ ရုပ်ရှင်မင်းသားတစ်ယောက်အဖြစ် ဘဝ ရပ်တည်မှု ပြောင်းလဲခဲ့ရခြင်းနဲ့ ပတ်သက်ပြီး တော့လည်း ပြောပြခဲ့ပါတယ်။

"ကျွန်တော်ဟာ စိတ်ဖိစီးမှု တွေခံစားနေရတဲ့အချိန်မှာ တစ်ယောက်ယောက်က ကျွန်တော့်ကို အဲဒီ စိတ်ဖိစီးမှု တွေထဲကနေ ဆွဲထုတ်ပေးနေဖို့ မျှော်လင့်ခဲ့မိတယ်။ ပြီးတော့ ဟေး အဆင်ပြေသွားမှာပါလို့ ပြောရင်းနဲ့ပေါ့" လို့ Dwayne Johnson က ပြောပြခဲ့ပါတယ်။ သူ့လိုပဲ စိတ်ဖိစီးမှု ကို ကြံုတွေ့နေရသူတွေကိုလည်း Dwayne Johnson က "သူတို့အနေနဲ့ ရှေ့ဆက် ကျော်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာခင်မှာ အဆိုးပြီးရင် အကောင်းရောက်လာဦးမှာသေချာပါတယ်" လို့လည်း တိုက်တွန်းခဲ့ပြန်ပါတယ်။

Dwayne Johnson ဟာ သူ့ရဲ့ နပန်း အဖွဲ့ရဲ့ နည်းပြဆရာက သူ့ကို နေရာဖယ်ရှားပြီးတဲ့နောက် စိတ်ဖိစီးမှု တွေခံနေရစဉ်မှာ ပြန်လည်ဆက်သွယ်ပြီး နပန်းပြန်လည် ကစားဖို့ ပြောခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအချိန်တွေဟာ သု့အတွက် ဆုံးဖြတ်ချက်ချဖို့ အခက်ခဲဆုံးဖြစ်ခဲ့သလို သူ့ရဲ့ ဖခင်ကတော့ နပန်း ပြန်ကစားမှာကို မလိုချင်ခဲ့ပါဘူး။

အဲဒီအတွက်လည်း သူ့အနေနဲ့ ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်လာချိန်မှာ တစ်ခဲနက်အားပေးခဲ့တဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောပြခဲ့သလို သူ့ရဲ့ အသက် ၁၄ နှစ်အရွယ် သမီးလေးနဲ့ သူနဲ့ ကြားက သားအဖ သံယောဇဉ် အကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

လက်ရှိမှာတော့ Dwayne Johnson ရဲ့ ချစ်သူဟာ ဒုတိယ မြောက်ရင်သွေးကို လွယ်ထားရပြီး The Rock အနေနဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေကို တွေ့ရှိနေပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : E! Online

No comments:

Post a Comment