Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 11, 2015

ကျွန်တော် နိုင်ငံရေးလောကကို ကျောခိုင်းတော့မယ်ဗျ( ဂန့်ဂေါမဲဆန္ဒနယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဦးလှဆွေနှင့် တွေ့ဆုံခြင်း)

“ကျွန်တော် နိုင်ငံရေးလောကကို ကျောခိုင်းတော့မယ်ဗျ”
--------------------------------------

ဂန့်ဂေါမဲဆန္ဒနယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဦးလှဆွေနှင့် တွေ့ဆုံခြင်း

Voice : ခုရွေးကောက်ပွဲအပြီး ရလဒ်က ထွက်ပြီးပြီပေါ့။ အဲ့တော့ အန်ကယ့်အနေနဲ့ နိုင်ငံရေးလောကကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမယ်လို့ ရည်မှန်းထားလဲဗျ။

UHS : ကျွန်တော် နိုင်ငံရေးကို စိတ်ကုန်သွားပြီဗျ။ စိတ်ကုန်သွားတာ ဘာလို့လဲဆိုတော့ ကျွန်တော်က စစ်သားဆိုတော့ ကျွန်တော့်ပုံစံကလည်း စစ်သားပုံစံ ဖြစ်နေတယ်။ ကျွန်တော်က ငါ မှန်တာလုပ်ရင် ငါ့ကို လူတွေက ထောက်ခံရမယ်။ ငါလည်း မှန်တာလုပ်သေးတယ် ငါ့ကိုမထောက်ခံဘူး။ ကျွန်တော်က မကြိုက်ဘူး။ အေး အဲဒါဆိုရင် မင်းတို့ ငါ့ထက်တော်တဲ့သူကို မင်းတို့ ရွေးချယ်တယ်။ အဲလူလုပ်တာပဲ ယူပေါ့။ ကျန်စစ်သားက စောလူးမင်းကိုခိုးသလို မင်းဆိုးမင်းညစ် လက်ထဲ ခွေးသေဝက်သေ ကျန်ရစ်ခဲ့ပေတော့လို့ ပစ်ထားခဲ့တာလေ။
အဲ ကျွန်တော့်ကို ဂန့်ဂေါနယ်က မရွေးချယ်ခဲ့ဘူး။ ကျွန်တော့်ရွာမှာ ကျွန်တော်နိုင်တယ်။ ကျွန်တော် ပြိုင်ဘက်က ရွာခံလူ။ ကျွန်တော်က ဧည့်သည်လို ပြိုင်ရတယ်။ ဒါပေမဲ့ သူနေတဲ့ရွာမှာ ကျွန်တော် နိုင်ခဲ့တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြူးလွင်ကို နိုင်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရှုံးခဲ့တယ်လို့ ပြောချင်တယ်။ မဲလာဆွယ်တဲ့ ရာဇာနေဝင်းတို့၊ ဗေလုဝတို့က ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးပါ၊ ဗိုလ်ချုပ်အောင်ဆန်းကို မဲပေးပါ၊ NLD ကို မဲပေးပါလို့ မဲဆွယ်ခဲ့တာ။ ပြူးလွင်ကို မဲပေးပါလို့ တစ်ယောက်မှမပြောဘူး။ ဒါကြောင့်မို့ ကျွန်တော်သည် ပြူးလွင်ကို သူတို့ရွာမှာ နိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ရှုံးခဲ့တယ်လို့ ပြောတာ။ ဒီအတွက် ကျွန်တော် ဂုဏ်ယူတယ်။
ဒါပေမဲ့လို့ ဂန့်ဂေါ တစ်နယ်လုံးက မဲတွေပေါင်းတော့ ကျွန်တော်ရှုံးတယ်။ ရှုံးတဲ့အတွက်ကြောင့် ကျွန်တော်က ပုဆိုးလေး ဖုန်ခါပြီး ထသွားမယ်။ အဲဒါကြောင့် စောလူးမင်းကို ကျန်စစ်သားကယ်သလိုကို ခွေးသေဝက်သေ သေလို့ပြောပြီး ပစ်ချထားခဲ့မှာ။

Voice : အခု အန်ကယ်ရဲ့ မဲရလဒ်က NLD အမတ်လောင်းနဲ့ မဲဘယ်လောက် ကွာနေတာလဲဗျ။

UHS : ကျွန်တော် ကွာခြားတဲ့ မဲအနေအထား အသေးစိတ် တွက်ချက်တဲ့အထဲ ကျွန်တော်မပါဘူးဗျ။

Voice : ခုလာမယ့် အစိုးရသစ် ငါးနှစ်သက်တမ်း ပြီးရင်ရော နိုင်ငံရေးလောကထဲ ပြန်ဝင်မယ်လို့ စိတ်ကူး ရှိလားခင်ဗျ။

UHS : ကျွန်တော် နိုင်ငံရေးလောကကို ကျောခိုင်းမယ်။

Voice : အဲလိုဆိုရင် အန်ကယ်က နိုင်ငံ့တာဝန်ကို စစ်တပ်မှာလည်း ပြန်တမ်းဝင် အရာရှိတစ်ယောက် အနေနဲ့ ထမ်းဆောင်ခဲ့ဖူးတာလည်း ရှိခဲ့ဖူးတယ်။ ခု အခြေအနေမှာကျတော့ ဒီပြည်သူတွေ အတွက်ကို လှည့်မကြည့်ချင်တော့တဲ့ သဘောလား ခင်ဗျ။

UHS : တစ်ခုရှိတယ်။ ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ အကယ်၍သာ ကျွန်တော် ဝန်ကြီးတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့်ရုံးခန်းကို ဂိတ်ပေါက်ဝမှာ ထားမယ်လို့ တွေးထားဖူးတယ်။ ဝန်ကြီးဌာနတွေကို ဘယ်သူဝင်မှာလဲ၊ ဝင်ခဲ့စမ်း။ ဘယ်သူ့ကိုတွေ့မလဲ၊ ဘယ်ညွှန်မှူးကိုတွေ့မလဲ၊ ပြော။ ပြီးရင် အဆင်ပြေ မပြေ ငါ့ကိုပြော။ အဲ လာတွေ့တဲ့သူကို ရှာ။ ဘာပါလဲ ဘာမှမပါဘူးဆို သွားတွေ့။ ဘာပြန်ပြောလဲ ငါ့ကိုပြော ဆိုပြီးတော့မှ ကျွန်တော်က ရစ်တဲ့ညွှန်မှူးတွေ ဝန်ထမ်းတွေကို ပညာပေးမလို့။ ကျွန်တော် ဝန်ကြီးကိုယ်တိုင် ဂိတ်ပေါက်ဝမှ ထိုင်ပြီဆိုတော့ အလုပ်က ဖြစ်ပြီပေါ့။ ခုခေတ်က ဝန်ကြီးမသိဘဲ အောက်မှလုပ်နေတာတွေ အများကြီးပဲ။ အဲလိုမျိုး ကျွန်တော် စိတ်ကူးယဉ်ဖူးတယ်။ အဲလိုမျိုး ဝန်ကြီးဌာနကို အောက်ခြေကစပြီး ကြပ်မတ်လိုက်ရင် အဲဝန်ကြီးဌာနက အချိန်တိုအတွင်းမှာ တိုးတက် မှန်ကန်သွားလိမ့်မယ်လို့ မြင်မိတယ်။ ဒါပေမဲ့ ကျွန်တော် ဒါမျိုးလုပ်ခွင့် မရခဲ့ဘူးပေါ့။

Voice : သဘောက အန်ကယ့်အနေနဲ့ လုပ်ပိုင်ခွင့်၊ အာဏာအခွင့်အရေး ရမှ ပြည်သူကို ပြန်ကြည့်လို့ရမယ် ဆိုတဲ့ သဘောကို ပြောတာလားခင်ဗျ။

Voice : မဟုတ်ဘူးဗျ။ ကျွန်တော်သာ ဝန်ကြီးဖြစ်ခဲ့ရင် ကျွန်တော် အဲလိုလုပ်မှာလို့ ပြောတာ။ ဆိုလိုတာ ကတော့ အခု ကျွန်တော်တို့ ထောက်ပြနေတာတွေ အများကြီးရှိတယ်လေ။ ကျွန်တော် ကိုယ်တိုင်လည်း အခုလည်း ထောက်ပြနေတာပဲ။ ကျွန်တော်ကတော့ နိုင်ငံရေးလောကကို မလုပ်တော့ဘူး။ ဘာခေါ်မလဲ အခုဟာက တကယ် လုပ်နိုင်ကိုင်နိုင်တဲ့သူကို ရွေးတာမှ မဟုတ်တာ လူတွေကလေ။ သူတို့က လုပ်နိုင်တဲ့သူကို မဲထည့်တာ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို မဲထည့်တာ။ ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်ထဲလာမှာ မဟုတ်ဘူးဗျ။ သူတို့ရဲ့ခံစားချက်ကလည်း အရင် အစိုးရအဆက်ဆက်က လူကြီးတွေ အကျင့်ပျက် ခြစားတာတွေကို သူတို့မြင်လာခဲ့လို့ စိတ်ကုန်နေတာပေါ့နော်။ ဒါကြောင့် NLD မဲနိုင်သွားတယ်လို့ ကျွန်တော် ယုံကြည်တယ်။
အစိုးရကို မကြည်ညိုတဲ့သူတွေမှ NLD ရောက်တာကိုးဗျ။ ဘယ်လိုများ ပြောင်းလဲလာမလဲ ဆိုတာ ကျွန်တော် ရိုးရိုးပြည်သူတစ်ယောက် အနေနဲ့ ကျွန်တော်ကြည့်မယ်။ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ ကျွန်တော်မကြည့်ဘူး။ ဘာမှလဲမဝေဖန်ဘူး။ ဝေဖန်စရာလည်း မလိုဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ထဲထဲဝင်ဝင် မပတ်သက်တော့ဘူး။

Voice : ခုလွှတ်တော်အဟောင်း ဆိုပါတော့။ အဲဒီမှာ အန်ကယ့်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တာ ရှိတယ်။ ခုလာမယ့် လွှတ်တော် အစိုးရသစ်မှာ တစ်ပါတီတည်း အတိုက်အခံ ပြန်ပြီးပြောမယ့် သူတွေရော ရှိလာနိုင်မယ်လို့ ထင်လားဗျ။

UHS : မြင်တယ်ဗျ။ သူတို့ NLD ကနိုင်တဲ့သူတွေကို ကြည့်လိုက်ရင် ခံစားချက်ကြီးတွေနဲ့ ပြောလိမ့်မယ်။ မယုံရင်ကြည့်။ ခံစားချက်ကြီးတွေကိုးဗျ။အရေးကြီးတာက အဲဒါတွေကို မျှဉ်းပိတ်လိုက်ပြီး တိုင်းပြည်တိုးတက်ရေးကိုပဲ လုပ်ဖို့ လိုတယ်ဗျ။ ဒါပေမဲ့ ကျွန်တော် မြင်ပါတယ် လာမယ့်လွှတ်တော် (အစိုးရသစ်)ဟာ ကွာလတီပိုင်းဆိုင်ရာ မြင်တွေ့ရမယ့် ပုံစံကို ပူပန်မိတယ်။

Voice : တစ်ခုရှိသေးတယ်ဗျ။ ဂန့်ဂေါနယ်မှာ အန်ကယ်က နိုင်ရမယ်ဆိုတဲ့ စိတ်ကို ထားခဲ့တယ်။ မနိုင်ခဲ့ရင် နိုင်ငံရေးအစား ဘာသာရေးကို လုပ်တော့မယ်ဆိုတဲ့ စိတ်ကူးထားတာမျိုးရော ရှိလားဗျ။

UHS : မရှိဘူးဗျ။ ကျွန်တော် အခု အသက် ၅၅ နှစ်လေ။ ကျွန်တော်က စီးပွားရေးက ဘာမှမရှိဘူး။ ကားတစ်စီးတောင် ကျွန်တော်မပိုင်ဘူး။ ကိုယ်ပိုင်ကား တစ်စီးတောင် ကျွန်တော်မရှိဘူး။ ဒီရွေးကောက်ပွဲမှာ တာဝန်ပေးတယ်၊ ကြိုးစားတယ်၊ မအောင်မြင်ဘူး။ နောက်ထပ် ငါးနှစ်ဆိုရင် ကျွန်တော် အသက် ၆၀ ဖြစ်ပြီ။ ဥပမာ - ကြံ့ခိုင်ရေးပါတီက နုတ်ထွက်သင့်ရင် နုတ်ထွက်ရမယ်။ နုတ်ထွက်ပြီး အရန်အင်အားနေရာမှာ နေမယ်။ ကိုယ့်ဘာကို စီးပွားရေးလေး ဘာလေး လုပ်ပြီးတော့မှ ကျွန်တော်ရဲ့မိသားစု စားဝတ်နေရေးကို လုပ်မယ်။ ကျွန်တော်က ဘာမှရှိတဲ့အကောင် မဟုတ်ဘူးလေ။ ကိုယ်ပိုင်ကားတောင် တစ်စီးမှ မရှိတော့ ခင်ဗျားစဉ်းစား ကြည့်ပေါ့နော်။

Voice : အန်ကယ် အခုစီးနေတဲ့ ဖားပြုပ် (ပါဂျဲရိုကား) က ပြန်အပ်ရမယ့် သဘောလားခင်ဗျ။

UHS : မဟုတ်ဘူးဗျ။ ဒါက ဖားပြုပ်က ပတ္တမြားနဂါး ဦးနေဝင်းထွန်းက ပတ္တမြားနဂါး ဖောင်ဒေးရှင်းရဲ့ အတွင်းရေးမှူးမို့လို့ ကျွန်တော့်ကို ပေးတာလေ။ ဖောင်ဒေးရှင်းမှာ အကျိုးအမြတ် မယူဘူးဆိုရင် လုပ်မယ်ဆိုတော့ အတွင်းရေးမှူး လုပ်ခဲ့တာ။၊ အဲဒါကြောင့် ကျွန်တော့်ကိုပေးထားတာ။ ကျွန်တော် အတွင်းရေးမှူး လုပ်နေသရွေ့ ပေးထားတာ။ ကျွန်တော့်ကားမဟုတ်ပါဘူး။

Voice : ပြီးတော့ ကျွန်တော်တို့ သိရှိရသလောက် ဆိုရင် လက်ရှိလွှတ်တော်ထဲမှာ တော်တော်များများ ဝေဖန်ပြောဆိုခဲ့တဲ့ အန်ကယ်တို့လို အမတ်တွေ မပါတော့ဘူး ဆိုတော့ လုပ်ဆောင်ချက်တွေ စည်ကားနေမယ် လို့ရော ထင်လားဗျ။

UHS : ဒီလိုတော့ရှိတယ်။ မည်သည့်ကိစ္စမဆို ဒေါ်အောင်ဆန်းစုကြည် ကပဲ ထိန်းချုပ်မယ် ဆိုတော့ လွှတ်တော်ကြီးဟာ အသက်ဝင်မယ်လို့ မထင်ဘူး။ အကုန်လုံး လက်ညှိုးထောင်ခေါင်းညိတ် ဖြစ်သွား မယ်။

Voice : ကျွန်တော် တစ်ခုမေးချင်တာက နိုင်ငံရေးကို အန်ကယ်က ဆုတ်ခွာမယ်။ ပါတီက နုတ်ထွက်သင့်ရင် နုတ်ထွက်မယ်လို့ ပြောထားတဲ့ အတွက်ကြောင့်မို့ ဒီနိုင်ငံအတွက် တစ်ဖက်က အကျိုးပြုတဲ့ ဥပမာ- စာရေးတဲ့ အလုပ်မျိုး၊ ထောက်ပြဝေဖန်တာမျိုး အခြားတစ်ဖက် တစ်လမ်းက ကူပေးမယ့် အစီအစဉ်ရော ရှိလားခင်ဗျ။

UHS : ကျွန်တော် Mood ဝင်လာရင်တော့ စာရေးမယ်။ ကျွန်တော် Eleven ကလွဲပြီး ကျန်တဲ့ဟာတွေမှာ ရေးမယ်။

Voice : လက်ရှိက အန်ကယ် ဘာစီးပွားရေး လုပ်မယ်လို့ ဆုံးဖြတ်ထားလဲဗျ။

UHS : ကျွန်တော့်ကို ကမ်းလှမ်းတဲ့ကုမ္ပဏီတွေ ရှိတယ်။ အမည်တော့ မပြောတော့ဘူး။ လတ်တလော သုံးခုရှိတယ်။ ထိတ်ထိတ်ကြဲ ကုမ္ပဏီကြီး သုံးခုပေါ့။ ဒါရိုက်တာအဖွဲ့ထဲမှာ ဦးလှဆွေပါရင် တော်ပြီ။ တစ်လကို သိန်း ၂၀ ပေးပါ့မယ်။ ကားတစ်စီးနဲ့ ကုလားထိုင် တစ်လုံးနဲ့။ ဟုတ်ကဲ့ ကျွန်တော် စဉ်းစားပါရစေလို့ ပြောထားတယ်။ မပြောပါရစေနဲ့ ဘာလို့လဲဆိုတော့ ကျွန်တော်က ငြင်းရမှာမို့ပါ။ ကျွန်တော် အေးအေးချမ်းချမ်းနဲ့ စိုက်ပျိုးရေးလေး လုပ်ထားတာလေး ရှိတယ်လေ။ ကိုယ့်ဘာကို ဂန့်ဂေါမှာ ယာခင်းလေး စိုက်ပျိုးပြီးတော့ စားမယ်။ ကျွန်တော့် ယာခင်း ဒီနှစ်မှာ နှမ်းတင်း ၃၀၀ ထွက်တယ်။ တစ်တင်းကို ၃၂၀၀၀ နဲ့ရောင်းရတယ်။

Voice : နောက်ဆုံးတစ်ခု မေးချင်ပါတယ်။ လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မဲနိုင်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရှုံးတယ်လို့ တရားဝင် ပြောထားပြီဆိုတော့။ သူရဦးရွှေမန်း ဘာကြောင့်ရှုံးတာလဲ သုံးသပ် ကြည့်ပါဦး။

UHS : ကျွန်တော်တို့ပြိုင်ရတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြိုင်ရတာလေ။ ဒေါ်အောင်ဆန်းစုကြည်တောင် ဗိုလ်ချုပ်အောင်ဆန်း မပါရင် မပြီးဘူး။ ဗိုလ်ချုပ်အောင်ဆန်းပုံ သွင်းကို သွင်းထားမှ ဖြစ်မှာကိုး။ ဆိုလိုတာက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပြိုင်လို့ ကျွန်တော်တို့ ရှုံးရတယ်ပေါ့။ ဦးရွှေမန်းက သူမွေးတဲ့ ရပ်ကွက်မှာ မဲရုံမှာ နိုင်သင့်တယ်လို့ ကျွန်တော်က ယုံကြည်တာပေါ့နော်။ ဒါပေမဲ့ သူ့ကို ဒီရပ်ကွက်ကတောင် မယုံကြည်ဘူး ဆိုရင်တော့ ရှုံးပျော်တာပေါ့။

(အောင်ထက်)
The Voice Weekly
..................................
“ကျြန်တော် နိုင်ငံရေးလောကကို ကော်ခိုင်းတော့မယ္ဗ်”
--------------------------------------

ဂန့်ဂေါမဲဆန္ဒနယ္တြင် အမိုးသားလွှတ်တော် ကိုယ္စားလွယ်လောင်းအျဖစ် ဝင်ရောက် ယွဉ်ပြိုင္ခဲ့ပြီး ရှုံးနိမ့္ခဲ့သူ ဦးလွေဆြနွင့် တြေ့ဆျုံခင်း

Voice : ခုရြေးကောက္ပြဲအပြီး ရလဒ္က ထြက်ပြီးပြီပေါ့။ အဲ့တော့ အန္ကယ့်အေနနဲ့ နိုင်ငံရေးလောကကို ဘယ္လိုပုံစံမိုးနဲ့ ဆက်ြသားမယ္လို့ ရည္မွန်းထားလဲဗ်။

UHS : ကျြန်တော် နိုင်ငံရေးကို စိတ္ကုန်ြသားပြီဗ်။ စိတ္ကုန်ြသားတာ ဘာလို့လဲဆိုတော့ ကျြန်တ္ကော စစ်သားဆိုတော့ ကျြန်တော့်ပုံစံကလည်း စစ်သားပုံဈံဖစ်နေတယ်။ ကျြန်တ္ကော ငါ မွန္တာလုပ်ရင် ငါ့ကို လူတြေက ထောက္ခံရမယ်။ ငါလည်း မွန္တာလုပ်သေးတယ် ငါ့ကိုမေထာက္ခံဘူး။ ကျြန်တ္ကော မကြိုက္ဘူး။ အေး အဲဒါဆိုရင် မင်းတို့ ငါ့ထက်တ္တောဲ့သူကို မင်းတို့ ရြေးခ်ယ္တယ်။ အဲလူလုပ္တာပဲ ယူပေါ့။ က်န္စစ်သားက စောလူးမင်းကိုခိုးသလို မင်းဆိုးမင်းညစ် လက္ထဲ ခြေးသေဝက်သေ က်န်ရစ္ခဲ့ပေတာ့လို့ ပစ္ထားခဲ့တာလေ။
အဲ ကျြန်တော့်ကို ဂန့်ဂေါနယ္က မေရြးခ်ယ္ခဲ့ဘူး။ ကျြန်တော့်ရြာမွာ ကျြန်တော်နိုင္တယ်။ ကျြန်တော် ပြိုင္ဘက္က ရြာခံလူ။ ကျြန်တ္ကော ဧည့်သည္လို ပြိုင်ရတယ်။ ဒါပေမဲ့ သူနေတဲ့ရြာမွာ ကျြန်တော် နိုင္ခဲ့တယ်။ ဒါကြောင့္မို့ ကျြန်တ္တောိျု့ပူးလြင္ကို နိုင္တယ်။ ဒါပေမဲ့ ဗိုလ္ခ်ုပ်အောင္ဆန်းကို ရှုံးခဲ့တယ္လို့ျေပာခ်င္တယ်။ မဲလာဆြယ္တဲ့ ရာဇာနေဝင်းတို့၊ ဗေလုဝတို့က ဒေါ်အောင္ဆန်းစုကြည္ကို မဲပေးပါ၊ ဗိုလ္ခ်ုပ်အောင္ဆန်းကို မဲပေးပါ၊ NLD ကို မဲပေးပါလို့ မဲဆြယ္ခဲ့တာ။ျပူးလြင္ကို မဲပေးပါလို့ တစ်ယောက္မွမျေပာဘူး။ ဒါကြောင့္မို့ ကျြန်တော်သည်ျပူးလြင္ကို သူတို့ရြာမွာ နိုင္တယ်။ ဗိုလ္ခ်ုပ်အောင္ဆန်းကို ရှုံးခဲ့တယ္လို့ျေပာတာ။ ဒီအတြက် ကျြန်တော် ဂုဏ်ယူတယ်။
ဒါပေမဲ့လို့ ဂန့်ဂေါ တစ္နယ္လုံးက မဲတြေပါင်းတော့ ကျြန်တော်ရှုံးတယ်။ ရှုံးတဲ့အတြက်ကြောင့် ကျြန်တ္ကော ပုဆိုးလေး ဖုန္ခါပြီး ထသြားမယ်။ အဲဒါကြောင့် စောလူးမင်းကို က်န္စစ်သားကယ်သလိုကို ခြေးသေဝက်သေ သေလို့ျေပာပြီး ပစ္ခ်ထားခဲ့မွာ။

Voice : အခု အန္ကယ်ရဲ့ မဲရလဒ္က NLD အမတ်လောင်းနဲ့ မဲဘယ်လောက် ကြာနေတာလဲဗ်။

UHS : ကျြန်တော် ကျြာခားတဲ့ မဲအေနအထား အေသးစိတ် တြက္ခ်က္တဲ့အထဲ ကျြန်တ္မောပါဘူးဗ်။

Voice : ခုလာမယ့် အစိုးရသစ် ငါးနွစ်သက္တမ်း ပြီးရင်ရော နိုင်ငံရေးလောကထျဲပန်ဝင္မယ္လို့ စိတ္ကူး ရွိလားခင္ဗ်။

UHS : ကျြန်တော် နိုင်ငံရေးလောကကို ကော်ခိုင်းမယ်။

Voice : အဲလိုဆိုရင် အန္ကယ္က နိုင်ငံ့တာဝန္ကို စစ္တပ္မွာလည်ျးပန္တမ်းဝင် အရာရွိတစ်ယောက် အေနနဲ့ ထမ်းဆောင္ခဲ့ဖူးတာလည်း ရွိခဲ့ဖူးတယ်။ ခု အျေခအေနမွာက်တော့ ဒျီပည်သူတြေ အတြက္ကို လွည့္မကြည့္ခ်င်တော့တဲ့ သေဘာလား ခင္ဗ်။

UHS : တစ္ခုရွိတယ်။ ကျြန်တော့္မွာ အိပ္မက္တစ္ခု ရွိတယ်။ အကယ်၍သာ ကျြန်တော် ဝန်ကြီးတစ်ယောက်ျဖစ္ခဲ့မယ္ဆိုရင် ကျြန်တော့်ရုံးခန်းကို ဂိတ်ပေါက်ဝမွာ ထားမယ္လို့ တြေးထားဖူးတယ်။ ဝန်ကြီးဌာနေတြကို ဘယ်သူဝင္မွာလဲ၊ ဝင္ခဲ့စမ်း။ ဘယ်သူ့ကိုတြေ့မလဲ၊ ဘယ်ညွှန္မွူးကိုတြေ့မလဲ၊ျေပာ။ ပြီးရင် အဆင်ျေပ မျေပ ငါ့ကိျုေပာ။ အဲ လာတြေ့တဲ့သူကို ရွာ။ ဘာပါလဲ ဘာမွမပါဘူးဆို သြားတြေ့။ ဘျာပန်ျေပာလဲ ငါ့ကိျုေပာ ဆိုပြီးတော့မွ ကျြန်တ္ကော ရစ္တဲ့ညွှန္မွူးတြေ ဝန္ထမ်းတြေကို ပညာပေးမလို့။ ကျြန်တော် ဝန်ကြီးကိုယ္တိုင် ဂိတ်ပေါက်ဝမွ ထိုင်ပြီဆိုတော့ အလုပ္ကျဖစ်ပြီပေါ့။ ခုခေတ္က ဝန်ကြီးမသိဘဲ အောက္မွလုပ်နေတာတြေ အမ်ားကြီးပဲ။ အဲလိုမိုး ကျြန်တော် စိတ္ကူးယဉ္ဖူးတယ်။ အဲလိုမိုး ဝန်ကြီးဌာနကို အောက်ျေခကစပြီး ကြပ္မတ္လိုက်ရင် အဲဝန်ကြီးဌာနက အခိန္တိုအတြင်းမွာ တိုးတက် မွန္ကန်ြသားလိမ့္မယ္လိျု့မင္မိတယ်။ ဒါပေမဲ့ ကျြန်တော် ဒါမိုးလုပ္ခြင့် မရခဲ့ဘူးပေါ့။

Voice : သေဘာက အန္ကယ့်အေနနဲ့ လုပ္ပိုင္ခြင့်၊ အာဏာအခြင့်အေရး ရမျွပည်သူကျိုပန်ကြည့္လို့ရမယ် ဆိုတဲ့ သေဘာကိုျေပာတာလားခင္ဗ်။

Voice : မဟုတ္ဘူးဗ်။ ကျြန်တော်သာ ဝန်ကြီျးဖစ္ခဲ့ရင် ကျြန်တော် အဲလိုလုပ္မွာလို့ျေပာတာ။ ဆိုလိုတာ ကေတာ့ အခု ကျြန်တ္တောို့ ထောက်ျပေနတာတြေ အမ်ားကြီးရွိတယ်လေ။ ကျြန်တော် ကိုယ္တိုင္လည်း အခုလည်း ထောက်ျပေနတာပဲ။ ကျြန်တော်ကေတာ့ နိုင်ငံရေးလောကကို မလုပ်တော့ဘူး။ ဘာခေါ်မလဲ အခုဟာက တကယ် လုပ်နိုင္ကိုင်နိုင္တဲ့သူကို ရြေးတာမွ မဟုတ္တာ လူတြေကေလ။ သူတို့က လုပ်နိုင္တဲ့သူကို မဲထည့္တာ မဟုတ္ဘူး။ ဗိုလ္ခ်ုပ်အောင္ဆန်းကို မဲထည့္တာ။ ဗိုလ္ခ်ုပ်အောင္ဆန်းက လွှတ်တ္ထောဲလာမွာ မဟုတ္ဘူးဗ်။ သူတို့ရဲ့ခံစားခ်က္ကလည်း အရင် အစိုးရအဆက္ဆက္က လူကြီးတြေ အက်င့္ပ်က်ျခစားတာတြေကို သူတိျု့မင္လာခဲ့လို့ စိတ္ကုန်နေတာပေါ့နော်။ ဒါကြောင့် NLD မဲနိုင်ြသားတယ္လို့ ကျြန်တော် ယုံကြည္တယ်။
အစိုးရကို မကြည်ညိုတဲ့သူတြေမွ NLD ရောက္တာကိုးဗ်။ ဘယ္လိုမ်ားျေပာင်းလဲလာမလဲ ဆိုတာ ကျြန်တော် ရိုးရိုျးပည်သူတစ်ယောက် အေနနဲ့ ကျြန်တော်ကြည့္မယ်။ နိုင်ငံရေးသမားတစ်ယောက် အေနနဲ့ ကျြန်တ္မောကြည့္ဘူး။ ဘာမွလဲမေဝဖန္ဘူး။ ဝေဖန္စရာလည်း မလိုဘူး။ ဘာလို့လဲဆိုတော့ ကျြန်တ္ကော ထဲထဲဝင်ဝင် မပတ်သက်တော့ဘူး။

Voice : ခုလွှတ်တော်အေဟာင်း ဆိုပါတော့။ အဲဒီမွာ အန္ကယ့်အေနနဲ့ လုပ္ကိုင်ဆောင်ရက္ခြဲ့တာ ရွိတယ်။ ခုလာမယ့် လွှတ်တော် အစိုးရသစ္မွာ တစ္ပါတီတည်း အတိုက်အချံပန်ပြီျးေပာမယ့် သူတြေရာ ရွိလာနိုင္မယ္လို့ ထင္လားဗ်။

UHS :ျမင္တယ္ဗ်။ သူတို့ NLD ကနိုင္တဲ့သူတြေကို ကြည့္လိုက်ရင် ခံစားခ်က်ကြီးတြေနဲ့ျေပာလိမ့္မယ်။ မယုံရင်ကြည့်။ ခံစားခ်က်ကြီးတြေကိုးဗ်။အေရးကြီးတာက အဲဒါတြေကို မ်ွဉ်းပိတ္လိုက်ပြီး တိုင်ျးပည္တိုးတက်ရေးကိုပဲ လုပ္ဖို့ လိုတယ္ဗ်။ ဒါပေမဲ့ ကျြန်တော်ျမင္ပါတယ် လာမယ့္လွှတ်တော် (အစိုးရသစ်)ဟာ ကြာလတီပိုင်းဆိုင်ရျာမင်တြေ့ရမယ့် ပုံစံကို ပူပန္မိတယ်။

Voice : တစ္ခုရွိသေးတယ္ဗ်။ ဂန့်ဂေါနယ္မွာ အန္ကယ္က နိုင်ရမယ္ဆိုတဲ့ စိတ္ကို ထားခဲ့တယ်။ မနိုင္ခဲ့ရင် နိုင်ငံရေးအစား ဘာသာရေးကို လုပ်တော့မယ္ဆိုတဲ့ စိတ္ကူးထားတာမိုးရော ရွိလားဗ်။

UHS : မရွိဘူးဗ်။ ကျြန်တော် အခု အသက် ၅၅ နွစ်လေ။ ကျြန်တ္ကော စီးပြားရေးက ဘာမွမရွိဘူး။ ကားတစ္စီးတောင် ကျြန်တ္မောပိုင္ဘူး။ ကိုယ္ပိုင္ကား တစ္စီးတောင် ကျြန်တ္မောရွိဘူး။ ဒီရြေးကောက္ပြဲမွာ တာဝန်ပေးတယ်၊ ကြိုးစားတယ်၊ မေအာင်ျမင္ဘူး။ နောက္ထပ် ငါးနွစ္ဆိုရင် ကျြန်တော် အသက် ၆၀ျဖစ်ပြီ။ ဥပမာ - ကြံ့ခိုင်ရေးပါတီက နုတ္ထြက်သင့်ရင် နုတ္ထြက်ရမယ်။ နုတ္ထြက်ပြီး အရန်အင်အားနေရာမွာ နေမယ်။ ကိုယ့္ဘာကို စီးပြားရေးလေး ဘာလေး လုပ်ပြီးတော့မွ ကျြန်တော်ရဲ့မိသားစု စားဝတ်နေရးကို လုပ္မယ်။ ကျြန်တ္ကော ဘာမွရွိတဲ့အေကာင် မဟုတ္ဘူးလေ။ ကိုယ္ပိုင္ကားတောင် တစ္စီးမွ မရွိတော့ ခင္ဗ်ားစဉ်းစား ကြည့်ပေါ့နော်။

Voice : အန္ကယ် အခုစီးနေတဲ့ ဖာျးပုပ် (ပါဂ်ဲရိုကား) ကျပန်အပ်ရမယ့် သေဘာလားခင္ဗ်။

UHS : မဟုတ္ဘူးဗ်။ ဒါက ဖာျးပုပ္က ပတ္တျမားနဂါး ဦးနေဝင်းထြန်းက ပတ္တျမားနဂါး ဖောင်ဒေးရွင်းရဲ့ အတြင်းရေးမွူးမို့လို့ ကျြန်တော့်ကို ပေးတာလေ။ ဖောင်ဒေးရွင်းမွာ အကိုးအျမတ် မယူဘူးဆိုရင် လုပ္မယ္ဆိုတော့ အတြင်းရေးမွူး လုပ္ခဲ့တာ။၊ အဲဒါကြောင့် ကျြန်တော့်ကိုပေးထားတာ။ ကျြန်တော် အတြင်းရေးမွူး လုပ်နေသေရြ့ ပေးထားတာ။ ကျြန်တော့်ကားမဟုတ္ပါဘူး။

Voice : ပြီးတော့ ကျြန်တ္တောို့ သိရွိရသေလာက် ဆိုရင် လက်ရွိလွှတ်တ္ထောဲမွာ တော်တ္မော်ားမ်ား ဝေဖန်ျေပာဆိုခဲ့တဲ့ အန္ကယ္တို့လို အမတ်တြေ မပါတော့ဘူး ဆိုတော့ လုပ်ဆောင္ခ်က်တြေ စည္ကားနေမယ် လို့ရော ထင္လားဗ်။

UHS : ဒီလိုတော့ရွိတယ်။ မည်သည့္ကိစ္စမဆို ဒေါ်အောင္ဆန်းစုကြည် ကပဲ ထိန်းခ်ုပ္မယ် ဆိုတော့ လွှတ်တော်ကြီးဟာ အသက်ဝင္မယ္လို့ မထင္ဘူး။ အကုန္လုံး လက်ညှိုးထောင်ခေါင်းညိတ်ျဖစ်ြသား မယ်။

Voice : ကျြန်တော် တစ္ခုမေးခ်င္တာက နိုင်ငံရေးကို အန္ကယ္က ဆုတ္ခြာမယ်။ ပါတီက နုတ္ထြက်သင့်ရင် နုတ္ထြက္မယ္လို့ျေပာထားတဲ့ အတြက်ကြောင့္မို့ ဒီနိုင်ငံအတြက် တစ္ဖက္က အကိုျးပုတဲ့ ဥပမာ- စာရေးတဲ့ အလုပ္မိုး၊ ထောက်ျပေဝဖန္တာမိုး အျခားတစ္ဖက် တစ္လမ်းက ကူပေးမယ့် အစီအစဉ်ရော ရွိလားခင္ဗ်။

UHS : ကျြန်တော် Mood ဝင္လာရင်တော့ စာရေးမယ်။ ကျြန်တော် Eleven ကလြဲပြီး က်န္တဲ့ဟာတြေမွာ ရေးမယ်။

Voice : လက်ရွိက အန္ကယ် ဘာစီးပြားရေး လုပ္မယ္လို့ ဆုံျးဖတ္ထားလဲဗ်။

UHS : ကျြန်တော့်ကို ကမ်းလွမ်းတဲ့ကုမ္ပဏီတြေ ရွိတယ်။ အမည်တော့ မျေပာတော့ဘူး။ လတ္တေလာ သုံးခုရွိတယ်။ ထိတ္ထိတ်ကြဲ ကုမ္ပဏီကြီး သုံးခုပေါ့။ ဒါရိုက္တာအဖြဲ့ထဲမွာ ဦးလွေဆြပါရင် တော်ပြီ။ တစ္လကို သိန်း ၂၀ ပေးပါ့မယ်။ ကားတစ္စီးနဲ့ ကုလားထိုင် တစ္လုံးနဲ့။ ဟုတ္ကဲ့ ကျြန်တော် စဉ်းစားပါရေစလို့ျေပာထားတယ်။ မျေပာပါရေစနဲ့ ဘာလို့လဲဆိုတော့ ကျြန်တ္ကေျာငင်းရမွာမို့ပါ။ ကျြန်တော် အေးအေးခ်မ်းခ်မ်းနဲ့ စိုက္ပိုးရေးလေး လုပ္ထားတာလေး ရွိတယ်လေ။ ကိုယ့်ဘာကို ဂန့်ဂေါမွာ ယာခင်းလေး စိုက္ပိုးပြီးတော့ စားမယ်။ ကျြန်တော့် ယာခင်း ဒီနွစ္မွာ နွမ်းတင်း ၃၀၀ ထြက္တယ်။ တစ္တင်းကို ၃၂၀၀၀ နဲ့ရောင်းရတယ်။

Voice : နောက္ဆုံးတစ္ခု မေးခ်င္ပါတယ်။ လက်ရွိ အမိုးသားလွှတ်တော် ဥက္ကဋ္ဌက မဲနိုင်ပြီျးပည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရှုံးတယ္လို့ တရားဝင်ျေပာထားပြီဆိုတော့။ သူရဦးရွှေမန်း ဘာကြောင့်ရှုံးတာလဲ သုံးသပ် ကြည့္ပါဦး။

UHS : ကျြန်တ္တောို့ပြိုင်ရတာက ဗိုလ္ခ်ုပ်အောင္ဆန်းနဲ့ ပြိုင်ရတာလေ။ ဒေါ်အောင္ဆန်းစုကြည်တောင် ဗိုလ္ခ်ုပ်အောင္ဆန်း မပါရင် မပြီးဘူး။ ဗိုလ္ခ်ုပ်အောင္ဆန်းပုံ သြင်းကို သြင်းထားမျွဖစ္မွာကိုး။ ဆိုလိုတာက ဗိုလ္ခ်ုပ်အောင္ဆန်းပုံနဲ့ ပြိုင္လို့ ကျြန်တ္တောို့ ရှုံးရတယ်ပေါ့။ ဦးရွှေမန်းက သူမြေးတဲ့ ရပ္ကြက္မွာ မဲရုံမွာ နိုင်သင့္တယ္လို့ ကျြန်တ္ကော ယုံကြည္တာပေါ့နော်။ ဒါပေမဲ့ သူ့ကို ဒီရပ္ကြက္ကေတာင် မယုံကြည္ဘူး ဆိုရင်တော့ ရှုံးပေ်္တာာပေါ့။

(အောင္ထက်)
The Voice Weekly


No comments:

Post a Comment