Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 20, 2015

ႏိုင္ငံေရးသမုိင္းသစ္အတြက္ တာဝန္ေက်ပြန္ခဲ့ေသာ မဲ႐ံုတာဝန္က်ဆရာ၊ ဆရာမမ်ား

By
ေဇာ္မ်ိဳးလႈိင္
On
Wed, 2015-11-18 11:34
ေကာ့မွဴးၿမိဳ႕နယ္ရွိ မဲ႐ုံတစ္႐ုံတြင္ ဆရာ၊ ဆရာမမ်ား တာဝန္ထမ္းေဆာင္ေနသည္ကို ေရြးေကာက္ပြဲေန႔က ျမင္ေတြ႕ရစဥ္ (ဓာတ္ပံု-ေဂ်ေမာင္ေမာင္(အမရပူရ))

‘‘မဲ႐ံုေစာင့္တယ္ဆိုတာထက္ အမ်ိဳးသားေရးတာဝန္အျဖစ္ ဆင္းရဲပင္ပန္းမႈဒဏ္ကိုမမႈဘဲ အားႀကိဳးမာန္တက္ေက်ပြန္စြာ ထမ္းေဆာင္ခဲ့တာပါ’’ဟု မႏၲေလးၿမိဳ႕တြင္ မဲ႐ံုတာဝန္ေဆာင္ရြက္ခဲ့သည့္ ဆရာမတစ္ဦးက ေျပာသည္။
   
ႏိုင္ငံေရးသမုိင္းသစ္တစ္ခု ျဖစ္ေပၚလာေစသည့္ ၂၀၁၅ အ ေထြေထြေရြးေကာက္ပြဲတြင္ ဘက္လိုက္မႈမရွိသည့္အလယ္လူဒိုင္လူႀကီးဟု တင္စားရမည့္ မဲ႐ံုမွဴးအမ်ားစုသည္ ပညာေရးဝန္ထမ္း ဆရာ၊ ဆရာမမ်ားျဖစ္ၾကသည္။
   
ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲ၌ တစ္ႏိုင္ငံလံုးအတုိင္းအတာအေနျဖင့္ မဲေပးရမည့္ မဲ႐ုံစုစုေပါင္း ေလးေသာင္းေက်ာ္ရွိကာ မဲ႐ံုမွဴး၊ ဒုမဲ႐ံုမွဴး၊ မဲ႐ံုအဖြဲ႕ဝင္မ်ားအျဖစ္ ပညာေရးဝန္ထမ္းဆရာ၊ ဆရာမမ်ားႏွင့္ ေဒသခံအစိုးရဝန္ထမ္းမ်ားက တာဝန္ထမ္းေဆာင္ခဲ့ၾကသည္။

၂၀၁၀ အေထြေထြေရြးေကာက္ပြဲႏွင့္ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲမ်ားတြင္ မဲ႐ံုမ်ား၌ ပညာေရးဝန္ထမ္းဆရာ၊ ဆရာမမ်ားအား တာဝန္ထမ္းေဆာင္ေစခဲ့ၿပီး ၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္လည္း မဲ႐ံုမ်ား၌ မဲ႐ံုမွဴးမ်ား၊ ဒုမဲ႐ံုမွဴးမ်ားႏွင့္ မဲ႐ံုအဖြဲ႕ဝင္မ်ားအျဖစ္ ပညာေရးဝန္ထမ္းဆရာ၊ ဆရာမမ်ားက တာဝန္ထမ္းေဆာင္ခဲ့ၾကရသည္။
   
၂၀၁၀ ေရြးေကာက္ပြဲတြင္ ျဖစ္ပြားခဲ့သည့္ ႀကိဳတင္မဲကိစၥမ်ားေၾကာင့္ ေရြးေကာက္ပြဲေကာ္မရွင္အေပၚ ျပည္သူမ်ားက ယံုၾကည္မႈေလ်ာ့နည္းခဲ့၍ ေရြးေကာက္ပြဲေန႔တြင္ ေဒသအခ်ိဳ႕၌ မဲ႐ံုမ်ားကိုေစာင့္ၾကည့္မႈမ်ား ႀကံဳေတြ႕ခဲ့ရေသာ္လည္း မဲ႐ံုတာဝန္ခံဆရာ၊ ဆရာမမ်ားအေနျဖင့္ အအိပ္ပ်က္၊ အစားပ်က္ခံ၍ တာဝန္ေက်ပြန္ေအာင္ ေဆာင္ရြက္ႏိုင္ခဲ့ၾကသည္။
   
ဆရာ၊ ဆရာမမ်ားသည္ မဲ႐ံုဖြင့္သည့္ နံနက္ ၆ နာရီမွ စတင္၍ ဆႏၵမဲေပးသည့္ျပည္သူမ်ား အဆင္ေျပေစရန္ ေဆာင္ရြက္ေပးရျခင္း၊ မဲမ်ားေရတြက္ျခင္း၊ ခိုင္လံုမဲႏွင့္ပယ္မဲမ်ားသတ္မွတ္ျခင္း၊ မဲရလဒ္မ်ားကို စာရင္းျပဳစု၍ မဲလက္မွတ္မ်ားႏွင့္ပစၥည္းမ်ားကို ထုပ္ပိုး၍ ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲသို႔ ေပးပို႔ရျခင္းမ်ားကို ညဥ့္နက္သည္အထိ ေဆာင္ရြက္ခဲ့ၾကရသည္။
   
မဲပံုးမ်ားကို ဖြင့္ေဖာက္၍ မဲစာရင္းေၾကညာရာတြင္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ကိုယ္စားလွယ္ေလာင္းမ်ား၏ နာမည္အတိုမ်ားကိုသာ ေခၚဆိုႏိုင္ေတာ့ၿပီး နာမည္မ်ားကို မွားယြင္းေခၚဆိုမႈမ်ားရွိခဲ့ေသာ္လည္း ပင္ပန္းေနခ်ိန္တြင္ ရယ္ေမာစရာျဖစ္ခဲ့ကာ မဲရလဒ္ စာရင္းမ်ားကို မွန္ကန္ေအာင္ျဖည့္စြက္၍ ဆက္လက္ေရတြက္ခဲ့ရေၾကာင္း ေက်ာက္တန္းၿမိဳ႕နယ္ ေရႊေပ်ာက္ေက်းရြာရွိ မဲ႐ံုတြင္ မဲ႐ံုမွဴးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ အထက္တန္းျပဆရာမတစ္ဦးက ေျပာသည္။
   
မဲ႐ံုတာဝန္မ်ားကို ထမ္းေဆာင္ခဲ့ၾကသည့္  ဆရာ၊ဆရာမ မ်ားသည္ ေရြးေကာက္ပြဲအၿပီး ေနာက္တစ္ရက္တြင္ မထႏိုင္ေအာင္ ပင္ပန္းခဲ့ၾကေသာ္လည္း ၎တို႔အတြက္ သမုိင္းဝင္ျဖစ္ေစမည့္ ႏုိင္ငံ့တာဝန္အျဖစ္ တာဝန္ေက်ပြန္စြာ ထမ္းေဆာင္ခဲ့ရသည့္ အေပၚ ဂုဏ္ယူခဲ့ၾကသည္။
   
‘‘တာဝန္ေက်ေအာင္ လုပ္ႏုိင္ခဲ့တယ္။ ကိုယ္တာဝန္ယူထားတဲ့မဲ႐ံုမွာ ျပႆနာမျဖစ္ေအာင္ ေဆာင္ရြက္ႏုိင္လို႔ ဝမ္းလည္းသာတယ္၊ ဂုဏ္လည္းယူတယ္။ ကိုယ္စားလွယ္ေတြေရာ၊ ရပ္ေက်းကေရာ သေဘာေကာင္းၾကေတာ့ အဆင္ေျပပါတယ္’’ဟု ဒဂံုၿမိဳ႕သစ္ ေျမာက္ပိုင္းၿမိဳ႕နယ္ (၂၈) ရပ္ကြက္တြင္ မဲ႐ံုမွဴးအျဖစ္ တာဝန္ထမ္းေဆာင္ရသည့္ အထက္တန္းျပဆရာမတစ္ဦးက ေျပာသည္။
   
မဲ႐ံုမွဴးမ်ားအတြက္ စိတ္ဖိစီးမႈအမ်ားဆံုးႏွင့္အပင္ပန္းဆံုး အ ခ်ိန္သည္ ညေန ၄ နာရီတြင္ မဲ႐ံု ပိတ္၍ မဲမ်ားစတင္ေရတြက္ရခ်ိန္ ျဖစ္ၿပီး သက္ဆုိင္ရာ ပါတီကိုယ္စားလွယ္မ်ား၊ ျပည္တြင္း၊ ျပည္ပေစာင့္ၾကည့္ေလ့လာသူမ်ားႏွင့္
ေစာင့္ၾကည့္ေနသည့္ ျပည္သူမ်ား အၾကား သမာသမတ္ ရွိစြာ ေဆာင္ရြက္ခဲ့ရသည္ဟု ဆိုသည္။
   
‘‘မဲေရတြက္ရတဲ့အခ်ိန္က အ ပင္ပန္းဆံုးအခ်ိန္လို႔ေတာင္ ေျပာလို႔ရတယ္။ ပယ္မဲေတြ၊ ခိုင္လံုမဲေတြကို အားလံုးသေဘာတူလက္ခံေအာင္ ဆံုးျဖတ္ေပးရတယ္။ ၿပီးေတာ့ ႀကိဳတင္မဲေတြ ဆက္ၿပီးေရတြက္ရတယ္။ မဲစာရင္းသြင္းရ၊ မဲေတြကို ထုပ္ပိုးၿပီးေတာ့ ၿမိဳ႕နယ္ ေကာ္မရွင္ကိုပို႔ၿပီး ပံုစံ ၁၆၊ ၁၆(က) ေတြ လက္မွတ္ထုိးရနဲ႔ အားလံုးၿပီးသြားတဲ့အခ်ိန္ေရာက္ေတာ့ ည ၂ နာရီထိုးေတာ့မယ္’’ဟု မႏၲေလးၿမိဳ႕တြင္ မဲ႐ံုမွဴးအျဖစ္ တာဝန္ယူခဲ့သည့္ ဆရာမတစ္ဦးက ေျပာသည္။
   
ထိုေန႔တြင္ မဲ႐ံုတာဝန္ထမ္းေဆာင္ရသည့္ဆရာ၊ ဆရာမမ်ားသည္ ေန႔လယ္စာထမင္းတစ္နပ္သာ စားခဲ့ၾကရသည္ဟု ၎ကဆက္လက္ေျပာျပသည္။
   
‘‘ေရြးေကာက္ပြဲမတုိင္ခင္ရက္ကတည္းက အလုပ္လုပ္ၾကရတယ္။ အဲဒီေန႔က်ေတာ့ မနက္လက္ဖက္ရည္နဲ႔မုန္႔နဲ႔ စားၿပီးေတာ့ အလုပ္လုပ္ရတာ၊ ေန႔လယ္ထမင္းစားခ်ိန္ကို တစ္လွည့္စီသြားစားရတယ္။ အားလံုးၿပီးသြားေတာ့ ညတစ္ခ်က္တီးေနၿပီ’’ဟု ပဲခူးတိုင္း ေဒသႀကီးသံုးဆယ္ၿမိဳ႕တြင္ မဲ႐ံုတာဝန္ထမ္းေဆာင္ခဲ့သည့္ အလယ္တန္းျပဆရာမတစ္ဦးက ေျပာသည္။
   
ေရြးေကာက္ပြဲေကာ္မရွင္က ဆရာ၊ ဆရာမမ်ားအား နီးစပ္ရာ ၿမိဳ႕နယ္ရွိ မဲ႐ံုမ်ားတြင္ တာဝန္ေပးအပ္ခဲ့ေသာ္လည္း ဆရာ၊ ဆရာမအခ်ိဳ႕သည္ သြားလာေရးအဆင္ေျပေစရန္ နီးစပ္ရာအိမ္မ်ား၌ စုအိပ္၍ မဲ႐ံုသို႔ နံနက္ ၅ နာရီ အေရာက္လာခဲ့ၾကသည္။
   
‘‘တာဝန္ခ်ေပးတာက နီးစပ္ရာ မဲ႐ံုေတြမွာ ခ်ေပးတယ္။ တခ်ိဳ႕ေဝးတဲ့ဆရာမေတြက်ေတာ့ အဲဒီေန႔မတုိင္ခင္ နီးစပ္ရာအိမ္တစ္အိမ္မွာ စုအိပ္ၾကၿပီးေတာ့ မနက္ ၅ နာရီအမီ ထလာၾကတယ္’’ဟု ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္တြင္ မဲ႐ံုမွဴးအျဖစ္ တာဝန္ယူခဲ့သည့္ အထက္တန္းျပဆရာမတစ္ဦးက ေျပာသည္။
   
၂၀၁၅ အေထြေထြေရြးေကာက္ပြဲအၿပီးတြင္ ပညာေရးဝန္ထမ္းဆရာ၊ ဆရာမမ်ားသည္ နားရက္မရဘဲ ၎တို႔၏မူလတာဝန္ျဖစ္သည့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအား ပညာသင္ၾကားရသည့္တာဝန္မ်ား ဆက္လက္ထမ္းေဆာင္ခဲ့ရသည္။
   
‘‘အနားယူခ်ိန္မရပါဘူး။ အဲ့ဒါအျပင္ မဲ႐ံုျပင္ေဆာက္လို႔ ပိတ္ထားတဲ့ ႏိုဝင္ဘာ ၅ ရက္နဲ႔ ၆ ရက္ စာအတြက္ အစားထုိးျပန္သင္ေပးဖို႔ စေနကို ေက်ာင္းျပန္ဖြင့္လို႔ ျပန္တက္ၾကရတယ္’’ဟု ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မွ အထက္တန္းျပဆရာမတစ္ဦးက ေျပာသည္။
   
ျမန္မာႏိုင္ငံလံုးဆုိင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က ႏိုဝင္ဘာ ၁၀ ရက္စြဲျဖင့္ ‘‘ေရြးေကာက္ပြဲတြင္ မဲ႐ံုအသီးသီး၌ တာဝန္ထမ္းေဆာင္ခဲ့ၾကေသာ ဆရာ၊ ဆရာမမ်ားသည္ သက္ဆုိင္ရာဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ မဲ႐ံုတာဝန္မ်ားကို မွ်မွ်တတ၊ ျပတ္ျပတ္ သားသားေဆာင္ရြက္ႏိုင္ခဲ့ျခင္း၊ တာဝန္သိသိ၊ ေစတနာရွိရွိျဖင့္ အခက္အခဲမ်ိဳးစံုကို အအိပ္ပ်က္အစားပ်က္ခံ ပင္ပန္းႀကီးစြာ ထမ္းေဆာင္ခဲ့ျခင္း စသည္တို႔ေၾကာင့္ မဲ႐ံုတာဝန္က်ဆရာ၊ ဆရာမမ်ားအား ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ၊ဆရာမမ်ားအဖြဲ႕ခ်ဳပ္မွ အထူးပင္ ခ်ီးက်ဴးဂုဏ္ျပဳအပ္ပါသည္။ မဲ႐ံုတာဝန္က်ဆရာ၊ ဆရာမမ်ားမွလည္း ႏုိင္ငံေတာ္၏အေရးႀကီးလွသည့္ သမုိင္းဝင္ႏိုင္ငံေရးအေျပာင္းအလဲျဖစ္စဥ္တြင္ မိမိတို႔ တတ္စြမ္းသည့္ဘက္မွ ကိုယ္တုိင္ကိုယ္က်ပါဝင္ခြင့္ရခဲ့သည္ကို  ေက်နပ္ဂုဏ္ယူၾကမည္ဟု အေလးအနက္ ယံုၾကည္မိပါသည္’’ဟု ေၾကညာခ်က္ထုတ္ျပန္၍ ဆရာ၊ ဆရာမမ်ားအား ဂုဏ္ျပဳခဲ့သည္။
   
ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးသမုိင္းသစ္အေျပာင္းအလဲတစ္ခု ေပၚထြန္းလာေစသည့္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲ၌ ပညာေရးဝန္ထမ္းဆရာ၊ ဆရာမမ်ားသည္ အဓိကက်သည့္ေနရာမွ ပါဝင္၍ တာဝန္ေက်ပြန္စြာ ထမ္းေဆာင္ခဲ့ေလသည္။
7DayDilay
.................
နိုင်ငံရေးသမိုင်းသစ်အတွက် တာဝန်ကျေပွန်ခဲ့သော မဲရုံတာဝန်ကျဆရာ၊ ဆရာမများ
By
ဇော်မျိုးလှိုင်
On  
Wed, 2015-11-18 11:34
ကော့မှူးမြို့နယ်ရှိ မဲရုံတစ်ရုံတွင် ဆရာ၊ ဆရာမများ တာဝန်ထမ်းဆောင်နေသည်ကို ရွေးကောက်ပွဲနေ့က မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ))

‘‘မဲရုံစောင့်တယ်ဆိုတာထက် အမျိုးသားရေးတာဝန်အဖြစ် ဆင်းရဲပင်ပန်းမှုဒဏ်ကိုမမှုဘဲ အားကြိုးမာန်တက်ကျေပွန်စွာ ထမ်းဆောင်ခဲ့တာပါ’’ဟု မန္တလေးမြို့တွင် မဲရုံတာဝန်ဆောင်ရွက်ခဲ့သည့် ဆရာမတစ်ဦးက ပြောသည်။
    
နိုင်ငံရေးသမိုင်းသစ်တစ်ခု ဖြစ်ပေါ်လာစေသည့် ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲတွင် ဘက်လိုက်မှုမရှိသည့်အလယ်လူဒိုင်လူကြီးဟု တင်စားရမည့် မဲရုံမှူးအများစုသည် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများဖြစ်ကြသည်။
    
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မဲပေးရမည့် မဲရုံစုစုပေါင်း လေးသောင်းကျော်ရှိကာ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအဖြစ် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများနှင့် ဒေသခံအစိုးရဝန်ထမ်းများက တာဝန်ထမ်းဆောင်ခဲ့ကြသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲရုံများ၌ ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများအား တာဝန်ထမ်းဆောင်စေခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း မဲရုံများ၌ မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများက တာဝန်ထမ်းဆောင်ခဲ့ကြရသည်။
    
၂၀၁၀ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ကြိုတင်မဲကိစ္စများကြောင့် ရွေးကောက်ပွဲကော်မရှင်အပေါ် ပြည်သူများက ယုံကြည်မှုလျော့နည်းခဲ့၍ ရွေးကောက်ပွဲနေ့တွင် ဒေသအချို့၌ မဲရုံများကိုစောင့်ကြည့်မှုများ ကြုံတွေ့ခဲ့ရသော်လည်း မဲရုံတာဝန်ခံဆရာ၊ ဆရာမများအနေဖြင့် အအိပ်ပျက်၊ အစားပျက်ခံ၍ တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။
    
ဆရာ၊ ဆရာမများသည် မဲရုံဖွင့်သည့် နံနက် ၆ နာရီမှ စတင်၍ ဆန္ဒမဲပေးသည့်ပြည်သူများ အဆင်ပြေစေရန် ဆောင်ရွက်ပေးရခြင်း၊ မဲများရေတွက်ခြင်း၊ ခိုင်လုံမဲနှင့်ပယ်မဲများသတ်မှတ်ခြင်း၊ မဲရလဒ်များကို စာရင်းပြုစု၍ မဲလက်မှတ်များနှင့်ပစ္စည်းများကို ထုပ်ပိုး၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရခြင်းများကို ညဉ့်နက်သည်အထိ ဆောင်ရွက်ခဲ့ကြရသည်။
    
မဲပုံးများကို ဖွင့်ဖောက်၍ မဲစာရင်းကြေညာရာတွင် အချိန်ကြာလာသည်နှင့်အမျှ ကိုယ်စားလှယ်လောင်းများ၏ နာမည်အတိုများကိုသာ ခေါ်ဆိုနိုင်တော့ပြီး နာမည်များကို မှားယွင်းခေါ်ဆိုမှုများရှိခဲ့သော်လည်း ပင်ပန်းနေချိန်တွင် ရယ်မောစရာဖြစ်ခဲ့ကာ မဲရလဒ် စာရင်းများကို မှန်ကန်အောင်ဖြည့်စွက်၍ ဆက်လက်ရေတွက်ခဲ့ရကြောင်း ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာရှိ မဲရုံတွင် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
    
မဲရုံတာဝန်များကို ထမ်းဆောင်ခဲ့ကြသည့်  ဆရာ၊ဆရာမ များသည် ရွေးကောက်ပွဲအပြီး နောက်တစ်ရက်တွင် မထနိုင်အောင် ပင်ပန်းခဲ့ကြသော်လည်း ၎င်းတို့အတွက် သမိုင်းဝင်ဖြစ်စေမည့် နိုင်ငံ့တာဝန်အဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ရသည့် အပေါ် ဂုဏ်ယူခဲ့ကြသည်။
    
‘‘တာဝန်ကျေအောင် လုပ်နိုင်ခဲ့တယ်။ ကိုယ်တာဝန်ယူထားတဲ့မဲရုံမှာ ပြဿနာမဖြစ်အောင် ဆောင်ရွက်နိုင်လို့ ဝမ်းလည်းသာတယ်၊ ဂုဏ်လည်းယူတယ်။ ကိုယ်စားလှယ်တွေရော၊ ရပ်ကျေးကရော သဘောကောင်းကြတော့ အဆင်ပြေပါတယ်’’ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၂၈) ရပ်ကွက်တွင် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ရသည့် အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
    
မဲရုံမှူးများအတွက် စိတ်ဖိစီးမှုအများဆုံးနှင့်အပင်ပန်းဆုံး အ ချိန်သည် ညနေ ၄ နာရီတွင် မဲရုံ ပိတ်၍ မဲများစတင်ရေတွက်ရချိန် ဖြစ်ပြီး သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပစောင့်ကြည့်လေ့လာသူများနှင့်
စောင့်ကြည့်နေသည့် ပြည်သူများ အကြား သမာသမတ် ရှိစွာ ဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။
    
‘‘မဲရေတွက်ရတဲ့အချိန်က အ ပင်ပန်းဆုံးအချိန်လို့တောင် ပြောလို့ရတယ်။ ပယ်မဲတွေ၊ ခိုင်လုံမဲတွေကို အားလုံးသဘောတူလက်ခံအောင် ဆုံးဖြတ်ပေးရတယ်။ ပြီးတော့ ကြိုတင်မဲတွေ ဆက်ပြီးရေတွက်ရတယ်။ မဲစာရင်းသွင်းရ၊ မဲတွေကို ထုပ်ပိုးပြီးတော့ မြို့နယ် ကော်မရှင်ကိုပို့ပြီး ပုံစံ ၁၆၊ ၁၆(က) တွေ လက်မှတ်ထိုးရနဲ့ အားလုံးပြီးသွားတဲ့အချိန်ရောက်တော့ ည ၂ နာရီထိုးတော့မယ်’’ဟု မန္တလေးမြို့တွင် မဲရုံမှူးအဖြစ် တာဝန်ယူခဲ့သည့် ဆရာမတစ်ဦးက ပြောသည်။
    
ထိုနေ့တွင် မဲရုံတာဝန်ထမ်းဆောင်ရသည့်ဆရာ၊ ဆရာမများသည် နေ့လယ်စာထမင်းတစ်နပ်သာ စားခဲ့ကြရသည်ဟု ၎င်းကဆက်လက်ပြောပြသည်။
    
‘‘ရွေးကောက်ပွဲမတိုင်ခင်ရက်ကတည်းက အလုပ်လုပ်ကြရတယ်။ အဲဒီနေ့ကျတော့ မနက်လက်ဖက်ရည်နဲ့မုန့်နဲ့ စားပြီးတော့ အလုပ်လုပ်ရတာ၊ နေ့လယ်ထမင်းစားချိန်ကို တစ်လှည့်စီသွားစားရတယ်။ အားလုံးပြီးသွားတော့ ညတစ်ချက်တီးနေပြီ’’ဟု ပဲခူးတိုင်း ဒေသကြီးသုံးဆယ်မြို့တွင် မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် အလယ်တန်းပြဆရာမတစ်ဦးက ပြောသည်။
    
ရွေးကောက်ပွဲကော်မရှင်က ဆရာ၊ ဆရာမများအား နီးစပ်ရာ မြို့နယ်ရှိ မဲရုံများတွင် တာဝန်ပေးအပ်ခဲ့သော်လည်း ဆရာ၊ ဆရာမအချို့သည် သွားလာရေးအဆင်ပြေစေရန် နီးစပ်ရာအိမ်များ၌ စုအိပ်၍ မဲရုံသို့ နံနက် ၅ နာရီ အရောက်လာခဲ့ကြသည်။
    
‘‘တာဝန်ချပေးတာက နီးစပ်ရာ မဲရုံတွေမှာ ချပေးတယ်။ တချို့ဝေးတဲ့ဆရာမတွေကျတော့ အဲဒီနေ့မတိုင်ခင် နီးစပ်ရာအိမ်တစ်အိမ်မှာ စုအိပ်ကြပြီးတော့ မနက် ၅ နာရီအမီ ထလာကြတယ်’’ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် မဲရုံမှူးအဖြစ် တာဝန်ယူခဲ့သည့် အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
    
၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများသည် နားရက်မရဘဲ ၎င်းတို့၏မူလတာဝန်ဖြစ်သည့် ကျောင်းသူ၊ ကျောင်းသားများအား ပညာသင်ကြားရသည့်တာဝန်များ ဆက်လက်ထမ်းဆောင်ခဲ့ရသည်။
    
‘‘အနားယူချိန်မရပါဘူး။ အဲ့ဒါအပြင် မဲရုံပြင်ဆောက်လို့ ပိတ်ထားတဲ့ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက် စာအတွက် အစားထိုးပြန်သင်ပေးဖို့ စနေကို ကျောင်းပြန်ဖွင့်လို့ ပြန်တက်ကြရတယ်’’ဟု ကြည့်မြင်တိုင်မြို့နယ်မှ အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
    
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် ‘‘ရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ခဲ့ကြသော ဆရာ၊ ဆရာမများသည် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲရုံတာဝန်များကို မျှမျှတတ၊ ပြတ်ပြတ် သားသားဆောင်ရွက်နိုင်ခဲ့ခြင်း၊ တာဝန်သိသိ၊ စေတနာရှိရှိဖြင့် အခက်အခဲမျိုးစုံကို အအိပ်ပျက်အစားပျက်ခံ ပင်ပန်းကြီးစွာ ထမ်းဆောင်ခဲ့ခြင်း စသည်တို့ကြောင့် မဲရုံတာဝန်ကျဆရာ၊ ဆရာမများအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်မှ အထူးပင် ချီးကျူးဂုဏ်ပြုအပ်ပါသည်။ မဲရုံတာဝန်ကျဆရာ၊ ဆရာမများမှလည်း နိုင်ငံတော်၏အရေးကြီးလှသည့် သမိုင်းဝင်နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် မိမိတို့ တတ်စွမ်းသည့်ဘက်မှ ကိုယ်တိုင်ကိုယ်ကျပါဝင်ခွင့်ရခဲ့သည်ကို  ကျေနပ်ဂုဏ်ယူကြမည်ဟု အလေးအနက် ယုံကြည်မိပါသည်’’ဟု ကြေညာချက်ထုတ်ပြန်၍ ဆရာ၊ ဆရာမများအား ဂုဏ်ပြုခဲ့သည်။
    
မြန်မာနိုင်ငံတွင် နိုင်ငံရေးသမိုင်းသစ်အပြောင်းအလဲတစ်ခု ပေါ်ထွန်းလာစေသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများသည် အဓိကကျသည့်နေရာမှ ပါဝင်၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့လေသည်။
7DayDilay

No comments:

Post a Comment