Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 6, 2015

ကြိုတင် မဲလက်မှတ်ပေါ် ကိုယ်စားလှယ်လောင်း အမည် လွဲမှားမှု ရှိ


ဒီရက်ပိုင်းအတွင်း လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ စတင်လက်ခံနေရာမှာ မဲလက်မှတ်တွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီနဲ့ ကိုယ်စားလှယ်လောင်း အမည်တွေ မပါ ၀င်တာတွေ ရှိသလို့ တချို့ဒေသတွေ မှာတော့ ပယ်ဖျက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တွေ ပါဝင်နေတာတွေရှိနေပါတယ်။ လတ်တလောကြိုတင်မဲပေးရာမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို ပြီးခဲ့တဲ့လ ၂၉ရက်နေ့က စတင်လက်ခံခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ မဲလက်မှတ် အမှားအယွင်းရှိတဲ့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်းမှာ ကျားခေါင်းပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အမှတ်တံဆိပ်နဲ့ ကိုယ်စားလှယ်လောင်းအမည်တွေ မဲလက်မှတ်တချို့မှာ မပါဝင်တာတွေ ရှိနေတယ်လို့ SNLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

"ကျနော်တို့ မဲရုံကိုယ်စားလှယ် လုပ်မယ့်သူတွေက ကြိုတင်မဲပေးတဲ့အခါကျတော့ SNLD Logo နဲ့ SNLD စိုင်းထွန်းအောင်ပေါ့ ကိုယ်စားလှယ် Candidate ကို ပေးဖို့ကြည့်လိုက်တော့ ဘာမှ မပါဘူး။ မပါဘူးဖြစ်နေတော့ complain လုပ်ကြတယ်။ အဲ့တာ သုံးရက်ခြား တခုဖြစ်နေတယ်။ လောလောဆယ်တော့ ဒါကို ရွေးကောက်ပွဲကော်မရှင်ကို မြို့နယ်ကနေ တဆင့် ပြည်နယ်အထိ တင်ထားကြတယ်လေ။"

မိုင်းပန်မြို့နယ်မှာ ကျားခေါင်းခေါ် SNLD ပါတီ၊ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ဖက်က အခြေအနေကို ဦးစိုင်းညွှန့်လွင်က အခုလို ဆက်ပြောပါတယ်။

"မိုင်းတုံမှာ ပြည်သူ့အဆင့်ရှိတယ်။ နောက် border guards  ပေါ့ နယ်ခြားစောင့်တပ်ပေါ့။ အဲ့ဒီ့တပ်တွေက သူတို့ တပ်လုံးအလိုက်ပေါ့။ အားလုံးကို သူတို့မဲစာရင်းရှိတဲ့အတိုင်း တခါတည်း လာထုတ်ယူသွားတာရှိတယ်။"

ဒီအဖြစ်အပျက်ကိုတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားကြောင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာတော့ ကြိုတင်မဲတွေမှာ မဲရုံမှူး ခရီးသွားနေတာကြောင့် မဲရုံမှူး လက်မှတ်မပါဘဲ ထည့်ခိုင်းတာတွေ ရှိနေတာကြောင့် ကန့်ကွက်ထားကြောင်း ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာတော့ ပယ်ဖျက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်ဟာ မဲလက်မှတ်တွေမှာပါဝင်နေတယ်လို့ NLDပါတီက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန့်ဝေကျော်က ပြောပါတယ်။

" CPP ပါတီက ကိုဘမ့်ဗွေ့လျမ်ခုံးက ခရိုင်ကော်မရှင်နဲ့ တိုင်းကော်မရှင်နဲ့ က စိစစ်တယ်ပေါ့နော်။ စိစစ်တဲ့အခါမှာ သူက အသက်မပြည့်တဲ့အတွက် သူက ပြန်ပြီးတော့ နှုတ်ထွက်လိုက်တယ်လို့ ပြောတယ်။ အဲ့ဒီ့မဲလက်မှတ်တွေက တိုင်းဒေသကြီး မဲဆန္ဒနယ် တစ် မှာ မဲလက်မှတ် ထွက်လာတဲ့အခါကျတော့ သူ့နာမည်ပါနေတယ်။"

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မှာတော့ စင်္ကာပူနိုင်ငံမှာ ပေးခဲ့တဲ့ ကြိုတင်မဲတွေဟာ ချိတ်မပိတ်ဘဲ နဲ့ အင်းတော်ရွေးကောက်ပွဲကော်မရှင် ကို ရောက်ရှိလာတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဝင် ဦးသန်းဇော်ဦးက ပြောပါတယ်။

" စင်ကာပူက အင်းတော်ကိုပေါ့နော် ပြည်သူ့အတွက်ကို ၁၆စောင်၊ အမျိုးသားလွှတ်တော်အတွက်ကို ၁၅စောင်၊ တိုင်းဒေသကြီးအတွက်ကို ၁၆စောင် ကြိုတင်မဲ ရောက်လာတယ်ပေါ့နော်။ ပို့လိုက်တာက တိုင်းကော်မရှင်ကနေ အင်းတော်ကော်မရှင်ကို ပို့လိုက်တာ ၊ ပို့တဲ့အချိန်မှာ အိတ်ကနေ ပလက်စတစ်အိတ်နဲ့ ကြက်ပေါင်ကွင်းနဲ့ စည်းပြီးမှ ပို့တယ်။ ချိပ်မပိတ်ပဲနဲ့ ပို့တယ်။ အဲ့တော့ လုံခြုံမှု မရှိဘူးပေါ့ဗျာ မဲက ။ တိုင်းကော်မရှင်ကို ကျနော်တို့ လှမ်းမေးတယ်ပေါ့။ လှမ်းမေးတော့ တိုင်းကော်မရှင်ဥက္ကဋ္ဌက သူတို့ကို သံရုံးက ပို့ပေးတာလည်း ဒီအတိုင်းပဲ ပို့ပေးတာတဲ့ အဲ့လိုပဲ ဖြေပါတယ်ခင်ဗျ။"

စင်္ကာပူကရောက်လာတဲ့ ကြိုတင်မဲတွေကို နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေရှေ့မှာ သက်သေထားပြီး အင်းတော်ရွေးကောက်ပွဲကော်မရှင်က မဲပုံးထဲကို ထည့်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

,......................................

ကြိုတင် မဲလက္မွတ်ပေါ် ကိုယ္စားလွယ်လောင်း အမည် လဲမြွားမှု ရွိ

ဒီရက္ပိုင်းအတြင်း လာမယ့် အေထြေထြေရြးကောက္ပဲအြတြက် ကြိုတင္မဲတြေ စတင္လက္ခံနေရာမွာ မဲလက္မွတ်တြေမွာ ပါဝင်ယွဉ်ပြိုင္မယ့် ပါတီနဲ့ ကိုယ္စားလွယ်လောင်း အမည်တြေ မပါ ၀င္တာတြေ ရွိသလို့ တခို့ဒေသေတြ မွာတော့ ပယ္ဖ်က္ထားတဲ့ လွှတ်တော် ကိုယ္စားလွယ်လောင်း အမည်တြေ ပါဝင်နေတာတြေရွိနေပါတယ်။ လတ္တေလာကြိုတင္မဲပေးရာမွာ ကြုံတြေ့နေရတဲ့ အျေခအေနေတြကို ဗီအြိုအျေမန္မာပိုင်းရဲ့ သတင်းထောက္ကိုမိုးဇ္ကော တင်ျပမျွာဖစ္ပါတယ်။

လာမယ့် တနင်္ဂနေနြေ့မွာ က်င်းပမယ့် အေထြေထြေရြးကောက္ပဲအြတြက် ကြိုတင္မဲတြေကို ပြီးခဲ့တဲ့လ ၂၉ရက်နေ့က စတင္လက္ခံခဲ့တျာဖစ်ပြီး ဒီရက္ပိုင်းတြေ အတြင်းမွာတေျာ့ပည္နယ္နဲ့ တိုင်းဒေသကြီးတခို့မွာ မဲလက္မွတ် အမွားအယြင်းရွိတဲ့ သတင်းတြေ ထြက်ပေါ်လာတျာဖစ္ပါတယ်။

ရွမ်ျးပည္နယ် တောင္ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတြင်းမွာ က်ားခေါင်းပါတီခေါ် ရွမ်းတိုင်းရင်းသားမ်ား ဒီမိုကေရစီအဖြဲ့ခ်ုပ် SNLD ပါတီ အမွတ္တံဆိပ္နဲ့ ကိုယ္စားလွယ်လောင်းအမည်တြေ မဲလက္မွတ္တခို့မွာ မပါဝင္တာတြေ ရွိနေတယ္လို့ SNLD ပါတီရဲ့ အေထြေထြ အတြင်းရေးမှုး ဦးစိုင်းညွှန့်လြင္ကျေပာပါတယ်။

"က်န္တောို့ မဲရုံကိုယ္စားလွယ် လုပ္မယ့်သူတြေက ကြိုတင္မဲပေးတဲ့အခါက်တော့ SNLD Logo နဲ့ SNLD စိုင်းထြန်းအောင်ပေါ့ ကိုယ္စားလွယ် Candidate ကို ပေးဖို့ကြည့္လိုက်တော့ ဘာမွ မပါဘူး။ မပါဘူျးဖစ်နေတာ့ complain လုပ်ကြတယ်။ အဲ့တာ သုံးရက်ျခား တချုဖစ်နေတယ်။ လောလောဆယ်တော့ ဒါကို ရြေးကောက္ပြဲက္မောရွင္ကို မြို့နယ္ကေန တဆင့်ျပည္နယ်အထိ တင္ထားကြတယ်လေ။"

မိုင်းပန်မြို့နယ္မွာ က်ားခေါင်းခေါ် SNLD ပါတီ၊ က်ာျးဖူခေါ် ရွမ်းတိုင်းရင်းသားမ်ား ဒီမိုကေရစီပါတီ SNDP၊ျပည်ထောင္စုကြံခိုင်ရေးနဲ့ ဖြံျ့ဖိုးရေးပါတီနဲ့ အမိုးသားဒီမိုကေရစီ အဖြဲ့ခ်ုပ္ပါတီတို့ ယွဉ်ပြိုင္မျွာဖစ္ပါတယ်။

ရွမ်ျးပည္နယ်ေအရွ့ပိုင်း မိုင်းတုံမြို့ဖက္က အျေခအေနကို ဦးစိုင်းညွှန့်လြင္က အခုလို ဆက်ျေပာပါတယ်။

"မိုင်းတုံမျွာပည်သူ့အဆင့်ရွိတယ်။ နောက် border guards  ပေါ့ နယ်ျခားစောင့်တပ်ပေါ့။ အဲ့ဒီ့တပ်တြေက သူတို့ တပ္လုံးအလိုက်ပေါ့။ အားလုံးကို သူတို့မဲစာရင်းရွိတဲ့အတိုင်း တခါတည်း လာထုတ်ယူသြားတာရွိတယ်။"

ဒီအျဖစ်အပ်က္ကိုတော့ မြို့နယ်ရြေးကောက္ပဲကြေ္မာရွင္ကို တင်ျပထားကြောင်းနဲ့ ရွမ်ျးပည္နယ်ျေမာက္ပိုင်း နမ့်ခမ်းမြို့နယ္မွာတော့ ကြိုတင္မဲတြေမွာ မဲရုံမွူး ခရီးသြားနေတာကြောင့် မဲရုံမွူး လက္မွတ္မပါဘဲ ထည့်ခိုင်းတာတြေ ရွိနေတာကြောင့် ကန့်ကြက္ထားကြောင်း ဦးစိုင်းညြန့်လြင္ကျေပာပါတယ်။

စစ္ကိုင်းတိုင်းဒေသကြီး ကေလးမြို့နယ္မွာတော့ ပယ္ဖ်က္ထားတဲ့ လွှတ်တ္ကောိုယ္စားလွယ်လောင်းအမည်ဟာ မဲလက္မွတ်တြေမွာပါဝင်နေတယ္လို့ NLDပါတီက စစ္ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ္စားလွယ်လောင်း ဒေါ်သန့်ဝေကေ်္ကာျေပာပါတယ်။

" CPP ပါတီက ကိုဘမ့်ဗြေ့လ်မ္ခုံးက ခရိုင်က္မောရွင္နဲ့ တိုင်းက္မောရွင္နဲ့ က စိစစ္တယ်ပေါ့နော်။ စိစစ္တဲ့အခါမွာ သူက အသက္မျပည့်တဲ့အတြက် သူကျပန်ပြီးတော့ နှုတ္ထြက္လိုက္တယ္လို့ျေပာတယ်။ အဲ့ဒီ့မဲလက္မွတ်တြေက တိုင်းဒေသကြီး မဲဆန္ဒနယ် တစ် မွာ မဲလက္မွတ် ထြက္လာတဲ့အခါက်တော့ သူ့နာမည္ပါနေတယ်။"

စစ္ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မွာတော့ စင်္ကာပူနိုင်ငံမွာ ပေးခဲ့တဲ့ ကြိုတင္မဲတြေဟာ ခိတ္မပိတ္ဘဲ နဲ့ အင်းတော်ရြေးကောက္ပဲကြေ္မာရွင် ကို ရောက်ရွိလာတယ္လို့ အမိုးသားဒီမိုကေရစီ အဖြဲ့ခ်ုပ္ပါတီ ရြေးကောက္ပဲအြောင်နိုင်ရေး အဖြဲ့ဝင် ဦးသန်းဇော်ဦးကျေပာပါတယ်။

" စင္ကာပူက အင်းတ္ကောိုပေါ့နော်ျပည်သူ့အတြက္ကို ၁၆စောင်၊ အမိုးသားလွှတ်တော်အတြက္ကို ၁၅စောင်၊ တိုင်းဒေသကြီးအတြက္ကို ၁၆စောင် ကြိုတင္မဲ ရောက္လာတယ်ပေါ့နော်။ ပို့လိုက္တာက တိုင်းက္မောရွင္ကေန အင်းတော်က္မောရွင္ကို ပို့လိုက္တာ ၊ ပို့တဲ့အခိန္မွာ အိတ္ကေန ပလက္စတစ်အိတ္နဲ့ ကြက်ပေါင္ကြင်းနဲ့ စည်းပြီးမွ ပို့တယ်။ ခိပ္မပိတ္ပဲနဲ့ ပို့တယ်။ အဲ့တော့ လျုံခုံမှု မရွိဘူးပေါ့ဗ်ာ မဲက ။ တိုင်းက္မောရွင္ကို က်န္တောို့ လွမ်းမေးတယ်ပေါ့။ လွမ်းမေးတော့ တိုင်းက္မောရွင်ဥက္ကဋ္ဌက သူတို့ကို သံရုံးက ပို့ပေးတာလည်း ဒီအတိုင်းပဲ ပို့ပေးတာတဲ့ အဲ့လိုပဲျေဖပါတယ္ခင္ဗ်။"

စင်္ကာပူကေရာက္လာတဲ့ ကြိုတင္မဲတြေကို နိုင်ငံရေးပါတီအသီးသီးက ကိုယ္စားလွယ်တြေရွ့မွာ သက်သေထားပြီး အင်းတော်ရြေးကောက္ပဲကြေ္မာရွင္က မဲပုံးထဲကို ထည့္ခဲ့တျာဖစ္တယ္လို့ျေပာပါတယ်။

ကိုမိုးဇော် / ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment