Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 9, 2015

ဒီခ်ဳပ္အာဏာရခဲ့ေသာ္

ဒီခ်ဳပ္အာဏာရခဲ့ေသာ္
==============
(17 - Aug - 2015 က ေရးခဲ့ေသာ ကိုေဇာ္ဝင္း (၈၈ ေက်ာင္းသားေဟာင္း) ၏ ေဆာင္းပါး

(ဒီခ်ဳပ္အာဏာရေရး အေပၚ ေမွ်ာ္လင့္ခ်က္ၾကီးၾကီးမားမား ထားေနၾကဆဲျဖစ္သည့္ ဒီမိုကေရစီ မိတ္ေဆြမ်ားသို႔)

အမွန္ေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အာဏာရလိမ့္မယ္လို႔ က်ေနာ္ မယုံၾကည္ဘူး။ ဒါေပမယ့္ အခုေရြးေကာက္ပြဲအတြက္ တက္ၾကြေနသူေတြက ဒီခ်ဳပ္အာဏာရခဲ့ေသာ္ဆိုတဲ့ အေတြးနဲ႔ တက္ၾကြေနၾကတာ ျဖစ္ေတာ့ ဒီခ်ဳပ္အာဏာရခဲ့ေသာ္ ဘာျဖစ္ႏိုင္သလဲဆိုတာကို က်ေနာ္တြက္ခ်က္ျပခ်င္ပါတယ္။

ဒီခ်ဳပ္အာဏာရခဲ့ေသာ္ ဒီမိုကေရစီနည္းမက်တဲ့ ျငိမ္းစုစီဥပေဒ ပုဒ္မခြဲ ၁၈ ကိုပယ္ဖ်က္မလား။ အေရးေပၚ စီမံခ်က္ အက္ဥပေဒ ပုဒ္မ ၅ ည ကို ဖ်က္သိမ္းမလား။ အဲဒီေမးခြန္းကို အရင္ စေမးခ်င္ပါတယ္။ က်ေနာ္ျဖင့္ သိပ္မထင္လွဘူး။ အမ်ဳိးသားပညာေရး ဥပေဒကိုေတာင္မွ စစ္အာဏာရွင္မ်ားအလိုက် သမဂၢျဖဳတ္ခိုင္းတဲ့ ဒီခ်ဳပ္ဟာ အဲဒီဥပေဒေတြကို ပယ္ဖ်က္ဖို႔ စြမ္းစြမ္းတမံေဆာင္ရြက္မယ္လို႔ မထင္လွဘူး။ ဒါေပမယ့္ ဒီခ်ဳပ္ကို ေမွ်ာ္လင့္အားထားေနၾကတဲ့ ဒီခ်ဳပ္ေထာက္ခံသူ ဒီမိုကေရစီမိတ္ေဆြမ်ားက ဒီခ်ဳပ္ကျဖင့္ အဲသလို ဒီမိုကေရစီ နည္းမက်တဲ့ ဥပေဒေတြကို ဖ်က္သိမ္းမွာပါပဲလို႔ ယူဆထားၾကတဲ့ အတြက္ ...ေကာင္းျပီ၊ ဒီခ်ဳပ္က အဲဒီဥပေဒ ေတြကို ဖ်က္သိမ္းမယ္လို႔ ယူဆလိုက္ၾကပါစို႔။ အဲသလိုဖ်က္သိမ္းလို႔ရႏိုင္မလား။ အက်ဳိးရွိႏိုင္ပါသလား။

ဟုတ္ကဲ့။ ဖ်က္သိမ္းလို႔ ရႏိုင္ပါတယ္။ ဒီခ်ဳပ္က လႊတ္ေတာ္ထဲမွာ လူမ်ားစုမဲေတြကို ရထားမယ္ဆိုရင္ အဲဒီဥပေဒေတြကို ဖ်က္သိမ္းလို႔ ရႏိုင္ပါတယ္။ ဒါေပမယ့္ အဲသလို ဖ်က္သိမ္းတာကို ကာကြယ္ေရးဦးစီးခ်ဳပ္က သေဘာမက်ရင္ လက္ေတြ႔မွာ အက်ဳိးရွိမွာမဟုတ္ပါဘူး။ ဘာလို႔ အက်ဳိးမရွိႏိုင္သလဲ ဆိုေတာ့ ဥပေဒကို ဖ်က္သိမ္းထားေပမယ့္ ရဲကအဲဒီ ပုဒ္မ ၁၈ ဖ်က္သိမ္းျပင္ဆင္ထားတဲ့ ဥပေဒသစ္ကို မလိုက္နာပဲ ဆႏၵျပသူေတြကို ဖမ္းတယ္ဆိုရင္ ဘယ့္ႏွယ္လုပ္မလဲ။ မိတ္ေဆြမ်ားေျဖၾကည့္ပါ။ ရဲက ဥပေဒကို မလိုက္နာပဲ အဲသလိုလုပ္စရာ အေၾကာင္းမရွိဘူးလို႔ ခင္ဗ်ားတို႔ ေတြးခ်င္ေတြးမယ္။ အေၾကာင္းရွိပါတယ္။ ရဲကို အမိန္႔ေပးမယ့္သူဟာ ျပည္ထဲေရး ဝန္ၾကီးဌာနျဖစ္ပါတယ္။ ျပည္ထဲေရး ဝန္ၾကီးကို ကာကြယ္ေရးဦးစီးခ်ဳပ္က ခန္႔ထားပါတယ္။ ရဲဟာ စစ္တပ္ေအာက္မွာပါ။ သမၼတေအာက္မွာ အစိုးရအဖြဲ႔ေအာက္မွာ မဟုတ္ပါဘူး။ အကယ္၍ ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ႏိုင္တယ္လို႔႔ပဲ ဆိုပါစို႔။ ဥပေဒမလိုက္နာတဲ့ရဲကို ေဒၚေအာင္ဆန္းစုၾကည္က အလုပ္ကေနျဖဳတ္မယ္ဆိုပါေတာ့။ ျပည္ထဲေရးဝန္ၾကီးကခံမယ္ထင္ပါသလား။ ျပည္ထဲေရးဝန္ၾကီးကမခံရင္ ျပည္ထဲေရးဝန္ၾကီးနဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ကို ေဒၚေအာင္ဆန္းစုၾကည္က ထိပ္တိုက္ရင္ဆိုင္မယ္လို႔ ခင္ဗ်ားတို႔ထင္ပါသလား။

တကယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ပါတီေခါင္းေဆာင္ေတြ ဒါမွ မဟုတ္ပါတီဝင္ေတြကို ရဲကဝင္ဖမ္းျပီ ဆိုပါေတာ့။ ေဒၚေအာင္ဆန္းစုၾကည္ ဘာတတ္ႏိုင္မယ္ထင္ပါသလဲ။ ဒါမ်ဳိးကေတာ့ အေတြးေခါင္တာပါကြာ၊ မျဖစ္ႏိုင္ပါဘူးလို႔ခင္ဗ်ားတို႔ထဲက တခ်ဳိ႔က ထင္ေကာင္းထင္ၾကပါလိမ့္မယ္။ သိပ္ျဖစ္ႏိုင္ပါတယ္။ ျဖစ္ခဲ့ဖူးတဲ့ အစဥ္အလာေတြလည္း ရွိပါတယ္။ ဇင္ဘာေဘြမွာ မ်ဳိးခ်စ္ေခါင္းေဆာင္၊ တိုင္းျပည္ရဲ့ လြတ္လပ္ေရး ယူေပးခဲ့တဲ့ ေခါင္းေဆာင္လည္းျဖစ္ျပီး အာဏာရွင္လည္းျဖစ္တဲ့ သမၼတေရာဘတ္မူဂါဘီက မဲခိုးမဲညစ္ပါတယ္။ အေနာက္အုပ္စုလိုလားတဲ့ ေမာ္ဂန္ခ်န္ဂီရြိဳင္းက မဲအႏိုင္ရပါတယ္။ ဒါေပမယ့္ ေရာဘတ္မူဂါဘီက ညစ္ေတာ့ ျပႆနာတက္ပါတယ္။ အဲဒီပြဲမွာ အေနာက္အုပ္စုက ေစ့စပ္ညႇိႏိႈင္းခိုင္းျပီး အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးလုပ္ပါတယ္။ သမၼတက ေရာဘတ္မူဂါဘီဆက္ျဖစ္ပါတယ္။ ေမာ္ဂန္ခ်န္ဂီရြိဳင္းက ဝန္ၾကီးခ်ဳပ္လုပ္ရပါတယ္။ အာဏာရဲ့ အခ်က္အခ်ာ ျဖစ္တဲ့ ျပည္ထဲေရး၊ကာကြယ္ေရး စစ္တပ္တို႔ကို ေရာဘတ္မူဂါဘီက ကိုင္ထားပါတယ္။ သင့္သင့္ျမတ္ျမတ္ အာဏာခြဲေဝႏိုင္ၾကတယ္ဆိုျပီး အေနာက္အုပ္စုကခ်ီးမြမ္းခန္းၾကီးဖြင့္ျပီး တယ္မၾကာလွပါဘူး။ ေမာ္ဂန္ခ်န္ဂီရြိဳင္းရဲ့လူေတြကို ေရာဘတ္မူဂါဘီရဲ့ ရဲေတြက ဖမ္းဆီးႏွိပ္စက္ ညႇင္းပန္းတာေတြ လုပ္ေတာ့တာ ပါပဲ။ လူေပါင္း ၂၀၀ ေက်ာ္အသတ္ခံရပါတယ္။ အဲသလိုနမူနာေတြရွိပါတယ္။ ဘယ္ေလာက္အထိေတာင္ ဆိုးဆိုးဝါးဝါးလုပ္သလဲဆိုရင္ ဝန္ၾကီးခ်ဳပ္ကို လုပ္ၾကံတဲ့အထိ လုပ္ပါတယ္။ ဝန္ၾကီးခ်ဳပ္ေမာ္ဂန္ခ်န္ဂီရြိဳင္း ဘာမွ မတတ္ႏိုင္ပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ပါတီကလူေတြကို မဖမ္းရင္ေတာင္မွ တပ္သိမ္းလယ္ေျမျပန္ေပးဖို႔ေတာင္းဆိုတဲ့ လယ္သမားကို ဖမ္းပါလိမ့္မယ္။ ပညာေရးဥပေဒကန္႔ကြက္ဆႏၵျပတဲ့့ ေက်ာင္းသားကို ဖမ္းပါလိမ့္မယ္။ လုပ္ခတိုးေပးဖို႔ေတာင္းတဲ့ အလုပ္သမားကို ဖမ္းပါလိမ့္မယ္။ အဲသလိုဖမ္းရင္ ေဒၚေအာင္ဆန္းစုၾကည္ ဘာလုပ္ႏိုင္မလဲ။ ျပန္လႊတ္ေပးလိုက္ပါလို႔ ေျပာမယ္ထင္ပါသလား။ ဟုတ္ျပီ။ ျပန္လႊတ္ေပးလိုက္ပါလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာတယ္ဆိုပါေတာ့။ ဗိုလ္ခ်ဳပ္မင္းေအာင္လိႈင္က အစ္မၾကီး ကိုယ့္အလုပ္ကိုယ္ လုပ္ပါ။ က်ေနာ့္အလုပ္ဝင္မရွဳပ္ပါနဲ႔ဆိုရင္ ဘာဆက္လုပ္မယ္ထင္ပါသလဲ။ ကာကြယ္ေရးဦးစီးခ်ဳပ္ကို သမၼတက ခန္႔လို႔လည္း မရဘူး၊ ျဖဳတ္လို႔လည္း မရဘူးဆိုတာကိုေတာ့ သတိရေစခ်င္ပါတယ္။ ဒီေတာ့ အရပ္သားအစိုးရတက္လာရင္ အဲဒီအရပ္သားအစိုးရဟာ စစ္တပ္ခြင့္ျပဳသေလာက္ အတိုင္းအတာအထိသာ ရဲကို အသုံးျပဳခြင့္ရမွာျဖစ္ပါတယ္။

ဒီေတာ့ စစ္တပ္ကို၊ ရဲကို မလြန္ဆန္ႏိုင္လို႔ လယ္သမားေတြကို ဖမ္းတာ၊ သတ္တာေတြကို သမၼတက လက္ပိုက္ၾကည့္ေနမယ္။ အလုပ္သမားေတြ၊ ေက်ာင္းသားေတြကို ဖမ္းဆီးရိုက္ႏွက္တာေတြကို အဲဒီသမၼတက ၾကည့္ေနမယ္ဆိုရင္ အဲဒီသမၼတ ဘာျဖစ္သြားမလဲ။ သူလည္း အာဏာရွင္ျဖစ္သြားမွာပဲေပါ့။

ဒီ့ထက္ပိုဆိုးတဲ့ ျပႆနာတခုကို ေျပာပါဦးမယ္။ စစ္တပ္က ေကအိုင္ေအကိုတိုက္ျပီဆိုပါစို႔။ (ဒါဟာ မျဖစ္ႏိုင္တဲ့ ကိစၥမဟုတ္ပါဘူး။) စစ္သားေတြက ကခ်င္မေလးေတြကို မုဒိန္းက်င့္ျပီဆိုပါစို႔။ (ဒါလည္း ခဏခဏျဖစ္ေနက် ကိစၥပါ။) ေဒၚေအာင္ဆန္းစုၾကည္ ဘာလုပ္မလဲ။ တိုက္ပြဲခ်က္ခ်င္းရပ္ပါလို႔ သမၼတၾကီး ေဒၚေအာင္ဆန္းစုၾကည္က အမိန္႔ေပးရင္ ကာကြယ္ေရးဦးစီးခ်ဳပ္ စစ္အာဏာရွင္လက္သစ္ကေလး ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္က လက္ခံမယ္ထင္ပါသလား။ တိုင္းရင္းသားေတြ အားလုံးလက္နက္ျဖဳတ္သိမ္းမွ စစ္တပ္က ႏိုင္ငံေရး အခန္းက႑ ကေန ထြက္ေပးႏိုင္မယ္လို႔ မင္းေအာင္လိႈင္က ဘီဘီစီနဲ႔ အင္တာဗ်ဴးမွာ ေျပာဖူးတာကို မေမ့ပါနဲ႔။ တိုင္းရင္းသားေတြ အားလုံး လက္နက္ျဖဳတ္သိမ္းျပီးမွ အေျခခံဥပေဒျပင္ဆင္ေရးျဖစ္ႏိုင္မယ္လို႔ မင္းေအာင္လိႈင္က ဘီဘီစီနဲ႔ အင္တာဗ်ဴးေပးထားတာကိုလည္း မေမ့ပါနဲ႔။

တပ္မေတာ္သားတေယာက္က ကခ်င္မေလးတေယာက္ကို အဓမၼျပဳက်င့္ရင္လည္း သမၼတက ဘာမွ လုပ္လို႔ ရမွာ မဟုတ္သလို၊ ေနာက္ထပ္ကိုပါၾကီးတေယာက္ကို ထပ္သတ္ရင္လည္း ဘာမွ လုပ္လို႔ရမွာ မဟုတ္ျပန္ပါဘူး။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ တပ္မေတာ္သားကို တရားစီရင္ခြင့္ကိုလည္း ကာကြယ္ေရး ဦးစီးခ်ဳပ္က ယူထားလို႔ပါပဲ။

ေကာင္းျပီ။ အဲဒါေတြခဏထားပါဦး။ လက္ေတြ႔ ျမန္မာႏိုင္ငံမွာ လူထုနဲ႔ တိုက္ရိုက္ထိေတြ႔အုပ္ခ်ဳပ္ေနတာ အနီးကပ္အုပ္ခ်ဳပ္ေနတာ ဘယ္သူေတြလဲ။ အဲဒါ သိပ္လက္ေတြ႔က်ပါတယ္။ အဲဒါကို စဥ္းစားၾကည့္ၾကရေအာင္ပါ။ တကယ္တန္း တိုင္းနဲ႔ ျပည္နယ္ကို အုပ္ခ်ဳပ္ေနတာ တိုင္းနဲ႔ ျပည္နယ္အစိုးရ ေတြ မဟုတ္ပါဘူး။ ေထြအုပ္က အုပ္ခ်ဳပ္ေနတာပါ။ ေက်းရြာ၊ ရပ္ကြက္ကို အုပ္ခ်ဳပ္ေနတာကလည္း ေထြအုပ္က အုပ္ခ်ဳပ္ေနတာပါ။ အဲဒီေထြအုပ္က ဘယ္ဝန္ၾကီးဌာနေအာက္မွာ ရွိပါသလဲ။ ဟုတ္ကဲ့။ ျပည္ထဲေရးဝန္ၾကီး ဌာန ေအာက္မွာပဲ ရွိပါတယ္။ အဲဒီေထြအုပ္ေတြဟာ မိတ္ေဆြတို႔သိၾကတဲ့ အတိုင္း စစ္တပ္ကလူေတြခ်ည္းပါပဲ။ ျပည္နယ္ေတြ၊ တိုင္းေတြမွာ အေရးၾကီးတဲ့ ကိစၥေတြ ေပၚေပါက္လာရင္ ဘယ္သူကထြက္ျပီး ဦးေဆာင္ေျဖရွင္းေလ့ရွိပါသလဲ။ အဲဒါကိုလည္း ျပန္စဥ္းစားၾကည့္ပါ။ ဟုတ္ကဲ့။ ဦးေဆာင္ေျဖရွင္းေလ့ရွိသူဟာ နယ္လုံဝန္ၾကီးပါ။ နယ္စပ္ေရးရာနဲ႔ လုံျခဳံေရးဝန္ၾကီးက အေရးပါတဲ့ အာဏာရွိသူျဖစ္ေနပါတယ္။ ေထြအုပ္နဲ႔ နယ္လုံက ေနရာတိုင္းကို အုပ္ခ်ဳပ္ေနပါတယ္။ အဲဒီလူေတြဟာ စစ္တပ္က လူေတြပါ။ သူတို႔ကိုကိုင္တဲ့ ဝန္ၾကီးေတြကလည္း စစ္တပ္ကလူေတြပါ။ ခန္႔ထားသူျဖဳတ္ခ်ႏိုင္ခြင့္ရွိသူကလည္း ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ပါတယ္။ တကယ္ေတာ့ ဦးသိန္းစိန္အစိုးရတေလွ်ာက္လုံးမွာ တိုင္းျပည္ကို အုပ္ခ်ဳပ္ေနတာ စစ္တပ္ကလူေတြပါပဲ။ ဒါ့ေၾကာင့္ ဦးသိန္းစိန္ အစိုးရကို စစ္အစိုးရလို႔က်ေနာ္တို႔က ေခၚေနတာျဖစ္ပါတယ္။ အဲဒီေထြအုပ္ေတြကို မင္းတို႔ အုပ္ခ်ဳပ္ေရးမွာ ဝင္မပါနဲ႔ အေရြးေကာက္ခံ ျပည္နယ္ အစိုးရ တိုင္းေဒသၾကီး အစိုးရတို႔ကပဲ အုပ္ခ်ဳပ္ပါေစလို႔ သမၼတၾကီးေဒၚစုကေျပာျပီဆိုပါစို႔။ စစ္အာဏာရွင္ မင္းေအာင္လိႈင္က လက္ခံမယ္ထင္ပါသလား။ လက္မခံရင္ ေဒၚစုဘာလုပ္မယ္ထင္ပါသလဲ။ ေကအိုင္ေအတို႔၊ ယူဒဗလ်ဴအက္ေစတို႔ ေကအန္ယူတို႔လာၾကေဟ့။ မင္းေအာင္လိႈင္တို႔တပ္ေတြကို တိုက္ထုတ္ပစ္လိုက္စမ္းလို႔ ေျပာမယ္ထင္ပါသလား။ က်ေနာ္ေတာ့ မထင္ဘူးဗ်ာ။

ကဲ..ကဲ... အဲဒါေတြ မရရင္လည္း ရွိေစေတာ့။ က်န္းမာေရးေလးေတာ့ ျပဳျပင္ၾကဦးစို႔။ က်န္းမာေရးပိုင္းကိုေရာ စစ္တပ္သေဘာမတူတာေတြကို ေဒၚစုက လုပ္လို႔ရမယ္ထင္ပါသလား။ အခုေလာေလာဆယ္မွာ က်န္းမာေရးဦး စီးဌာနမွာ စစ္တပ္ကအရာရွိေတြကိုခန္႔ထားလိုက္တာ ဘာေၾကာင့္ထင္ပါသလဲ။ အဲဒါၾကိဳတင္ျပင္ဆင္တာပါ။ စစ္တပ္ကလူေတြက ေနရာဦးထားတာပါ။ စစ္တပ္ကလူေတြကို ေက်ာ္ျပီး ေဒၚစုဒါမွ မဟုတ္ အရပ္သားအစိုးရက ဘာမွ လုပ္လို႔မရေအာင္ ေနရာအဆင္သင့္ယူထားတာပါ။

ေကာင္းျပီ။ ဒါဆိုရင္ တိုင္းျပည္ထဲမွာ ဆူဆူပူပူျဖစ္ေနတဲ့ ရိုဟင္ဂ်ာျပႆနာကို ေဒၚစုကိုင္တြယ္ေတာ့မယ္ ဆိုပါေတာ့။ လဝကကို ေဒၚစုကိုင္လို႔ရပါ့မလား။ လဝကထဲမွာ တပ္ကလူေတြ ထည့္ထားျပီးတာ ၾကာလွပါပေကာ။ လဝကထဲကို စစ္တပ္ကလူေတြပို႔ျပီးမွ၊ ရဲခ်ဳပ္ဗိုလ္ခ်ဳပ္ခင္ရီကို လဝကဝန္ၾကီးလုပ္ခိုင္းျပီးမွ လူမ်ဳိးေရး၊ ဘာသာေရး ပဋိပကၡေတြကို စနစ္တက် ဖန္တီး အေကာင္ထည္ေဖာ္ခဲ့တာပါ။ ဘ႑ာအခြန္မွာလည္း စစ္တပ္ကလူေတြေရာက္ႏွင့္ေနျပီပဲ။ ဘယ္ဌာနမွာ စစ္တပ္ကလူေတြ စီးမထားတာရွိသလဲ။

ကဲ...ျမန္မာ့အလင္း၊ ေၾကးမုံ၊ ျမန္မာ့အသံတို႔ကိုၾကည့္ရေအာင္။ မင္းတို႔တေတြ အစိုးရပါးစပ္လုပ္လာတာၾကာျပီ။ ေဖကံေကာင္းတို႔၊ ေစာလွထြန္းတို႔၊ တကၠသိုလ္ျမတ္သူတို႔နဲ႔ ငါ့ကိုေဆာ္လာတာ တသက္လုံးပဲ။ အခုငါသမၼတျဖစ္ျပီ။ ၾကံ့ဖြတ္ပါတီ မေကာင္းေၾကာင္းေတြ ေရးစမ္းကြာဆိုရင္ ရမယ္ထင္သလား။ ျမန္မာ့အလင္း၊ ေၾကးမုံ၊ ျမန္မာ့အသံရဲ့ ဒါရိုက္တာအဖြဲ႔အကုန္လုံးက စစ္သားေတြခ်ည္းပဲ။ ကုန္ကုန္ေျပာရရင္ မန္ေနဂ်ာအဆင့္အထိ စစ္သားေတြခ်ည္းပဲ။ ကဲ...ျမန္မာ့အလင္း၊ ေၾကးမုံက သမၼတေဒၚစုကိုင္တာခံမလား။ ဗိုလ္မင္းေအာင္လိႈင္ကိုင္တာ ခံမလား။ ဘယ္လိုထင္လဲ။

ဒါ....သဘာဝမက်တဲ့ကိစၥပဲ။ ကဲ...အဲဒီစစ္တပ္ကလူေတြကိုျဖဳတ္ပစ္စမ္းကြာ။ ရမယ္ထင္သလား။ မင္းေအာင္လိႈင္က လက္ပိုက္ၾကည့္ေနမယ္ထင္သလား။

ဌာနတိုင္း၊ ဌာနတိုင္းမွာ စစ္ဗိုလ္ေတြစီးထားတယ္။ အဲဒါနဲ႔ မလုံေလာက္ေသးဘူးထင္လို႔ အတြင္းဝန္စနစ္ကို မၾကာခင္တုန္းက စတင္အသက္သြင္းလိုက္တယ္။ ဝန္ၾကီးဆိုတာ ၅ ႏွစ္သက္တမ္းပဲ ခံမယ့္လူ။ အတြင္းဝန္က တသက္လုံးရွိမယ့္လူ။ အဲဒီအတြင္းဝန္ေတြဟာ ဘာေတြလဲ။ မိတ္ေဆြတို႔ သတိထားၾကည့္မိၾကသလား။ အတြင္းဝန္အားလုံးနီးပါးဟာ စစ္ဗိုလ္ေတြခ်ည္းပဲ။

တႏိုင္ငံလုံးကို စစ္တပ္ကစီးထားျပီးျပီ။ တကၠသိုလ္ေတြ ေက်ာင္းေတြဆိုလည္း ၾကည့္ဦး။ စစ္တပ္ တကၠသိုလ္ေတြ ပြားထားျပီးျပီ။ ႏိုင္ငံေတာ္ယႏၱရားအားလုံးဟာ စစ္ယႏၱရားေတြခ်ည္းျဖစ္ေနျပီ။ အဲဒီ စစ္ယႏၱရားေတြရဲ့ အထက္မွာ တိုင္းျပည္ရဲ့ တကယ့္ထိပ္သီး၊ တကယ့္အာဏာရွင္စစ္စစ္ဆိုတဲ့ ကာကြယ္ေရးဦး စီးခ်ဳပ္ဆိုတာကလည္း ဘယ္သူမွ ထိမရ၊ တို႔မရတဲ့သူအျဖစ္ အေျခခံဥပေဒက အကာအကြယ္ေပးထားတယ္။ ဖြဲ႔စည္းပုံအေျခခံဥပေဒမွာ သမၼတကို ဘယ္လိုျဖဳတ္ခ်ရမယ္ဆိုတာကိုသာ ေရးထားတယ္။ ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ဘယ္လိုျဖဳတ္ခ်ရမလဲဆိုတာ ေရးမထားဘူးဆိုတာကို မိတ္ေဆြတို႔ သတိျပဳမိၾကပါသလား။ တကယ့္ အစိုးရဟာ စစ္အာဏာရွင္ အစိုးရ၊ တကယ့္ အာဏာရွင္ဟာ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ အရပ္သားအစိုးရ ဘယ္သူျဖစ္ျဖစ္ တက္လာရင္ တိုင္းျပည္ကိုေမာင္းႏွင္မယ့္သူဟာ ကာကြယ္ေရးဦးစီးခ်ဳပ္သာ ျဖစ္ပါတယ္။

လက္ပံေတာင္းကိစၥကို လယ္သမားေတြက ဆႏၵျပျပီဆိုပါေတာ့။ စစ္တပ္ကပစ္ခဲ့ရင္ ေဒၚစုဘာလုပ္မလဲ။ ရဲက ပစ္ခဲ့ရင္ ေဒၚစုဘာလုပ္မလဲ။ ဘာလုပ္ႏိုင္မယ္လို႔ ထင္ပါသလဲ။ ျမန္မာႏိုင္ငံရဲ့ သယံဇာတေတြကို ေမာင္ပိုင္စီးထားတာ ဘယ္သူေတြလဲ။ စစ္ကြ်န္ခရိုနီေတြရယ္၊ စစ္ေဆြစစ္မ်ဳိးေတြရယ္၊ ဦးပိုင္ရယ္၊ MEC ရယ္ပါ။ ဒါကေတာ့ ျပည္သူျပည္သားေတြအေပၚမွာ ေခါင္းပုံျဖတ္ အျမတ္ထုတ္ မတရားလုပ္ေနတာပဲ။ ဦးပိုင္နဲ႔ MEC ကိုဖ်က္စမ္းလို႔ သမၼတၾကီး ေဒၚစုက အမိန္႔ေပးျပီဆိုပါေတာ့ စစ္အာဏာရွင္ေတြက ခံမယ္ထင္ပါသလား။ စစ္အာဏာရွင္ေတြက မခံရင္ ေဒၚေအာင္ဆန္းစုၾကည္က လူထုအားကို စုစည္းျပီး လူထုအားနဲ႔ မတရားမႈကို ရဲရဲရင့္ရင့္ ဦးေဆာင္ေတာ္လွန္သြားမယ္လို႔ထင္ပါသလား။ က်ေနာ္ေတာ့ မထင္ဘူး။ လူထုမနာေအာင္ အညံ့ခံလိုက္ၾကပါလို႔ပဲ ေျပာမယ္ထင္ပါတယ္။

၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒဆိုတာ ဘာလဲ။ ၂၀၀၈ အေျခခံဥပေဒဆိုတာက ေရြးေကာက္ပြဲကို ဟန္ျပလုပ္ေပးထားတယ္။ ေရြးေကာက္ခံေတြကို လႊတ္ေတာ္ၾကီးေဆာက္ေပးျပီး ျငင္းၾကခုန္ၾကရန္ျဖစ္ၾကဖို႔ ေနရာေပးထားတယ္။ ေရြးေကာက္ခံေတြကို ျပည္နယ္အစိုးရ၊ တိုင္းေဒသၾကီး အစိုးရနာမည္ခံခိုင္းထားတယ္။ တကယ့္အစိုးရတရပ္ကိုေတာ့ အဲဒီနာမည္ခံ ဟန္ျပေတြရဲ့ ေအာက္မွာ လွ်ိဳ႔ဝွက္ျမဳပ္ႏွံျပီးဖြဲ႔ထားတယ္။ အဲဒီအစိုးရကို စစ္တပ္နဲ႔ခ်ည္းဖြဲ႔ထားတယ္။ ေလွၾကီးေပၚမွာ ေလွငယ္တင္ထားတယ္။ အစိုးရအတြင္းသားထဲမွာ အစိုးရတရပ္ကို ျမွဳပ္ႏွံထားတယ္။ အဲဒီအစိုးရဟာ အသားထဲကေလာက္ပဲ။ အေရြးေကာက္ခံ အစိုးရကသာ ငါးႏွစ္တခါ သက္တမ္းကုန္ျပီး ေျပာင္းသြားမယ္၊ အသားထဲကေလာက္ကေတာ့ ခႏၶာေျပာင္းျပီး ရွင္သန္ေနမွာပဲ။ ေရြးေကာက္ခံေတြက ငါးႏွစ္တခါ ဝင္လာ၊ ျငင္းခုန္လိုက္၊ ဝတ္ေကာင္းစားလွေလးေတြဝတ္ျပီး ၾကြားဝါျပီး ျပန္ဆင္းသြားခ်ိန္မွာ စစ္တပ္အစိုးရက ရာသက္ပန္အုပ္ခ်ဳပ္ေနႏိုင္ေအာင္လုပ္ထားတာဟာ ၂၀၀၈ အေျခခံဥပေဒရဲ့ အႏွစ္သာရပဲ။

တကယ္လို႔ ဒီခ်ဳပ္အႏိုင္ရျပီးေနာက္မွာ လစ္ဘရယ္ဒီမိုကေရစီထူေထာင္ခ်င္တယ္ဆိုရင္ ဦးပိုင္၊ MEC တို႔က တိုင္းျပည္သယံဇာတအားလုံး အပိုင္စီးထားတာကို ဖ်က္သိမ္းရမယ္။ တႏိုင္ငံလုံးကိုေထြအုပ္ကမတရားအုပ္ ခ်ဳပ္ေနတာကို ဖယ္ရမယ္။ ဦးစီးဌာနေတြထဲမွာ သူလွ်ိဳေတြလို ထည့္ထားတဲ့ စစ္ဗိုလ္စစ္သားေတြကို ဖယ္ထုတ္ရမယ္။ အစိုးရရုံးတိုင္းကို အုပ္စီးထားတဲ့ စစ္ဗ်ဴရိုကရက္ အတြင္းဝန္ေတြကို ဖယ္ရွားရမယ္။ ဒါေတြ မလုပ္ႏိုင္ရင္ စစ္အာဏာရွင္စနစ္ကို မဖ်က္သိမ္းႏိုင္ဘူး။ ဒါေတြရွိေနသမွ် ဘာဒီမိုကေရစီမွ လုပ္လို႔ မရဘူး။

အဲဒါမ်ဳိးေတြကို အရပ္သားအစိုးရတရပ္က ဘယ္လိုမွ မလုပ္ႏိုင္ေအာင္ စစ္အာဏာရွင္ေတြဟာ ကတုတ္က်င္း အဆင့္ဆင့္နဲ႔ ကာကြယ္ထားတယ္။ ေရွ႔တိုးမရေအာင္ ဂ်မ္းတုံးခုထားတယ္။ အဲဒါေတြကေတာ့ ဗ်ဴရိုကေရစီ ယႏၲရား၊ ကာလုံအဖြဲ႔၊ စစ္တပ္၊ ရဲ၊ နယ္လုံ၊ တပ္မေတာ္သား ၂၅ ရာႏႈန္း စတဲ့ ကတုတ္က်င္းေတြ၊ ဂ်မ္းတုံးေတြ ပါပဲ။ အဲဒါေတြအားလုံးကို အာမခံေပးထားတဲ့အရာက ၂၀၀၈ အေျခခံဥပေဒပါပဲ။

အဲဒီကတုတ္က်င္းေတြ ၊ ဂ်မ္းတုံးေတြအားလုံးကိုေက်ာ္ျဖတ္ျပီး ေနာက္ဆုံးအဆင့္ကိုေရာက္လာရင္ေတာ့ စစ္တပ္က အာဏာသိမ္းပါမယ္။ အဲဒါဟာ ေနာက္ဆုံးအဆင့္ပါ။ ၂၀၀၈ အေျခခံဥပေဒရဲ့ ကတုတ္က်င္းအဆင့္ဆင့္ကို ျဖတ္ေက်ာ္ျပီး အဲဒီေနာက္ဆုံးအဆင့္ထိေရာက္ဖို႔ဆိုတာကိုက သိပ္ခက္ခဲေအာင္ စစ္အာဏာရွင္ေတြက စနစ္တက် ျပင္ဆင္ထားျပီးေနပါျပီ။ သူတို႔စစ္အာဏာရွင္ေတြဟာ ႏွစ္ေပါင္း ၅၀ ေက်ာ္အာဏာကိုခ်ဳပ္ကိုင္လာျပီး ေနာက္မွာ အာဏာအေၾကာင္းကို ေကာင္းေကာင္းနားလည္သြားၾကျပီ။ အာဏာဟာ ဘယ္ေနရာေတြမွာ ရွိတယ္ဆိုတာကို သူတို႔ေကာင္းေကာင္းနားလည္တယ္။ မေန႔တေန႔ကမွ လႊတ္ေတာ္ထဲဝင္လာတဲ့ အေပ်ာ္တမ္းႏိုင္ငံေရးသမားေတြ မျမင္ႏိုင္ေအာင္ အာဏာပုန္းေတြကို ဘယ္လို ဝွက္ျပီး ေနရာယူထည့္သြင္းထားရမယ္ဆိုတာကို ေကာင္းေကာင္းၾကီး နားလည္ထားတယ္။ အေျခခံဥပေဒတခုလုံးမွာ အဲသလို အာဏာပုန္းေတြ အမ်ားအျပားကို ေနရာအႏွံ႔အျပားမွာ ဝွက္ထည့္ထားျပီးျပီ။ စစ္ဗ်ဴရိုကေရစီယႏၱရားၾကီးကို ျပီးခဲ့တဲ့ ၅ ႏွစ္ကာလအတြင္းမွာ အျပီးသတ္တည္ေဆာက္ျပီးျပီ။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ေစာေစာကေျပာသလိုလစ္ဘရယ္ဒီမိုကေရစီ ထူေထာင္ခ်င္ရင္ ဦးပိုင္ ၊ MEC ဖ်က္၊ ေထြအုပ္စနစ္ဖ်က္၊ ဦးစီးဌာနထဲက စစ္ဗိုလ္ေတြကိုထုတ္၊ စစ္ဗိုလ္အတြင္းဝန္ေတြကို ျဖဳတ္၊ ျမန္မာ့အလင္း၊ ေၾကးမုံ၊ MRTV တို႔ရဲ့ စစ္ဗိုလ္အုပ္ခ်ဳပ္ေရး အားလုံးကို ျဖဳတ္၊ ကာကြယ္ေရးဝန္ၾကီးဌာန၊ ျပည္ထဲေရးဝန္ၾကီးဌာန ၊ နယ္လုံဝန္ၾကီးဌာနတို႔ကို အရပ္သားအစိုးရလက္ေအာက္ပို႔၊ ကာလုံကိုဖ်က္သိမ္း၊ ကာကြယ္ေရးဦစီးခ်ဳပ္ကို သမၼတလက္ေအာက္ပို႔၊ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅ ရာႏႈန္းကို ဖ်က္သိမ္း အဲဒီအလုပ္ေတြကို လုပ္ရလိမ့္မယ္။ အဲဒါေတြကို မလုပ္ႏိုင္ရင္ ဘယ္သူပဲ သမၼတလုပ္လုပ္ ဒီမိုကေရစီ ျဖစ္မလာႏိုင္ဘူး။ အဲဒါ စစ္အာဏာရွင္စနစ္ပဲ ျဖစ္မယ္။ အဲဒီသမၼတဟာလည္း အရုပ္ပဲျဖစ္မယ္။ ဦးသိန္းစိန္ အာဏာရွိသေလာက္ ေနာက္သမၼတလည္း အာဏာရွိမယ္လို႔ ထင္ရင္ သိပ္မွားပါလိမ့္မယ္။ ဦးသိန္းစိန္က သူ႔လူမို႔ လုပ္ခြင့္ေပးထားတာပါ။

အဲဒီအရာေတြကို မဖ်က္သိမ္းႏိုင္ဘဲ ေဒၚေအာင္ဆန္းစုၾကည္ သမၼတတက္လုပ္ရင္ ဘာျဖစ္လာမလဲ။ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူတို႔ေပးထားတဲ့ စစ္ယႏၱရားၾကီးကို လည္ပတ္ေမာင္းႏွင္ရတဲ့ ယာဥ္ေမာင္းၾကီး ျဖစ္လာပါမယ္။ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ စစ္အာဏာရွင္စနစ္ေပၚထြန္းလာပါလိမ့္မယ္။ ေဒၚေအာင္ဆန္းစုၾကည္မွ မဟုတ္ဘူး။ ဘယ္အရပ္သားမဆို သမၼတျဖစ္ရင္ အဲသလို ကံၾကမၼာမ်ဳိးနဲ႔ ရင္ဆိုင္ရမွာ မလြဲဘူး။ အဲဒါေတြ မဖ်က္သိမ္းႏိုင္ရင္ ဘယ္သူသမၼတျဖစ္ျဖစ္ ဘာမွ မထူးဘူး။ အာဏာရွင္စနစ္က အာဏာရွင္စနစ္ပါပဲ။ သိၾကားမင္းတက္အုပ္ခ်ဳပ္လည္း သိၾကားမင္း အုပ္စိုးေသာ စစ္အာဏာရွင္စနစ္ ျဖစ္လာမွာပါ။

ဒါ့ေၾကာင့္ ၂၀၀၈ အေျခခံဥပေဒကို မဖ်က္သိမ္းႏိုင္ရင္ ေဒၚေအာင္ဆန္းစုၾကည္သမၼတျဖစ္ျပီး အစိုးရအဖြဲ႔ဖြဲ႔ႏိုင္ရင္ေတာင္မွ စစ္အာဏာရွင္စနစ္ကို မျဖိဳဖ်က္ႏိုင္တဲ့အတြက္ အလကားပဲလို႔ က်ေနာ္က ေကာက္ခ်က္ခ်ပါတယ္။ ဒါ့ေၾကာင့္ ၂၀၀၈ အေျခခံဥပေဒေအာက္က ေရြးေကာက္ပြဲမွာ ၾကံ့ဖြတ္ပဲႏိုင္ႏိုင္၊ ဒီခ်ဳပ္ပဲ ႏိုင္ႏိုင္ ဘယ္သူႏိုင္ႏိုင္ ဘာမွ မထူးျခားႏိုင္ဘူးလို႔ က်ေနာ္ေကာက္ခ်က္ခ်ပါတယ္။ ဒီခ်ဳပ္ အညစ္ခံရျပီး အႏိုင္မရဘူးဆိုရင္ေတာင္ မိတ္ေဆြတို႔ ဝမ္းသာသင့္တယ္လို႔ က်ေနာ္ထင္ပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ ဒီခ်ဳပ္ အႏိုင္ရျပီး ၂၀၀၈ ဆိုတဲ့ လိုဏ္ဂူၾကီးထဲကို ဝင္သြားရင္ ဒီခ်ဳပ္ေတြ အာဏာရွင္ျဖစ္သြားတာကို မိတ္ေဆြတို႔ ဝမ္းနည္းေၾကကြဲစြာေတြ႔ျမင္လာရဖြယ္ အလားအလာေတြရွိေနလို႔ပါပဲ။ ဒီလိုဏ္ဂူၾကီးဟာ ရုပ္ရွင္ထဲမွာေတြ႔ရတဲ့ ဇမ္ဘီဆိုတဲ့ ဖုတ္ေကာင္ေတြေနထိုင္ရာ လိုဏ္ဂူၾကီးနဲ႔ တူတယ္။ ဒီလိုဏ္ဂူၾကီးကို ဖ်က္ဆီးႏိုင္မွ လြတ္ေျမာက္မႈ အစစ္အမွန္ကို ရမယ္။ လိုဏ္ဂူၾကီးကို အတြင္းထဲဝင္ျပဳျပင္မယ္ဆိုတဲ့ စိတ္ကူးနဲ႔ ဝင္သြားသူမွန္သမွ်ဟာ ဇမ္ဘီ ဖုတ္ေကာင္အျဖစ္နဲ႔သာ ျပန္ထြက္လာၾကဖို႔ရွိတယ္။

မ်က္ေမွာက္ႏိုင္ငံေရး အေျခအေနအရ စစ္အာဏာရွင္စနစ္ကို ေဆြးေႏြးညႇိႏိႈင္းျပီး ျဖိဳဖ်က္ႏိုင္မယ့္နည္း မရွိေတာ့ဘူးလို႔ ဝမ္းနည္းစြာေျပာခ်င္ပါတယ္။ စိတ္ကူးမယဥ္ၾကပါနဲ႔ေတာ့။ တိုင္းျပည္နစ္နာလွပါျပီ။ ျပည္သူေတြေသလွပါျပီ။ စစ္အာဏာရွင္စနစ္ကို ေတာ္လွန္ေရးနည္းနဲ႔သာျဖိဳဖ်က္ႏိုင္ပါမယ္။ လူထုေတာ္လွန္ေရးသို႔မဟုတ္ လက္နက္ကိုင္ ေတာ္လွန္ေရးနည္းတခုခုကသာ စစ္အာဏာရွင္စနစ္ကို ျဖိဳဖ်က္ႏိုင္ပါမယ္။ အခုအခ်ိန္မွာ ႏိုင္ငံေတာ္အာဏာကိုသိမ္းပိုက္ႏိုင္မယ့္ လက္နက္ကိုင္ေတာ္လွန္ေရး ျဖစ္ေပၚဖို႔ မလြယ္ေသးပါဘူး။ လူထုေတာ္လွန္ေရးဟာ အားအထားသင့္ဆုံး တခုတည္းေသာ နည္းလမ္းျဖစ္တယ္လို႔ ဆိုခ်င္ပါတယ္။

(အားလုံးၾကိဳက္သလို ရွယ္ႏိုင္ပါတယ္။ျခြင္းခ်က္ကေတာ့ အေမရိကန္ကကိုေဇာ္ဝင္းရွယ္မယ္ဆိုရင္ေဇာ္ဝင္း ၈၈ ေက်ာင္းသားေဟာင္း နဲ႔ အေမရိကန္ ေဇာ္ဝင္း အတူတူမဟုတ္ေၾကာင္း ထင္ရွားစြာေဖာ္ျပေပးေစခ်င္ပါတယ္။)

ေဇာ္ဝင္း
၈၈ ေက်ာင္းသားေဟာင္း
...................................
ဒီချုပ်အာဏာရခဲ့သော်
==============
(17 - Aug - 2015 က ရေးခဲ့သော ကိုဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) ၏ ဆောင်းပါး

(ဒီချုပ်အာဏာရရေး အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားနေကြဆဲဖြစ်သည့် ဒီမိုကရေစီ မိတ်ဆွေများသို့)

အမှန်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလိမ့်မယ်လို့ ကျနော် မယုံကြည်ဘူး။ ဒါပေမယ့် အခုရွေးကောက်ပွဲအတွက် တက်ကြွနေသူတွေက ဒီချုပ်အာဏာရခဲ့သော်ဆိုတဲ့ အတွေးနဲ့ တက်ကြွနေကြတာ ဖြစ်တော့ ဒီချုပ်အာဏာရခဲ့သော် ဘာဖြစ်နိုင်သလဲဆိုတာကို ကျနော်တွက်ချက်ပြချင်ပါတယ်။

ဒီချုပ်အာဏာရခဲ့သော် ဒီမိုကရေစီနည်းမကျတဲ့ ငြိမ်းစုစီဥပဒေ ပုဒ်မခွဲ ၁၈ ကိုပယ်ဖျက်မလား။ အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ ည ကို ဖျက်သိမ်းမလား။ အဲဒီမေးခွန်းကို အရင် စမေးချင်ပါတယ်။ ကျနော်ဖြင့် သိပ်မထင်လှဘူး။ အမျိုးသားပညာရေး ဥပဒေကိုတောင်မှ စစ်အာဏာရှင်များအလိုကျ သမဂ္ဂဖြုတ်ခိုင်းတဲ့ ဒီချုပ်ဟာ အဲဒီဥပဒေတွေကို ပယ်ဖျက်ဖို့ စွမ်းစွမ်းတမံဆောင်ရွက်မယ်လို့ မထင်လှဘူး။ ဒါပေမယ့် ဒီချုပ်ကို မျှော်လင့်အားထားနေကြတဲ့ ဒီချုပ်ထောက်ခံသူ ဒီမိုကရေစီမိတ်ဆွေများက ဒီချုပ်ကဖြင့် အဲသလို ဒီမိုကရေစီ နည်းမကျတဲ့ ဥပဒေတွေကို ဖျက်သိမ်းမှာပါပဲလို့ ယူဆထားကြတဲ့ အတွက် ...ကောင်းပြီ၊ ဒီချုပ်က အဲဒီဥပဒေ တွေကို ဖျက်သိမ်းမယ်လို့ ယူဆလိုက်ကြပါစို့။ အဲသလိုဖျက်သိမ်းလို့ရနိုင်မလား။ အကျိုးရှိနိုင်ပါသလား။

ဟုတ်ကဲ့။ ဖျက်သိမ်းလို့ ရနိုင်ပါတယ်။ ဒီချုပ်က လွှတ်တော်ထဲမှာ လူများစုမဲတွေကို ရထားမယ်ဆိုရင် အဲဒီဥပဒေတွေကို ဖျက်သိမ်းလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အဲသလို ဖျက်သိမ်းတာကို ကာကွယ်ရေးဦးစီးချုပ်က သဘောမကျရင် လက်တွေ့မှာ အကျိုးရှိမှာမဟုတ်ပါဘူး။ ဘာလို့ အကျိုးမရှိနိုင်သလဲ ဆိုတော့ ဥပဒေကို ဖျက်သိမ်းထားပေမယ့် ရဲကအဲဒီ ပုဒ်မ ၁၈ ဖျက်သိမ်းပြင်ဆင်ထားတဲ့ ဥပဒေသစ်ကို မလိုက်နာပဲ ဆန္ဒပြသူတွေကို ဖမ်းတယ်ဆိုရင် ဘယ့်နှယ်လုပ်မလဲ။ မိတ်ဆွေများဖြေကြည့်ပါ။ ရဲက ဥပဒေကို မလိုက်နာပဲ အဲသလိုလုပ်စရာ အကြောင်းမရှိဘူးလို့ ခင်ဗျားတို့ တွေးချင်တွေးမယ်။ အကြောင်းရှိပါတယ်။ ရဲကို အမိန့်ပေးမယ့်သူဟာ ပြည်ထဲရေး ဝန်ကြီးဌာနဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီးကို ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားပါတယ်။ ရဲဟာ စစ်တပ်အောက်မှာပါ။ သမ္မတအောက်မှာ အစိုးရအဖွဲ့အောက်မှာ မဟုတ်ပါဘူး။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်တယ်လို့့ပဲ ဆိုပါစို့။ ဥပဒေမလိုက်နာတဲ့ရဲကို ဒေါ်အောင်ဆန်းစုကြည်က အလုပ်ကနေဖြုတ်မယ်ဆိုပါတော့။ ပြည်ထဲရေးဝန်ကြီးကခံမယ်ထင်ပါသလား။ ပြည်ထဲရေးဝန်ကြီးကမခံရင် ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ထိပ်တိုက်ရင်ဆိုင်မယ်လို့ ခင်ဗျားတို့ထင်ပါသလား။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီခေါင်းဆောင်တွေ ဒါမှ မဟုတ်ပါတီဝင်တွေကို ရဲကဝင်ဖမ်းပြီ ဆိုပါတော့။ ဒေါ်အောင်ဆန်းစုကြည် ဘာတတ်နိုင်မယ်ထင်ပါသလဲ။ ဒါမျိုးကတော့ အတွေးခေါင်တာပါကွာ၊ မဖြစ်နိုင်ပါဘူးလို့ခင်ဗျားတို့ထဲက တချို့က ထင်ကောင်းထင်ကြပါလိမ့်မယ်။ သိပ်ဖြစ်နိုင်ပါတယ်။ ဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာတွေလည်း ရှိပါတယ်။ ဇင်ဘာဘွေမှာ မျိုးချစ်ခေါင်းဆောင်၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ယူပေးခဲ့တဲ့ ခေါင်းဆောင်လည်းဖြစ်ပြီး အာဏာရှင်လည်းဖြစ်တဲ့ သမ္မတရောဘတ်မူဂါဘီက မဲခိုးမဲညစ်ပါတယ်။ အနောက်အုပ်စုလိုလားတဲ့ မော်ဂန်ချန်ဂီရွိုင်းက မဲအနိုင်ရပါတယ်။ ဒါပေမယ့် ရောဘတ်မူဂါဘီက ညစ်တော့ ပြဿနာတက်ပါတယ်။ အဲဒီပွဲမှာ အနောက်အုပ်စုက စေ့စပ်ညှိနှိုင်းခိုင်းပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ပါတယ်။ သမ္မတက ရောဘတ်မူဂါဘီဆက်ဖြစ်ပါတယ်။ မော်ဂန်ချန်ဂီရွိုင်းက ဝန်ကြီးချုပ်လုပ်ရပါတယ်။ အာဏာရဲ့ အချက်အချာ ဖြစ်တဲ့ ပြည်ထဲရေး၊ကာကွယ်ရေး စစ်တပ်တို့ကို ရောဘတ်မူဂါဘီက ကိုင်ထားပါတယ်။ သင့်သင့်မြတ်မြတ် အာဏာခွဲဝေနိုင်ကြတယ်ဆိုပြီး အနောက်အုပ်စုကချီးမွမ်းခန်းကြီးဖွင့်ပြီး တယ်မကြာလှပါဘူး။ မော်ဂန်ချန်ဂီရွိုင်းရဲ့လူတွေကို ရောဘတ်မူဂါဘီရဲ့ ရဲတွေက ဖမ်းဆီးနှိပ်စက် ညှင်းပန်းတာတွေ လုပ်တော့တာ ပါပဲ။ လူပေါင်း ၂၀၀ ကျော်အသတ်ခံရပါတယ်။ အဲသလိုနမူနာတွေရှိပါတယ်။ ဘယ်လောက်အထိတောင် ဆိုးဆိုးဝါးဝါးလုပ်သလဲဆိုရင် ဝန်ကြီးချုပ်ကို လုပ်ကြံတဲ့အထိ လုပ်ပါတယ်။ ဝန်ကြီးချုပ်မော်ဂန်ချန်ဂီရွိုင်း ဘာမှ မတတ်နိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကလူတွေကို မဖမ်းရင်တောင်မှ တပ်သိမ်းလယ်မြေပြန်ပေးဖို့တောင်းဆိုတဲ့ လယ်သမားကို ဖမ်းပါလိမ့်မယ်။ ပညာရေးဥပဒေကန့်ကွက်ဆန္ဒပြတဲ့့ ကျောင်းသားကို ဖမ်းပါလိမ့်မယ်။ လုပ်ခတိုးပေးဖို့တောင်းတဲ့ အလုပ်သမားကို ဖမ်းပါလိမ့်မယ်။ အဲသလိုဖမ်းရင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နိုင်မလဲ။ ပြန်လွှတ်ပေးလိုက်ပါလို့ ပြောမယ်ထင်ပါသလား။ ဟုတ်ပြီ။ ပြန်လွှတ်ပေးလိုက်ပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပါတော့။ ဗိုလ်ချုပ်မင်းအောင်လှိုင်က အစ်မကြီး ကိုယ့်အလုပ်ကိုယ် လုပ်ပါ။ ကျနော့်အလုပ်ဝင်မရှုပ်ပါနဲ့ဆိုရင် ဘာဆက်လုပ်မယ်ထင်ပါသလဲ။ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်လို့လည်း မရဘူး၊ ဖြုတ်လို့လည်း မရဘူးဆိုတာကိုတော့ သတိရစေချင်ပါတယ်။ ဒီတော့ အရပ်သားအစိုးရတက်လာရင် အဲဒီအရပ်သားအစိုးရဟာ စစ်တပ်ခွင့်ပြုသလောက် အတိုင်းအတာအထိသာ ရဲကို အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။

ဒီတော့ စစ်တပ်ကို၊ ရဲကို မလွန်ဆန်နိုင်လို့ လယ်သမားတွေကို ဖမ်းတာ၊ သတ်တာတွေကို သမ္မတက လက်ပိုက်ကြည့်နေမယ်။ အလုပ်သမားတွေ၊ ကျောင်းသားတွေကို ဖမ်းဆီးရိုက်နှက်တာတွေကို အဲဒီသမ္မတက ကြည့်နေမယ်ဆိုရင် အဲဒီသမ္မတ ဘာဖြစ်သွားမလဲ။ သူလည်း အာဏာရှင်ဖြစ်သွားမှာပဲပေါ့။

ဒီ့ထက်ပိုဆိုးတဲ့ ပြဿနာတခုကို ပြောပါဦးမယ်။ စစ်တပ်က ကေအိုင်အေကိုတိုက်ပြီဆိုပါစို့။ (ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။) စစ်သားတွေက ကချင်မလေးတွေကို မုဒိန်းကျင့်ပြီဆိုပါစို့။ (ဒါလည်း ခဏခဏဖြစ်နေကျ ကိစ္စပါ။) ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ။ တိုက်ပွဲချက်ချင်းရပ်ပါလို့ သမ္မတကြီး ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးရင် ကာကွယ်ရေးဦးစီးချုပ် စစ်အာဏာရှင်လက်သစ်ကလေး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ခံမယ်ထင်ပါသလား။ တိုင်းရင်းသားတွေ အားလုံးလက်နက်ဖြုတ်သိမ်းမှ စစ်တပ်က နိုင်ငံရေး အခန်းကဏ္ဍ ကနေ ထွက်ပေးနိုင်မယ်လို့ မင်းအောင်လှိုင်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောဖူးတာကို မမေ့ပါနဲ့။ တိုင်းရင်းသားတွေ အားလုံး လက်နက်ဖြုတ်သိမ်းပြီးမှ အခြေခံဥပဒေပြင်ဆင်ရေးဖြစ်နိုင်မယ်လို့ မင်းအောင်လှိုင်က ဘီဘီစီနဲ့ အင်တာဗျူးပေးထားတာကိုလည်း မမေ့ပါနဲ့။

တပ်မတော်သားတယောက်က ကချင်မလေးတယောက်ကို အဓမ္မပြုကျင့်ရင်လည်း သမ္မတက ဘာမှ လုပ်လို့ ရမှာ မဟုတ်သလို၊ နောက်ထပ်ကိုပါကြီးတယောက်ကို ထပ်သတ်ရင်လည်း ဘာမှ လုပ်လို့ရမှာ မဟုတ်ပြန်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ တပ်မတော်သားကို တရားစီရင်ခွင့်ကိုလည်း ကာကွယ်ရေး ဦးစီးချုပ်က ယူထားလို့ပါပဲ။

ကောင်းပြီ။ အဲဒါတွေခဏထားပါဦး။ လက်တွေ့ မြန်မာနိုင်ငံမှာ လူထုနဲ့ တိုက်ရိုက်ထိတွေ့အုပ်ချုပ်နေတာ အနီးကပ်အုပ်ချုပ်နေတာ ဘယ်သူတွေလဲ။ အဲဒါ သိပ်လက်တွေ့ကျပါတယ်။ အဲဒါကို စဉ်းစားကြည့်ကြရအောင်ပါ။ တကယ်တန်း တိုင်းနဲ့ ပြည်နယ်ကို အုပ်ချုပ်နေတာ တိုင်းနဲ့ ပြည်နယ်အစိုးရ တွေ မဟုတ်ပါဘူး။ ထွေအုပ်က အုပ်ချုပ်နေတာပါ။ ကျေးရွာ၊ ရပ်ကွက်ကို အုပ်ချုပ်နေတာကလည်း ထွေအုပ်က အုပ်ချုပ်နေတာပါ။ အဲဒီထွေအုပ်က ဘယ်ဝန်ကြီးဌာနအောက်မှာ ရှိပါသလဲ။ ဟုတ်ကဲ့။ ပြည်ထဲရေးဝန်ကြီး ဌာန အောက်မှာပဲ ရှိပါတယ်။ အဲဒီထွေအုပ်တွေဟာ မိတ်ဆွေတို့သိကြတဲ့ အတိုင်း စစ်တပ်ကလူတွေချည်းပါပဲ။ ပြည်နယ်တွေ၊ တိုင်းတွေမှာ အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာရင် ဘယ်သူကထွက်ပြီး ဦးဆောင်ဖြေရှင်းလေ့ရှိပါသလဲ။ အဲဒါကိုလည်း ပြန်စဉ်းစားကြည့်ပါ။ ဟုတ်ကဲ့။ ဦးဆောင်ဖြေရှင်းလေ့ရှိသူဟာ နယ်လုံဝန်ကြီးပါ။ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးက အရေးပါတဲ့ အာဏာရှိသူဖြစ်နေပါတယ်။ ထွေအုပ်နဲ့ နယ်လုံက နေရာတိုင်းကို အုပ်ချုပ်နေပါတယ်။ အဲဒီလူတွေဟာ စစ်တပ်က လူတွေပါ။ သူတို့ကိုကိုင်တဲ့ ဝန်ကြီးတွေကလည်း စစ်တပ်ကလူတွေပါ။ ခန့်ထားသူဖြုတ်ချနိုင်ခွင့်ရှိသူကလည်း ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါတယ်။ တကယ်တော့ ဦးသိန်းစိန်အစိုးရတလျှောက်လုံးမှာ တိုင်းပြည်ကို အုပ်ချုပ်နေတာ စစ်တပ်ကလူတွေပါပဲ။ ဒါ့ကြောင့် ဦးသိန်းစိန် အစိုးရကို စစ်အစိုးရလို့ကျနော်တို့က ခေါ်နေတာဖြစ်ပါတယ်။ အဲဒီထွေအုပ်တွေကို မင်းတို့ အုပ်ချုပ်ရေးမှာ ဝင်မပါနဲ့ အရွေးကောက်ခံ ပြည်နယ် အစိုးရ တိုင်းဒေသကြီး အစိုးရတို့ကပဲ အုပ်ချုပ်ပါစေလို့ သမ္မတကြီးဒေါ်စုကပြောပြီဆိုပါစို့။ စစ်အာဏာရှင် မင်းအောင်လှိုင်က လက်ခံမယ်ထင်ပါသလား။ လက်မခံရင် ဒေါ်စုဘာလုပ်မယ်ထင်ပါသလဲ။ ကေအိုင်အေတို့၊ ယူဒဗလျူအက်စေတို့ ကေအန်ယူတို့လာကြဟေ့။ မင်းအောင်လှိုင်တို့တပ်တွေကို တိုက်ထုတ်ပစ်လိုက်စမ်းလို့ ပြောမယ်ထင်ပါသလား။ ကျနော်တော့ မထင်ဘူးဗျာ။

ကဲ..ကဲ... အဲဒါတွေ မရရင်လည်း ရှိစေတော့။ ကျန်းမာရေးလေးတော့ ပြုပြင်ကြဦးစို့။ ကျန်းမာရေးပိုင်းကိုရော စစ်တပ်သဘောမတူတာတွေကို ဒေါ်စုက လုပ်လို့ရမယ်ထင်ပါသလား။ အခုလောလောဆယ်မှာ ကျန်းမာရေးဦး စီးဌာနမှာ စစ်တပ်ကအရာရှိတွေကိုခန့်ထားလိုက်တာ ဘာကြောင့်ထင်ပါသလဲ။ အဲဒါကြိုတင်ပြင်ဆင်တာပါ။ စစ်တပ်ကလူတွေက နေရာဦးထားတာပါ။ စစ်တပ်ကလူတွေကို ကျော်ပြီး ဒေါ်စုဒါမှ မဟုတ် အရပ်သားအစိုးရက ဘာမှ လုပ်လို့မရအောင် နေရာအဆင်သင့်ယူထားတာပါ။

ကောင်းပြီ။ ဒါဆိုရင် တိုင်းပြည်ထဲမှာ ဆူဆူပူပူဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာကို ဒေါ်စုကိုင်တွယ်တော့မယ် ဆိုပါတော့။ လဝကကို ဒေါ်စုကိုင်လို့ရပါ့မလား။ လဝကထဲမှာ တပ်ကလူတွေ ထည့်ထားပြီးတာ ကြာလှပါပကော။ လဝကထဲကို စစ်တပ်ကလူတွေပို့ပြီးမှ၊ ရဲချုပ်ဗိုလ်ချုပ်ခင်ရီကို လဝကဝန်ကြီးလုပ်ခိုင်းပြီးမှ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို စနစ်တကျ ဖန်တီး အကောင်ထည်ဖော်ခဲ့တာပါ။ ဘဏ္ဍာအခွန်မှာလည်း စစ်တပ်ကလူတွေရောက်နှင့်နေပြီပဲ။ ဘယ်ဌာနမှာ စစ်တပ်ကလူတွေ စီးမထားတာရှိသလဲ။

ကဲ...မြန်မာ့အလင်း၊ ကြေးမုံ၊ မြန်မာ့အသံတို့ကိုကြည့်ရအောင်။ မင်းတို့တတွေ အစိုးရပါးစပ်လုပ်လာတာကြာပြီ။ ဖေကံကောင်းတို့၊ စောလှထွန်းတို့၊ တက္ကသိုလ်မြတ်သူတို့နဲ့ ငါ့ကိုဆော်လာတာ တသက်လုံးပဲ။ အခုငါသမ္မတဖြစ်ပြီ။ ကြံ့ဖွတ်ပါတီ မကောင်းကြောင်းတွေ ရေးစမ်းကွာဆိုရင် ရမယ်ထင်သလား။ မြန်မာ့အလင်း၊ ကြေးမုံ၊ မြန်မာ့အသံရဲ့ ဒါရိုက်တာအဖွဲ့အကုန်လုံးက စစ်သားတွေချည်းပဲ။ ကုန်ကုန်ပြောရရင် မန်နေဂျာအဆင့်အထိ စစ်သားတွေချည်းပဲ။ ကဲ...မြန်မာ့အလင်း၊ ကြေးမုံက သမ္မတဒေါ်စုကိုင်တာခံမလား။ ဗိုလ်မင်းအောင်လှိုင်ကိုင်တာ ခံမလား။ ဘယ်လိုထင်လဲ။

ဒါ....သဘာဝမကျတဲ့ကိစ္စပဲ။ ကဲ...အဲဒီစစ်တပ်ကလူတွေကိုဖြုတ်ပစ်စမ်းကွာ။ ရမယ်ထင်သလား။ မင်းအောင်လှိုင်က လက်ပိုက်ကြည့်နေမယ်ထင်သလား။

ဌာနတိုင်း၊ ဌာနတိုင်းမှာ စစ်ဗိုလ်တွေစီးထားတယ်။ အဲဒါနဲ့ မလုံလောက်သေးဘူးထင်လို့ အတွင်းဝန်စနစ်ကို မကြာခင်တုန်းက စတင်အသက်သွင်းလိုက်တယ်။ ဝန်ကြီးဆိုတာ ၅ နှစ်သက်တမ်းပဲ ခံမယ့်လူ။ အတွင်းဝန်က တသက်လုံးရှိမယ့်လူ။ အဲဒီအတွင်းဝန်တွေဟာ ဘာတွေလဲ။ မိတ်ဆွေတို့ သတိထားကြည့်မိကြသလား။ အတွင်းဝန်အားလုံးနီးပါးဟာ စစ်ဗိုလ်တွေချည်းပဲ။

တနိုင်ငံလုံးကို စစ်တပ်ကစီးထားပြီးပြီ။ တက္ကသိုလ်တွေ ကျောင်းတွေဆိုလည်း ကြည့်ဦး။ စစ်တပ် တက္ကသိုလ်တွေ ပွားထားပြီးပြီ။ နိုင်ငံတော်ယန္တရားအားလုံးဟာ စစ်ယန္တရားတွေချည်းဖြစ်နေပြီ။ အဲဒီ စစ်ယန္တရားတွေရဲ့ အထက်မှာ တိုင်းပြည်ရဲ့ တကယ့်ထိပ်သီး၊ တကယ့်အာဏာရှင်စစ်စစ်ဆိုတဲ့ ကာကွယ်ရေးဦး စီးချုပ်ဆိုတာကလည်း ဘယ်သူမှ ထိမရ၊ တို့မရတဲ့သူအဖြစ် အခြေခံဥပဒေက အကာအကွယ်ပေးထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတကို ဘယ်လိုဖြုတ်ချရမယ်ဆိုတာကိုသာ ရေးထားတယ်။ ကာကွယ်ရေး ဦးစီးချုပ်ကို ဘယ်လိုဖြုတ်ချရမလဲဆိုတာ ရေးမထားဘူးဆိုတာကို မိတ်ဆွေတို့ သတိပြုမိကြပါသလား။ တကယ့် အစိုးရဟာ စစ်အာဏာရှင် အစိုးရ၊ တကယ့် အာဏာရှင်ဟာ ကာကွယ်ရေး ဦးစီးချုပ်၊ အရပ်သားအစိုးရ ဘယ်သူဖြစ်ဖြစ် တက်လာရင် တိုင်းပြည်ကိုမောင်းနှင်မယ့်သူဟာ ကာကွယ်ရေးဦးစီးချုပ်သာ ဖြစ်ပါတယ်။

လက်ပံတောင်းကိစ္စကို လယ်သမားတွေက ဆန္ဒပြပြီဆိုပါတော့။ စစ်တပ်ကပစ်ခဲ့ရင် ဒေါ်စုဘာလုပ်မလဲ။ ရဲက ပစ်ခဲ့ရင် ဒေါ်စုဘာလုပ်မလဲ။ ဘာလုပ်နိုင်မယ်လို့ ထင်ပါသလဲ။ မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို မောင်ပိုင်စီးထားတာ ဘယ်သူတွေလဲ။ စစ်ကျွန်ခရိုနီတွေရယ်၊ စစ်ဆွေစစ်မျိုးတွေရယ်၊ ဦးပိုင်ရယ်၊ MEC ရယ်ပါ။ ဒါကတော့ ပြည်သူပြည်သားတွေအပေါ်မှာ ခေါင်းပုံဖြတ် အမြတ်ထုတ် မတရားလုပ်နေတာပဲ။ ဦးပိုင်နဲ့ MEC ကိုဖျက်စမ်းလို့ သမ္မတကြီး ဒေါ်စုက အမိန့်ပေးပြီဆိုပါတော့ စစ်အာဏာရှင်တွေက ခံမယ်ထင်ပါသလား။ စစ်အာဏာရှင်တွေက မခံရင် ဒေါ်အောင်ဆန်းစုကြည်က လူထုအားကို စုစည်းပြီး လူထုအားနဲ့ မတရားမှုကို ရဲရဲရင့်ရင့် ဦးဆောင်တော်လှန်သွားမယ်လို့ထင်ပါသလား။ ကျနော်တော့ မထင်ဘူး။ လူထုမနာအောင် အညံ့ခံလိုက်ကြပါလို့ပဲ ပြောမယ်ထင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ။ ၂၀၀၈ အခြေခံဥပဒေဆိုတာက ရွေးကောက်ပွဲကို ဟန်ပြလုပ်ပေးထားတယ်။ ရွေးကောက်ခံတွေကို လွှတ်တော်ကြီးဆောက်ပေးပြီး ငြင်းကြခုန်ကြရန်ဖြစ်ကြဖို့ နေရာပေးထားတယ်။ ရွေးကောက်ခံတွေကို ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီး အစိုးရနာမည်ခံခိုင်းထားတယ်။ တကယ့်အစိုးရတရပ်ကိုတော့ အဲဒီနာမည်ခံ ဟန်ပြတွေရဲ့ အောက်မှာ လျှို့ဝှက်မြုပ်နှံပြီးဖွဲ့ထားတယ်။ အဲဒီအစိုးရကို စစ်တပ်နဲ့ချည်းဖွဲ့ထားတယ်။ လှေကြီးပေါ်မှာ လှေငယ်တင်ထားတယ်။ အစိုးရအတွင်းသားထဲမှာ အစိုးရတရပ်ကို မြှုပ်နှံထားတယ်။ အဲဒီအစိုးရဟာ အသားထဲကလောက်ပဲ။ အရွေးကောက်ခံ အစိုးရကသာ ငါးနှစ်တခါ သက်တမ်းကုန်ပြီး ပြောင်းသွားမယ်၊ အသားထဲကလောက်ကတော့ ခန္ဓာပြောင်းပြီး ရှင်သန်နေမှာပဲ။ ရွေးကောက်ခံတွေက ငါးနှစ်တခါ ဝင်လာ၊ ငြင်းခုန်လိုက်၊ ဝတ်ကောင်းစားလှလေးတွေဝတ်ပြီး ကြွားဝါပြီး ပြန်ဆင်းသွားချိန်မှာ စစ်တပ်အစိုးရက ရာသက်ပန်အုပ်ချုပ်နေနိုင်အောင်လုပ်ထားတာဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ အနှစ်သာရပဲ။

တကယ်လို့ ဒီချုပ်အနိုင်ရပြီးနောက်မှာ လစ်ဘရယ်ဒီမိုကရေစီထူထောင်ချင်တယ်ဆိုရင် ဦးပိုင်၊ MEC တို့က တိုင်းပြည်သယံဇာတအားလုံး အပိုင်စီးထားတာကို ဖျက်သိမ်းရမယ်။ တနိုင်ငံလုံးကိုထွေအုပ်ကမတရားအုပ် ချုပ်နေတာကို ဖယ်ရမယ်။ ဦးစီးဌာနတွေထဲမှာ သူလျှိုတွေလို ထည့်ထားတဲ့ စစ်ဗိုလ်စစ်သားတွေကို ဖယ်ထုတ်ရမယ်။ အစိုးရရုံးတိုင်းကို အုပ်စီးထားတဲ့ စစ်ဗျူရိုကရက် အတွင်းဝန်တွေကို ဖယ်ရှားရမယ်။ ဒါတွေ မလုပ်နိုင်ရင် စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းနိုင်ဘူး။ ဒါတွေရှိနေသမျှ ဘာဒီမိုကရေစီမှ လုပ်လို့ မရဘူး။

အဲဒါမျိုးတွေကို အရပ်သားအစိုးရတရပ်က ဘယ်လိုမှ မလုပ်နိုင်အောင် စစ်အာဏာရှင်တွေဟာ ကတုတ်ကျင်း အဆင့်ဆင့်နဲ့ ကာကွယ်ထားတယ်။ ရှေ့တိုးမရအောင် ဂျမ်းတုံးခုထားတယ်။ အဲဒါတွေကတော့ ဗျူရိုကရေစီ ယန္တရား၊ ကာလုံအဖွဲ့၊ စစ်တပ်၊ ရဲ၊ နယ်လုံ၊ တပ်မတော်သား ၂၅ ရာနှုန်း စတဲ့ ကတုတ်ကျင်းတွေ၊ ဂျမ်းတုံးတွေ ပါပဲ။ အဲဒါတွေအားလုံးကို အာမခံပေးထားတဲ့အရာက ၂၀၀၈ အခြေခံဥပဒေပါပဲ။

အဲဒီကတုတ်ကျင်းတွေ ၊ ဂျမ်းတုံးတွေအားလုံးကိုကျော်ဖြတ်ပြီး နောက်ဆုံးအဆင့်ကိုရောက်လာရင်တော့ စစ်တပ်က အာဏာသိမ်းပါမယ်။ အဲဒါဟာ နောက်ဆုံးအဆင့်ပါ။ ၂၀၀၈ အခြေခံဥပဒေရဲ့ ကတုတ်ကျင်းအဆင့်ဆင့်ကို ဖြတ်ကျော်ပြီး အဲဒီနောက်ဆုံးအဆင့်ထိရောက်ဖို့ဆိုတာကိုက သိပ်ခက်ခဲအောင် စစ်အာဏာရှင်တွေက စနစ်တကျ ပြင်ဆင်ထားပြီးနေပါပြီ။ သူတို့စစ်အာဏာရှင်တွေဟာ နှစ်ပေါင်း ၅၀ ကျော်အာဏာကိုချုပ်ကိုင်လာပြီး နောက်မှာ အာဏာအကြောင်းကို ကောင်းကောင်းနားလည်သွားကြပြီ။ အာဏာဟာ ဘယ်နေရာတွေမှာ ရှိတယ်ဆိုတာကို သူတို့ကောင်းကောင်းနားလည်တယ်။ မနေ့တနေ့ကမှ လွှတ်တော်ထဲဝင်လာတဲ့ အပျော်တမ်းနိုင်ငံရေးသမားတွေ မမြင်နိုင်အောင် အာဏာပုန်းတွေကို ဘယ်လို ဝှက်ပြီး နေရာယူထည့်သွင်းထားရမယ်ဆိုတာကို ကောင်းကောင်းကြီး နားလည်ထားတယ်။ အခြေခံဥပဒေတခုလုံးမှာ အဲသလို အာဏာပုန်းတွေ အများအပြားကို နေရာအနှံ့အပြားမှာ ဝှက်ထည့်ထားပြီးပြီ။ စစ်ဗျူရိုကရေစီယန္တရားကြီးကို ပြီးခဲ့တဲ့ ၅ နှစ်ကာလအတွင်းမှာ အပြီးသတ်တည်ဆောက်ပြီးပြီ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စောစောကပြောသလိုလစ်ဘရယ်ဒီမိုကရေစီ ထူထောင်ချင်ရင် ဦးပိုင် ၊ MEC ဖျက်၊ ထွေအုပ်စနစ်ဖျက်၊ ဦးစီးဌာနထဲက စစ်ဗိုလ်တွေကိုထုတ်၊ စစ်ဗိုလ်အတွင်းဝန်တွေကို ဖြုတ်၊ မြန်မာ့အလင်း၊ ကြေးမုံ၊ MRTV တို့ရဲ့ စစ်ဗိုလ်အုပ်ချုပ်ရေး အားလုံးကို ဖြုတ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ နယ်လုံဝန်ကြီးဌာနတို့ကို အရပ်သားအစိုးရလက်အောက်ပို့၊ ကာလုံကိုဖျက်သိမ်း၊ ကာကွယ်ရေးဦစီးချုပ်ကို သမ္မတလက်အောက်ပို့၊ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းကို ဖျက်သိမ်း အဲဒီအလုပ်တွေကို လုပ်ရလိမ့်မယ်။ အဲဒါတွေကို မလုပ်နိုင်ရင် ဘယ်သူပဲ သမ္မတလုပ်လုပ် ဒီမိုကရေစီ ဖြစ်မလာနိုင်ဘူး။ အဲဒါ စစ်အာဏာရှင်စနစ်ပဲ ဖြစ်မယ်။ အဲဒီသမ္မတဟာလည်း အရုပ်ပဲဖြစ်မယ်။ ဦးသိန်းစိန် အာဏာရှိသလောက် နောက်သမ္မတလည်း အာဏာရှိမယ်လို့ ထင်ရင် သိပ်မှားပါလိမ့်မယ်။ ဦးသိန်းစိန်က သူ့လူမို့ လုပ်ခွင့်ပေးထားတာပါ။

အဲဒီအရာတွေကို မဖျက်သိမ်းနိုင်ဘဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတတက်လုပ်ရင် ဘာဖြစ်လာမလဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ပေးထားတဲ့ စစ်ယန္တရားကြီးကို လည်ပတ်မောင်းနှင်ရတဲ့ ယာဉ်မောင်းကြီး ဖြစ်လာပါမယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စစ်အာဏာရှင်စနစ်ပေါ်ထွန်းလာပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ဘူး။ ဘယ်အရပ်သားမဆို သမ္မတဖြစ်ရင် အဲသလို ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရမှာ မလွဲဘူး။ အဲဒါတွေ မဖျက်သိမ်းနိုင်ရင် ဘယ်သူသမ္မတဖြစ်ဖြစ် ဘာမှ မထူးဘူး။ အာဏာရှင်စနစ်က အာဏာရှင်စနစ်ပါပဲ။ သိကြားမင်းတက်အုပ်ချုပ်လည်း သိကြားမင်း အုပ်စိုးသော စစ်အာဏာရှင်စနစ် ဖြစ်လာမှာပါ။

ဒါ့ကြောင့် ၂၀၀၈ အခြေခံဥပဒေကို မဖျက်သိမ်းနိုင်ရင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ပြီး အစိုးရအဖွဲ့ဖွဲ့နိုင်ရင်တောင်မှ စစ်အာဏာရှင်စနစ်ကို မဖြိုဖျက်နိုင်တဲ့အတွက် အလကားပဲလို့ ကျနော်က ကောက်ချက်ချပါတယ်။ ဒါ့ကြောင့် ၂၀၀၈ အခြေခံဥပဒေအောက်က ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပဲနိုင်နိုင်၊ ဒီချုပ်ပဲ နိုင်နိုင် ဘယ်သူနိုင်နိုင် ဘာမှ မထူးခြားနိုင်ဘူးလို့ ကျနော်ကောက်ချက်ချပါတယ်။ ဒီချုပ် အညစ်ခံရပြီး အနိုင်မရဘူးဆိုရင်တောင် မိတ်ဆွေတို့ ဝမ်းသာသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီချုပ် အနိုင်ရပြီး ၂၀၀၈ ဆိုတဲ့ လိုဏ်ဂူကြီးထဲကို ဝင်သွားရင် ဒီချုပ်တွေ အာဏာရှင်ဖြစ်သွားတာကို မိတ်ဆွေတို့ ဝမ်းနည်းကြေကွဲစွာတွေ့မြင်လာရဖွယ် အလားအလာတွေရှိနေလို့ပါပဲ။ ဒီလိုဏ်ဂူကြီးဟာ ရုပ်ရှင်ထဲမှာတွေ့ရတဲ့ ဇမ်ဘီဆိုတဲ့ ဖုတ်ကောင်တွေနေထိုင်ရာ လိုဏ်ဂူကြီးနဲ့ တူတယ်။ ဒီလိုဏ်ဂူကြီးကို ဖျက်ဆီးနိုင်မှ လွတ်မြောက်မှု အစစ်အမှန်ကို ရမယ်။ လိုဏ်ဂူကြီးကို အတွင်းထဲဝင်ပြုပြင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဝင်သွားသူမှန်သမျှဟာ ဇမ်ဘီ ဖုတ်ကောင်အဖြစ်နဲ့သာ ပြန်ထွက်လာကြဖို့ရှိတယ်။

မျက်မှောက်နိုင်ငံရေး အခြေအနေအရ စစ်အာဏာရှင်စနစ်ကို ဆွေးနွေးညှိနှိုင်းပြီး ဖြိုဖျက်နိုင်မယ့်နည်း မရှိတော့ဘူးလို့ ဝမ်းနည်းစွာပြောချင်ပါတယ်။ စိတ်ကူးမယဉ်ကြပါနဲ့တော့။ တိုင်းပြည်နစ်နာလှပါပြီ။ ပြည်သူတွေသေလှပါပြီ။ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးနည်းနဲ့သာဖြိုဖျက်နိုင်ပါမယ်။ လူထုတော်လှန်ရေးသို့မဟုတ် လက်နက်ကိုင် တော်လှန်ရေးနည်းတခုခုကသာ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်နိုင်ပါမယ်။ အခုအချိန်မှာ နိုင်ငံတော်အာဏာကိုသိမ်းပိုက်နိုင်မယ့် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်ဖို့ မလွယ်သေးပါဘူး။ လူထုတော်လှန်ရေးဟာ အားအထားသင့်ဆုံး တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။

(အားလုံးကြိုက်သလို ရှယ်နိုင်ပါတယ်။ခြွင်းချက်ကတော့ အမေရိကန်ကကိုဇော်ဝင်းရှယ်မယ်ဆိုရင်ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း နဲ့ အမေရိကန် ဇော်ဝင်း အတူတူမဟုတ်ကြောင်း ထင်ရှားစွာဖော်ပြပေးစေချင်ပါတယ်။)

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

No comments:

Post a Comment